Skip to main content
Sep 14, 2025
ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ
မြန်မာနိုင်ငံအတွင်းရှိ မှီတင်းနေထိုင်လျက်ရှိကြသော လူသားအားလုံး၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက်သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်တို့ကို ထိန်းသိမ်းကြရန် လွန်စွာအရေးကြီးလှပါသည်။
Sep 13, 2025
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးစနစ်ဖြင့် ရပ်တည်နေသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်မှုက နိုင်ငံစီးပွားရေးတွင် အရေးပါသောကဏ္ဍမှပါဝင်နေပါသည်။ နိုင်ငံ့လူဦးရေ၏ နေ့စဉ်စားသုံးမှုအတွက် အဓိကကျသော စားသုံးဆီဖူလုံရေးသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာတည်ငြိမ်မှုအတွက် အလွန်ပင်အရေးကြီးပါသည်။
Sep 12, 2025
ဆောင်းပါး
ရွေးကောက်ပွဲစနစ် Electoral System ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ပြည်သူများကို ကိုယ်စားပြုရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ အသုံးပြုသည့်စနစ်တစ်ခုပင် ဖြစ်သည်။ ရွေးကောက်ပွဲများတွင် အရေးအကြီးဆုံးမှာ ရွေးကောက်ပွဲစနစ်ပင်ဖြစ်သည်။ ရွေးကောက်ပွဲစနစ်တစ်ခု ပြောင်းလဲကျင့်သုံးခြင်းသည် နိုင်ငံရေးပါတီမျိုးစုံပါဝင်နိုင်မှုနှင့် နိုင်ငံရေးစနစ်ပြောင်းလဲမှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်သည်။ တိုင်းရင်းသားကိုယ်စားလှယ်များ စုံညီစွာပါဝင်နိုင်ခြင်းနှင့် အများပြည်သူ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်အတွက် တရားဝင်ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နိုင်ခြင်း အကျိုးတရားများ ရရှိစေနိုင်ပါသည်။
Sep 11, 2025
ဆောင်းပါး
ထိုနေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီး၌ ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပကြသည်။ ကျင်းပသည်ဆိုရာ၌လည်း ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (United Nations World Tourism Organi-zation- UNWTO) က ထိုနှစ်အတွက် ချမှတ်သောဆောင်ပုဒ်အကြောင်းအရာ (Theme) အပေါ် အခြေခံ၍ ကျင်းပကြခြင်းဖြစ်သည်။ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ကြီးက နှစ်စဉ်ကမ္ဘာပေါ်၌ လတ်တလောဖြစ်ပေါ်လျက်ရှိသော အားလုံးက အလေးထားဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည့် အကြောင်းအရာ Global Agenda များကို အခြေခံ၍ သက်ဆိုင်ရာနှစ်အတွက် ဆောင်ပုဒ်ကိုဖော်ထုတ်ချမှတ်ခြင်းဖြစ်ပါသည်။
Sep 10, 2025
ဆောင်းပါး
ကျွန်ုပ်တို့ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အရေးကြီးသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကျင်းပရန် နီးကပ်လာပြီဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲများကို ကြီးကြပ်ရမည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အား စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များသည် လာမည့်အထွေထွေရွေးကောက်ပွဲကြီးကို ဥပဒေနှင့်အညီ လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲအဖြစ် မှတ်ကျောက်တင်ပေးရမည့် ပုဂ္ဂိုလ်များပင်ဖြစ်ပါသည်။
Sep 10, 2025
ဆောင်းပါး
မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးဟာ စစ်အေးကာလနဲ့ စစ်အေးကာလအလွန်ကဲ့သို့ စူပါပါဝါတစ်နိုင်ငံတည်း သို့မဟုတ် နှစ်နိုင်ငံအပြိုင် အုပ်စိုးခြယ်လှယ်ခဲ့ကြတဲ့ ဒွိဝင်ရိုးကမ္ဘာ (Bipolar World) နဲ့ ဧကဝင်ရိုးကမ္ဘာ (Unipolar World) စနစ်များဆီမှ နိုင်ငံပေါင်းစုံပါဝင်လာတဲ့ ဗဟုဝင်ရိုးခေါ် ဝင်ရိုးစုံကမ္ဘာသစ် (Multipolar World) အခင်းအကျင်းတစ်ခုဆီသို့ အလျင်အမြန် ကူးပြောင်းနေပြီဖြစ်ပါတယ်။ ယင်းအပြောင်းအလဲမှာ သီအိုရီဆိုင်ရာ ယူဆချက်တစ်ခုမျှသာမဟုတ်ဘဲ ကြီးမားတဲ့စီးပွားရေး၊ စစ်ရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲများဖြင့် ဖြစ်ပေါ်လာတဲ့ ‘လက်တွေ့အဖြစ်မှန်’ ပဲ ဖြစ်ပါတယ်။ ယနေ့တရုတ်နိုင်ငံရဲ့ ဘက်စုံဆန်းသစ်တိုးတက်လာမှုနဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးလျင်မြန်စွာကြီးထွားလာမှုတို့ဟာ ကမ္ဘာ့စီးပွားရေးဗဟိုချက်ကို အာရှဒေသသို့ ဦးတည်ရွေ့လျားစေခဲ့ပါတယ်။ အထူးသဖြင့် BRICS၊ Shanghai Coopera-tion Organisation (SCO)၊ ASEAN စတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက်လာမှုများကလည်း Multipolar World အသွင်ပိုမိုအားဖြည့်လျက်ရှိပါတယ်။ အလားတူ ယနေ့ရုရှား-ယူကရိန်းစစ်ပွဲ၊ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲ၊ အီရန်-အစ္စရေး စစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခများစွာအပြင် အင်ဒို-ပစိဖိတ်ဒေသအတွင်း အင်အားကြီးနိုင်ငံများရဲ့ မဟာဗျူဟာတိုးတက်မှုများကလည်း မိတ်ဖက်အစုအဖွဲ့များအပေါ် တွန်းအားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။
Sep 10, 2025
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Sep 09, 2025
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Sep 09, 2025
နိုင်ငံတော်ရွှေသီးဖို့ လိုက်ဘရီကာကော်ဖီ စီးပွားဖြစ်စိုက်ပျိုးကြပါစို့
လိုက်ဘရီကာကော်ဖီ (Liberica Coffee) သည် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကအသုံးပြုသည့် မျိုးလေးမျိုးတွင် တစ်ခုအပါအဝင်ဖြစ်ပြီး Rubiaceae မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။ ရုက္ခဗေဒအမည်မှာ Coffea liberica ဖြစ်ပါသည်။
Sep 08, 2025
ဆောင်းပါး
ယနေ့ခေတ်တွင် လျင်မြန်စွာပြောင်းလဲတိုးတက်နေသော ကမ္ဘာကြီး၌ စာတတ်မြောက်မှုသည် စာရွက်ပေါ်တွင် ရေးနိုင်၊ ဖတ်နိုင်၊ တွက်နိုင် စွမ်းထက်ကျော်လွန်သွားပြီဖြစ်ပါသည်။ သမားရိုးကျ စာတတ်မြောက်မှုသည် ပညာရေး၏ အခြေခံအုတ်မြစ်အဖြစ် ဆက်လက်တည်ရှိနေသော်လည်း ဒစ်ဂျစ်တယ်ခေတ်သည် ပိုမိုများပြားလာသော ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းတွင် သတင်းအချက်အလက်ရှာဖွေရန်၊ အကဲဖြတ်ရန်နှင့်ဖန်တီးရန် လိုအပ်သောကျွမ်းကျင်မှုများကို အလေးပေးကာ ဒစ်ဂျစ်တယ်ခေတ်တွင် စာတတ်မြောက်ခြင်း၏ အဓိပ္ပာယ်ကို ပိုမိုချဲ့ထွင်လာခဲ့ပြီဖြစ်သည်။ စာတတ်မြောက်မှုကိုမြှင့်တင်ခြင်းသည် စာမတတ်သေးသူတို့အား စာတတ်လာအောင် သင်ကြားပေးရုံသာမက အသိပညာကို သိမ်းဆည်း၊ မျှဝေလေ့ရှိသော ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပုံသွင်းထားသည့် ကမ္ဘာတွင် ရှင်သန်ကြီးထွားလာစေရန် ခွန်အားဖြစ်စေခြင်းပင်ဖြစ်သည်။