Skip to main content

ထာဝရငြိမ်းချမ်းရေး အမွေအနှစ် မျိုးဆက်သစ်များသို့ ပေးနိုင်ရန်

(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ဩဂုတ် ၁၃ ရက်တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေး တွင် သဘောတူညီချက် ခုနစ်ချက် ရရှိခဲ့သည်။ ၎င်းသဘောတူညီ ချက်များမှာ အလွယ်တကူ ရရှိခဲ့ခြင်းမဟုတ်ဘဲတွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းများတွင် မတူကွဲပြားမှုများအကြားမှ အပေးအယူ၊ အလျှော့ အတင်းများဖြင့် ညှိနှိုင်းဆွေးနွေးကြကာ သဘောတူညီမှု ရရှိခဲ့ကြ ခြင်းဖြစ်သည်။

အွန်လိုင်းမီဒီယာနှင့်မူပိုင်ခွင့်ဆိုင်ရာ ခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့အပေါ်သုံးသပ်ဆွေးနွေးပွဲကျင်းပ

အွန်လိုင်းမီဒီယာနှင့် မူပိုင်ခွင့်ဆိုင်ရာခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့အပေါ် သုံးသပ် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။

ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၁)ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့(၁၇၃၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၉-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ


နေပြည်တော် ဩဂုတ် ၉

၁။ (၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၃၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။

ပြည်သူ့အရေး စနစ်တကျဖြည့်ဆည်း

ကမ္ဘာပေါ်ရှိ အခြေခံပြည်သူအားလုံးတို့သည် စား၊ ဝတ်၊ နေရေး လိုအပ်ချက် အတွက် နိစ္စဓူဝ နေ့စဉ် ရုန်းကန်လှုပ်ရှားနေကြရသည်။ အခြေခံပြည်သူများ အနေဖြင့် စားရေးနှင့် ဝတ်ရေးကို သင့်သလို ဖန်တီးနိုင်သော်လည်း နေရေး အတွက်မူ ခက်ခက်ခဲခဲ စီမံကြရသည်။ နေစရာသည် တန်ဖိုးကြီးသည့် အရာ ဖြစ်၍ ဝင်ငွေနည်းပြည်သူများအဖို့နေရေးအတွက် ရတက်မအေးဖြစ်ကြရသည်။

နိုင်ငံ့အပေါ်တွင် ရှိသည့် တာဝန်ကျေပွန်ရေး

နိုင်ငံသားဟူသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကအကျဆုံး အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ကမ္ဘာမြေပေါ် တွင် နိုင်ငံတစ်နိုင်ငံဟူ၍ ဖြစ်ပေါ်လာ ရန်မှာ (၁) နိုင်ငံသား၊ (၂) နိုင်ငံပိုင်နက်နယ်နိမိတ်၊ (၃) အစိုးရနှင့် (၄) အချုပ်အခြာအာဏာဟူသော အင်္ဂါလေးရပ်လုံးနှင့် ပြည့်စုံရမည် ဖြစ်သည်။ ဤတွင် နိုင်ငံနယ်နိမိတ်တည်တံ့ခိုင်မြဲရေး၊ အုပ်ချုပ်သူအစိုးရ ဖွဲ့စည်းဖြစ်ပေါ်လာရေးနှင့် အချုပ်အခြာ အာဏာမဆုံးရှုံးစေရေးတို့ အတွက် ကာကွယ်စောင့်ရှောက်သူ၊ တည်ဆောက်ဖွဲ့စည်းသူ၊ ထိန်းသိမ်း သူတို့မှာ နိုင်ငံသူ နိုင်ငံသားများပင် ဖြစ်သည်။

ပြည်သူရေးသည် ပြည်သူ့အရေးတော်ပုံ၏ ပန်းတိုင်ဆီသို့

သမိုင်းဆိုသည် ဖျောက်ဖျက်ပစ်ကောင်းသည့် အရာမဟုတ်။ သမိုင်းဟူသည် လိမ်လည်ပြင်ဆင်ရေးသား သင့်သည် မဟုတ်။ သမိုင်းဟူသည် ဖုံးကွယ်ထား၍လည်း ရမည်မဟုတ်။ အထူးသဖြင့်တော့ လူထုကရေးသော သမိုင်း တို့သည် ကျောက်စာတိုင်တို့ထက် ခိုင်၏ ဟု ဆိုချင်ပါသည်။

နိုင်ငံဖွံ့ဖြိုးရေး ခလုတ်တံသင်းဖယ်ရှား

နိုင်ငံတစ်နိုင်ငံအဘက်ဘက်၌ တိုးတက်ခြင်း၊ မတိုးတက်ခြင်းသည် အဂတိလိုက်စားမှု ကင်းရှင်းခြင်း၊ မကင်းရှင်းခြင်းဟူသော အချက်တစ်ချက်တွင်လည်း မူတည်နေပါသည်။ အဂတိလိုက်စားမှုသည် နိုင်ငံ အတော်များများတွင် ရှိတတ်ကြရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်၊ လူ့ဘောင်လောက ပတ်ဝန်းကျင်တွင် ကိုယ်ကျင့်တရားပျက်ပြားစေသည့် အဂတိ လိုက်စားမှုကို နိုင်ငံတော် အစိုးရများက ဖော်ထုတ် ၍ ထိထိရောက်ရောက် တိုက်ဖျက်နေကြပါသည်။
Subscribe to နေပြည်တော်