Skip to main content

အကြမ်းဖက်အဖွဲ့ NUG ၏ လားရာ

မင်းခန့်

NUG အဖွဲ့ဆိုတာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက တည်ဆဲဥပဒေများအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ NUG အဖွဲ့ကို ဘာဖြစ်လို့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ရလဲဆိုရင် သူတို့ရဲ့လုပ်ရပ်တွေက သူတို့ချမှတ်ထားတဲ့ အကြမ်းဖက် လမ်းစဉ်အရ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေလို့ဖြစ်ပါတယ်။ အဖြေက ရှင်းရှင်းလေးပါပဲ။

အကြောက်တရားနဲ့ထိန်းချုပ်

“ငါနဲ့မတူ ငါ့ရန်သူ” အယူအဆနဲ့ NUG အဖွဲ့က Hit List အဖြစ် သတ်မှတ်ပေးထားတဲ့ လက်နက်မဲ့ အပြစ်မဲ့ပြည်သူတွေကို PDF အမည်ခံ လက်မရွံ့ လူသတ်သမားတွေက တချို့မြို့ရွာတွေမှာ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေကြတာ မြင်တွေ့ကြားသိကြမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းက ပြည်သူလူထုကို အကြောက် တရားနဲ့ထိန်းချုပ်ပြီး သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်နည်းလမ်း၊ လက်နက်ကိုင်လမ်းစဉ်နဲ့ ရအောင်လုပ်နေတဲ့ NUG အဖွဲ့ရဲ့ အစီအစဉ်ကြောင့် ဖြစ်ပါတယ်။

လတ်တလော နိုင်ငံရေးအခြေအနေတွေ ဖြစ်ပေါ်ရတဲ့ အခြေခံအကြောင်းတရားက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲလိမ်မဲခိုးမှုကြောင့် ဖြစ်ပါတယ်။ မဲလိမ်မဲခိုးတဲ့ NLD ပါတီဟာ သူတို့ရဲ့ မဲမသမာမှုတွေကို ဥပဒေအရ ရင်ဆိုင်ဖြေရှင်းခြင်းမပြုလုပ်ဘဲ အစွန်းရောက် NLD ပါတီဝင်တွေ၊ NLD ထောက်ခံသူတွေနဲ့ NUG အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နောက်ကွယ်က ကြိုးကိုင်သူတွေရဲ့ အစီအမံအရ နွေဦးတော်လှန်ရေးခေါင်းစဉ်တပ်ပြီး အလုံးစုံ ပျက်သုဉ်းရေးမူဝါဒကို ဖော်ဆောင်နေခြင်းဖြစ်ပါ တယ်။

NUG အဖွဲ့ရဲ့ အလုံးစုံပျက်သုဉ်းရေးမူအရ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဆန်းစစ်ကြည့်လိုက်ရင်         -

  • နိုင်ငံရေးနားမလည်တဲ့ လူငယ်တွေကို အသုံးချပြီး လက်နက်ကိုင်လမ်းစဉ် ဖော်ဆောင်ဖို့ လူငယ်လူရွယ်တွေကို တောထဲပို့ပြီး PDF ဖွဲ့စည်းတည်ထောင်ခြင်း၊
  • သူတို့ကိုမထောက်ခံသူ အရပ်သားပြည်သူတွေကို ဒလန်ခေါင်းစဉ်တပ်ပြီး နေ့စဉ် လုပ်ကြံ သတ်ဖြတ်ခြင်း၊
  • သူတို့ကို မထောက်ခံတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခြင်း၊
  • Social Punishment လို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံ့ဝန်ထမ်းတွေကို ခြိမ်းခြောက် သတ်ဖြတ်ခြင်း၊
  • နိုင်ငံရဲ့ အနာဂတ်ပျက်စီးအောင် ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးဖို့အတွက် စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီးခြင်း၊ ဆရာ/ဆရာမတွေကို ခြိမ်းခြောက် သတ်ဖြတ်ခြင်း၊
  • စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ကျန်းမာရေးကဏ္ဍကို အကြမ်းဖက် တိုက်ခိုက်တဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများကို တိုက်ခိုက်ခြင်း၊ လူနာ တင်ယာဉ်များကို ဗုံးခွဲတိုက်ခိုက်ခြင်း၊
  • အချို့ EAOs တွေနဲ့ ပူးပေါင်းပြီး တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပျက်ပြားအောင် လုပ်ဆောင်ခြင်း၊
  • နွေဦးတော်လှန်ရေးခေါင်းစဉ်နဲ့ အကြမ်းဖက်လုပ်ငန်းဆောင်ရွက်ဖို့ လက်နက်၊ ခဲယမ်းတွေ တရားမဝင်ဝယ်ယူနိုင်ရေး Project အမျိုးမျိုးပြကာ အလှူငွေ ကောက်ခံခြင်း၊
  • သတင်းအတု၊ သတင်းအမှားတွေ ဖန်တီးပြီး တပ်မတော်ဖြိုခွဲရေးနဲ့ ပြည်သူလူထု အတွင်း စိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်အောင် လုပ်ဆောင်နေခြင်းတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

အထက်ပါလုပ်ရပ်တွေဟာ NUG အဖွဲ့ရဲ့ စီစဉ် ကြိုးကိုင်၊ အားပေး၊ ထောက်ပံ့မှုတွေနဲ့ မြေပေါ် မြေအောက် အကြမ်းဖက်သမားတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အလစ်အငိုက်ရယူပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

CRPH/NUG/PDF အမည်ခံ အကြမ်းဖက်သမားတွေအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးက အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အကြမ်းဖက်၊ ဗုံးခွဲ၊ မီးရှို့မှုပေါင်း ၉၄၇၉ ကြိမ် ကျူးလွန်ခဲ့ကြပါတယ်။ အရပ်သားသေဆုံးမှု ၃၅၄၂ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် သေဆုံးမှု ၅၁၉ ဦး စုစုပေါင်းသေဆုံးသူ ၄၀၆၁ ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုပေါင်း ၄၁၂၁ မှုရှိခဲ့ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ စာသင်ကျောင်းနဲ့ ပညာရေးဆိုင်ရာရုံးပေါင်း ၂၆၈ ခု ရှိခဲ့ပြီး ဆက်သွယ်ရေးတာဝါတိုင်တွေကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့ကြတဲ့အတွက် တယ်လီဖုန်းတာဝါတိုင် ၅၈၇ တိုင် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

အကြမ်းဖက်သတ်ဖြတ်ခံရသူတွေထဲမှာ ဆရာ/ ဆရာမ ၄၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၂ ဦး၊ သံဃာ တော် ၅၃ ပါး၊ သီလရှင်တစ်ပါးနှင့် ကလေးလူငယ် ၈၂ ဦး၊ အုပ်ချုပ်ရေးမှူး ၄၈၅ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၃၅၀၀ ကျော်ကို “ငါနဲ့မတူ ငါ့ရန်သူ”ဆိုတဲ့ အကြမ်းဖက်စိတ်ဓာတ်နဲ့ ဒလန်လို့စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ အထောက်အထားတွေနဲ့ အသေးစိတ်စာရင်းဇယားတွေရှိသလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှာရှိတဲ့ သက်ဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အဖွဲ့အစည်းတွေကိုလည်း ပေးပို့တိုင်ကြားထားပြီး ဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ ဝါဒဖြန့်စွပ်စွဲချက် သက်သက်လား အမှန်တကယ် မြေပြင်မှာဖြစ်နေတဲ့ အချက်အလက်တွေလားဆိုတာကို နေ့စဉ်မြင်တွေ့ ကြားသိနေရတဲ့ အဖြစ်အပျက်တွေက သက်သေခံနေပါတယ်။ ပြည်သူလူထုကို အကြောက်တရားနဲ့ ထိန်းချုပ်နိုင်ဖို့ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ခြင်း၊ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို အလစ်အငိုက်တိုက်ခိုက်ခြင်း၊ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်လိုတဲ့ မိဘပြည်သူတွေကို လူမှုကွန်ရက်ကနေ ခြိမ်းခြောက်ခြင်းစတဲ့ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်နေခြင်းကို NUG အဖွဲ့က နယ်မြေ ထိန်းချုပ်ခြင်းဆိုပြီး အဓိပ္ပာယ်ကောက်ယူလို့ မရပါဘူး။ ပြည်သူလူထုရဲ့ လူနေမှုဘဝကို ခြိမ်းခြောက်ပြီး နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်နေတဲ့ NUG အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေသာ ဖြစ်ပါတယ်။

NUG နဲ့ ဒီအဖွဲ့ရဲ့ လက်ကိုင်တုတ် PDF တွေအနေနဲ့ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေပေမယ့် မြန်မာနိုင်ငံရဲ့ မည်သည့်အစိတ်အပိုင်းကိုမှ စိုးမိုးထားနိုင်ခြင်းမရှိသလို၊ အုပ်ချုပ်နိုင်ခြင်းလည်း မရှိပါဘူး။ ခိုးကြောင်ခိုးဝှက်နဲ့ လူသတ်၊ ဗုံးခွဲတာလောက်ကတော့ ဘယ်လိုရာဇဝတ်ကောင်မဆို လုပ်တတ်ပါတယ်။ ဒီထက်ထင်ရှားတဲ့အချက်က မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးမှာ အဓိက ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးကို ဖြန့်ကြက်ထား တဲ့ တပ်မတော်ရဲ့ အခြေခံယူနစ်လေးတစ်ခု တလေကိုတောင်မှ သိမ်းနိုင်တယ်ဆိုတာမရှိပါဘူး။

လေလှိုင်းပေါ်မှာ

NUG နဲ့ PDF ရဲ့ ဌာနချုပ်မပြောနဲ့ စခန်းတောင် မြန်မာနိုင်ငံမှာမရှိပါဘူး။ ရုံး၊ ဌာနလည်းမရှိသလို မြေပြင်မှာဘာမှသက်ရောက်မှုမရှိတဲ့ ထုတ်ပြန်ချက်အမျိုးမျိုးကို လေလှိုင်းပေါ်မှာသာ ခပ်တည်တည်နဲ့ ထုတ်ပြန်နိုင်တဲ့အဆင့်ပဲရှိပါတယ်။ NUG အဖွဲ့ဝင် ဆိုတဲ့ လူပုဂ္ဂိုလ်တွေလည်း ပေါ်ပေါ်ထင်ထင် နေထိုင်သွားလာမှု မလုပ်ရဲကြပါဘူး။ ပြည်သူလူထုက အပြည့်အဝထောက်ခံနေသယောင်ယောင် လူမှုကွန်ရက်မှာ သတင်းအမှားတွေနဲ့ ပုံဖော်နေပေမယ့် မြေပြင်အမှန်ကတော့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ကြောင့် NUG နဲ့ ပတ်သက်နေသူတွေ၊ PDF အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမိ၊ အရေးယူမှုတွေ ပိုမိုပြုလုပ်လာနိုင်တာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

တကယ်တော့ ကျန်းမာရေး၊ ပညာရေးနဲ့ သက်ဆိုင်တဲ့နေရာတွေဆိုတာ စစ်ပွဲဖြစ်ပွားနေ ချိန်မှာတောင် ရှောင်ရှားရမည့်နေရာများဖြစ်ပါ တယ်။ သို့ပေမယ့် NUG/PDF တွေအနေနဲ့ ဒီနေရာ မျိုးတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါက စစ်ရာဇဝတ်မှု(war crimes)ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်ပြီး ဒီလို အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေကို ဆက်တိုက်ကျူးလွန်လျက်ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဒီအဖွဲ့တွေကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် ကြေညာခဲ့ပြီး သောင်းကျန်းသူနှိမ်နင်းရေး(Counter-Insurgency Operations)တွေနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး(Counter-terrorism Operations)တွေ ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက် နေ့အထိ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်ကြီးပေါင်း ၁၀၆ လက်၊ လက်နက်ငယ်ပေါင်း ၁၉၀၁ လက်၊ တူမီး/လက်လုပ်/လေသေနတ်ပေါင်း ၄၉၃၈ လက်နှင့် ခဲယမ်းပေါင်း ၃၈၈၀၂၈ တောင့်၊ ဗုံး/မိုင်း ၁၂၂၃၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားမှုက အမှုပေါင်း ၁၅၀၉၆ မှုရှိပြီး ဖမ်းဆီးရမိတရားခံ ၁၁၀၉၃ ဦးကို အရေးယူထားရှိခဲ့ပါတယ်။ ဆူပူအကြမ်းဖက်မှုများနဲ့စပ်လျဉ်းပြီး အမှုပေါင်း ၁၅၄၁၉ မှုအထိရှိပြီး ဖမ်းဆီးရမိတရားခံ ၂၈၁၁၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အရေးယူ ဆောင်ရွက်ထားရှိပါတယ်။

ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းလုံး တည်ငြိမ် အေးချမ်းမှုရှိနေပြီး စစ်ကိုင်း၊ မကွေးတိုင်းဒေသ ကြီးရဲ့ မြို့နယ်အနည်းငယ်နဲ့ ပြည်ပသြဇာခံ EAOs တချို့ရဲ့ နယ်မြေဒေသတချို့မှာသာ သောင်းကျန်း သူနှိမ်နင်းရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးတွေကို နိုင်ငံတကာ ဥပဒေများ၊ ပြည်တွင်းဥပဒေများနဲ့အညီ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပါတယ်။

ဘယ်နိုင်ငံ၊ ဘယ်ဥပဒေမှ လက်မခံနိုင်တဲ့ အကြမ်းဖက်မှုများ

တပ်မတော်အနေနဲ့ “ပြည်သူတွေပါဝင်တဲ့ လုံခြုံရေးစနစ်”ကို တည်ဆောက်ပြီး ဆောင်ရွက်နေတာကြောင့် အကြမ်းဖက်သမားများအနေနဲ့ ၎င်းတို့ကို မထောက်ခံတဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်ခြင်း (Targeted Assassinations)နဲ့ ဥပဒေပြင်ပသတ်ဖြတ်ခြင်း (Extrajudicial Killings) များ ဆက်လက် ဆောင်ရွက်နေကြကြောင်း တွေ့ရှိနေရပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်ဥပဒေမှ လက်မခံနိုင်တဲ့ အကြမ်းဖက်မှုများ (Terrorist Acts) ပဲ ဖြစ်ပါ တယ်။

ဒီလို NUG အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်များဟာ ငြင်းလို့မရနိုင်လောက်အောင် ထင်ထင်ရှားရှား မြင်တွေ့နေရပေမယ့် ယခင်ကကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း ယန်ဟီးလီ ခေါင်းဆောင်တဲ့ Special Advisory Council for Myanmar (SAC-M) ဆိုတာကို ဖွဲ့စည်းပြီး အနောက်အုပ်စုရဲ့ ငွေကြေး ထောက်ပံ့မှုနဲ့ NUG အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံမှုများ ပြုလုပ်နေတာ တွေ့ရှိရပါတယ်။ ဒီအဖွဲ့ကနေ နစကအစိုးရအနေနဲ့ မြန်မာနိုင်ငံ နယ်မြေဒေသအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းအောက်၊ မြို့နယ်ပေါင်း ၃၃၀ ကျော်မှာ ၇၂ မြို့နယ်သာ ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ ဟာသပြက်လုံးတွေ ထုတ်နေပါတယ်။ အမှန်တော့ NUG ကို အခါတော်ပေး လော်ဘီလုပ်ပြီး နိုင်ငံတကာက ငွေကြေးကိုလိမ်စားနေကြတာဖြစ်ပြီး အဲဒီအဖွဲ့ကို ဘယ်သူကမှ အသိအမှတ်ပြုထားခြင်းမရှိပါဘူး။ လွတ်လပ်သော နိုင်ငံတကာ ကျွမ်းကျင်သူများအဖွဲ့လို့ အမည်ခံထားပြီး လူမှုကွန်ရက်မှတစ်ဆင့် မြန်မာနိုင်ငံ ပျက်စီးရာပျက်စီးကြောင်း သတင်းလိမ်များကို ထုတ်ပြန်နေခြင်း ဖြစ်ပါတယ်။

ဇွတ်အတင်းလော်ဘီလုပ်နေခြင်းဖြစ်

ဒါကလည်းလာမယ့် (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အကြမ်းဖက် NUG အဖွဲ့ကိုထောက်ခံတဲ့ ဝရမ်းပြေး ကျော်မိုးထွန်းကို အသိအမှတ်ပြုဖို့အတွက် ဇွတ်အတင်းလော်ဘီလုပ်နေခြင်း ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုတဲ့သူဆိုတာ အဲဒီနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အမှန်တကယ် ကျင့်သုံးနိုင်ရုံမက နယ်မြေပိုင်ဆိုင်မှုများရှိဖို့လည်း လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အကြမ်းဖက်အဖွဲ့ NUG နဲ့ သူ့ရဲ့ကိုယ်စားလှယ် ကျော်မိုးထွန်းက ကိုယ်စားပြုနိုင်တယ်ဆိုတာကို လော်ဘီလုပ်ချင်တဲ့အတွက် အချက်အလက်အမှားတွေ ဖန်တီး တည်ဆောက်ပြီး NUG က မြန်မာနိုင်ငံတစ်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်သယောင်၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာတွေ တည်ဆောက်ထားပြီး သယောင် ဟာသပြက်လုံးတွေရေးပြီး လော်ဘီလုပ်နေတာတွေ့ရတော့ မြေပြင် အခြေအနေတွေနဲ့ လုံးဝကွဲလွဲနေတယ်ဆိုတာ မြင်နေရတဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ အတော်ရယ်ချင်မိပါတယ်။

တကယ်တော့ NUG/PDF အကြမ်းဖက်အဖွဲ့ တွေနဲ့ သူတို့ရဲ့လော်ဘီ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကိုးကားနေတဲ့အချက်အလက်တွေက လူမှုကွန်ရက်ပေါ်က သတင်းအတု/ သတင်းအမှားတွေပဲ ဖြစ်ပါ တယ်။ ဒီသတင်းအတု/သတင်းအမှားတွေနဲ့ပဲ နိုင်ငံတကာကို မျက်လှည့်ပြပြီး ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်နေခြင်း ဖြစ်ပါတယ်။

အကြမ်းဖက်ဝရမ်းပြေးဘဝနဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးနေပြီး အလှူခံစားနေရတဲ့ NUG အဖွဲ့ဆို တာဟာ Facebook ပေါ်မှာပဲ အစည်းအဝေးလုပ်၊ ကြေညာချက်ထုတ်ပြီး လေလှိုင်းထဲမှာ အစိုးရ တည်ဆောက်နေတယ်ဆိုတာ မြန်မာပြည်သူတွေတင်မကပါဘူး နိုင်ငံတကာကလည်း သိရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တချို့အဖွဲ့အစည်းတွေက နိုင်ငံတကာဆီကငွေကြေးကို လိမ်တောင်း ချင်တော့ ရူးချင်ယောင်ဆောင်ပြီး NUG အဖွဲ့ကို အသုံးချ၊ မြန်မာပြည်သူတွေရဲ့ တည်ငြိမ်အေးချမ်းမှုကိုချနင်းပြီး လုပ်စားနေကြခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူလေး၊ ငါးယောက်နဲ့ ကင်းစခန်းလေးတွေကို ပစ်ပြေး၊ အချို့တောရွာလေး တွေမှာ ကလေးတွေကို ခြိမ်းခြောက်ပြီး စာသင်နေပါ တယ်ဆိုပြီး ဓာတ်ပုံရိုက်၊ ပြည်သူတွေကို အကြောက် တရားသွင်းပြီး ချောင်းမြောင်းလူသတ်၊ ဗုံးခွဲပြနေ တာတွေကို လူမှုကွန်ရက်ပေါ် သတင်းလုပ်တင် ပုံကြီးချဲ့ပြီး မြန်မာနိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်နိုင်တယ်လို့ ပြောနေတာက NUG အဖွဲ့က အကြမ်းဖက်ဝါဒ(Terrorism)ကို ကျင့်သုံးနေတယ် ဆိုတာ ကမ္ဘာကို ချပြလိုက်တာပါပဲ။ ဒီလိုအကြမ်းဖက်သမားတွေကို ထောက်ခံအားပေးမိရင် ပိုမိုဆိုးရွားတဲ့ လူသတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှု တွေ၊ စစ်ဘေးရှောင်တွေ ပိုမိုများပြားလာနိုင်တယ် ဆိုတာကို နိုင်ငံတကာ အဖွဲ့အစည်းများအနေနဲ့ သတိကြီးကြီးထားသင့်ကြပါတယ်။ မြန်မာပြည်သူ အများစုကလည်း NUG/PDF တွေကို ရွံရှာမုန်းတီး နေကြပြီဆိုတာကို သတိချပ်ရမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ CRPH/NUG/PDF စတဲ့ အကြမ်းဖက်သမားတွေနဲ့ သူတို့ရဲ့ လော်ဘီနိုင်ငံတကာအဖွဲ့အစည်းတွေ၊ မီဒီယာတွေဟာ ဘယ်လိုပဲ အချက်အလက် အမှားတွေနဲ့ ဝါဒဖြန့်ချိမှုတွေ လုပ်နေလုပ်နေ လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတဲ့ သူတို့ရဲ့ အကြမ်းဖက်မှုတွေက ဘယ်လိုမှဖျောက်ဖျက်လို့မရ၊ ငြင်းလို့မရတဲ့ သက်သေ အထောက်အထားတွေ ဖြစ်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မဆို အကြမ်းဖက်သမားတွေကို အားပေးထောက်ခံရင် အကြမ်းဖက်သမားတွေလို့ပဲ နိုင်ငံတကာမျက်နှာစာမှာ သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။

အမည်းစက်ထင်သွားပြီဖြစ်

တကယ်တော့ NUG ဆိုတာ ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ NCGUB လိုပဲ လေထဲမှာ တည်ဆောက်ပြီး လေထဲမှာပဲ ပျောက်ကွယ်သွားမယ့် အဖွဲ့အစည်းဖြစ်တယ် ဆိုတာက အသေအချာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့တွေရဲ့ လုပ်ရပ်တွေက NLD ပါတီနဲ့ NLD ပါတီအတွင်းက အစွန်းမရောက်သူတွေရဲ့ သမိုင်းမှာ အမည်းစက်ထင်သွားပြီ ဖြစ်ပါတယ်။ NUG/PDF များဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မြန်မာပြည်သူတွေရဲ့ ရွံရှာမုန်းတီးမှုကို ခံနေကြရသလို ကမ္ဘာ့နိုင်ငံများရဲ့ ဖယ်ကြဉ်မှု၊ အရေးယူမှုကိုပါ မကြာခင် ကြုံတွေ့ရတော့မှာဖြစ်ကြောင်း အကြမ်းဖက်အဖွဲ့ NUG ၏ လားရာကို ညွှန်းဆိုပြ လိုက်ရပါတယ်။    ။