Jul 26, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်အလေးထား စီမံဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
Jul 25, 2024
ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့်ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
Jul 25, 2024
၁။ နိုင်ငံတော်အစိုးရက ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း အသိပေးထားရှိပြီး ဖြစ်ပါသည်။ ၎င်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ခိုင်မာသောသန္နိဋ္ဌာန်လည်း ဖြစ်ပါသည်။
Jul 24, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးမျိုးမြင့်မောင်အား နီပေါနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။
Jul 23, 2024
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက် တည်ထောင်မှတ်ပုံတင်ပေးပါရန် ပြည်သူ့အင်အားပါတီ ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရပါသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်းနှင့် ပါတီဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။
Jul 22, 2024
မိုးရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်ရာ မိုးဦးကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မွေးမြူထားသော တိရစ္ဆာန်များအပေါ် ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
Jul 22, 2024
၁။ မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်းမိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်ပါသည်။
Jul 22, 2024
၁။ မြေပြိုဘေးအန္တရာယ်သည် ဇွန်လမှ ဩဂုတ်လများတွင် အဖြစ်များပြီး ကျန်ကာလများတွင်လည်း ရံဖန်ရံခါဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရပါသည်။ မြေပြိုဘေးသည် ပစ္စည်းဥစ္စာဆုံးရှုံးမှု အလွန်နည်းပါးသော်လည်း လူသေဆုံးမှု၊ ထိခိုက်/ဒဏ်ရာရရှိမှုများပြားလှသည့် ဘေးအန္တရာယ်တစ်ခု ဖြစ်ပါသည်။
Jul 22, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၂၀-၇-၂၀၂၄) ရက်နေ့၊ ည (၆:၀၀)နာရီမှ (၂၁-၇-၂၀၂၄)ရက်နေ့၊ ည (၆:၀၀)နာရီအထိ (၂၄)နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ(၄၈)ဦးရှိခဲ့ပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူမရှိခဲ့ပါ။ လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ (၂၁-၇-၂၀၂၄)ရက်နေ့တွင် ရောဂါသက်သာ ပျောက်ကင်းသည့် လူနာ(၆၈)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပါသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။