၁။ (၅-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၇၄၅)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁၄၇) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၃၉) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၂၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၅၉) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၃၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၂) ခုနှင့်
- စုစုပေါင်း (၁,၆၉၁)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၇) ဦး တွေ့ရှိရပါသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ
၁။ (၃-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၉၄) ခုအား စစ်ဆေးခဲ့ပြီး
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၇၅) ဦးတွေ့ရှိခဲ့ပါသည်။ (လူနာများ ဓာတ်ခွဲတွေ့ရှိမှု သတင်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၄-၉-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀) နာရီ
၁။ (၃-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
နိုင်ငံ့အရေးအတွက် ကိုယ်စီတာဝန်သိ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေ ဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံ ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ စက်တင်ဘာလ၂ရက်နေ့က တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုတွင် ကိုဗစ်ရောဂါကူးစက်ခံရသည်ဟု မှန်းဆရ သည့်သူများ၏ အဆက်အသွယ်ကို လိုက်လံရှာဖွေခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ၏ လက်ရှိအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ခံရမှုတွင် နောက်ဆက်တွဲ ဆိုးကျိုးများရှိနိုင်
ကိုဗစ်-၁၉ ရောဂါသည် ကြောက်ရွံ့ထိတ်လန့်ဖို့မလို၊ သို့ရာတွင် မပေါ့ဆရန်တော့လိုသည်။ ရောဂါ ကူးစက်ပျံ့နှံ့မှု နှေးကွေးနေခဲ့ သည့် ပြီးခဲ့သော လအနည်းငယ်အတွင်းမှစကာ မိမိတို့ ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ပေါ့ပေါ့ဆဆ ဖြစ်လာကြသည်။ နောက်ပိုင်းတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးသည် မျိုးဗီဇပြောင်းလဲ သွားပြီးနောက် ကူးစက်မှုနှုန်း မြန်ဆန်လာသော်လည်း သေလောက်သည့် ရောဂါမဟုတ်တော့ကြောင်း၊ သာမန်တုပ်ကွေး အဖျားမျှသာဖြစ်ပွားကြောင်း စသည့်သတင်းများကြောင့်လည်း ရောဂါအပေါ် အလေးအနက်မထားတော့သည့် အပြုအမူ၊ အနေ အထိုင်များနှင့် ပေါ့ဆလာကြ ခြင်း ဖြစ်သည်ဟု ယူဆရသည်။ ။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၃-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
၁။ (၃-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား ဆဋ္ဌမအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည်ပို့ဆောင်ပေး
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ(COVID-19) ကူးစက်မှု တားဆီးကာကွယ်ရေးအစီအမံ များကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ ဂျပန်နိုင်ငံတွင် အခက်အခဲများ ပိုမို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများလိုက်ပါလာသည့် All Nippon Airways (ANA) ၏ ဆဋ္ဌမအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)၊ ပျံသန်းအမှတ် NH 813 သည် စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် တိုကျိုမြို့ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့သည်။
ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့မှုအထူးလိုအပ်သော အမျိုးသမီးများအား ငွေကြေးထောက်ပံ့
ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်လွယ်အခြေအနေတွင်ရှိသော အမျိုးသမီးများအား ကာ ကွယ်စောင့်ရှောက်ရေး လုပ်ငန်း စီမံချက်အရ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝ မြှင့်တင်ရေးအသင်းက စာရင်းပေးပို့လာသည့် ရပ်တည်ရန် ခက်ခဲသည့် အမျိုးသမီးများနှင့် “မသန်စွမ်း သူများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီ” က စာရင်းပေးပို့ သည့် ထောက်ပံ့ မှုအထူးလိုအပ်သော မသန်စွမ်းအမျိုးသမီးများအတွက် ငွေကြေး လွှဲပြောင်းထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးရုံး၌ အွန်လိုင်းစနစ် ဖြင့်ကျင်းပသည်။
CERP အစီအစဉ်အရ ကျောက်တော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆောင်ရွက်
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan- CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စား သောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စု လျှင် (၄၀,၀၀ဝိ/-)နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားအား ဩဂုတ် ၂၁ ရက်တွင် Virtual Meeting အဖြစ် ကျင်းပခဲ့ပြီး ဖြစ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
နေပြည်တော်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရ မှုများပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် အဖွဲ့ဝင်များတက် ရောက်ကြသည်။
