Skip to main content
Jun 22, 2022
ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ် ခရီးအတွက် အခြေခံလိုအပ်ချက်တစ်ခု ပြပါဆိုလျှင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ညွှန်ပြရမည် ဖြစ်ပါသည်။
Jun 22, 2022
ထီပေါက်သလိုပျော်သော ပျော်ရွှင်မှုခံစားချက်မျိုး မခံစားရသည်မှာ ကြာတောင့်ကြာခဲ့ပြီ။ ချစ်သူဆီက အဖြေရသောနေ့၊ ရှင်လိင်ပြန်သောနေ့၊ ထောင်ကထွက်သောနေ့၊ ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲ ဆင်နွှဲသောနေ့ သို့မဟုတ် မင်္ဂလာဦးည စသည်ဖြင့် စိတ်လှုပ်ရှားရသော အမှတ်တရ အချိန်ကာလမျိုးတွေ ရှိတတ်ကြပေသည်။ ရာထူးတိုးခြင်း၊ စာပေဆုရခြင်းများသည်လည်း ဝမ်းသာခဲ့ရပါ၏။ ကိုယ့်ဘဝ ကိုယ့်ကိစ္စ၊ ကိုယ့်အတွက်ဟု ဆိုရမည့် ပျော်ရွှင်ခြင်းမျှသာ။
Jun 21, 2022
10
ဇွန်လ ၁၇ ရက်နေ့ နံနက်ခင်းမှာ ကျွန်တော့်ထံသို့ အစောဆုံးဝင်ရောက်လာသော ဖုန်းခေါ်သံဖြစ်သည်။ ဖုန်းဆက်သူမှာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ မက်မန်းမြို့တွင် နေထိုင်သော ကိုဗလဖြစ်သည်။ သူ့နာမည်ရင်းက ကိုမိုးခိုင်၊ သို့သော် မည်သူကမျှ ကိုမိုးခိုင်ဟုမခေါ်၊ မက်မန်းနဲ့ ကျိုင်းတုံဒေသ တစ်ခုလုံး သူ့ကို သိသမျှလူတွေက ကိုဗလဟုပဲ ခေါ်ကြသည်။ ခေါ်၍သာ ခေါ်နေကြသည်ဗလကောင်း ကောင်းထောင်ထောင်မောင်းမောင်း လည်းမဟုတ်ပြန်ပါချေ။ သေးသေးညှက်ညှက်လေးဖြစ်၏။ Nick Name ဟူ၍ပဲ ဆိုကြပါစို့ရဲ့။
Jun 19, 2022
ညောင်နှစ်ပင်၏ အနာဂတ်
ကျွန်တော်တို့အဖွဲ့ မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်ကို ရောက်သည့်အခါ ရာသီဥတုက မိုးအနည်းငယ်အုံ့နေသည်။ မိုးဖွဲကလေးပင် မသိမသာကျလျက်ရှိသည်။ ညတုန်းက ရွာချထားသောမိုးကြောင့် လမ်းများက ရေဝပ်သည့်နေရာဝပ်နေသည်။ ဂဝံခင်းထားသည့် လမ်းများဖြစ်၍ ဗွက်မနစ်သော်လည်း ယာဉ်မောင်းများ ဂရုစိုက်၍ မောင်းနေကြရသည်။ အမျိုးသားညီလာခံ ခန်းမကြီးမရောက်မီ အဝိုင်းကြီးကို ပတ်ရသည်။ တစ်ချိန်တုန်း ကတော့ ပန်းပေါင်းဝေဆာ ရောင်စုံဖူးပွင့်၍ လှချင်တိုင်းလှနေမည့် အဝိုင်းကြီးကား ယခုတော့ မြက်များဖြင့် ဖုံးလွှမ်းလျက်ရှိချေသည်။ အမျိုးသားညီလာခံ ခန်းမကြီးသို့ ရောက်သောအခါ နိုင်ငံတော် အကြီးအကဲက ညီလာခံခန်းမကြီးအတွင်း သို့ ဝင်ရောက်စစ်ဆေးသည်။
Jun 18, 2022
ဆောင်းပါး
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်ထားသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့ကဦးဆောင်ကာ စေတီတော်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၂၆၀၄ စတုရန်း ပေအား ရွှေစင်ရွှေပြား၊ ရွှေသင်္ကန်းနှင့် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်ပွဲကို ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Jun 18, 2022
ယခုရက်ပိုင်းအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆွေးနွေးလျက်ရှိရာ လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)(KNU/ KNLA-PC)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA-မိုင်းလား)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးတွေ့ဆုံဆွေးနွေးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့နှင့်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
Jun 17, 2022
ဆောင်းပါး
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာအနီးမှာတည်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) (ဇီးပင်ကြီး)ဟာ အစိုးရဝန်ထမ်းများအတွက် ပညာဗဟုသုတဆည်းပူးရာ နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။
Jun 16, 2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည့်နောက်မှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြရပါသည်။
Jun 15, 2022
01
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ သမဝါယမဦးစီးဌာနက အခြေခံပညာအဋ္ဌမတန်း အောင်မြင်ပြီးသူများအား စီးပွားရေးဆိုင်ရာ စာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျူတာပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး အတန်းကျောင်းပညာရေးကိုပါ တစ်ပါတည်း သင်ယူခွင့်ရမည့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများကိုမကွေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မန္တလေးမြို့ကြီးများတွင်ယခုလာမည့် ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ တစ်ပြိုင်တည်း ဖွင့်လှစ်တော့မည်ဖြစ်သည်။
Jun 14, 2022
01
လူသားတိုင်း ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ရန်အတွက် သန့်စင်သောလေကို နေ့စဉ်ရှူရှိုက်ခွင့်ရရှိရေးသည် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေး၊ အနာဂတ်ကာလ၌ ရင်ဆိုင်ကြုံတွေ့နိုင်သည့် လေထုညစ်ညမ်းမှုအား ကြိုတင်ကာကွယ်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များအား ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရေးတို့ကို မိမိတို့အားလုံးအနေဖြင့် အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်သည်။