Skip to main content

FAO ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ (၃၅) ကြိမ်မြောက် ဒေသတွင်းအစည်းအဝေးကျင်းပ

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ (၃၅) ကြိမ်မြောက် ဒေသတွင်း အစည်း အဝေးကို FAO Regional Office က ကြီးမှူး၍ ဘူတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပြီး Virtual Mode ဖြင့် စက်တင်ဘာ(၁) ရက်မှ (၄) ရက် အထိ (၄)ရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ခင်မာဦးတို့ ပါဝင်တက်ရောက်ကြကာ စီမံကိန်းဦးစီးဌာန အရာထမ်း၊ အမှုထမ်း (၁၂)ဦးတို့က လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် Video conferencing စနစ်ဖြင့် အစည်းအဝေးကျင်းပ

နေပြည်တော်  စက်တင်ဘာ ၁

ရခိုင်ပြည်နယ်တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ရှိသူများ ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီတွင် Videoconferencing စနစ်ဖြင့် နေပြည်တော်ရှိ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ပြုလုပ်သည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကြသည့် ဒေသခံစေတနာ့ ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း (Online Training) ပို့ချ

နေပြည်တော် စက်တင်ဘာ  ၁

အမျိုးသား အဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် အတွင်း ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ကြသည့် ဒေသခံစေတနာ့ ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း (Online Training) သင်ကြား ခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ပူးပေါင်း၍ ကျင်းပသည်။

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်းဖွင့်လှစ်

နေပြည်တော် စက်တင်ဘာ ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနနှင့် IOM(Myanmar)တို့ ပူးပေါင်း၍ လူကုန်ကူးခံရသူများ အား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်း အစီ အစဉ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီတွင် ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Online ဖြင့် ပြုလုပ်သည်။

ပညာရေးစီမံခန့်ခွဲမှုအသိအမှတ်ပြုလက်မှတ်ရသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

ပညာရေးစီမံခန့်ခွဲမှုအသိအမှတ်ပြု လက်မှတ်ရသင်တန်း (Certificate in Education Management  – CEM Training) ဖွင့်ပွဲ   အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

လူမှုဖူလုံရေးအဖွဲ့၏ ကိုဗစ်-၁၉ ကာလအတွင်း ဖြေလျော့ ဆောင်ရွက်နေမှုများနှင့်ရှေ့ဆက်လက် ဆောင်ရွက်ရမည့် အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

နေပြည်တော်     စက်တင်ဘာ ၁

လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်းဖြေလျော့ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ပြည်ထောင်စုဝန်ကြီးထံရှင်းလင်းတင်ပြသည့်အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ရုံး ဝန်ထမ်းများ ပြည်ထောင်စုဘဏ္ဍာငွေများ စီမံခန့်ခွဲသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် တာဝန်ယူမှု၊ တာဝန် ခံမှုရှိစေရန်နှင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ဘဏ္ဍာငွေအရင်းအမြစ်များ အလေအလွင့်မရှိစေဘဲ ထိရောက်အကျိုးရှိစွာ သုံးစွဲနိုင်စေရန် ကော်မရှင်ရုံး၏ ဘဏ္ဍာရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကော်မရှင်ရုံး ခန်းမ၌ ကျင်းပသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီး အောင် အကောင်အထည်ဖော်ဆောင်ရွက်‌နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ပြုလုပ်သည်။

အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC)၏ (၁၃) ကြိမ်မြောက် ဦးဆောင်လမ်းညွှန်ကော်မတီအစည်းအဝေးအား Video Conferencing ဖြင့်ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ  အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) ရုံးချုပ်၌ 13th Meeting of ARMAC Steering Committee အစည်းအဝေးအား ယနေ့ နံနက် (၈)နာရီတွင် video Conferencing စနစ်ဖြင့် ကျင်းပသည်။

Subscribe to နေပြည်တော်