Skip to main content

လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များကို ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲနမူနာများ ရယူခြင်းများ ဆောင်ရွက်

ဩဂုတ် ၁၉ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၏ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများ သို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲနမူနာများ ရယူခြင်းများကို ယနေ့တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ပြုလုပ်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်း ကြောင့် ထိုင်းနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၅၃ ဦး အား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း လက်စွဲစာအုပ်(မူကြမ်း‌) ဆွေးနွေးပွဲကျင်းပ

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း လက်စွဲစာအုပ်(မူကြမ်း)‌ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အနာဂတ် မျိုးဆက်တို့အတွက် ငြိမ်းချမ်းရေး အမွေအနှစ်

စစ်ပွဲများ၏ စတင်ရာမှာ နိုင်ငံရေးဖြစ်သည်။ နိုင်ငံရေးအရ မပြေလည်သည့်အခါ ဘက်နှစ်ဖက် လက်နက်စွဲကိုင်တိုက်ခိုက် ကြသည်။ စစ်ပွဲဟူသည် အင်အားကို အသုံးပြုကာ တစ်ဖက် ရန်သူကို အနိုင်ရရေးနှင့် မိမိတို့အလိုရှိသည့်အတိုင်း နာခံ လာရေးအတွက် အစွမ်းကုန် တိုက်ခိုက်သတ်ဖြတ်ကြခြင်းပင် ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့်စစ်ပွဲများ သို့တည်း မဟုတ် လက်နက်ကိုင် ပဋိပက္ခများမှာ ဆယ်စုနှစ်ပေါင်းများစွာ

အဆိုးဆုံးကိုမြော်တွေး အကောင်းဆုံးပြင်ဆင်

ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်၌ မမျှော်လင့်ဘဲ ရုတ်တရက်ပေါ်ပေါက် လာသည့် ရောဂါအသစ်အဆန်းတစ်မျိုး ဖြစ်သည်။ ထိုကပ်ရောဂါအား ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ရောဂါကာကွယ်ဆေးကိုလက်တွေ့ရရှိပြီး အသုံးချ နိုင်ရန်လိုအပ်သည်။ ယခုအခါ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စမ်းသပ်တွေ့ရှိပြီဟုဆိုကြသော်လည်း လက်တွေ့တွင် ယုံကြည် စိတ်ချရသည့် တိကျသောရလဒ်ကို ထုတ်ဖော်နိုင်ခြင်းမရှိသေးသဖြင့် ကပ်ရောဂါ အတွက် စိတ်အေးရမည့်အခြေအနေသို့ရောက်ပြီဟု မဆိုနိုင် သေးပေ။

ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် MCCT အစီအစဉ်အတွက် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် သဘောတူစာချုပ်လက်မှတ်ရေးထိုး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (Maternal and Child Cash Transfer Program – MCCT) အား ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ ထောက်ပံ့နိုင်ရန်အတွက် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ကျင်းပသည်။

ဓာတ်ခွဲခန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နေမှုစိစစ်ခြင်း အစည်းအဝေးကျင်းပ

စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ စီမံခန့်ခွဲရေးဌာနစုနှင့် ဓာတ်ခွဲခန်း (၇) ခုသည် နိုင်ငံတကာအဆင့်မီ ISO 9001: 2015 (QMS) လက်မှတ် ရရှိပြီးဖြစ်ရာ အဆိုပါ အသိအမှတ်ပြု လက်မှတ်ပါ အရည်အသွေးထိန်းသိမ်း ခြင်းများ ဆောင်ရွက်ရာတွင် သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုအား ၂၀၂၀ ပြည့်နှစ်အတွင်း ဒုတိယအကြိမ် မြောက် ပြန်လည်သုံးသပ်စိစစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က နဝရတ်ခန်းမ၌ ကျင်းပ သည်။

စစ်တွေနှင့် အမ်းမြို့တို့၌ AA အကြမ်းဖက်သောင်းကျန်းသူများ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျောက်တန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူ သုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယုံကြည်ချက်ဖြင့် အောင်မြင်မှုခရီးဆက်

၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော နှစ်တစ်နှစ်ဖြစ် သည်။ ယခုနှစ်ကြုံတွေ့ ရသည့်အရေးကိစ္စများအနက် တစ်ကမ္ဘာလုံး ကြုံတွေ့နေရဆဲဖြစ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးတို့သည် အရေး ကြီးဆုံးဖြစ်သည်။ နိုင်ငံအတွင်း အခြားအရေးကြီးကိစ္စများရှိသော်ငြား လည်း ကိုဗစ်နှင့် ရွေးကောက်ပွဲသည် လတ်တလော၌ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံးနှင့် တိုက်ရိုက်သက်ဆိုင် နေသည်။
Subscribe to နေပြည်တော်