Skip to main content
Sep 18, 2021
၂၀၀၁ ခုနှစ်မှစတင်၍ နိုင်ငံတော်က ပေးအပ်ချီးမြှင့်သည့် အမျိုးသားစာပေတစ်သက်တာဆုသမိုင်းတွင် စာပေပညာရှင် ၃၁ဦး ဆွတ်ခူးရရှိခဲ့ပြီး ယင်းတို့အနက် အမျိုးသမီး စာပေပညာရှင် သုံးဦးပါဝင်ခဲ့ရာ အဆိုပါသုံးဦးမှာလည်း ကွယ်လွန်သွားကြရှာပြီဖြစ်သည်။ အမျိုးသမီးစာပေပညာရှင်အဖြစ် ဆရာမကြီး စည်သူဒေါ်ရင်ရင်(စောမုံညင်း) က ၂၀၀၅ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆု၊ ဆရာမကြီး စည်သူဒေါ်ကြန်(မကြန်)က ၂၀၀၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)က ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်အဖြစ် အသီးသီးရရှိခဲ့ခြင်းဖြစ်သည်။
Sep 17, 2021
စာပေအကဲဖြတ်ဒိုင်ဖြစ်၍ (၇၃)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ဆုပေးပွဲသို့ တက်ရောက်ခွင့်ရခဲ့သည်။ ကဗျာတို၊ ကဗျာရှည်ဆုရသူ ၁၀ ဦးအနက် နှစ်ဦးသာ လူလတ်ပိုင်းဖြစ်၍ ကျန်ကဗျာဆုရသူများမှာ အသက် အရွယ်ကြီးရင့်သူများဖြစ်ကြောင်း ဆုနှင်းသဘင် အခမ်းအနားတွင် တွေ့မြင်ရ၏။ တစ်ဖန် ၈-၄၂၀၁၈ ရက်နေ့က ကျင်းပခဲ့သော စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ၌ စာမူနှင့်စာအုပ် ကဗျာဆုရသူတို့မှာ လူလတ်ပိုင်းနှင့် လူကြီးပိုင်းဝင်စပြုနေသူများ ဖြစ်ကြောင်း တွေ့ရပြန်၏။ ထို့ကြောင့် ဂန္ထဝင် ကဗျာစပ်နည်းသည် လူငယ်များကြားသို့ မှန်မှန်ကန်ကန်နှင့် ကျယ်ကျယ်ပြန့်ပြန့် ရောက်ကြပါရဲ့လား၊ အထိုက်အလျောက်ရေးတတ် စပ်တတ်သူတို့အတွက် ကဗျာလေ့ကျင့်ရေးကွင်းက နည်းပါးနေသလား၊ ဒါကြောင့် လက်ရည်တက် မလာကြတာလား၊ စဉ်းစားသုံးသပ်ဖွယ်ဖြစ်သည်။ ဂန္ထဝင်ကဗျာမျိုးဆက် ပြတ်မသွားအောင် အခြေခံကျကျ မည်သို့ဆောင်ရွက်သင့်သည်ကို အဖြေ ရှာကြည့်မိသည်။
Sep 17, 2021
ကျန်းမာရေး
အဆီ(Fats) ဆိုတာ လူ့ခန္ဓာကိုယ်ကို အကျိုးပြုလား အဆီ (Fats) ဆိုတာ အစားအစာကနေရနိုင်တဲ့ အာဟာရစွမ်းအင်ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။အဆီစားသုံးမှု လွန်ကဲခဲ့မယ်ဆိုရင်တော့ ပုံမှန်ထက်များတဲ့ စွမ်းအင်စားသုံးမှု (Energy Intake) တွေဖြစ်လာပြီး အဲဒီစွမ်းအင်တွေကို အသုံးမပြုခဲ့ဘူး ဆိုရင် နှလုံးရောဂါဖြစ်စေနိုင်တဲ့ အဝလွန်ကဲမှုတွေ ဖြစ်လာနိုင်တယ်။
Sep 17, 2021
ဘာသာရေး
ယနေ့ကမ္ဘာ့ဒေသအချို့တွင် အကြမ်းဖက်မှု၊ စစ်မက်၊ စစ်ဘေးကြံမှုတွေဟာ ထိန်းရခက်အောင် ကျယ်ပြန့်နေပါတယ်။ ဒီလိုကာလမှာ ဒါတွေကို လျော့ပါးသွားအောင်မလုပ်ဘူး၊ မလုပ်နိုင်ဘူးဆိုရင် ဒီဒေသတွေဟာ ငရဲပြည်အလားဖြစ်ကာ ဒုက္ခပင်လယ်သွားပါလိမ့်မယ်။
Sep 17, 2021
သာဘာရေး
မဟာအတုလမင်းကြီး၏ တော်သလင်းလဖွဲ့ ဖြစ်သည်။ တော်သလင်းလသည် မြန်မာပြက္ခဒိန်၏ ဆဋ္ဌမမြောက်လဖြစ်သည်။ ဤလတွင် မြစ်ချောင်းတို့၌ လှိုင်းလေကင်းရှင်းပြီး ရေပြင်မှာ သင်ဖြူး ဖျာခင်းထားသကဲ့သို့ ပြေပြစ်ငြိမ်သက်စွာရှိတတ်ရာ တော်သလင်းမြစ်တွင်း သင်ဖြူးခင်းဟု ဆိုရိုးရှိပေ သည်။ ထို့ကြောင့်ပင် ဤလတွင် လှေပြိုင်ပွဲများကို ကျင်းပကြခြင်းဖြစ်သည်။ ရှေးကလှေပြိုင်ပွဲများကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများကိုယ်တိုင် ကြွရောက်ရှုစား ချီးမြှင့်တော်မူလေ့ရှိကြသည်။
Sep 16, 2021
သင်မမြင်နိုင်သည့် ပန်းတိုင် လူအတော်များများအနေဖြင့် ဟိုးလ်ဝပ်ဟေးလ်၏ နာမည်ကို သိပြီးသားဖြစ်ပါလိမ့်မည်။ သူသည် မြားပစ်အတော်ဆုံးသော ပုဂ္ဂိုလ်များထဲတွင် တစ်ယောက်အပါအဝင် ဖြစ်ပါသည်။ အလွန် လက်ဖြောင့်အောင် ပစ်ခွင်းနိုင်သဖြင့် ဆင်တစ်ကောင်၊ ဘင်္ဂါလီကျားတစ်ကောင်၊ ကျွဲတစ်ကောင်စသည်တို့ကိုပင် မြားဖြင့် တိတိကျကျထိမှန်အောင် ပစ်ခဲ့သည်။ သတင်းများထဲ၌ ဟိုးလ်ဝပ်ဟေးလ်က ပစ်မှတ်ကို အလယ် တည့်တည့်စိုက်သွားအောင် ပစ်ခွင်းနိုင်ကြောင်းကို ဖတ်ခဲ့ရသည်။ ပထမမြားတစ်ချောင်းကို ပစ်ပြီးသည့်နောက်တွင် နောက်ထပ်မြား တစ်စင်းဖြင့် ပထမများကို အလယ်တည့်တည့်က ခွဲပစ်လိုက်နိုင်သူ ဖြစ်သည်။
Sep 15, 2021
ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ကိုတော်လှန်ရေးနေ့ (D-Day) နေ့အဖြစ် စတင်ကြောင်း NUG အဖွဲ့မှ ယာယီသမ္မတဆိုသူ ဒူဝါလရှီလကကြေညာ လိုက်သည်။
Sep 15, 2021
တစ်ခါတုန်းက ညမှောင်မှောင်မှာ လှေကလေးတစ်စင်းနဲ့ မြစ်မင်းသလ္လာကို အလျားလိုက် စုန်ဆင်းခဲ့ဖူးတယ်။ ညကလည်း အတော်မှောင်နေပြီ။ လက်နှိပ်ဓာတ်မီး ကလေးက မှိတ်တုတ်၊ စက်သံကလေးတဒုတ်ဒုတ်နဲ့၊ ကုပ်ကုပ်ကလေး စုန်ခဲ့ကြတယ် ဆိုပါတော့။
Sep 15, 2021
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။