အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
နေပြည်တော် အောက်တိုဘာ ၇
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ လူငယ်ရေးရာကော်မတီဝင် ဦးမျိုးမင်းထွန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင် သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
မင်္ဂလာပါခင်ဗျာ
မြန်မာပြည်သူ တိုင်းရင်းသားအားလုံးအချင်းချင်း အပြန်အလှန် နားလည်မှုနှင့်အတူ စစ်မှန်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဘဝများ မြင့်မားတိုးတက် နိုင်ခြင်းများနဲ့ ပြီးပြည့်စုံကြပါစေ ကြောင်း ဆုတောင်းမေတ္တာ ပို့သ အပ်ပါတယ်ခင်ဗျာ။
ကျွန်တော်ကတော့ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ လူငယ်ရေးရာ ကော်မတီဝင် ဦးမျိုးမင်းထွန်း ဖြစ်ပါတယ်။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့မှာ စတင် ထူထောင်ခဲ့ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်အမှတ်ကတော့ (၁၂၄)ဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီဟာ ကျွန်တော်တို့ဒေသနဲ့ တိုင်းရင်းသားလူမျိုးများရဲ့ လိုအပ်ချက်အရ ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဒေသတွင်းမှာနေထိုင်ကြတဲ့ ညီအစ်ကို တိုင်းရင်းသားများကြားမှာ အပြန်အလှန် နားလည်တတ်၊ လေးစားတတ်တဲ့ စိတ်ဓာတ်တွေနဲ့ တစ်ဦးချင်း တစ်စုချင်း စိတ်ဓာတ်အရည်အသွေးစွမ်းရည်တွေ မြင့်တက်လာစေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုမြင့်တက်လာတဲ့ စွမ်းရည်တွေ အရည်အချင်းတွေနဲ့ မြန်မာတစ်နိုင်ငံ လုံးက လိုလား ဖော်ဆောင်ကြိုးစားနေတဲ့ နိုင်ငံတော်ဘက်စုံ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်မည့် လုပ်ငန်းစဉ်တစ်ရပ်လုံးမှာ ထဲထဲဝင်ဝင်ပါဝင်ပြီး တော့ အောင်မြင် အောင် ပေးဆပ်ဆောင်ရွက် သွားချင်တဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အရေးကြီးအချက်တစ်ချက် တင်ပြချင်ပါတယ်။
ကျွန်တော်တို့ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဖွဲ့စည်းတည်ဆောက်ရခြင်းရဲ့ အဓိကအချက်က ကျွန်တော်တို့ အင်းသားလူမျိုးများရဲ့ နိုင်ငံရေးစင်မြင့် ရရှိနိုင်ရေးပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်း အရကြည့်ရင် ပြည်ထောင်စု တည်ဆောက်ရေးရဲ့ အဓိကအုတ်မြစ်ဖြစ်တဲ့ ပင်လုံစာချုပ် ဖြစ်မြောက်ရေးအတွက် ကျွန်တော်တို့ အင်းသားလူမျိုးခေါင်းဆောင်တွေရဲ့ ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍဟာ ထင်ထင်ရှားရှားပဲဖြစ်ခဲ့ပါတယ်။ သို့သော် ၂၀၁၅ ဒုတိယအကြိမ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့ အင်းသားလူမျိုးစုကို ကိုယ်စားပြု တဲ့ပါတီက ကိုယ်စားလှယ်တွေ ရွေးချယ်တင်မြှောက်ခြင်းမခံရတဲ့အတွက် ၎င်းကာလအတွင်းမှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ (၄) ကြိမ်တိုင်တိုင် ကျင်းပခဲ့သော်လည်း ကျွန်တော်တို့ အင်းသားလူမျိုးကိုယ်စားပြုတဲ့ ပါတီအနေနဲ့ ရော အင်းသားလူမျိုးစုအနေနဲ့ရော တက်ရောက် ဖိတ်ကြားခြင်း မခံရတဲ့အတွက် ဒီအရေးကြီးတဲ့ ညီလာခံမှာ ကျွန်တော်တို့ အင်းသားလူမျိုးစု အနေနဲ့ ပါဝင်ဆွေးနွေး တင်ပြခွင့်တွေ ဆုံးရှုံးခဲ့ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့ အင်းသားလူမျိုးစုတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအလွန် နိုင်ငံတော်အဆင့် ဆွေးနွေးပွဲတွေ၊ ညီလာခံတွေမှာ ပါဝင်နိုင်ရေးအတွက် ကျွန်တော်တို့ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ထောက်ခံရွေးချယ်ပေးဖို့ မလွဲမသွေ လိုအပ်နေပါပြီ၊ ဒါမှသာလျှင် ကျွန်တော် တို့အင်းသားလူမျိုးတွေကလည်း အခြားလူမျိုးများနဲ့ တန်းတူရည်တူ နိုင်ငံ့အကျိုး၊ ဒေသအကျိုး၊ လူမျိုးအကျိုး ပါဝင်ဆောင်ရွက်သွားနိုင်မှာ ဖြစ်သည့်အတွက် အလေးအနက်ထား စဉ်းစား ဆုံးဖြတ်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ။
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ ရည်ရွယ်ချက်များကတော့…
- ပါတီစုံဒီမိုကရေစီစနစ်နှင့်အညီ အင်းသားတိုင်းရင်းသားလူမျိုးများအနေဖြင့် ပြည်ထောင်စု၊ ပြည်နယ်တိုင်းရင်းသားများနှင့်အတူ လက်တွဲပါဝင် ဆောင်ရွက် နိုင်ခွင့် ရရှိရေး၊
- အင်းသားတိုင်းရင်းသားများနှင့် ညီနောင်တိုင်းရင်းသားများအားလုံး၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ လူမှုစီးပွားရေးဘဝများ စောင့်ရှောက် ထိန်းသိမ်း နိုင်ရန်နှင့် တိုးတက်မြင့်မား လာစေရန်၊
- အင်းလေးကန်ကြီး ထာဝရတည်တံ့ခိုင်မြဲစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားနိုင်ရေး၊
- ပြည်ထောင်စုတစ်ခုလုံး တစ်ပြေးညီ စည်းလုံးညီညွတ်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အခြားပြည်ထောင်စုတိုင်းရင်းသား အားလုံးနှင့် ပူးပေါင်းပါဝင် လှုပ်ရှားသွားနိုင်ရေးတို့ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီဟာ အင်းသားများ တစ်စုတစ်ဝေးတည်းနေထိုင်သည့် အင်းလေးကန်တစ်ဝိုက် ကို အခြေတည်ပြီး အတူနေ ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ ကယန်း၊ ဗမာ စတာတွေအားလုံး စုပေါင်းပါဝင်မှာဖြစ်တဲ့အတွက် အင်းအမျိုးသားအဖွဲ့ချုပ်လို့ အမည်မှည့်တာ ဖြစ်ပါတယ်။
အဲဒီလိုဖွဲ့စည်းထားတဲ့အတွက် ဒေသတစ်ခုလုံး နယ်ပယ်အားလုံး၊ လူမျိုးအားလုံးရဲ့ အခက်အခဲ လိုအပ်ချက်စတာတွေကို ပြည့်ပြည့်စုံစုံ အသေးစိတ် သိရှိနားလည်ရမှာ ဖြစ်ပြီးတော့ အားလုံး စုပေါင်းအဖြေရှာသည့် နည်းလမ်းကို အသုံးပြု ဝေဖန်သုံးသပ်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ထိရောက်အောင်မြင် တဲ့ ဆောင်ရွက်ချက်တွေဖြစ်မယ်လို့ အလေးအနက်ထားယုံကြည်ပါတယ်။ အထူး သဖြင့် ကျွန်တော်တို့ အင်းသားလူမျိုးဟာ လက်ရှိအခြေအနေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားလူမျိုးများနဲ့ လူဦးရေ၊ နေရာ၊ အကျယ်အဝန်းများဟာ အတူတူလောက်ပဲ ဆိုပေ မယ့် ကျွန်တော်တို့လူမျိုးဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရခဲ့သဖြင့် ဒေသခံများအတွက် ဘတ်ဂျက်၊ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အားနည်း ခဲ့ရပါတယ်။ ကလေးများရဲ့ ပညာသင်ကြားရေးဆိုင်ရာမှာ လည်း အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။
ကျွန်တော်တို့ပါတီအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ မျက်မှောက်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင် ဆောင်ရွက်ပေး နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အမျိုးသားစည်းလုံး ညီညွတ်ရေး၊ တောင်ပေါ်မြေပြန့် တိုင်းရင်းသားများ တန်းတူ ညီမျှဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားများ ခံစားရရှိသင့်သည့် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့် အရေးများကို နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့အတူ လက်တွဲ ဖော်ဆောင် သွားနိုင်ဖို့ကို အလေးအနက် ရည်မှန်းထားရှိပါတယ်။
ဒေသတွင်းရှိ လူငယ်များဟာလည်း ခေတ်ပညာတတ် ဘွဲ့ရတွေ ပိုမိုများပြား လာသလို သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ အလေးထားဆောင်ရွက်သွားချင်တဲ့အပြင် လူငယ်တွေကို သမိုင်းအစဉ်အလာနဲ့ လက်ရှိဘဝဖြစ်စဉ်တွေကို အပြန်အလှန် သုံးသပ်တွေးခေါ်စဉ်းစားပြီး အခက်အခဲတွေကို ကြံ့ကြံ့ခံ ဖြတ်ကျော်သွားနိုင်တဲ့ ဘဝပညာများကိုလည်း လေ့လာသင်ယူနိုင်အောင် ဆောင်ရွက် ပေးချင်ပါတယ်။
အင်းတိုင်းရင်းသားများဟာ အင်းလေးကန်အတွင်းနဲ့ ဆက်စပ်နေရာများမှာ နေထိုင်ကြပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း အင်းလေးကန်ကြီးဟာ ရေခန်း ခြောက်လာခြင်းနဲ့အတူ ယိုယွင်း ပျက်စီးမှုတွေဟာ ပိုပြီးဆိုးရွားလာနေပါတယ်။ အဲဒီဆိုးရွားတဲ့အခြေအနေဟာ ဌာနေ တိုင်းရင်း သားများရဲ့ လူမှုစီးပွားရေးကို အထူးထိခိုက်နစ်နာစေပါတယ်။ အင်းလေးကန် ထိန်းသိမ်းရေး ဟာလည်း ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တဲ့အတွက် အင်းလေးကန်ထိန်းသိမ်းရေးနဲ့ ပြည်သူများ ရဲ့ လူမှုစီးပွားရေးမြှင့်တင်ရေးကို ဟန်ချက်ညီညီ ဖြစ်ထွန်းစေဖို့ ဆက်စပ်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အထူးအားဖြင့် ကျွန်တော်တို့ အင်းလေးဒေသအင်းလေးကန်ရဲ့ ထူးခြားတဲ့ မြေပြင်အနေအထားအရ ကျေးရွာများ၊ နေအိမ်များ၊ ကျွန်းမျောစိုက်ခင်းများဟာ ရေပေါ်မှာတည်ရှိနေပြီး တစ်စုံတစ်ရာသော အာမခံချက်များမရရှိခဲ့ပါဘူး။ အဲဒီအတွက် နိုင်ငံတော်မှ ဥပဒေနှင့်အညီ တရားဝင် အသိအမှတ်ပြုမှုနဲ့အတူ အာမခံချက်များ ရရှိနိုင်ရေးအတွက် ကျွန်တော်တို့ပါတီက ဦးဆောင် ညှိနှိုင်းကာ ပေါင်းစပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း ယူနက်စကို က လူသားနှင့် ဇီဝအဝန်းနယ်မြေ (Man and Biosphere Reserve) အဖြစ် အသိအမှတ်ပြုပြီး ဖြစ်သည့်အတွက် အင်းလေးကန်ထိန်းသိမ်းရေးနဲ့ ဒေသခံများရဲ့ အကျိုးစီးပွားဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရေးဟာ အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း ယုံကြည်တဲ့အတွက် ဖြစ်ပါတယ်။
အဲဒီလို အင်းလေးကန်ထိန်းသိမ်းရေးနဲ့ ဒေသခံပြည်သူများရဲ့ အကျိုးစီးပွား ဖြစ်ထွန်းမှုကို ဟန်ချက်ညီစေဖို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည် စီးဆင်းရေးများအပြင် လယ်ယာနှင့် အင်းလေးဒေသရဲ့ အထူးစိုက်ပျိုးသီးနှံဖြစ်တဲ့ ခရမ်းချဉ် စိုက်ပျိုးထုတ်လုပ်မှုတွေကို လျော်ညီသော နည်းလမ်း၊ တွက်ခြေကိုက် သောစနစ်များကို ပြုပြင်ဖော်ဆောင်သွားနိုင်ဖို့အတွက် ပေါင်းစပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဒေသခံများအနေဖြင့် တရားဥပဒေ စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း၊ မိမိတို့ အင်းလေးကန်ဒေသကြီးအတွက် မိမိတို့၏ စိတ်ဓာတ်၊ စည်းကမ်း၊ ခွန်အား အသိတရားတို့ကို မလွဲမသွေအပြည့်အဝ ပေးဆပ်ဆောင်ရွက်သွားရမည်ဟု အလေး အနက် ယုံကြည်ပါတယ်။
ထို့အပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးယိုယွင်းမှုဒဏ်ကို အချိန်မီကုစားနိုင်ရန်အတွက် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ တာဝန်ရှိ အဖွဲ့အစည်းအသီးသီး၊ ဌာနဆိုင်ရာ အသီးသီး၊ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးတို့၏ ဝိုင်းဝန်းကူညီမှုရရှိစေရေးနှင့် ရရှိတဲ့ အကူအညီများကို ဒေသဆိုင်ရာ လူ့အဖွဲ့အစည်းများ၊ ပညာရှင်အဖွဲ့အစည်းများက ထိရောက်စွာ အသုံးပြုနိုင်ရေး မိမိတို့ပါတီဝင်များအားလုံးက ဦးဆောင်ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
ထိုကဲ့သို့ ဆောင်ရွက်မှုများမှာ အင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဆောင်ရွက်နိုင်ရင် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ယုံကြည်တဲ့ အတွက် အင်းသားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်နိုင်ရေး လိုအပ်သော ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို တင်ပြညှိနှိုင်း ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အင်းလေးဒေသဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ခရီးသွားဒေသဖြစ်တဲ့အပြင် သဘာဝ အခြေအနေအရ ကမ္ဘာကျော်ဒေသ ဖြစ်သည်နှင့်အညီ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ အကောင်းဆုံးရဖို့နဲ့ ဒေသခံမိမိတို့ တိုင်းရင်းသားများ ကလည်း ခရီးသွားလုပ်ငန်းကို အမှီ ပြုပြီး ဝင်ငွေတိုးတက်လာစေဖို့ အတွက်လည်း အထူးအလေးပေး ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ
ကျွန်တော်တို့ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေဖြင့် အရည်အသွေး ပြည့်ပြည့်၊ စိတ်ဓာတ် မြင့်မြင့်မားမားနှင့် လူမျိုး၊ ဒေသ၊ ပြည်နယ်နှင့် နိုင်ငံတော် အကျိုးကို ဝိုင်းဝန်းပါဝင် ဆောင်ရွက် သွားမှာဖြစ်တဲ့အတွက် ယုံကြည်စွာ ထောက်ခံအားပေးချီးမြှောက်ကြလိမ့်မည်ဟု လေးစားစွာ ယုံကြည်မိပါကြောင်း တင်ပြရင်း အဆုံးသတ်ပါရစေခင်ဗျာ။
ရာကျော်တဲ့ဆွဲလှေလာပြီနော်
အဝါရောင်အဝိုင်းကို အင်းသားတိုင်း မဲပေးကြနော်
အဝါအဝိုင်းနော် အဝါဝိုင်း
စည်းလုံးချိန်ပြီ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ
တော့အမျိုးဆားကိုယ်စားပြုမယ် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ
လာပီလာပီ အနာဂတ်ဆီသို့ အချိန်မီ အချိန်မီ လှမ်းခဲ့ကြပါစို့
တို့အင်းလေးကန်ကြီး မပျောက်ပျက်အောင် အင်းဆားတို့ရဲ့ တာဝန်ပဲမို့
ရေရှည်တည်တံ့စေဖို့ ရေရှည်ခိုင်မာစေဖို့ အင်းပါတီကို မဲပေးကြပါစို့
ဒီအင်းလေးက အလှအပတွေ ဒီအင်းလေးက သဘာဝတွေ
ရေရှည်ထိန်းထား တို့ အင်းဆား အင်းဆားအလုပ် တို့အလုပ်
အင်းဆားအရေး တို့အရေး တည့်တည့်တွေးကာ သွားဖို့ရာ သေသေချာချာ
မဲပေးကြစို့ အင်းပါတီကို မဲပေးကြစို့.....
အင်းလေးဒေသ သဘာဝ အင်းရေပြင်လည်းတည်ဖို့ အင်းရေပြင်လည်း
ဘေးကင်းဖို့ တို့အမျိုးတွေ ဝန်းရံကြလို့ အင်းပါတီကို မဲပေးကြစို့…
ကြည်ကြည်သာသာဖြစ်ဖို့ရာ သွားပါစားပါ လက်ရေတပြင်တည်း ဖွဲ့စည်း
လိုက်ပြီး အင်းပါတီအများသူငှါ မနှိမ်စားစေဖို့ အပြန်အလှန်ဆောင်ရွက်စေဖို့
(အင်းပါတီကို မဲပေးကြစို့) ၂ စိုက်ပျိုးရေးကို အခြေခံတာ တို့အင်းဆားတွေ
ဝမ်းစာပဲမို့ ဦးဆောင်ပြီးတော့ လမ်းပြမှာ သေသေချာချာစိုက်ပျိုးစေဖို့
(အင်းပါတီကို မဲပေးကြစို့) ၂
တိုးတက်နေတဲ့ခေတ်ကြီးမှာ ပညာရေးကအဓိကပါပဲ တန်းတူအခွင့်အရေး
ရဖို့ရာ
အင်းဝန်ကြီးမှာ အဓိက
အင်းဆားကိုယ်စားပြုမည့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ
လာပီလာပီ အနာဂတ်ဆီသို့ အချိန်မီ အချိန်မီ လှမ်းခဲ့ကြပါစို့
တို့အင်းလေးကန်ကြီး မပျောက်ပျက်အောင် အင်းဆားတို့ရဲ့ တာဝန်ပဲမို့
ရေရှည်တည်တံ့စေဖို့ ရေရှည်ခိုင်မာစေဖို့ အင်းပါတီကို မဲပေးကြပါစို့
ဒီအင်းလေးက အလှအပတွေ ဒီအင်းလေးက သဘာဝတွေ ရေရှည်
ထိန်းထား တို့အင်းဆား အင်းဆားအလုပ် တို့အလုပ် အင်းဆားအရေး
တို့အရေး တည့်တည့်တွေးကာ သွားဖို့ရာ သေသေချာချာ မဲပေးကြစို့
အင်းပါတီကို မဲပေးကြစို့...
အင်းလေးဒေသ သဘာဝ အင်းရေပြင်လည်းတည်ဖို့ အင်းရေပြင်လည်း
ဘေးကင်းဖို့ တို့အမျိုးတွေ ဝန်းရံကြလို့ အင်းပါတီကို မဲပေးကြစို့...
ကြည်ကြည်သာသာဖြစ်ဖို့ရာ သွားပါစားပါ လက်ရေတပြင်တည်း
ဖွဲ့စည်းလိုက်ပြီး အင်းပါတီအများသူငှါ မနှိမ်စားစေဖို့
အပြန်အလှန်ဆောင်ရွက်စေဖို့ (အင်းပါတီကို မဲပေးကြစို့)၂
စိုက်ပျိုးရေးကို အခြေခံတာ တို့အင်းဆားတွေ ဝမ်းစာပဲမို့
ဦးဆောင်ပြီးတော့ လမ်းပြမှာ
သေသေချာချာစိုက်ပျိုးစေဖို့ (အင်းပါတီကို မဲပေးကြစို့)၂
အင်းဆူအင်းဆား လူခဲများ ဦးဆောင်ပြုမည့် အင်းပါတီ၊
အမျိုးသားရေးလက်မနှေး မြှင့်တင်ပေးမည် အင်းပါတီ၊
စည်းလုံးအင်အားရှေ့ကထား ညီညွတ်စေမည် အင်းပါတီ၊ လိုတာဖြည့်ပေး
ကျန်းမာရေး ထောက်ကူပြုမည် အင်းပါတီ၊ တို့အင်းဆားတွေ ညီစေဖို့
အင်းပါတီကို မဲပေးစို့၊ စိတ်ဓာတ်အင်အားမြှင့်တင်ဖို့ အင်းပါတီကို မဲပေးစို့၊
(အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ)၃