နေပြည်တော် မတ် ၃၀
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး အတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း တို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး မတ် ၂၉ ရက်တွင် မန္တလေး- မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၉၆၈ စီး၊ သွင်းကုန် ၂၀၄၃ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် သွင်းကုန် ၂၅၅ စီး ကုန်စည် များ သယ်ယူပို့ဆောင်လျက် ရှိသည်။
အဆိုပါစစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက် လျက်ရှိရာ မတ် ၂၉ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု တစ်မှု (ခန့်မှန်း တန်ဖိုး ငွေကျပ် တစ်သန်း) ရှိ အကောက်ခွန်မဲ့ Puratos CARAT Coverlux Dark Chocolate (1x8Kg) 10 Pkgs ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
သတင်းစဉ်