Skip to main content
Dec 17, 2021
ငြိမ်းချမ်းရေးမရှိရင် အချုပ်အခြာအာဏာနဲ့ ခိုင်မြဲတဲ့ နိုင်ငံတော် တစ်ရပ် (State building) ထူထောင်ရေးမှာ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ငြိမ်းချမ်းရေးမရှိရင် လူမျိုးပေါင်းစုံညီညွတ်တဲ့ အမျိုးသား နိုင်ငံတော်တစ်ရပ် (Nation building) ကိုရောက်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေကိုဖက်ပြီး စောင့်မျှော်ခဲ့တာ နှစ်ကာလတွေ ကြာတောင်းကြာရှည်ကြာခဲ့လေပြီလို့ ပြောရပါမယ်။ မြန်မာ့လွတ်လပ် ရေးအတွက် အသက်တွေပေးပြီး ဒီမြေ၊ ဒီရေအတွက် ညီညွတ်ရေးမပျက် စုပေါင်းတော်လှန်ခဲ့ကြတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့အခါ အချင်းချင်းအကြား သွေးစက်သွေးပေါက်တွေနဲ့ အမျိုးသား ညီညွတ်ရေးဟာ သွေးထွက်သံယို ပြိုလဲခဲ့ရပြီဖြစ်ပါတယ်။
Dec 16, 2021
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး မြောက်ဘက်တွင် ချင်းပြည်နယ်၊ တောင်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) နှင့် အနောက်ဘက်၌ ဘင်္ဂလား ပင်လယ်အော်တို့နှင့် ထိစပ်လျက်ရှိသည်။
Dec 16, 2021
လူနှင့်သက်ရှိများ အသက်ရှင်သန်နိုင်ရေးအတွက် ရေသည် မရှိမဖြစ်လိုအပ်ပါသည်။ ကမ္ဘာ့မြေမျက်နှာ ပြင်၏ ၇၀ ရာခိုင်နှုန်းကို ပင်လယ်၊ သမုဒ္ဒရာများက ဖုံးလွှမ်းထားသည်။ ကမ္ဘာ့ရေထုအားလုံး၏ ၉၈ ရာခိုင်နှုန်းသည် ပင်လယ်နှင့် သမုဒ္ဒရာများရှိ သောက်သုံး၍ မရသော ဆားငန်ရေများအဖြစ်သာ ရှိနေကြသဖြင့် ကျန် ၂ ရာခိုင်နှုန်းမျှသော ကမ္ဘာ့ရေထုသည်သာ ရေချိုအဖြစ် တည်ရှိနေကြပါသည်။ ရာခိုင်နှုန်းအားဖြင့် ၀ ဒသမ ၃၆ ရာခိုင်နှုန်းမျှသာဖြစ်ပြီး အလွန်နည်း သော်လည်း ဂါလန်အားဖြင့် အမြောက်အမြားရှိနေသောကြောင့်သာ ကျွန်ုပ်တို့ နေ့စဉ်ရေအတွက် မပူမပင်သုံးစွဲနေရခြင်း ဖြစ်ပါသည်။ လူ့ခန္ဓာကိုယ်တွင်လည်း ရေသည် ၆၅ ရာခိုင်နှုန်းပါဝင်နေပြီး သာမန်အားဖြင့် လူတစ်ယောက်သည် တစ်နေ့လျှင် ရေနှစ်လီတာခန့်သောက်သုံးရန် လိုအပ်ပါမည်။
Dec 14, 2021
ဘဝဆိုတာ ခရီးတစ်ခုပဲ။ ပန်းတိုင်တစ်ခု -မဟုတ်ဘူး။ တိုးတက်ကြီးပွားလိုစိတ်ရည်မှန်းချက် -မရှိဘဲ ဘာမှစလို့မရပါ။ စိတ်အားထက်သန်တဲ့ အားထုတ်လုပ်ဆောင်မှုမပါဘဲ အောင်မြင်မှုရခဲ့ခြင်း ဆိုတာ ဘယ်မှာမှမရှိ။ ရာ့ဖ်ဝါလ်ဒိုအယ်မာဆင်(၁၈၀၃-၁၈၈၂)
Dec 14, 2021
ယခုရက်ပိုင်းအတွင်း အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ပုံစံ ပြောင်းလာတာကို တွေ့ရပါတယ်။ အဲဒါ ကတော့ ငြိမ်းချမ်းစွာနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ပုံစံပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကတော့ အစိုးရဆန့်ကျင်ကန့်ကွက်မှုတွေကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ ကြတာပါ။
Dec 14, 2021
ရွာထဲမှာကပ်ထားသော ပိုစတာတစ်ခုကို ကျွန်တော် ဖတ်ဖူး၏။ “ဟင်းသီးဟင်းရွက်ပြုတ်ရည်များကို သွန်မပစ် ပါနှင့်” ဟူ၏။
Dec 14, 2021
ပြီးခဲ့တဲ့ရက်ပိုင်းက စာရေးသူတို့ နေထိုင်ရာလမ်းရှိ နေအိမ်တစ်ခုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိခဲ့ရသည်။ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသားမှာ အသက် ၄၀ ကျော်ဖြစ်ပြီး နောက်ခံသမိုင်းကြောင်းကို ကြည့်မည် ဆိုပါက ထိုသူသည် ခိုးကူးအခွေများရောင်း၍သော်လည်းကောင်း၊ နှစ်လုံးထီရောင်း၍သော် လည်းကောင်း အသက်မွေးနေသူတစ်ဦး ဖြစ်သည်။ အတ္တပရမျှတအောင် နေထိုင်သူ တစ်ဦး မဟုတ်သလို ပညာတတ်တစ်ဦး၊ နိုင်ငံအကျိုး၊ ရပ်ရွာ၊ ပြည်သူတို့၏ အကျိုးများဆောင်ရွက်ရာတွင် အားတက်သရောပါဝင်လေ့ရှိသူ တစ်ဦးလည်း မဟုတ်ပါ။ မိသားစုစားဝတ်နေရေးကို အဆင်ပြေသလို ဖြေရှင်းနေသူတစ်ဦးဖြစ်ပြီး နိုင်ငံ့အရေး၊ နိုင်ငံရေးများကို စိတ်မဝင်စား၊ ပြင်းပြသည့်စိတ်ဆန္ဒ မရှိသော ထိုပုဂ္ဂိုလ်မျိုးတွင် ယခုကဲ့သို့ တွေ့ရှိရသည်မှာ အံ့ဖွယ်ကောင်းလေစွ။ မည်သို့သော အကြောင်းတရားများက စေ့ဆော်တိုက်တွန်းသဖြင့် ယခုကဲ့သို့ လုပ်ရပ်များကို ကျူးလွန်သည် ဆိုသည်ကို တွေးတောနေမိသည်။
Dec 13, 2021
မျိုးဗီဇပြောင်း အိုမီခရွန်ကြောင့် ရောဂါဖြစ်ပွားမှု များပြားမလာစေရေး ကြိုတင်ပြင်ဆင် ထားရှိမှုများ
အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိရမှုကြောင့် ပြည်သူများ စိုးရိမ် ထိတ်လန့်မှုမရှိစေရေး၊ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ဆက်လက်၍ သတိပြု ကာကွယ်နိုင်ကြစေရေးနှင့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန်လည်၍ များပြားမလာစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိမှုများကို ပြည်သူများသိရှိ၍ ပူးပေါင်းပါဝင်ပံ့ပိုး ဆောင်ရွက် နိုင်ရေးတို့အတွက် ရည်ရွယ်လျက် ယခုဆောင်းပါးကို တင်ပြလိုက်ရပါသည်။
Dec 13, 2021
ယခု ရက်ပိုင်းအတွင်း အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ပုံစံ ပြောင်းလာတာကို တွေ့ရပါတယ်။ အဲဒါကတော့ ငြိမ်းချမ်းစွာနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ပုံစံပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကတော့ အစိုးရဆန့်ကျင်ကန့်ကွက်မှုတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ တာပါ။
Dec 12, 2021
ကော်ဖီသောက်သုံးမှုအများဆုံးနိုင်ငံများသို့ တင်ပို့မှု အီးယူနိုင်ငံများ၏ကော်ဖီသောက်သုံးမှု အီးယူသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်နေသည့် နိုင်ငံ ၂၇ နိုင်ငံကို ပေါင်းစည်းထားပြီး ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ဘုံစနစ်တစ်ခု ကို ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံများ သည် ကမ္ဘာပေါ်တွင် ကော်ဖီသောက်သုံးမှု အမြင့်မားဆုံးဖြစ်သော ကြောင့် အသိအမှတ်ပြုလက်မှတ်ရကော်ဖီများအတွက် ကမ္ဘာ့အကြီး မားဆုံး ဈေးကွက် တစ်ခုဖြစ်သည်။ အီးယူ ၂၇ နိုင်ငံအနက်မှ ဂျာမနီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ဒိန်းမတ်၊ နယ်သာလန်နှင့် စပိန် တို့သည် မြန်မာ့ကော်ဖီကို နှစ်စဉ်တိုးတက်ဝယ်ယူခဲ့သည်။