အနံ့ပျောက်တဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးက အကုန်ကောင်းနေပေမယ့် အနံ့ပျောက်တာ တစ်ခုတည်းဆိုပြီး ပေါ့ပေါ့နေနိုင်ပါတယ်။ အဲဒီလိုမျိုး မနေသင့်ပါဘူး။ အနံ့ပျောက်ပြီဆိုတာနဲ့ ဆေးရုံ/ ဆေးခန်းကိုသွားပြီး သီးခြားခွဲပြီး နေထိုင်သင့်ပါတယ်။
အနံ့ပျောက်တဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးက အကုန်ကောင်းနေပေမယ့် အနံ့ပျောက်တာ တစ်ခုတည်း ဆိုပြီး ပေါ့ပေါ့နေနိုင်ပါတယ်။ အဲဒီလိုမျိုး မနေသင့်ပါဘူး။ အနံ့ပျောက်ပြီဆိုတာနဲ့ ဆေးရုံ/ ဆေးခန်းကိုသွားပြီး သီးခြားခွဲပြီး နေထိုင်သင့်ပါတယ်။
( ပါမောက္ခဒေါက်တာဇော်ဝေစိုး)
နေပြည်တော် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးအတွက် ဆောင်ရွက်နေမှု များနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်စိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က စက်တင်ဘာ ၂ ရက်တွင် ဆက်သွယ်မေး မြန်းထားသည်များ ကို ပြန်လည်ဖော်ပြလိုက်ပါသည်။
ပါမောက္ခ ဒေါက်တာဇော်ဝေစိုး (ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် -၁ (ရန်ကုန်)
ကိုဗစ်-၁၉ ပတ်သက်ပြီး အချိန်အားဖြင့် သုံးပတ်ကျော်လာပါပြီ။ ကျွန်တော်တို့ ရန်ကုန်မှာ Positive လူနာတွေ့ရှိမှုအနေနဲ့ ၅၀၀ ကနေ ၄၄၀၊ ၄၄၀ ကနေ ၃၉၀ ဖြစ်လာတဲ့အတွက် နည်းနည်းလေး အကျဘက်ကို ရောက်လာတယ်လို့ ထင်ရပါတယ်။ ဒါက သေချာတဲ့အဖြေတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုဗစ်ရော ဓာတ်ခွဲစစ်ဆေးမှုအပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်လက်စောင့်ကြည့်ဖို့နဲ့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
ရန်ကုန်မှာ ယခုအထိ ဆေးရုံတင်ထားတဲ့ လူနာပေါင်းက ၃၂၀၀ နီးပါး ရှိပါတယ်။ ဒီ ၃၂၀၀ထဲက အထူးကြပ် မတ်ကုသဆောင် (ICU) ကို တက်ရောက် ကုသမှုခံယူနေတဲ့ လူနာပေါင်း ၃၇ ဦး နီးပါးရှိပါတယ်။ ဒီလိုအနေအထားနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတာပါ။ ကျွန်တော်တို့ အနေအထားက ယခု PUT တွေ တော်တော်များပါတယ်။ ဆေးရုံတွေမှာ PUI တွေထားဖို့အတွက် နေရာအခက်အခဲတွေ ဖြစ်လာပါတယ်။ PUI ဆိုတာ ကိုဗစ်ရောဂါလက္ခဏာသံသယ ရှိတဲ့ လူနာတွေဖြစ်ပါတယ်။ ကိုဗစ်ဖြစ်ပွားနေတယ်လို့ မသေချာ ဘဲနဲ့ သံသယ ရှိတဲ့ လူနာတွေဖြစ်ပါတယ်။
ယခုက သံသယရှိတဲ့ လူနာတွေထဲကနေပြီး Positive Confirm ဖြစ်တဲ့ ပိုးတွေ့တဲ့လူနာအရေအတွက် ရာခိုင်နှုန်းက တော်တော်များပါတယ်။ အထူးသဖြင့် အနံ့ပျောက်တဲ့သူတွေ တော်တော်များလာပါတယ်။ ဒီလူတွေက ကျန်းမာပြီး သွားလာနိုင်ပေမယ့် အနံ့ပျောက်နေတာ ဖြစ်ပါတယ်။ ဒီလို အနံ့ ပျောက်တဲ့သူ တွေအနေနဲ့ ကိုယ်အနံ့ပျောက်ပြီဆိုတာကိုသိတာနဲ့ ဆေးရုံ/ ဆေးခန်းကိုသွားပြီး သီးခြားနေဖို့လိုအပ်ပါတယ်။ ဒီလို သီးခြားနေခြင်းက ရောဂါကူးစက်ခြင်းကို ကာကွယ်ခြင်းဖြစ်ပါတယ်။ ဒါက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
အနံ့ပျောက်တဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးက အကုန်ကောင်းနေ ပေမယ့် အနံ့ပျောက်တာ တစ်ခုတည်းဆိုပြီး ပေါ့ပေါ့နေနိုင်ပါတယ်။ အဲဒီလိုမျိုး မနေသင့်ပါဘူး။ အနံ့ပျောက်ပြီဆိုတာနဲ့ ဆေးရုံ ဆေးခန်း ကိုသွားပြီး သီးခြားခွဲပြီး နေထိုင်သင့်ပါတယ်။ မိသားစုတွေထံပြန်သွားရင် မိသားစုဝင်တွေကို ကူးစက်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ယခု ဒီလိုမျိုး အနံ့ပျောက်တဲ့သူတွေ နေထိုင်နိုင်ဖို့အတွက် ဆေးရုံတွေရဲ့ အနီးအနားမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့တွဲဖက်ပြီး ဒီကိစ္စတွေကို စီစဉ်ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ဒါမှသာလျှင် ရောဂါကူးစက်မှုလမ်းကြောင်းကို ကျွန်တော်တို့ ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်အနေနဲ့ အနံ့ပျောက်တာတစ်ခုပဲရှိတယ်၊ ကျန်တာအကုန်ကောင်းတယ်။ ချောင်းဆိုးတာ/ ဖျားတာ မရှိဘူးဆိုပြီး အိမ်ကိုပြန်သွားခဲ့ရင် ကိုယ်ကနေ တစ်ဆင့် ကျန်တဲ့ မိသားစုဝင်တွေ၊ အနီးအနားကသူတွေကို ကူးစက်သွားမှာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော့်အနေနဲ့ အထူးအသိပေးချင်ပါတယ်။ ဆေးရုံ/ ဆေးခန်းတွေ အနေနဲ့ ယခုကဲ့သို့ လူနာတွေကို တွေ့ရှိခဲ့ရင် အမြန်ဆုံး သူ့ကို သီးခြားခွဲထုတ်ထားဖို့ လိုအပ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ စက်တင်ဘာ ၂၄ ရက်ဆိုရင် stay at Home နဲ့ပတ်သက်ပြီး ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မယ့် အနေအထား ရှိပါတယ်။ ဒါအတွက်လည်း ပြည်သူလူထုအနေနဲ့ အားလုံးဝိုင်းဝန်းပြီး Stay at Home ကို တကယ့်ကို တိတိကျကျနဲ့ အကျိုးရှိရှိဖြစ်အောင် အားလုံး ဝိုင်းဝန်းပြီး အကောင်အထည်ဖော်ကြဖို့နဲ့ လိုက်နာကြဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ရဲ့ လက်ရှိအနေအထားအရ ကာကွယ်တဲ့အနေနဲ့ Contact Tracingတွေကို ယခုအခါမှာ အားဖြည့်ပြီး စတင်ဆောင်ရွက်နေနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘက်ကလည်း တစ်ဖက်တစ်လမ်းက တိုးမြှင့်ပြီးဆောင်ရွက်နိုင်သလို ပြည်သူလူထု အနေနဲ့ကလည်း ကိုဗစ်ရောဂါ မိမိကိုယ်မိမိ မကူးစက်အောင်၊ မိမိကနေ တခြားသူတွေကို မကူးစက်အောင် မိမိအနီးအနားမှာရှိတဲ့သူကို မကူးစက်အောင်၊ မိမိမိသားစုနဲ့ ပတ်ဝန်းကျင် မကူးစက်အောင် လမ်း/ ရပ်ကွက်/ မြို့နယ်အလိုက် ကူးစက်မှုမရှိအောင် ဒီအချိန်မှာ အားစိုက်ပြီး ဒီကိစ္စ ကို ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
ဒါမှသာလျှင် ယခုလုပ်ထားတဲ့ Stay at Home အချိန်နှစ်ပတ်အတွင်းမှာ ထိထိရောက်ရောက်နဲ့ ကိုဗစ်ရောဂါကူးစက်မှုကို တားဆီးနိုင်မှာဖြစ်ပါတယ်။ ဒါအတွက် အထူးအာရုံစိုက်ပြီး ကြိုးစားကြဖို့ လိုအပ်ပါ တယ်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ ကိုဗစ်ဗဟိုကော်မတီကပါ ကိုဗစ်ရောဂါ ကူးစက်မှု ကနေ အောင်မြင်စွာ ကျော်လွန်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဒီကိစ္စ ကို ကျွန်တော့်အနေနဲ့ အထူးတိုက်တွန်း ပန်ကြားလိုပါတယ်။
ကုသရေးပိုင်းအနေနဲ့ ယခုဆိုရင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမအိမ်ရာမှာ လေအေးပေးစနစ်ပါဝင်တဲ့ အဆောင် အသစ်တွေ ဖွင့်နိုင်ပါပြီ။ တောင်ဒဂုံ မြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ရာမှာ စက်တင်ဘာ ၂၄ ရက်ကနေစတင်ပြီး အဆောင်အသစ်တွေဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒီအဆောင်အသစ်တွေ ဖွင့်လှစ် ပြီးသွားရင် ရန်ကုန်မှာ ယခင်က ကျွန်တော်တို့မျှော်မှန်းခဲ့သလို ခုတင် ၅၀၀၀ နဲ့ လူနာတွေကို တစ်ပြိုင်နက်တည်း ကုသနိုင်တဲ့ အနေအထားကို ရောက်သွား မှာဖြစ်ပါတယ်။ ယခုအချိန်မှာ ခုတင် ၃၀၀၀ ကျော်နဲ့ လူနာတွေကိုပြုစုကုသ ပေးလျက်ရှိပါတယ်။
ဒီလိုတစ်ဖက်ကနေ ပြုစုကုသရေးအတွက်ပြင်ဆင်ဆောင်ရွက်နေသလို တစ်ဖက်ကလည်း ကာကွယ်ရေး အတွက် ကြိုတင်ပြင်ဆင်ပြီး တစ်ပြိုင်နက် တည်း ပြည်သူလူထုရဲ့ တစ်ဦးတစ်ယောက်ချင်းစီကပါ ပါဝင် ဆောင်ရွက်သွားမယ်ဆိုရင် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေက ပိုမိုအောင်မြင် လာမှာ ဖြစ်ပါတယ်။ Positive ဖြစ်ပွားနှုန်းတွေကလည်း တဖြည်းဖြည်းကျလာမှာ ဖြစ်ပါတယ်။ ကိုဗစ် -၁၉ ကိုအောင်မြင်တဲ့ မြို့တစ်မြို့ အဖြစ် ရပ်တည်လာနိုင်မှာ ဖြစ်ပါတယ်။
ဒီနေ့ နံနက်ပိုင်းမှာ ကျွန်တော်တို့ စီနီယာဆရာဝန်ကြီးတွေပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာအကြံပြု အားဖြည့်အဖွဲ့နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးမှုမှာ စီနီယာဆရာဝန်ကြီးတွေက သူတို့ရဲ့ အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေ၊ အမြင်တွေနဲ့ အယူအဆတွေကို မျှဝေပေးပါတယ်။ ရန်ကုန်အတွက် ဒီစီနီယာဆရာဝန်ကြီး တွေက သူတို့ရဲ့ အသက်အရွယ်နဲ့ ကိုယ်ပိုင်အချိန်ကို မထောက်ထားဘဲ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတာကို ကျွန်တော့်အနေနဲ့ ကျေးဇူးအထူးတင်ကြောင်း ပြောကြားလိုပါတယ်။
ဒီနေ့ ကိုဗစ် - ၁၉ ကာကွယ်၊ ကုသရေးနဲ့ပတ်သက်ပြီး ပါဝင်ဆောင်ရွက် နေတဲ့ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာအသီးသီးက ပါဝင်ဆောင်ရွက်နေသူ တွေအားလုံးကို ကျွန်တော် ဒီနေရာကနေ အထူးလေးစားဂုဏ်ယူပြီး ကျေးဇူးတင်ပါတယ်လို့ ပြောကြား လိုပါတယ်။
ဒီလို ကျွန်တော်ပြောကြားတာက ပြည်သူလူထုရဲ့ ကိုယ်စား တိုင်းပြည်ရဲ့ ကိုယ်စား၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ကိုယ်စား၊ ကုသရေး အပိုင်းမှာရှိနေတဲ့ ဆေးရုံ ဆေးခန်း/ ဆေးတက္ကသိုလ်တွေရဲ့ ကိုယ်စား၊ အားလုံးရဲ့ ကိုယ်စားပြောကြားခြင်းဖြစ်ပါတယ်။ တကယ့်ကို အထူးဂုဏ်ယူလေးစားမိပါတယ်။ ဒီလိုအချိန်မျိုး မှာ ကိုယ့်ရဲ့ ကျန်းမာရေး၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ပဓာနမထားဘဲ ယခုလိုမျိုး ဆောင်ရွက်ပေး နေကြတာကို ကျွန်တော် အထူးကျေးဇူးတင်ပါတယ်။
တကယ်တော့ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်/ဆရာမတွေ၊ စေတနာ့ ဝန်ထမ်းတွေအားလုံးဟာ ဒီအချိန်မှာ ကိုယ်ကျိုးစွန့်ပြီး ကိုယ့်ရဲ့ အန္တရာယ် ကိုသိလျက်နဲ့ လူနာသာလျှင် ပထမ၊ ဒုတိယ၊ တတိယဆိုတဲ့စိတ်နဲ့ ဆောင်ရွက် သွနေကြတာ ဖြစ်ပါတယ်။ ဒီရောဂါကပ်ဘေးကြီးကနေ မိသားစုတွေ၊ ရပ်ကွက်တွေ၊ ကျေးရွာတွေ၊ မြို့တွေနဲ့ တိုင်းပြည်ကို ကယ်ထုတ်နိုင်ဖို့အတွက် ကိုယ်ကျိုးစွန့်ပြီး ယခုလို ဆောင်ရွက် နေကြတာကို ကျွန်တော့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ထပ်မံပြောကြား လိုပါတယ်။ ။
ကျွန်တော်တို့ ယခုလို ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေနဲ့ ဒုက္ခတွေ တွေ့ကြုံရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သဘောထား မတိုက် ဆိုင်မှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အောင်မြင်ဖို့ဆိုရင် အားလုံးဟာ တူညီတဲ့ရည်ရွယ်ချက်က တစ်ခုတည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူလူထု ကျန်းမာဖို့၊ လူနာတွေ အသက်အန္တရာယ်မရှိဖို့၊ အသက် ချမ်းသာရာရဖို့၊ ဒီရောဂါပျောက်ဖို့နဲ့ ဘေးကင်းဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ အားလုံးက ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီဟာကို ဆောင်ရွက် နေကြ သူတွေအားလုံးကို ကျွန်တော် ဒီနေရာကနေ လေးစားပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ |လုံးကို ကျေးဇူးတင်ပါတယ်။
ထက်လျှံ