ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကညင်ရေလှောင်တမံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၁၀ ဒသမ ၅ မဂ္ဂါဝပ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
Jul 23, 2026
ASEAN Championship – AFF Hyundai Cup 2026 အုပ်စုပွဲစဉ်များကို ဇူလိုင် ၂၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာပရိသတ်များ စောင့်မျှော်နေသည့် အိမ်ကွင်းပွဲစဉ်များဖြစ်သော မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားအသင်းပွဲစဉ်ကို ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီခွဲတွင်လည်းကောင်း၊ မြန်မာအသင်းနှင့် လာအိုအသင်းပွဲစဉ်ကို ဩဂုတ် ၄ ရက် ညနေ ၄ နာရီခွဲတွင်လည်းကောင်း သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
Jul 23, 2026
ဖလမ်းမြို့နယ်၌ ဦးစီးဌာန ရုံးပေါင်း ၃၈ ရုံး ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်း ၁၃၉၇ ဦးဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေပြီဖြစ်ကြောင်းနှင့် ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့များတွင် ဦးစီးဌာန ရုံးပေါင်း ၁၁၀ ဖွင့်လှစ်လျက်ရှိပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်းပေါင်း ၄၀၀၃ ဦးဖြင့် ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။
Jul 23, 2026
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ပဲခူးတိုင်းဒေသကြီးတွင် မသန်စွမ်းသူဦးရေ နှစ်သိန်းခွဲနီးပါးရှိပြီး ညောင်လေးပင်မြို့နယ်၌ မသန်စွမ်းသူဦးရေ ရှစ်ထောင့်ခြောက်ရာကျော်ရှိကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာအသိုင်းအဝိုင်းတွင်ရှိသည့် မသန်စွမ်းသူများအတွက် အများတန်းတူအခွင့်အရေးနှင့် ခံစားခွင့်များ အပြည့်အဝရရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။
Jul 23, 2026
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Jul 23, 2026
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေ နှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၇ ထပ် အဆောက်အအုံတစ်လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jul 23, 2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် KNLA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၉ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြရာ ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Jul 23, 2026
တပ်မတော်အနေဖြင့် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး - တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Jul 23, 2026
ထိုင်းနိုင်ငံ ဘော်ဝင်းအနီး ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် ရသင့်ရထိုက်သည့်နစ်နာကြေး အခွင့်အရေးများအပြည့်အဝရရှိစေရန် လိုက်ပါကူညီဆောင်ရွက်ပေးနေကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
နောက်ဆုံးရသတင်းများ
Jul 23, 2026Latest News
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကညင်ရေလှောင်တမံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၁၀ ဒသမ ၅ မဂ္ဂါဝပ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖ
Jul 23, 2026Latest News
ASEAN Championship – AFF Hyundai Cup 2026 အုပ်စုပွဲစဉ်များကို ဇူလိုင် ၂၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာပရိသတ်များ စောင့်မျှော်နေသည့် အိမ်ကွင်းပွဲစဉ်များဖြစ်သော မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားအသင်းပွဲစဉ်ကို ဇူလ
Jul 23, 2026Latest News
ဖလမ်းမြို့နယ်၌ ဦးစီးဌာန ရုံးပေါင်း ၃၈ ရုံး ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်း ၁၃၉၇ ဦးဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေပြီဖြစ်ကြောင်းနှင့် ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့မျာ
Jul 23, 2026Latest News
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ပဲခူးတိုင်းဒေသကြီးတွင် မသန်စွမ်းသူဦးရေ နှစ်သိန်းခွဲနီးပါးရှိပြီး ညောင်လေးပင်မြို့နယ်၌ မသန်စွမ်းသူဦးရေ ရှစ်ထောင့်ခြောက်ရာကျော်ရှိကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအနေဖြင့် မ
Jul 23, 2026Latest News
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက
ဆောင်းပါးကဏ္ဍ
Jul 22, 2026ဟိုတယ်ခန်းမကျယ်ကြီးအတွင်း စုရုံးရောက်ရှိနေသူများက ဆွေးနွေးပွဲစတင်မည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ခန်းမအတွင်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပညာရှင်များ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်း/ ပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ စုံလင်စွာ စုရုံးတက်ရောက်ကြသည်။
Jul 21, 2026အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်က ကိုလ်ကတ္တားမြို့မှာ ဟူဂလီမြစ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ ကမ္ဘာကျော်သံတံတားကြီးတစ်စင်းရှိတယ်။ “ဟောင်ရာ (Howrah)” လို့ခေါ်တဲ့ အဲဒီတံတားကြီးကို ဆရာမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ “သုခမြို့တော်” ဖတ်ဖူးသူတိုင်း သိကြမှာပါ။ ပြောချင်တာက သုခမြို့တော်အကြောင်း မဟုတ်ပါဘူး။ အဲဒီဟောင်ရာတံတားကြီးအကြောင်း။ သံမဏိတန်ချိန်ပေါင်း ၂၆၅၀၀ ကျော်နဲ့ ဒုတိယကမ္ဘာစစ်ကြိုခေတ်မှာ ဆောက်ခဲ့ပြီး နေ့စဉ်လူငါးသိန်းကျော်လောက် ဖြတ်သွားနေကြတဲ့ အဲဒီတံတားကြီးဟာ မဆင်မခြင်ထွေးကြတဲ့ ကွမ်းတံတွေးတွေကြောင့် ပြိုကျသွားနိုင်တဲ့အန္တရာယ် ဖြစ်ခဲ့ဖူးပါတယ်။
Jul 21, 2026မက္ကဒေးမီးယားဟုခေါ်သော အစေ့အဆန်ရရှိသည့်အပင်ကို မြန်မာနိုင်ငံ၌ ဒေသအခေါ်အားဖြင့် ချောကလက်သီးဟူ၍လည်းကောင်း၊ သော့သီးဟူ၍လည်းကောင်း ခေါ်တွင်ကြသည်။ မက္ကဒေးမီးယားအဆန်သည် စားသုံးရာတွင် အနံ့၊ အရသာကောင်းမွန်မှုကြောင့် အကောင်းဆုံးသောအစေ့အဆန်ဖြစ်ပြီး တန်ဖိုးကြီးမြင့်၍ ဈေးကောင်းရရှိနေသော နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပါသည်။
Jul 21, 2026ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ် မူတည်၍ တိုးတက်နေပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေးပညာသင်ကြား၊ သုတေသနဆောင်ရွက်နေမှုများကို လေ့လာ၊ အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။
Jul 20, 2026ပထမဦးစွာ “သူနာပြုနှင့် သားဖွားပညာရေး အရည်အသွေးမြှင့်တင်ရေး” သည် မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ စာတွေ့နှင့်လက်တွေ့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားသည့် စွမ်းရည်အခြေပြု (Competency-based Education) ကိုအခြေခံ၍ သင်ကြားရေးစနစ်များကို အဆင့်မြှင့်တင်ရမည်ဖြစ်သကဲ့သို့ ပုံစံတူအခြေပြု သင်ယူခြင်း (Simulation-based Learning)၊ နည်းပညာအခြေပြုသင်ယူခြင်း (Digital Learning) နှင့် သက်သေအထောက်အထား အခြေပြုလက်တွေ့ သူနာပြုစုစောင့်ရှောက်မှု (Evidence-based Nursing Practice) တို့ကို ပညာရေးလုပ်ငန်းစဉ်များတွင် ပိုမိုထည့်သွင်းဆောင်ရွက်ရပါမည်။ ထိုမှတစ်ဆင့် နိုင်ငံတကာအဆင့်မီ သူနာပြုနှင့် သားဖွားပညာရှင်များ မွေးထုတ်ပေးနိုင်သော အခြေခံအုတ်မြစ် ဖြစ်လာမည်ဖြစ်ပါသည်။
Jul 20, 2026အပိုင်း (၁) တွင် တောင်အမေရိကတိုက်၏ စွမ်းအင်ဗဟိုချက်ဖြစ်သော အီတိုင်းပု (Itaipu) ဆည်အကြောင်းကို လေ့လာခဲ့ပြီးနောက် ယခုအပိုင်း (၂) တွင်မူ အာရှတိုက်၏ ဂုဏ်ဆောင်၊ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းအဖြစ် စံချိန်တင်ထားသည့် တရုတ်နိုင်ငံ၏ မြစ်ကျဉ်းသုံးသွယ်ရေကာတာ (Three Gorges Dam) အကြောင်းကို ဆက်လက်တင်ပြသွားပါမည်။
သတင်းဗီဒီယို
23 Jul 26
