ပေါင်းစည်းစံပြနိုင်ငံစွမ်းအား (Intergrated Ideal Power – IIP)
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာအနီးမှာတည်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) (ဇီးပင်ကြီး)ဟာ အစိုးရဝန်ထမ်းများအတွက် ပညာဗဟုသုတဆည်းပူးရာ နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ လမ်းညွှန်၊ ကြီးကြပ်မှုနဲ့နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) (ဇီးပင်ကြီး) (CSA-UM) က နိုင်ငံ့ဝန်ထမ်းသားကောင်းတွေကို မွေးထုတ်ပေးလျက်ရှိပါတယ်။ ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေလိုက်နာရမယ့် ကျင့်ဝတ်၊ စည်းကမ်း၊ လိုက်နာရမယ့်ကျင့်ဝတ်၊ တာဝန်ထမ်းဆောင်ရာမှာလိုအပ်တဲ့ ပညာရပ်ပိုင်းဆိုင်ရာဗဟုသုတများစွာကို CSA-UM မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ကထိကများ၊ ဆရာ၊ ဆရာမများကအားမာန်အပြည့်၊ စေတနာ၊ ဝါသနာ၊ အနစ်နာ ကိုအခြေခံပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းအပြည့်အဝနဲ့ ရွှင်လန်းတက်ကြွစွာပို့ချပေးလျက်ရှိပါတယ်။
ဝန်ထမ်းကောင်းများဖြစ်လာစေဖို့ပို့ချပေးလျက်ရှိ
ပြင်ပပညာရှင်များ၊ တက္ကသိုလ်၊ ကောလိပ်၊အစိုးရဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း CSA-UM မှာ သက်ဆိုင်ရာ သင်ခန်းစာအသီးသီးကို အားမာန်အပြည့်နဲ့သင်ကြားပြသပေးလျက်ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) (ဇီးပင်ကြီး)(CSA-UM) ကသင်တန်း သား/ သင်တန်းသူတွေကို တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် မျိုးချစ်စိတ်ပြည့်ဝတဲ့ ဝန်ထမ်းကောင်းများဖြစ်လာစေဖို့ ပို့ချပေးလျက်ရှိပါတယ်။
ဝန်ကြီးဌာနအသီးသီးက ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ရာထူးအဆင့်တူ ဝန်ထမ်း၂၂ ဦးအနေနဲ့ CSA-UM မှာဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၉) ကိုဧပြီလ ၂၅ ရက်နေ့ကနေဇွန်လ ၁၇ ရက် နေ့အထိတက်ရောက်လျက်ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) (ဇီးပင်ကြီး) (CSA-UM) မှာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ၊စီမံခန့်ခွဲမှုပညာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံနဲ့ ဝန်ကြီးဌာနအသီးသီးရဲ့လုပ်ငန်းတာဝန်ထမ်းဆောင်နေမှု အခြေအနေတွေကို အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမကြီးများ လာရောက်သင်ကြားပို့ချပေးတဲ့အတွက် များစွာတန်ဖိုးရှိတဲ့ ဗဟုသုတတွေကို ရရှိခဲ့ပါတယ်။
ဝန်ထမ်းတွေကိုအရည်အသွေးမြှင့်တင်ဖို့အတွက် CSA-UM ဟာ ဝန်ကြီး ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ အငြိမ်းစားအရာရှိတွေ၊သက်ဆိုင်ရာ နယ်ပယ်မှကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ မူဝါဒတွေနဲ့အညီ ထိရောက်တဲ့အုပ်ချုပ်ရေးစွမ်းရည်နဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ဖို့အတွက် လိုအပ်တဲ့ပညာဗဟုသုတတွေကို CSA-UM က ကျွန်တော်တို့ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူးစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၉)သင်တန်းသားတွေကို ပို့ချပေးနိုင်ခဲ့ပါတယ်။
အယူအဆ(၁)ခု ဖော်ထုတ်နိုင်ခဲ့
စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေးနဲ့သက်ဆိုင်တဲ့ဘာသာရပ်တွေကို ပါမောက္ခချုပ်နဲ့ ဒုတိယပါမောက္ခချုပ်တွေကိုယ်တိုင် စိတ်အားထက်သန်စွာနဲ့သင်တန်းပို့ချပေးလျက်ရှိပါတယ်။ သင်တန်းကာလအတွင်း ပါမောက္ခချုပ်ကြီးအပါအဝင် သင်တန်းမှ ဆရာ၊ ဆရာမများပို့ချမှုတွေဟာ ဆန်းသစ်တဲ့ အတွေးအခေါ်၊ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့အတွေးအခေါ်တွေကို ပို့ချပေးနိုင်ခဲ့တဲ့အတွက် သင်တန်းသား၊ သင်တန်းသူတွေအနေနဲ့(၂၁)ရာစု မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက်အရေးပါတဲ့၊ ဆန်းသစ်တဲ့ပေါင်းစည်း စံပြနိုင်ငံ့စွမ်းအားအယူအဆ (၁)ခုကို ဖော်ထုတ်နိုင်ခဲ့ ပါတယ်။
သင်တန်းသား၊ သင်တန်းသူတွေအနေနဲ့ ဌာနပေါင်းစုံ၊ နယ်ပယ်အသီးသီးမှ လာရောက်တက်ရောက်တဲ့အတွက် သင်တန်းသား၊ သင်တန်းသူအချင်းချင်းထံမှ နယ်ပယ်အသီးသီး၏ ဗဟုသုတများစွာ၊ အတွေ့အကြုံများစွာကိုရရှိခဲ့ပါတယ်။ သင်တန်းသား၊ သင်တန်းသူ အချင်းချင်းအနေနဲ့ လည်းမိမိဌာနအသီးသီးရဲ့ တာဝန်တွေကိုထမ်းဆောင်ရာမှာဌာန အသီးသီးပူးပေါင်းဆောင်ရွက်ရန် (Colleboration) ပြုလုပ်ဖို့ကွန်ရက်ကိုလည်း တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ဌာနအသီးသီးမှ ဒုတိယအကြီးအမှူးအချင်းချင်းရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြတဲ့အတွက် မိမိတာဝန်ကိုထမ်းဆောင်ရာမှာဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ကွန်ရက်သဖွယ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ စေ့စပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးနဲ့ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက်များစွာသော ရင်းနှီးမှုတွေကို ရရှိခဲ့ပါတယ်။
အမျိုးသားအကျိုးစီးပွား (National Interst) ဆိုတာကနိုင်ငံတော်ရဲ့ လိုအပ်ချက်၊ နိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတို့ရဲ့လိုအပ်ချက်ပဲဖြစ်ပါတယ်။ အမျိုးသား အကျိုးစီးပွား ကိုနိုင်ငံ့စွမ်းအားများ (National Power)နဲ့ အကောင်အထည်ဖော်ကြရပါတယ်။ နိုင်ငံ့စွမ်းအားဆိုတာနိုင်ငံတွေက မိမိတို့နိုင်ငံရဲ့ ပြည်တွင်း/ပြည်ပမူဝါဒတွေကို အောင်မြင်အောင်အကောင်အထည်ဖော်နိုင်သော စွမ်းဆောင်ရည်ဖြစ်ပါတယ်။
နိုင်ငံ့စွမ်းအားမှာ Soft Power ၊ Hard Power ၊ Just Power နဲ့ Smart Power တို့ ပါဝင်ပါတယ်။ Soft Power ဆိုတာကထိတွေ့နိုင်တဲ့ (Tangible)ဖြစ်တဲ့ မိမိတို့နိုင်ငံရဲ့ပြည်တွင်း/ပြည်ပ မူဝါဒတွေကို အောင်မြင်အောင်အကောင်အထည်ဖော်နိုင်တဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး Hard Powerဆိုတာကတော့ ထိတွေ့နိုင်ခြင်းမရှိတဲ့ (Intangible) ဖြစ်တဲ့ မိမိတို့နိုင်ငံရဲ့ ပြည်တွင်း/ ပြည်ပမူဝါဒတွေကို အောင်မြင်အောင်အကောင်အထည်ဖော်နိုင်သောစွမ်းဆောင်ရည်များ ဖြစ်ပါတယ်။
Smart Power ဆိုတာ Soft Power နဲ့ Hard Power တွေကိုပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိမိတို့နိုင်ငံရဲ့ ပြည်တွင်း/ပြည်ပမူဝါဒတွေကို အောင်မြင်အောင်အကောင်အထည်ဖော်ရာမှာ Hard Power နဲ့ Soft Power တွေကိုကျွမ်းကျင်စွာအသုံးချခြင်းပဲ ဖြစ်ပါတယ်။ Just Power ဆိုတာက နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွား ရေရှည်ထိန်းသိမ်းကာကွယ်ဖို့ Hard Power နဲ့ Soft Power တွေကို တရားမျှတရေးဆိုင်ရာ အခြေခံသဘောတရား တွေနဲ့အညီ အသုံးပြုခြင်းဖြစ်ပါတယ်။
အုပ်စုလိုက်တင်ပြ
Soft Power ၊ Hard Power ၊ Smart Power နဲ့ Just Power တွေကို မိမိနိုင်ငံရဲ့ ပြည်တွင်း/ပြည်ပမူဝါဒတွေကို အောင်မြင်အောင်အကောင်အထည်ဖော်ရာမှာ ပေါင်းစပ်အသုံးပြုခြင်းဟာ ပေါင်းစည်းစံပြနိုင်ငံ့စွမ်းအားကိုအသုံးပြုခြင်းဖြစ်ကြောင်း ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)ရဲ့ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှု သင်တန်းအမှတ်(၉) ကဖော်ထုတ်ပြီး အုပ်စုလိုက်တင်ပြချက်အဖြစ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ကို ယူဆချက်အသစ်အဖြစ် ဖော်ထုတ်တင်ပြနိုင်ခဲ့ပါတယ်။
ပေါင်းစည်းစံပြ နိုင်ငံ့စွမ်းအားဟာ လက်ရှိအခြေအနေမှာအမိမြန်မာနိုင်ငံတော်ရဲ့ ပြည်တွင်း/ပြည်ပမူဝါဒတွေကို အောင်မြင်အောင် အကောင်အထည်ဖော်ရာမှာအသုံးပြုသင့်တဲ့ နိုင်ငံ့စွမ်းအားတစ်ခုပဲဖြစ်ကြောင်း တင်ပြလိုပါတယ်။ ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)(ဇီးပင်ကြီး)မှာ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၉) သင်တန်းသားများအနေနဲ့လည်း နိုင်ငံတော်စီမံခန့်ခွဲမှုကောင်စီရဲ့မူဝါဒတွေနဲ့အညီ သင်တန်းကနေ မိမိတို့သင်တန်းသား၊ သင်တန်းသူတွေအသစ်ဖော်ထုတ်ရရှိတဲ့ ပေါင်းစည်းစံပြနိုင်ငံ့စွမ်းအားကို အသုံးပြုပြီးကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ပညာဗဟုသုတတွေနဲ့ပေါင်းစပ်လို့နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ဖို့အတွက်စိတ်အားထက်သန်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။။
ဆောင်းပါးရှင် - ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၉) ၊နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သင်တန်းသား၊ သင်တန်းသူများ