Aug 13, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Aug 13, 2025
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့်အတူ ဩဂုတ် ၉ ရက် မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ် (မော်လမြိုင်) သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ လိုအပ်ချက် တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။
Aug 13, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်းများကို လက်မှတ်ရေးထိုးမှတ်တမ်းတင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ ကျင်းပသည်။
Aug 12, 2025
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် T & Z Finance Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ3X အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Shwe Thway Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD SONG L အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် BYD SEALION 07 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
Aug 11, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ၃၃ ကေဗွီ ကျွန်းတပင်ဓာတ်အားခွဲရုံ၊ ၁၃၂ ကေဗွီ အနီးစခန်းပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီရတနာပုံပင်မ ဓာတ်အားခွဲရုံများမှ ဓာတ်အားပို့ လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Aug 11, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာနိုင်ငံဘော်လီဘော ဒိုင်လူကြီး (Referee) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သင်တန်းနည်းပြများ၊ ဒိုင်လူကြီးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Aug 10, 2025
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း(စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၁၁)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်)၌ ကျင်းပသည်။
Aug 10, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၅၀၀ ကေဗွီ မိတ္ထီလာ (ကံကောင်း) ပင်မဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု၊ ၂၃၀ ကေဗွီ သပြေဝ ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီဘဲလင်းပင်မဓာတ်အား ခွဲရုံများမှ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် Power Gen (ကျောက်ဆည်) သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်ပေးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Aug 10, 2025
(၇၈)ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ ၌ လယ်ယာမြေဥပဒေဆိုင်ရာ သိကောင်းစရာများခေါင်းစဉ်ဖြင့် ကျင်းပသည်။
Aug 07, 2025
ကယားပြည်နယ်အတွင်း နယ်မြေဒေသ ပြန်လည်တည်ငြိမ်အေးချမ်းလာပြီး လွိုင်ကော်စက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများ စတင်လည်ပတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်စက်မှုဇုန်၌ စက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Aug 06, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာ အတတ်သင်ကောလိပ် (TTTC ဘယ်လင်း) တွင် ကျင်းပသည့် EV Mechanics သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
Aug 03, 2025
လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုးလုပ်ကိုင်သူများအားလုံး ထဲထဲဝင်ဝင်သိရှိလိုက်နာရေးနှင့် ဥပဒေ၏ အကာအကွယ်ကို ခံယူနိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းလမ်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် သက်ဆိုင်ရာပညာရှင်များက မျိုးစေ့ဥပဒေဆိုင်ရာ သိကောင်းစရာများခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။
Jul 30, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အား ယနေ့မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအား ညနေ ၄ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
Jul 30, 2025
“ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Techni-cal Forum) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ဆက်လက်ကျင်းပသည်။
Jul 29, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲအောက်ရှိ ဒေသသုတေသနဗဟိုဌာန (လေးထောင့်ကန်) ခြံ၏ သုတေသနနှင့် သုတေသနခြံတည်ထောင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Jul 29, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး Mr. Iskander Azizov အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 29, 2025
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပသည့် စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း (Assessor Methodo-logy Training) ဖွင့်ပွဲသို့ တက်ရောက်သည်။
