အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ
Aug 04, 2026
တွန်းဇံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲတွင် မြို့မိမြို့ဖများက တယ်လီဖုန်းလိုင်းရရှိရေး၊ လျှပ်စစ်မီးရရှိရေးတင်ပြကြရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက တယ်လီဖုန်းလိုင်းများ ပြန်လည်ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီးအနေဖြင့် တွန်းဇံမြို့တွင် ၃၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် နေ့စဉ် ည ၇ နာရီမှ ၉ နာရီခွဲအထိ အချိန်ပိုင်း ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် လျှပ်စစ်မီးဖြန့်ဖြူးချိန် တိုးမြှင့်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
Aug 04, 2026
“အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများသည် လူများစုအပေါ်ကျူးလွန်သည့် ကြီးလေးသည့်ရာဇဝတ်မှုများအဖြစ် မိမိတို့အစိုးရကသတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် လုံးဝလက်ခံခွင့်လွှတ်မည်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် နှိမ်နင်းချေမှုန်းလျက်ရှိပါကြောင်း၊ ယင်းသို့နှိမ်နင်းခဲ့ရာတွင် ပြစ်မှုကျူးလွန်သူများ၏ ၉၉ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံသားများဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများကတစ်ဆင့် မိမိတို့နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လုပ်ကိုင်ကြခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထိုအရာကို မြန်မာနိုင်ငံကသာ တာဝန်ရှိသည့်ပုံစံမျိုး ပြည်ပမီဒီယာများက ကမ္ဘာ့သတင်းများတွင် ပုံဖော်တင်ပြနေကြခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အွန်လိုင်းလောင်းကစားမှုကို အကြောင်းပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရှေ့မြောက်ဒေသတွင် ပြဿနာဖြစ်ပွားခဲ့ရကာ တိုင်းပြည်အနေဖြင့်လည်း များစွာပေးဆပ်ခဲ့ရပါကြောင်း၊ နိုင်ငံတော်ကို မူလအခြေအနေအတိုင်းဖြစ်စေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်နှင့်ထိုင်းနိုင်ငံအပါအဝင် မိတ်ဆွေနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားထားသည်။
Aug 04, 2026
၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ် သြဂုတ်လတစ်လလုံးကို ‘‘အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ’’ အဖြစ် လှုပ်ရှားဆောင်ရွက်လာခဲ့ရာ ရည်ရွယ်ချက်များမှာ ပြည်သူလူထုက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန်၊ အာဟာရပြည့်ဝစွာ စားသောက်တတ်စေရန်၊ ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်ထက်မြက်သော နိုင်ငံသားကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်ရန်တို့ပင်ဖြစ်သည်။
Aug 03, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီ ရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည်ဖြစ်သည်။
Aug 03, 2026
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အထူးအလေးထား၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
Aug 03, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်းဟိန်းမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
Aug 03, 2026
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၇) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၇) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
Aug 03, 2026
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရေဘေးကယ်ဆယ်ရေးစခန်း(၉)ခုတွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နောက်ဆုံးရသတင်းများ
Aug 04, 2026Latest News
တွန်းဇံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲတွင် မြို့မိမြို့ဖများက တယ်လီဖုန်းလိုင်းရရှိရေး၊ လျှပ်စစ်မီးရရှိရေးတင်ပြကြရာ ဒုတိယဝန်က
Aug 04, 2026Latest News
“အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများသည် လူများစုအပေါ်ကျူးလွန်သည့် ကြီးလေးသည့်ရာဇဝတ်မှုများအဖြစ် မိမိတို့အစိုးရကသတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် လုံးဝလက်ခံခွင့်လွှတ်မည်မဟုတ်ဘဲ ပြင်းပြင
Aug 04, 2026Latest News
၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ် သြဂုတ်လတစ်လလုံးကို ‘‘အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ’’ အဖြစ် လှုပ်ရှားဆောင်ရွက်လာခဲ့ရာ ရည်ရွယ်ချက်များမှာ ပြည်သူလူထုက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်
Aug 03, 2026Latest News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီ ရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရော
ဆောင်းပါးကဏ္ဍ
Aug 03, 2026ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍများ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ် မူတည်၍ ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထိပ်တန်းရောက်နိုင်ငံ ဖြစ်နေခြင်းဖြစ်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေးပညာသင်ကြား၊ သုတေသနများ (Australian Agricultural Research and Education) ဆောင်ရွက်နေမှုတို့ကို လေ့လာ၊ အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။
Aug 03, 2026ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍများ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ်မူတည်၍ ကမ္ဘာ့စိုက်ပျိုးမွေးမြူ ရေးဆိုင်ရာ ထိပ်တန်းရောက်နိုင်ငံ ဖြစ်နေခြင်းဖြစ်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေး ပညာသင်ကြား၊ သုတေသနများ (Australian Agricultural Research and Education) ဆောင်ရွက်နေမှုတို့ကို လေ့လာ၊ အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။
Aug 03, 2026အငြိမ်းစားမိဘပြည်သူများက နိုင်ငံ့ဝန်ထမ်းဘဝတစ်လျှောက် နိုင်ငံ့ဝန်ထမ်းတာဝန်များကို နှစ်ပြည့်/သက်ပြည့် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးနောက် ရရှိလာသည့်ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ထုတ်ယူလေ့ရှိရာ မြန်မာ့စီးပွားရေးဘဏ်သည် အငြိမ်းစားများ၏ ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို ၁-၁၀-၁၉၇၂ ရက်နေ့မှစ၍ တာဝန်ယူဆောင်ရွက်ခဲ့ရပြီး ကာကွယ်ရေးပင်စင်၊ မြို့ပြပင်စင်၊ နိုင်ငံရေးပင်စင်၊ မြန်မာ့စီးပွားရေးဘဏ်ပင်စင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ပင်စင်ဟူသည့် ပင်စင်အမျိုးအစား (၅) မျိုးဖြင့် ထုတ်ပေးလျက်ရှိပါသည်။
Aug 03, 2026“ကျန်းမာခြင်းသည် လာဘ်တစ်ပါး”ဆိုသည့် ဆိုရိုးစကားသည် ခေတ်အဆက်ဆက် မှန်ကန်နေသည့် အမှန်တရားတစ်ခုဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အခြေခံ အကျဆုံးသော အင်အားစုမှာ ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်ပင်ဖြစ်ပါသည်။ ကျန်းမာရေးနှင့်ပြည့်စုံသော လူ့အဖွဲ့အစည်းသည်သာ ကုန်ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်နိုင်ပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်စေနိုင်ပါသည်။
Aug 02, 2026နိုင်ငံတော်အစိုးရက ပြည်သူများအတွက် နိုင်ငံတော်၏ အမျိုးသားရေးဦးတည်ချက်များနှင့်အညီ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် လိုအပ်သော ဘဏ္ဍာငွေများကို ပြည်တွင်းအခွန်အကောက်နှင့် အခြားရငွေများမှ အဓိကထားကောက်ခံလျက်ရှိပါသည်။
Aug 02, 2026သို့ဖြစ်ရာ လူသုံးကုန်၊ စားသောက်ကုန်များ၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် သွင်းကုန်/ ပို့ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဒေသအသီးသီးသို့ အမြောက်အမြားသယ်ပို့နိုင်ရန်နှင့် အနာဂတ်တွင် ခရီးသွားပြည်သူများအား ကောင်းမွန်ပြည့်စုံသည့် ဝန်ဆောင်မှုများပေးနိုင်ရန် တို့အတွက် ရထားပို့ဆောင်ရေးလုပ်ငန်းအား ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
