Skip to main content
Aug 10, 2020
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူငါးရာကျပ်တန် ပုံစံသစ်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်က ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်ရုပ်ပုံပါငွေစက္ကူ တစ်ထောင်တန် ပုံစံသစ်ကိုလည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်က ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ထိုသို့ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူထုတ်ဝေ သုံးစွဲမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
Aug 10, 2020
ယနေ့မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် ခရီးရောက်ချိန်တွင် မြန်မာ့ရုပ်ရှင်ကား ရိုက်ကူးတင်ပြပုံနှင့် ဇာတ်ကား အရည်အသွေး၊ အဆင့်အတန်းတို့ ပြောင်းလဲတိုးတက် မှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော်မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ခရီးအလွန်တွင် မြန်မာ့ရုပ်ရှင် လောကကြီးအနေဖြင့် များစွာ ကြိုးပမ်းကြရဦးမည် ဖြစ်သည်။
Aug 09, 2020
ဂွေးကုန်း-ဝက်ချုပ်-နတ်မောက် ကတ္တရာလမ်းပေါ်တွင် စက်ဘီး၊ ဆိုင်ကယ်၊ ကား စသည်တို့ဖြင့် သွားလာသူများ စည်ကားနေသည်။ ဂွေးကုန်းရွာသည် နတ်မောက်မြို့၊ ရေနံချောင်းမြို့တို့နှင့် မဝေးသော်လည်း ယခင်က မြေသားလမ်းဖြစ်သည့်အတွက် ခရီးမတွင်ပေ။ မြေသားလမ်းသာ ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဂွေးကုန်းကျေးရွာနှင့် ဝက်ချုပ်ကျေးရွာ အနီးနားတစ်ဝိုက်ရှိ ကျေးလက်နေပြည်သူများသည် ဒေသလူမှုစီးပွားအတွက် အခက်အခဲများ ရှိခဲ့ကြသည်။
Aug 08, 2020
နိဒါန်း “ဆရာ” “ဗျာ” “ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ” “ရှေ့နေနှင့် အမိတက္ကသိုလ်ပါတဲ့” “ဘာကိုဆိုလိုပါသလဲဆရာ” “ကျွန်တော်တို့ခေတ်က အမိတက္ကသိုလ်အကြောင်း သတိတရရေးချင်တာပါဗျာ။ ပြီးတော့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ရေးတဲ့ အမိတက္ကသိုလ်၏ရင်ခွင်မှာ စာအုပ်အကြောင်းလည်း ထပ်ဆင့်တင်ပြချင်လို့ပါ” “စိတ်ဝင်စားပါတယ်ဆရာ” “ ဒါဖြင့်……. ဖတ်ကြည့်ကြစို့- ”
Aug 07, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့် နှစ် ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲပါကြေညာချက်အမှတ် (၁၁၈ / ၂၀၂၀) ဖြင့် ပြည်ပရောက်မဲဆန္ဒရှင်များက ပုံစံ(၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်နှင့် သံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်များကို ထုတ်ပြန်ကြေညာခဲ့သည်။ တစ်ဆက်တည်းမှာပင် ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင် များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဤတွင် မဲဆန္ဒနယ်ပြင်ပ ရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် မဲစာရင်းတွင် အမည်ပါရေးအတွက် မည်သို့လိုက်နာ ဆောင်ရွက်သွားကြပါမည်နည်း။ အနှစ်ချုပ် မျှဝေပါရစေ။
Aug 07, 2020
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့မှ ကားလမ်းအတိုင်း အရှေ့ဘက်သို့ ဆက်လက်ထွက်ခွာလျှင် ခိုလမ်၊ ကွန်ဟိန်း၊ ကာလိ စသည့်မြို့များကို ဖြတ်ကျော်ပြီးသည့်အခါ တာကော်သို့ရောက်ပါသည်။ တာကော်တံတားကြီး အောက်မှ တသွင်သွင်စီးဆင်း နေသော လှပသန့်စင် သည့် မြစ်သံလွင်ကိုလည်း မြင်နိုင်ပါပြီ။ မြစ်သံလွင်၏ ဟိုမှာဘက်ကမ်းသည်ကား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၏ အဝင်တံခါးဝတည်း။
Aug 06, 2020
ကျွန်တော် ဖြတ်သန်းခဲ့ရသော ဘဝတစ်လျှောက်လုံးတွင် အခက်အခဲတော်တော်များများ ကြုံတွေ့ခဲ့ရသော်လည်း ဖြေရှင်းနိုင်ခဲ့သည်သာ ဖြစ်သည်။ သို့သော် တချို့ကလေး ငယ်များ မေးမြန်းခဲ့သော မေးခွန်းအချို့ကိုမူ မဖြေနိုင်ခဲ့၍ စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူတို့တွေ မေးသည့် မေးခွန်းအချို့ကတော့ “ဆန်စေ့လေးတွေကို လူတစ်ယောက် တစ်စေ့စားရင် ဝနိုင်တဲ့အထိ အကြီးကြီး ဖြစ်အောင် ဘာလို့ မလုပ်ကြတာလဲတဲ့၊ လက်ရှိ ဆန်စေ့လေးတွေကို တစ်စေ့စားရင်ဝနိုင်အောင် လူတွေကို သေးသေးလေး လုပ်ရမယ့်အစား ဘာဖြစ်လို့ အများကြီး စားတဲ့လူကြီးကြီးတွေ ဖြစ်နေတာလဲတဲ့၊ ပြီးတော့မြန်မာနိုင်ငံက ငွေကလည်း စက္ကူ၊ အမေရိကန်နိုင်ငံက ငွေကလည်း စက္ကူ ဘာဖြစ်လို့ အမေရိကန်နိုင်ငံငွေက ကမ္ဘာသုံးဖြစ်နေတာလဲတဲ့၊ ကမ္ဘာပေါ်မှာ လူမျိုးစုပေါင်း ၇၀၀၀ ကျော်၊ ဘာသာစကားပေါင်း ၄၂၀၀ ကျော်ရှိနေတဲ့ အထဲက အင်္ဂလိပ်ဘာသာစကားက ဘာဖြစ်လို့ ကမ္ဘာ သုံး ဖြစ်နေတာလဲတဲ့၊ ပြီးတော့ ခွင့်မပြု ဓာတုဆေးဝါးတွေ၊ စံမမီပစ္စည်းတွေကို သုံးထားတာတွေကို စားရေး၊ ဝတ်ရေး၊ နေရေးကိစ္စတွေအတွက် သုံးစွဲတော့ သေဆုံးသွားမှာ၊ ထိခိုက်ဒဏ်ရာရသွားမှာ၊ ဒုက္ခိတဖြစ်သွားမှာ၊ ရောဂါရသွားမှာ၊ နစ်နာဆုံးရှုံးမှုတွေ ကြုံရမှာတွေကို သိသိကြီးနဲ့ ဘာလို့ဝယ်ယူသုံးစွဲနေကြတာလဲတဲ့” စသည်ဖြင့် မေးမြန်း ခံရသည့်အခါမှာတော့ ကျွန်တော် ချွေးပြန်ခဲ့ဖူးပါသည်။
Jul 17, 2020

အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူး တရားများကို အောက်မေ့သတိရစွာဖြင့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ မြို့နယ် များတွင် ကျင်းပသွားရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်။

သို့ဖြစ်ပါ၍ အများပြည်သူပြောကြားသည့် အာဇာနည်နေ့ အမှတ်တရစကားများကို စုစည်း ဖော်ပြလိုက်ရပါသည်။

▲▲ စာရေးဆရာမ ပုညခင် ▲▲
(မရမ်းကုန်းမြို့နယ်)

Mar 31, 2020
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ဖြစ်ပွားမှုအခြေအနေဟာ တစ်ကမ္ဘာလုံးက နိုင်ငံအသီးသီး ကူးစက်ပြန့်ပွားလျက်ရှိရာ ကျွန်တော်တို့ နိုင်ငံကိုလည်း ဒီရောဂါကူးစက် ရောက်ရှိလာခဲ့ပါပြီ။ COVID-19 ရောဂါ ယခုထက်ပိုပြီး မကူးစက်မပြန့်ပွား အောင် ကာကွယ်ထိန်းချုပ်ဖို့ လိုအပ်လာတာအမှန်ပါပဲ။ ထိန်းချုပ်ဖို့ဆိုရင် ကျွန်တော်တို့တစ်တွေအားလုံး မြို့ပေါ်ရော ကျေးရွာနေ ပြည်သူတွေပါ တစ်ဦးတစ်ယောက် မျှ မကျန်ဘဲ ညီညီညွတ်ညွတ်နဲ့ စုစည်းပူးပေါင်းပါဝင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အားလုံးပါဝင် ဆောင်ရွက်ပြီး စနစ်တကျ တုံ့ပြန်တဲ့နည်းလမ်းဟာ အထိရောက်ဆုံး၊ အကောင်းမွန်ဆုံး ဖြစ်ပါလိမ့်မယ်။
Mar 31, 2020

COMID-19 ရောဂါသည် လူသားများဆီသို့ အရှိန်အဟုန်နှင့် ပြေးလာနေသည်။