Skip to main content

၂၀၂၁ ခုနှစ်ရဲ့ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲကြီး

မြန်မာနိုင်ငံသည် စိမ်းလန်းလှပသော တောတောင်များ၊ ကြည်လင်စိမ်းလဲ့သည့် မြစ်ချောင်း အင်းအိုင်များ၊ သာယာရှုမောတင့်တယ်သော မြေယာရှုခင်း၊ စီးပွား ရေးအရ အချက်အချာကျသည့် ပထဝီအနေအထားတို့နှင့် ပြည့်စုံမှု၊ ရှေးနှစ်ပေါင်းများစွာကတည်းက စည်းလုံးညီညွတ်စွာမှီတင်း နေထိုင်ခဲ့သော တိုင်းရင်းသား ပေါင်းစုံ၏လူမျိုးအလိုက်ဓလေ့စရိုက်နှင့် ယဉ်ကျေးစွာဧည့်ဝတ် ကျေပျူငှာမှု၊ ဘာသာ၊ သာသနာ ဂုဏ်ရောင်ထွန်းပြောင်မှုနှင့် မြေပေါ်မြေအောက်သယံဇာတ ပေါကြွယ်ဝမှုစသည့် ဂုဏ်သတင်းများကြောင့် အာရှတွင်သာမက ကမ္ဘာ့အလယ်တွင်ပါ ဝင့်ကြွားစွာ ရပ်တည်နေနိုင်ခဲ့ပါသည်။

မြန်မာ့ဂုဏ်သတင်းတစ်ရပ်ဖြစ်သည့် သယံ ဇာတပေါကြွယ်ဝမှု၏ပြယုဂ်များအဖြစ် အဖိုးတန် ကျွန်းသစ်ကဲ့သို့ မြေပေါ်သယံဇာတများနှင့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာစသည့် အဖိုးတန် ကျောက်မျက်ရတနာ တွင်းထွက်များကဲ့သို့ မြေအောက်သယံဇာတများကို မြင်တွေ့နိုင်ပါသည်။

တွင်းထွက်အမျိုးအစားအားဖြင့် ၇၅ မျိုး

လူသားတို့က အဆင်တန်ဆာအဖြစ် လှပစွာဆင်မြန်း ကြသော ကျောက်မျက်ရတနာများသည် ကမ္ဘာ့နိုင်ငံများတွင် ရှားပါးစွာဖြစ်တည်ကြသော်လည်း မြန်မာနိုင်ငံ၏ ဘူမိအနေအထားကြောင့် ကျောက်မျက်ရတနာ တွင်းထွက်အမျိုးအစား အားဖြင့် ၇၅ မျိုးအထိ စုံလင်စွာဖြစ်ထွန်းရုံမျှမက ပမာဏအားဖြင့်လည်း ပေါများစွာဖြစ်တည်နေ ပါသည်။ ထိုသို့စုံလင်ပေါကြွယ်ဝသော မြန်မာ့ အဖိုးတန်ကျောက်မျက်ရတနာ သယံဇာတများ သည် နိုင်ငံတော်အတွက် အကျိုးစီးပွားဖြစ်ထွန်း စေသည့် အခွင့်အလမ်းများကို နိုင်ငံ၏သမိုင်းစဉ် တစ်လျှောက်လုံး ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။

နိုင်ငံတော်အတွက် အကျိုးစီးပွားဖြစ်ထွန်း စေမှုကို သမိုင်းစဉ်တစ်လျှောက်လုံးအတွက် သာမက အနာဂတ်မျိုးဆက်များ၏ ရေရှည်အကျိုးဖြစ်ထွန်းမှုများ ဖော်ဆောင်ပေးနိုင်မည့် ကျောက်မျက် ရတနာသယံဇာတများကို နိုင်ငံခြားငွေဖြင့် ရောင်းချနိုင်ရန် ပထမဆုံးအကြိမ် မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို တော်လှန်ရေး ကောင်စီအစိုးရလက်ထက် ၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့ အင်းယား လိတ်ဟိုတယ်၌ စတင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ် ပထမအကြိမ် ကျောက်မျက် ရတနာပြပွဲမှ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ အကြိမ် (၃၀) မြောက်ပြပွဲအထိ ပြပွဲပေါင်း ၃၁ ပွဲကို ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်၌လည်းကောင်း၊ ၁၉၉၃ ခုနှစ် နှစ်လယ်ပြပွဲမှ ၂၀၀၆ ခုနှစ် မတ်လ (၄၃)ကြိမ်မြောက်ပြပွဲအထိ ပြပွဲပေါင်း ၃၅ ပွဲကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရား လမ်းရှိ မြန်မာ့ကျောက်မျက်ရတနာပြပွဲခန်းမတွင် လည်းကောင်း၊ ၂၀၀၆ ခုနှစ် ဇွန်၊ ဇူလိုင်အထူးပြပွဲမှ ၂၀၁၀ ပြည့်နှစ် ဇွန်၊ ဇူလိုင်အထူးပြပွဲအထိ ပြပွဲပေါင်း ၁၃ ပွဲကိုရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) တွင်လည်းကောင်း ကျင်းပခဲ့ပါသည်။

ပြပွဲ ၁၆ ပွဲကို နေပြည်တော်တွင် ကျင်းပခဲ့

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ နှစ်လယ်ပြပွဲမှ စတင်၍ ၂၀၁၉ ခုနှစ် နှစ်လယ်ပြပွဲအထိ ပြပွဲ ၁၆ ပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြပွဲပေါင်း ၉၅ ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ကျင်းပခဲ့သော ပြပွဲများအနက် ၂၀၁၁ ခုနှစ် ဇူလိုင်လ အထူး ရောင်းချ ပွဲသည် ယူရိုငွေ ၁၄၉၆ ဒသမ ၇၈ သန်းဖြင့် အများဆုံး ရောင်းချရရှိခဲ့သော ပွဲဖြစ်ပါသည်။

မိုးကုတ်ပတ္တမြား

မြန်မာ့ကျောက်မျက်ရတနာများအနက် ကမ္ဘာ ပေါ်တွင် ထင်ရှားကျော်ကြား လူကြိုက်များသည်မှာ မြန်မာ့ကျောက်စိမ်းနှင့် ပတ္တမြား၊ နီလာတို့ဖြစ်ပြီး ရတန၁ပြပွဲများတွင် တင်ပြရောင်းချရသည့် ကျောက် စိမ်းအတွဲများအနက် ဈေးအများဆုံးရောင်းရသော ကျောက်စိမ်းအတွဲမှာ ၂၀၁၁ ခုနှစ် (၄၈)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် နိုင်ငံခြားငွေယူရို ၁၉ ဒသမ ၁၈ သန်းဖြင့် ရောင်းချရရှိခဲ့သော ကျောက် စိမ်းတွဲဖြစ်ပါသည်။ ဈေးအများဆုံး ကျောက်မျက်ရိုင်း မှာ ၁၉၉၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် အမေရိကန်ဒေါ်လာ ၅၈၆၁၁၈၀ ဖြင့်ရောင်းချခဲ့ရသော အလေးချိန် ၃၈ ဒသမ ၁၂ကရက်ရှိ မိုးကုတ်ပတ္တမြားဖြစ်ပါသည်။

ယခုအခါ ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပလျက်ရှိပါသည်။ (၉၆)ပွဲမြောက်ကျင်းပသည့် ပြပွဲဖြစ်ပြီး ပုလဲအတွဲများနှင့်ကျောက်စိမ်း အတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်အသုံးပြု၍ နိုင်ငံခြားငွေဖြင့် ရောင်းချမည် ဖြစ်ပါသည်။

ယခုပြပွဲမှာ ပုလဲအတွဲများကို အမေရိကန် ဒေါ်လာဖြင့်ရောင်းချပေးပြီး ကျောက်စိမ်းအတွဲများကို ယူရိုငွေအပြင် အမေရိကန်ဒေါ်လာဖြင့်လည်း ရောင်းချပေးမည်ဖြစ်ပါသည်။ ပုလဲအတွဲများနှင့် ကျောက်စိမ်း အတွဲများကိုဝယ်ယူလိုသည့်ရတနာကုန်သည်များ အနေဖြင့်အာမခံစပေါ်ငွေများအား ကြိုတင်ပေးသွင်း ထားရမည်ဖြစ်ပါသည်။ အာမခံစပေါ်ငွေအဖြစ် ပုလဲအတွဲများအတွက် အမေရိကန် ဒေါ်လာ ၂၀၀၀ နှင့် ကျောက်စိမ်းအတွဲများအတွက်ယူရို နှစ်သောင်းကို အနည်းဆုံး ပေးသွင်းကြ ရမည်ဖြစ်ပါသည်။

ယခုကျင်းပသည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) မှာ ကျောက်စိမ်းအတွဲများအတွက်ရောင်းရ ငွေ၏တန်ဖိုးအပေါ် သတ်မှတ် ကောက်ခံမည့်အခွန် အခနှုန်းထားများမှာ ရတနာခွန် ၁၁ ရာခိုင်နှုန်း၊ ဝန်ဆောင်ခ သုံးရာခိုင်နှုန်း ဖြစ်ပါသည်။ ပုလဲအတွဲ များအတွက် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံမည် ဖြစ်ပြီး နှုန်းထားမှာ ငါးရာခိုင်နှုန်း ဖြစ်ပါသည်။

ခေတ်အဆက်ဆက်ကျောက်မျက်ရတနာပြပွဲများကို မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြပွဲနှင့် သက်ဆိုင်သောလုပ်ငန်းများဖြစ်သည့် အာမခံ စပေါ်ငွေပေးသွင်းမှု၊ ကျောက်အတွဲအတွက်ငွေပေးချေမှု၊ အခွန်ကောက်ခံမှုများ ချောမွေ့လွယ်ကူစေ ရန်ကိုလည်းကောင်း၊ ပြပွဲသို့ တက်ရောက်လာသော ရတနာကုန်သည်များအတွက် ခရီးသွားလာ ရေး၊ တည်းခိုနေထိုင်ရေးတို့ အဆင်ပြေစေရန်ကို လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံ ရေးကောင်းမွန်စေမှုတို့ စိတ်ချ၊ ကောင်းမွန်စေရန် ကိုလည်းကောင်း သက်ဆိုင်သည့်လုပ်ငန်းအမျိုး အစားအလိုက် အကောင်အထည်ဖော်ဆောင်ရွက် မည့် လုပ်ငန်းကော်မတီများကို ဗဟိုကော်မတီက ဖွဲ့စည်းပြီး အစစအရာရာ စီစဉ်ဆောင်ရွက်ပေးပါ သည်။

စနစ်တကျဆောင်ရွက်ပေးထား

ယခု၂၀၂၁ ခုနှစ်ပုလဲအတွဲများနှင့်ကျောက်စိမ်း အတွဲများပြပွဲ (Mini Gems Emporium)တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ယခုပြပွဲသို့ တက်ရောက်ကြမည့် ပြည်ပ ရတနာကုန်သည်များ ရန်ကုန်မြို့သို့ ရောက်ရှိပြီး နေပြည်တော်သို့ ဆက်လက်ထွက်ခွာနိုင်ရေးကို စနစ်တကျရှိစေခြင်း၊ နေပြည်တော်တွင် တည်းခို နေထိုင်နိုင်ရေး၊ ဓာတ်ခွဲစစ်ဆေးရေး၊ အသွားအလာ ကန့်သတ်ရေးတို့ကို ကြပ်မတ်ခြင်းနှင့် ပြပွဲ တက်ရောက်ရန်အတွက် တည်းခိုနေထိုင်ရာ ဟိုတယ်မှ မဏိရတနာကျောက်စိမ်းခန်းမသို့ကြို ပို့ယာဉ်များ စီစဉ်ပေးခြင်းတို့အား ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီက စနစ်တကျဆောင်ရွက် ပေးထားပါသည်။

ကမ္ဘာအနှံ့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံခြားငွေဖြင့် ရောင်းချသော မြန်မာ့ ကျောက်မျက်ရတနာပြပွဲများကိုကျင်းပနိုင်ခြင်းမရှိခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ယခု ၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium); G&opompoday's ရတနာပြပွဲဗဟိုကော်မတီက စီစဉ်ဆောင်ရွက်ခဲ့ ခြင်းဖြင့် ကျောက်မျက်ရတနာရောင်းဝယ်သူများ အတွက် ငွေကြေးလည်ပတ်ခြင်း၊ ကျောက်မျက် ရတနာအချောထည် လုပ်ကိုင်သူများအတွက် ကုန်ကြမ်းရရှိခြင်းနှင့် ကျောက်မျက်ရတနာကဏ္ဍမှ လုပ်သားများအတွက် အလုပ်အကိုင်များ အဆင်ပြေခြင်းစသည်တို့ အခွင့်အလမ်းများကို ရရှိလာ နိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

သတ္တုငြိမ်း