ဆီနှင့်ငွေ အတူမနေ
ငယ်စဉ်က ဆီဝယ်သည့် အလုပ်ကို ကလေးများ လုပ်ရပါသည်။ ဆီပုလင်းပပြီး ဆီသည်ထံ သွားဝယ်ရာတွင် ငါးကျပ်သား၊ တစ်ဆယ်သား ခြင်ခွက်ကလေးများနှင့် ထပေးသည်ကို သဘော ကျပါသည်၊ ကဏသဉ့်ဂေါ်လီလုံးသာသာခြောက် ကလေးများ၊ ဂျင်ပေါက်ကာစသည့်အရွယ် ခွက် ကလေးများကိုကိုင်၍ ပုံထဲမှာ ခြင်တွယ်ရေစက်ချ နေသည်မှာ ကြည့်၍လူ၏။ အလွန်လျင်မြန် ကျွမ်းကျင်စွာ ခြင်တွယ်သောဈေးသည်များကို ကြည့်၍ အံ့ဩဓိ၏။
အရွယ်ရောက်သည့်အခါတွင် ဆတ်ဆီဆိုင်တွင် အလုပ်လုပ်သည့်အခါမှ ခြင်တွယ်သူ၏ ကျွမ်းကျင်မှုက အရေးကြီးပါလားဟု သတိထားမိ၏။ ဆတ်ဆီဝင်းရာတွင် ထည့်သောက်ကို စက်ရပ်သည်နှင့်တစ်ပြိုင်နက် မြန်မြန်ထုတ်ပေးနိုင် လျှင် ဓာတ်တွေ ပိုက်ထဲမှာကျန်ခဲ့သည်။ ထိုနည်း တူ ဆီသည်တို့မှာလည်း ဆီခြင်ခွက်၏ အနုတ် သိမ်အကြည့်၍ လက်ကျန်ရှိပါ၏။ ဒီကား ရေနှင့်မတူ။ ခွက်ကျန်၏။
အရည်အသွေးကွာခြားမှု ညွှန်းဆို
“ဆီနှင့်ရေလိုပဲ” ဟု နှိုင်းယှဉ်မြန်မာစကားရှိ၏။ အရည်အသွေးကွားခြားမှုကို ညွှန်းဆိုပါ၏။ “ဆီနှင့်ငွေလိုပဲ” ဟူသော နှိုင်းယှဉ်စကားမျိုး မရှိသေးသည့်အတွက် ယခုဆောင်းပါးဖြင့် နှိုင်းယှဉ်၍ ပြလိုပါ၏။ ငွေတန်ဖိုးအားဖြင့် ဆီသည်တရိပ်ရိပ်တက်လျက်ရှိ၏။ ငွေနှင့်နှိုင်းယှဉ်၍ ဆီတန်ဖိုး တက်သည်နှင့်အမျှ ဆီ၏အရည်သွေးအပြောင်းအလဲရှိနေ၏။
"Shrinkflation" ဟု ယခုအခါ ကင်ပွန်းတပ်ကြလေသည်။ ငွေတန်ဖိုးဝင်းပွမှု၊ ဈေးမြင့်တက်မှု ကို လှည့်စားသည့်အနေဖြင့် မှန်ဝင်းက အလုပ်ထဲမှ ပစ္စည်းပေမယT၍ တွက်ခြေကိုက်အောင် လုပ်လာ ကြလေသည်။ ဤအဖြစ် အပျက်ကို Edgar worsky ဆိုတာ သုတေသနပြု ဖော်ထုတ်ခဲ့လေသည်။ သူတို့နိုင်ငံတွင် အာလူး ကြေကအစ ပြောင်းဖူးပေါက်ပေါက်အဆုံး အထုပ်ထဲတွင် ရွှေ့ ရွံ့၍သွားခြင်း (Shrink) ဖြစ်ကြောင်း တွေ့ရ၏။ “ဒါမျိုးတွေဒီလေ” ပဟုမေးလျှင် ရယ်ကြမည်မှချ။
မြန်မာပြည်တွင်သာလွန်မင်းကြီး လက်ထက် ကတည်းကစ၍၊ တင်းကောင်း အခြင်အတွကို စိစစ် ပြီးသား။ မပုန်ကန်ပြုလုပ်သူများကို ထိရောက်ပြင်းထန်စွာ အရေးသည်ဖြစ်၍ တန်ဖိုးကြီးသောဆီကို အခိုးရေင်ချမည့်သူ အိုဟု ယူဆရသည်။ သို့ရာတွင် လက်လီရောင်း *ဉ့်သုံးသော ဆီမှုတ်တော်မှာ အလေးချိန်ကို ထုထသည်နှင့် လုပ်ရောင်းချနေခြင်းဖြစ်ရာ မည်မျှမှန်ကန်ကြောင်း သုတေသနပြု သည့် မြန်မာ ပရင်တို့ မပေါ်ပေါက်လေး။
ထို့အတူ အတူနေသော ဆီသို့ ရောကား ခြင်း ရှိ၊ မရှိ၊ ဆီထဲသို့ရေရော၍ ပွားနိုင်သောနည်းပညာ ရှိ၊ မရှိ ကျွန်ုပ်တို့မသိ။ ရေးရေးမျှ သိလာရသည့်အချက် ကားဆီကိုဆီရော၍ ရောင်းချနေကြောင်းပင်။ တန်ဖိုး ရှိသောဆီကို တန်ဖိုးနည်းသောဆီဖြင့် ရောနှော ရောင်းချခြင်းဖြင့် ရှုံ့တွမှု (Shrinkflation) မဖြစ်နိုင်။
သို့သော် စားသုံးသူများ၏ နှလုံးသွေးကြော ကလီစာများမှာ ထိုဆီရောများကြောင့် ရွှံ့တွပျက်စီး မှုများ ဖြစ်လာမည်မှာ သေချာ၏။ ငွေတန်ဖိုးဖောင်းပွ မှုနှင့်အတူ လူတို့မှာ ဖောရောင်ဖောင်းပွမှုများ ဖြစ်ပေါ်လာမလား၊ စိုးရိမ်စရာ ဖြစ်ပါတော့၏။ အရောအနှောမပါဘဲ ဆီအစစ်၊ ဆီအသန့် တင်သွင်းရမှုကို လေ့လာမိသောအချက်ကား ၁၈၁၀-၂၀၂၁ ရက်နေ့က နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ခွန်းတွင် “၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကနေ စားသုံးဆီတန်ချိန် ရှစ်သိန်းကျော် တင်သွင်းခဲ့ရပါတယ်။ အမေရိကန်ဒေါ်လာအားဖြင့် သန်းပေါင်း ၃၀ ကျော် ဖြစ်ပါတယ်။ လူတစ်ယောက် ကို ခြောက်ပိဿာနှုန်းနဲ့ စားမယ်ဆိုရင်တောင်မှ မြန်မာနိုင်ငံမှာ ဆီလိုအပ်ချက်ဟာ တန်ချိန်ငါးသိန်း ပဲရှိပါတယ်။ တကယ်လို့ ခုနှစ်ပိဿာနှုန်းနဲ့ စားမယ် ဆိုရင် ဆီလိုအပ်ချက် ၅ ဒသမ ၆ သိန်းရှိပါမယ်။ တကယ်လို့ ရှစ်ပိဿာနဲ့ စားမယ်ဆိုရင် ဆီလိုအပ် ချက် ၆ ဒသမ ၆ သိန်းရှိပါတယ်။ အခု ရှစ်သိန်းကျော် သွင်းထားတဲ့အတွက်ကြောင့် ဆီစားသုံးမှုဟာ လွန်စွာမှများပြားနေတယ်လို့ ပြောရမှာ ဖြစ်ပါ တယ်”ဟု ပြောကြားပြီး ဆီစားသုံးမှုကို ကျန်းမာ ရေးအမြင်အရသော်လည်းကောင်း၊ နိုင်ငံရဲ့ လိုအပ် ချက်အရသော်လည်းကောင်း ဒါကို ကြပ်ကြပ် မတ်မတ်နဲ့ထိန်းသိမ်းစားသုံးဖို့ မေတ္တာရပ်ခံသွားတာ မှတ်သားမိပါသည်။
ပညာပေးထွက်ကုန်အဖြစ် တွေ့ရှိ
ကျန်းမာရေးအမြင်အရ ဆီစားသုံးမှုသည် ဘေးအန္တရာယ်ဖြစ်လောက်အောင် များပြားနေ ကြောင်း ပညာပေးခဲ့၊ ပြောခဲ့၊ ရေးခဲ့ပေါင်းများပြီ ဖြစ်ပါသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ပညာပေး လုပ်ငန်းများ ကျွန်တော်တို့ လုပ်ခဲ့ကြ၏။ လူပေါင်း မည်ကို မည်သည့်နည်းဖြင့် အသိပညာပေးလိုက် ကြောင်း၊ ဆောင်းပါးပေါင်မည်ရှိ၍မည်သူတွေက မည်သို့ခဲ့ကြောင်း အထက်အထကို ပညာထွက်ကုန် Output) အဖြစ်တွေ့ရှိနိုင်သည်။
ထိရောက်မှု ရှိ၊ မရှိ သုံးသပ်ကြည့်ကြပါစို့။
- ၁၉၉၂ ခုနစ်က လူတစ်ယောက် နေ့စဉ်စားသုံး မူ (၀ ဒသမ ၅၄ ကျပ်သား၊
- ၁၉၉၅ ခုနှစ်မှာ လူတစ်ယောက်နေ့စဉ်စားသုံး မှု ၁ ဒသမ ၂ ကျပ်သား၊
- ၁၈-၁၁-၂၁တွေ့ရှိချက်ကိုမုန်းတွက်ချက်ကြည့်လျှင် လူတစ်ယောက် တစ်နေ့ဆီသုံးနှုန်း နှစ်ကျပ်ခွဲသားမှ သုံးကျပ်သာအထိရှိသည်။
ပညာပေလေ ဒီစားသုံးမှု ထိုးဖြစ်ပြီး ၁၉၉၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ငါး၊ ခြောက်မျှ ပို၍ စားသုံးလာကြကြောင်း တွေ့နိုင်ပါသည်။ ဆီစား သုံးမှု များလာခြင်းကြောင့် ကျန်းမာရေးထိခိုက်မှု ရလဒ်များ (Health Impact) ကိုမူ သူသူငါငါရေးပြ လျက်ရှိပါသည်။ စားသုံးသူတွေ ဘာကြောင့် မလိုက် ကြပါသလဲဆိုသည်ကို လေ့လာသုံးသပ်၍ ပိုမို ထိရောက်သည့်နည်းကိုရှာကျင့်သုံးဖို့ လိုနေ ပြီဖြစ်ပါသည်။
လိုရင်းတိုရှင်း တင်ပြလိုပါသည်။
“ဆီသတ်လျှင် ကော်မည်” ဟူ၍ပင်။
ယခု ၂၀၂၀-၂၀၂၁ မှာ တင်ဖို့အတွက်တော်မှာ ဒေါ်လသန်းပေါင်း ၈၃၀ ကျော် ရှိပါသည်။ နိုင်ငံအနေဖြင့် ဤမျှငွေထွက်သွားသည်ထက်ပို၍ မိသားစုတိုင်၏ အိတ်ကပ်ထဲမှ ထွက်ကုန်ပါ သည်။ ဒီလက်ကာဝင်သူများက နှစ်ရာခိုင်နှုန်း မျှသာ အမြတ်မယူသည်ဆိုလျှင်ပင် ဒေါ်လာသန်း ၂၀ မျှ ရှိပါသည်။ လက်လီရောင်းသူများက ထပ်ပြီး ဝန်ဆောင်ခ အကျိုးအမြတ်သောအခါတွင် သုံး သူတို့ သုံးစွဲလိုက်ရသောငွေကြေးသည် ထိုတစ်ခု တည်းအတွက်ပင် မနည်းလှပေ။
ပြောင်းပြန်စဉ်းစားကာ ကောင်းသည်ထက်က တွက်ပါမည်။ “ဆီထွက်လျှင် ငွေဝင်မည်”ဟူ၍၊ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံ စိုက်ပျိုးက ရှစ်သန်းရှိပါသည်။ ပြည်တွင်းဘီတော်တန်ချိန် လေးသိန်းရှိပါသည်။ လူထုသုံးမှုက ဆီတန်ချိန် ခြောက်သိန်းမျှရှိပြီး နောက်ထပ် တန်ချိန်ငါးသိန်း ခန့်မှာ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် သောက်ကုန်ထုတ်လုပ်ငန်းက သုံးစွဲနေကြ ကြောင်း သိရပါ၏။
ကျန်မာရေးအတွက်သာမက ဈေးကွက်ထဲမှာ ပါတန်ဖိုးကြီးသောဆီများ မြန်မာနိုင်ငံမှ ထွက်ပါ သည်။ မြန်မာ နိုင်ငံထွက် နှမ်းနက်များကို ဂျပန်၊ ဆင်ကိုရီးယား စသည့် နိုင်ငံ က ကြိုက်၏။ နှင်းဖြူညို၊ နက် ရောင်စုံများကို တရုတ်က သိမ်ဆယ် ၏။ အင်္ဂလိပ်၊ ဂျာမနီ၊ နယ်သာလန်၊ ပိုလန်မှစ၍ ရိနိုင်ငံအထိ မြန်မာ့ရော်ရှိ၏။ ယုတ်စွဆုံး မြန်မာနိုင်ငံထဲပြန်ဝင်လာသောဂျပန် အင်းဆီ ပုလင်း ကလေးများကို ဈေးကြီးပေ၍ ပြန်လည် စားသုံးနေလေသည်။
အရင်းအနှီးပံ့ပိုးမှုများ များစွာလိုအပ်နေ
သို့သော် မြန်မာ့နှမ်း၊ ပဲစသည့်ထွက်ကုန်များမှာ ကုန်ကြမ်းအဖြစ်သာ မျက်နှာငယ်ငယ်နှင့် ဝယ်သူအကြိုက် ရောင်းနေကြရ၏။ တန်ဖိုးမြင့် ထွက်ကုန်အဖြစ်ရောင်းချရန် ကြိုးစားနေကြသော် လည်း နည်းပညာနှင့် အရင်းအနှီးပံ့ပိုးမှုများ များစွာ လိုအပ်နေပါသေး၏။ စိုက်ပျိုးထွက်ရှိသည့် နေရာမှ စားသုံးသူပါးစပ်ထဲအရောက် ကွင်းဆက်မပြတ် စံချိန်မီဖို့၊ ကျန်းမာရေးနှင့်ညီဖို့ လုပ်ငန်းတွေ များစွာ ရှိနေရာပဲ၊ နှမ်း၊ ပြောင်း စသည့်သီးနှံစိုက်တောင်သူ များကစ၍ ဉာဏ်အမြော်အမြင်ရှိရှိ၊ သိပ္ပံနည်းသိသိ ရောင်းသူဈေးကွက်ဖြစ်အောင် လုပ်ရာတွင် အားစိုက်ထည့်ဖို့ နောက်မကျသေးပေ။
ယခုကျွန်တော်တို့ တိုင်းပြည်တွင် စားသုံးဆီ မလောက်ပါ။ သို့ဖြစ်၍ ဈေးချိုသော စားအုန်းဆီ များကို လှည့်လည်ဝယ်ယူနေရလေသည်။ အဓိက ဆီရောင်းပေးသော မလေးရှားနိုင်ငံသာမက ထိုင်း နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့ကလည်း ဆီအုန်းများကို အကြီးအကျယ်စိုက်ပျိုးကြပြီး ကမ္ဘာ့စားသုံးဆီ (PalmOil) ဈေးကွက်ကိုလွှမ်းမိုးထားကြလေသည်။
ထိုင်းနိုင်ငံတောင်ပိုင်းမှသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရောက်ခါနီးအထိ ဆီအုန်းတော ကြီးများကို လေယာဉ်ပေါ်မှ မြင်နိုင်ပါသည်။ သို့ရာ တွင် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံရှိ ဆီအုန်းတောများမှာ အိုမင်းသွားပြီ ဖြစ်ပါသည်။ တိုးချဲ့စိုက်ပျိုးရန် မြေလည်းမရှိတော့ချေ။ ဆီအုန်း ထွက်နှုန်းသာမက အရည်အသွေးပါ ကျဆင်းနေ သည့်ပြဿနာကိုဖြေရှင်းနေကြရ၏။ တစ်ပြိုင် တည်းတွင် ဆီအုန်းကို တန်ဖိုးမြှင့်ထွက်ကုန် ဖြစ်လာ၍ နည်းလမ်းအမျိုးမျိုးဖြင့် ကမ္ဘာ့ဈေးကွက် ထဲမှာ ထိန်း၍ထားကြ၏။
မြန်မာနိုင်ငံတွင်လည်း ဆီအုန်းစိုက်ပျိုးမှုများ လုပ်ခဲ့၏။ သဘာဝတောရိုင်းကြီးများကို ခုတ်ထွင် ရှင်းလင်းပြီး ဆီအုန်းခြံများ ထူထောင်ခဲ့ကြသော် လည်း တိုင်းပြည်၏ ဆီလိုအပ်ချက်အတွက် မည်မျှ ဖြည့်ဆည်းနိုင်သည်ကို မသိရှိရသေးပါ။ စားသုံးရန် သင့်သည့် ဆီအုန်းများထုတ်နိုင်ရန်အတွက် ဆီစက် များသည် ဆီအုန်းခြံနှင့်နီးမှသာ Virgin oil ကို ထုတ်ယူနိုင်မည်ဖြစ်ပြီး ဆီအုန်းခိုင်များကို ခုတ်ပြီး ခရီးလမ်းတွင် ကြာမြင့်သွားပါက ဆီအုန်းအရည် အသွေး ကျဆင်းသွားတတ်ကြောင်း သိရ၏။
မည်သို့ဆိုစေ ကျွန်တော်တို့မှာ “ဆီအိုး” ဖြစ်နိုင်စွမ်းရှိနေသည်မှာ စိတ်ကူးယဉ်မဟုတ်ချေ။ တန်ဖိုးမြှင့်၍ ရောင်းချနိုင်သော နှမ်းဆီ၊ မြေပဲဆီ၊ ပဲပုပ်ဆီ၊ ပြောင်းဆီ၊ နေကြာဆီကအစ မြန်မာပြည် မှာ ထုတ်လုပ်ရောင်းချနိုင်၏။ ဈေးသက်သက် သာသာနှင့်ဝယ်စားနိုင်သော ဆီအုန်းများကိုလည်း တောမပျက် တောင်မပျက် ဆက်လက်တိုးမြှင့် ထုတ်ယူနိုင်ရန် စီမံနိုင်၏။ သံလွင်ဆီ၊ ထောပတ်သီး ဆီမှစ၍ အမည်သစ်များထုတ်လုပ်ရန် ကြံဆနိုင်၏။ ဆီထွက်သည်နှင့်အမျှ ငွေဝင်မှာ သေချာ၏။
တစ်ဖက်ကလည်း ငွေအထွက်နည်းရန် ဆီသုံးချွေတာဖို့ လိုလာသည်။ “ဆီအစားလွန်သောကြောင့် ဖြစ်လာနိုင်သော ရောဂါပြဿနာများကို ကျက်မှတ်ရွတ်ဆိုနေရုံနှင့် မလုံလောက်ဘဲ လက်တွေ့ ကျကျအလုပ်လုပ်ကြဖို့ အချိန်ပင်။
“ဆီနှင့်ငွေ အတူမနေကြောင်း” သေသေ ချာချာသဘောပေါက်ဖို့တော့ လိုလာသည်။ မသုံးနိုင်သူနှင့် ဖြုန်းနိုင်သူတို့ ညှိကြဖို့လည်း လိုပါသည်။
ဆရာမဲဇာ