နိုင်ငံတော်က အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ပေးနေ တဲ့အချိန်မှာ အလှည့်ကျရရှိလာတဲ့ ကာကွယ်ဆေးကို သွားရောက်ပြီး ထိုးနှံခြင်း မပျက်မကွက် ခံယူသင့်ပါတယ်
ဒေါက်တာသန်းနိုင်စိုး
အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်း သူများကို ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့် စီမံချက်လုပ်ငန်းနှင့် ပတ်သက်၍ သိကောင်းစရာများ
ထက်လျှံ
အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့် စီမံချက်လုပ်ငန်းနှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုး ကို တွေ့ဆုံမေးမြန်းခဲ့သည်။
မေး ။ ။ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူတွေကိုကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးရတဲ့ ရည်ရွယ်ချက်ကို ပြောကြား ပေးပါဦး။
ဖြေ ။ ။ အသက် ၁၂ နှစ်ပြည့်ပြီးတဲ့ ကလေးတွေ ကို ကာကွယ်ဆေးထိုးနှံပေးရေးလုပ်ငန်း ကို လက်ရှိနေပြည်တော်မှာ စတင်ဆောင်ရွက် နေပါတယ်။ နိုင်ငံတကာမှာ ကျောင်းတွေ ပြန်ဖွင့် တဲ့အခါမှာ ကျောင်းသားတွေအကြားမှာ အစုလိုက် အပြုံလိုက် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကြောင့် ကျောင်းတွေ ပြန်ပိတ်ရတာ၊ ကျောင်းသား ကျောင်းသူတွေမှာ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားရင် အနီးကပ်ထိစပ်တဲ့သူတွေ၊ ဆရာ ဆရာမတွေ ကွာရန်တင်းဝင်ရတာတွေကြောင့် ပညာရေးနဲ့ ပတ်သက်ပြီး အဟန့်အတား ဖြစ်ရတာတွေ လျော့နည်းဖို့ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အသက် ၁၂ နှစ်အထက် အခြေခံ ပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့် စီမံချက်ရဲ့ ရည်ရွယ်ချက်တွေက (၁) အခြေခံပညာအလယ် တန်းနဲ့ အထက်တန်း ကျောင်းသား ကျောင်းသူတွေ ကို ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်းတွေရရှိစေရန်၊ (၂) အခြေခံပညာ ကျောင်းသား ကျောင်းသူတွေမှာ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသေဆုံးမှုကိုလျှော့ချရန်၊ (၃) ကျောင်းသူ ကျောင်းသားတွေမှတစ်ဆင့်မိသားစုနဲ့ပတ်ဝန်းကျင် ကို ကိုဗစ်- ၁၉ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီး ရန် ဖြစ်ပါတယ်။
မေး ။ ။ အခြေခံပညာ အလယ်တန်းနဲ့ အထက် တန်း ကျောင်းသား ကျောင်းသူဦးရေ အရေအတွက် ဘယ်လောက်ကို ကာကွယ်ဆေး ထိုးနှံပေးရေး ဆောင်ရွက်သွားမယ်ဆိုတာကို သိရှိ လိုပါတယ်။
ဖြေ ။ ။ တစ်နိုင်ငံလုံးအနေနဲ့ စီမံချက်ရည်မှန်းချက်က ကျောင်းသား ကျောင်းသူဦးရေ တစ်သန်း ရှိပါတယ်။ အဓိက ကျောင်းတကယ် တက်တဲ့ ကျောင်းသား ကျောင်းသူတွေကို ဦးစား ပေးပြီး ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းတဲ့ Sinovac ကာကွယ်ဆေးတစ်သန်း doses စတင်ရောက်ရှိ နေပြီး နောက်ထပ်လည်း ထပ်မံရောက်ရှိမှာ ဖြစ်ပါ တယ်။ အဓိကအချက်က အသက် ၁၂ နှစ် ပြည့်ပြီးဖို့ လိုပါတယ်။ ကျောင်းမှာ အမှန်တကယ်တက်ရောက် တဲ့ ကျောင်းသား ကျောင်းသူ ဖြစ်ရမယ်။ ဒီလို အခြေခံပညာအလယ်တန်း၊ အထက်တန်းကလေး တွေကို ဦးစားပေးပြီး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပညာရေးဝန်ကြီးဌာန အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ စာရင်းရှိ၊ ကျောင်းအပ်နှံ၊ အမှန်တကယ်တက် ရောက်ဆိုပြီး ကျောင်းသား ကျောင်းသူစာရင်းတွေရှိတဲ့နေရာမှာ အမှန်တကယ်တက်ရောက်တဲ့ စာရင်းမှာပါတဲ့ ကျောင်းသား ကျောင်းသူတွေကို ဦးစားပေး ထိုးနှံ ပေးမှာ ဖြစ်ပါတယ်။ ။
ကျန်စာရင်းတွေထဲမှာ ပါသူတွေအထဲက ကျောင်းကို အမှန်တကယ် တက်ရောက်လာတဲ့ ကျောင်းသား ကျောင်းသူ တွေကို ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ဆက်လက်ထိုးနှံပေးမှာ ဖြစ်ပါ တယ်။ အကြောင်းအမျိုးမျိုးကြောင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အကြားရှိပြီး အခြေခံပညာအလယ် တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူ မဟုတ်သူတွေ၊ ကျောင်းကို အမှန်တကယ် တက် ရောက်ခြင်း မရှိသူတွေအနေနဲ့ ယခုစီမံချက်မှာ ပါဝင်ခြင်း မရှိပေမယ့် ကာကွယ်ဆေး လွှမ်းခြုံမှုတွေ တစ်နိုင်ငံလုံးမြင့်မားစွာ ရရှိလာတဲ့အခါ ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးရရှိမှုအပေါ် မူတည်ပြီး နိုင်ငံတော်က ထိုးနှံပေးတဲ့အခါ ပါဝင် လာမှာ ဖြစ်ပါတယ်။ ။
မေး ။ ။ ကာကွယ်ဆေးထိုးခါနီး မိဘအုပ်ထိန်းသူ တွေ၊ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ ဘာတွေသိရှိထားပြီး ကြိုတင်ဆောင်ရွက် ရမယ်ဆိုတာကိုလည်း ပြောကြားပေးပါဦး။
ဖြေ ။ ။ ကျောင်းအလိုက် ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမတွေက ဘယ်ကျောင်းသား ကျောင်းသူကဖြင့် စာရင်းရှိ၊ ကျောင်းအပ်နှံ၊ အမှန် တကယ်တက်ရောက်ဆိုပြီး သိတဲ့အတွက်ကြောင့် ဒီဆရာ ဆရာမတွေက နေတစ်ဆင့် သက်ဆိုင်ရာ မိဘတွေကို အကြောင်းကြားပေးပြီး မိဘအုပ်ထိန်း သူရဲ့ သဘောတူညီချက်နဲ့ ကာကွယ်ဆေးထိုးစုရပ် တွေမှာ ကာကွယ်ဆေးထိုးနှံနိုင်အောင် စီစဉ် ပေးတာဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကာကွယ် ဆေးထိုးနှံခြင်း ခံယူမယ့်ကလေးကို အိပ်ရေးမပျက် စေဖို့၊ အာဟာရပြည့်ဝစေဖို့ စတဲ့အခြေခံကိုယ်ခံ အားကောင်းစေတဲ့အချက်တွေကို ကြိုတင်ဆောင် ရွက်ပေးထားဖို့ လိုပါတယ်။ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားအရွယ်တွေဆိုတော့ မိဘအုပ်ထိန်းသူရဲ့ သဘောတူညီချက်ပါမှ ထိုးနှံပေးမှာ ဖြစ်ပါတယ်။
ဒီစီမံချက်အရ ကာကွယ်ဆေးထိုးနှံပေးခြင်း လုံးဝမပြုမယ့်ကလေးတွေက အသက် ၁၂ နှစ် မပြည့်သေးတဲ့ ကလေးများနဲ့ လတ်တလောဖျားနာ နေတဲ့ကလေးတွေနဲ့ ကိုဗစ် - ၁၉သံသယလက္ခဏာ တွေခံစားနေရတဲ့ ကျောင်းသား ကျောင်းသူတွေ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့အတွက် ကျွမ်းကျင် တဲ့သမားတော်၊ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေး ပြီးမှသာ ၎င်းတို့၏အကြံပြုချက် အတိုင်း ကာကွယ်ဆေးထိုးနှံပေးရမယ့် ကျောင်းသား ကျောင်းသူတွေ ရှိပါတယ်။ သူတို့က ဆေးတစ်ခုခုနှင့် ဓာတ်မတည့်သော ရောဂါအခံရှိသူတွေ၊ အတက် ရောဂါစတဲ့ ဦးနှောက်အာရုံ ကြောဆိုင်ရာ ရောဂါ တစ်ခုခုရှိသူတွေနဲ့ မိသားစုဝင်များတွင် ထိုရောဂါ ရှိသည့် ကျောင်းသား ကျောင်းသူတွေ၊ သွေးဥ ပွားလျော့နည်းသူတွေ၊ သွေးမတိတ်ရောဂါရှိသူတွေနဲ့ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ် ရောဂါ နဲ့ အိပ်(ခ်ျ)အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါစတဲ့ အခြားရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။
မေး ။ ။ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးရင် ဘယ်လိုနေထိုင် ဆောင်ရွက်ရမယ် ဆိုတာကို သိရှိလိုပါတယ်။ ။
ဖြေ ။ ။ အဓိကကာကွယ်ဆေးတိုင်းမှာ သာမန်နဲ့ ပြင်းထန်နောက်ဆက်တွဲ ရောဂါတွေ ရှိနိုင်ပါတယ်။ အခုထိုးနှံပေးနေတဲ့ Sinovac ကာကွယ်ဆေးဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှာ ၆၃ သန်း doses ထိုးနှံပေးပြီးပါပြီ။ အာဆီယံ နိုင်ငံတွေ အပါအဝင် နိုင်ငံတော်တော်များများမှာ ထိုးနှံပေးလျက်ရှိပြီး မကြာခင်က လာအိုနိုင်ငံမှာ ထိုးနှံပေးလျက်ရှိပါတယ်။ မလေးရှားဆိုရင် ဒီအရွယ် တွေမှာ ထိုးနှံပေးနိုင်ဖို့ Sinovac ကာကွယ်ဆေးကို မကြာခင်က ခွင့်ပြုချက်ပေးလိုက်ပါတယ်။ Sinovac ကာကွယ်ဆေးရဲ့ သဘောက Inactivated Virus ပါဝင်တဲ့ ကာကွယ်ဆေးအမျိုးအစား ဖြစ်ပါတယ်။ ဗိုင်းရပ်စ်က ဆက်ပြီး မပွားနိုင်တာဖြစ်ပါတယ်။
ဒါပေမယ့် ဗိုင်းရပ်စ်ရဲ့ ဂုဏ်သတ္တိ (antigen) ပါတယ်။ ဒါကို ထိုးနှံပေးလိုက်တဲ့အခါ ခန္ဓာကိုယ်က ဒီဂုဏ်သတ္တိ (antigen) ကို မှတ်မိသွားပြီး သူ့ကို တုံ့ပြန်နိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ ဒီသဘောဖြစ်တဲ့အတွက် Sinovac လို ကာကွယ်ဆေးတွေကြောင့် ဘေးထွက် ဆိုးကျိုးပြင်းပြင်းထန်ထန်ဖြစ်ပွား တာ၊ ဘေးထွက် ဆိုးကျိုးအနေနဲ့ နောက်ဆက်တွဲရောဂါဖြစ်တာတွေအင်မတန်မှ နည်းပါတယ်။ ဒါကြောင့် ကာကွယ် ဆေးအုပ်စုအမျိုးမျိုး၊ နည်းပညာအမျိုးမျိုးထွက်တဲ့ အထဲမှာ Sinovac sau]sao Inactivated Virus ပါဝင်တဲ့ ကာကွယ်ဆေးအမျိုးအစားတွေက ပိုမို စိတ်ချရတဲ့အုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ကလေးတွေကို ကာကွယ်ဆေးထိုးမယ်ဆိုရင် Sinovac ကာကွယ် ဆေးကို စဉ်းစားကြတာဖြစ်ပါတယ်။ Sinovac မှာ ပြင်းပြင်းထန်ထန် ဘေးထွက်ဆိုးကျိုး ဖြစ်ပွားတာ မရှိဘူးလားဆိုတော့ ကာကွယ်ဆေးတွေရဲ့ သဘော တရားအရဆိုရင် ရှိနိုင်ပါတယ်။ ကလေးဦးရေ တစ်သန်းမှာ တစ်ယောက်လောက်ပဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားတဲ့ ဘေးထွက်ဆိုးကျိုးရှိတယ်လို့ သိရပါတယ်။ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ပါတဲ့ ၉ လ၊ ၁၈ လ နှစ်ခါပြန်ထိုး ရတဲ့ ဝက်သက် ကာကွယ်ဆေးဆိုရင် ကလေးတိုင်းလိုလို ထိုးကြပါတယ်။ ဒီလိုထိုးတဲ့အခါ နောက်ဆက်တွဲအနေနဲ့ ပြင်းပြင်းထန်ထန်ဖြစ်ပွားနိုင်တဲ့နှုန်းက လူတစ်သိန်း မှာ တစ်ဦးဖြစ်နိုင်တဲ့အတွက် sinovac ကာကွယ် ဆေးက ဝက်သက်ကာကွယ်ဆေးထက်စာရင် အများကြီးလျော့နည်းပါတယ်။
ဒါက Sinovac ကာကွယ်ဆေးရဲ့ ဘေးထွက် ဆိုးကျိုးကို အလွန်အမင်းစိုးရိမ်စရာ မလိုတဲ့အကြောင်း သိရှိထားရမယ့် အချက် ဖြစ်ပါတယ်။ ဒါပေမယ့် မည်သည့်ကာကွယ်ဆေး မဆို နောက်ဆက်တွဲ သာမန်လက္ခဏာ တွေအနေနဲ့ ခေါင်းမူးတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ ပျို့တာ၊ အန်တာ၊ အရေပြားယားယံတာ၊ အနီပြင် ထွက်တာ၊ သတိလစ်ခြင်း၊ ဖျားခြင်းနဲ့ ရင်ဘတ် အောင့်ခြင်း ဒါတွေဖြစ်နိုင်ပါတယ်။ ဒီလို သာမန် လက္ခဏာတွေက ပုံမှန်အားဖြင့် ဆေးထိုးပြီး ၄၈ နာရီအတွင်းမှာ သက်သာပျောက်ကင်းသွားနိုင်တာဖြစ်ပါတယ်။ ။
မိဘအုပ်ထိန်းသူတွေအနေနဲ့ ကြိုတင်သိရှိထား ရမယ့်အချက်က ဒီလိုပြင်းပြင်းထန်ထန် ဘေးထွက် ဆိုးကျိုးဖြစ် ပွားနိုင်တာက ဆေးထိုးပြီး မိနစ်အနည်း ငယ်ကနေ နာရီဝက်အတွင်းမှာ ဖြစ်ပွားလေ့ရှိပါ တယ်။ များသောအားဖြင့် ၁၅ မိနစ်အတွင်းမှာ ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် ဆေးထိုးပြီးရင် ဆေးထိုးစုရပ်က မထွက်ခွာဘဲ စိတ်ချရအောင် နာရီဝက် မဖြစ်မနေစောင့်ဖို့ လိုပါတယ်။ ဒီလိုစောင့် နေစဉ်အတွင်းမှာ တစ်ခုခုဖြစ်လာခဲ့ရင်လည်း ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲဖြစ်ပေါ် လာနိုင်တဲ့ ပြင်းထန်ဝေဒနာတွေကို ကုသပေးနိုင်တဲ့ လေ့ကျင့် သင်ကြားထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလိုအပ်တဲ့ ဆေးဝါး ဆေးပစ္စည်းတွေ အဆင်သင့်နဲ့ စောင့်ကြပ် ကြည့်ရှုကုသပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးထိုးပြီး ဆေးထိုးစုရပ်မှာ နာရီဝက် စောင့်နေဖို့ အရေးကြီး ပါတယ်။
မေး ။ ။ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို ထိုးနှံပေးမယ့် အစီအစဉ်မှာ ဦးစားပေး လူအုပ်စုတွေသတ်မှတ်ထားတာ ရှိတယ်ဆိုရင်လည်း ပြောကြားပေးပါ။ ။
ဖြေ ။ ။ ပထမဦးစားပေးအနေနဲ့ ပညာရေးဝန်ကြီးဌာန အခြေခံပညာအလယ်တန်း၊ အထက်တန်းမှာ ကျောင်းတကယ်တက်ရောက် နေတဲ့ ကျောင်းသား ကျောင်းသူတွေ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေ ဖြစ်ပါတယ်။ ကျန်တဲ့ကျောင်းသား ကျောင်းသူတွေကို ဦးစားပေးအစီ အစဉ်၊ ကာကွယ် ဆေးရရှိမှုအပေါ်မူတည်ပြီး အဆင့်ဆင့် ထိုးနှံ ပေးသွားမှာဖြစ်ပါတယ်။ ။
မေး ။ ။ ကာကွယ်ဆေးထိုးနှံပေးမယ့် စုရပ်၊ ကာကွယ်ဆေးထိုးနှံပေးမယ့် အဖွဲ့မှာ ပါဝင်မယ့်သူတွေနဲ့ ပတ်သက်ပြီးပြောကြားပေးပါဦး။
ဖြေ ။ ။ ကာကွယ်ဆေးထိုးနှံပေးမယ့် စုရပ်ပေါင်း ထောင်နဲ့ချီပြီး ရှိပါတယ်။ ဒီလို စုရပ်တွေမှာ ပါဝင်ဆောင်ရွက်ရတဲ့သူတွေက အတော်များပါ တယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်တုံ့ပြန်ရေး ကော်မတီဗဟို ကနေ အဆင့်ဆင့်ဦးဆောင်မှုတွေ ပေးပြီးနှီးနွယ်ဝန်ကြီးဌာနတွေ၊ စေတနာ့ဝန်ထမ်း တွေအားလုံး ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဆေးထိုးစုရပ်တစ်ခုမှာ အနည်းဆုံး လူ ၇ ဦးပါဝင်လေ့ရှိပြီး နံပါတ် ၁ က ကာကွယ် ဆေးထိုးနှံရေး အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန (သို့မဟုတ်) ကာကွယ်ရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်း ဖြစ်ပါတယ်။ ။
နံပါတ် ၂ က ဆေးထိုးနှံပေးသူဖြစ်ပြီး ကျန်းမာ ရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆောင်ရွက်တာ ဖြစ်ပါတယ်။ နံပါတ် ၃ကဆေးထိုးနှံသူကို ကူညီသူ ဖြစ်ပါတယ်၊ သူကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန (သို့မဟုတ်) စေတနာ့ဝန်ထမ်းအဖွဲ့အစည်းက ဖြစ်ပါတယ်။ နံပါတ် ၄ က ကာကွယ်ဆေးမထိုးနှံမီ သွေးပေါင်ချိန်တယ်၊ အောက်ဆီဂျင် တိုင်းတယ်၊ ကိုယ်အပူချိန်တိုင်းတယ် စသဖြင့် ကျန်းမာရေး စစ်ဆေးပေးပြီး ကာကွယ်ဆေးထိုးနှံရန် သင့် မသင့် ဆုံးဖြတ်ပေးတဲ့သူလည်း ရှိပါတယ်။ ဒါက ကျန်းမာ ရေးဝန်ကြီးဌာနက ဆရာဝန် (သို့မဟုတ်) သူနာပြု (သို့မဟုတ်) ကျန်းမာရေးမှူးအဆင့် ၁ (သို့မဟုတ်) လက်ထောက်ကျန်းမာရေးမှူးတစ်ဦးပါဝင်မှာ ဖြစ်ပါ တယ်။
နံပါတ်၅ က ကာကွယ်ဆေးထိုးနှံမယ့်သူတွေရဲ့ စာရင်းတွေကို ရေးသွင်းရသူဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (သို့မဟုတ်) ပညာရေးဝန်ကြီးဌာနက ပါဝင်ရပါတယ်။ နံပါတ်၆ က ဆေးထိုးနှံမယ့်သူတွေလာရင် ကြိုဆိုနေရာချထားရေး ဆောင်ရွက်မယ့်သူ ဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန (သို့မဟုတ်) စေတနာ့ ( ဝန်ထမ်းအဖွဲ့အစည်းက ဖြစ်ပါတယ်။
နံပါတ် ၇ က ကာကွယ်ဆေးထိုးနှံပြီး စောင့်ဆိုင်းရန်နေရာမှာ ကြီးကြပ်တဲ့သူဖြစ်ပါတယ်။ သူက ကာကွယ်ဆေး ထိုးနှံခြင်း ခံယူထားသူတွေရဲ့ ကျန်းမာရေးအခြေအနေ ထူးခြားမှုရှိလာရင် ချက်ချင်း ဆေးအဖွဲ့တွေဆီကို ပို့ဆောင်ပေးနိုင်မယ့် သူဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန (သို့မဟုတ်) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန (သို့မဟုတ်) စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းက ဖြစ်ပါတယ်။
ဒါကြောင့် ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ ( တစ်ခုမှာ အဖွဲ့ဝင်တွေ အများကြီးပါဝင်ရပါတယ်။ ဝန်ကြီးဌာနတစ်ခု တည်းမဟုတ်ဘူး နှီးနွယ်ဝန်ကြီးဌာနတွေ ပါဝင်ရတယ်။ စေတနာ့ဝန်ထမ်းတွေရဲ့ ကဏ္ဍကလည်း အရေးကြီးပါ တယ်။ ဆေးထိုးစုရပ် တစ်ခုဖြစ်ဖို့၊ ဒီနေရာကို ကာကွယ်ဆေးတွေ အအေး လမ်းကြောင်းမပျက် ရောက်ရှိလာ အောင်၊ ဆေးထိုးအပ်အစရှိတဲ့ ဆေးဝါးပစ္စည်းတွေ စနစ်တကျ ဖြစ်အောင်၊ စာရင်းတွေ စနစ်တကျဖြစ်အောင် ဆောင်ရွက်ရတာ အတော့်ကို လက်ဝင်ပါတယ်။ အားလုံးကလည်း အချိန်နဲ့တစ်ပြေးညီ ပူးပေါင်း ဆောင်ရွက်ရ တာဖြစ်ပါတယ်။ ။ ဒါကြောင့် ဒီလို နိုင်ငံတော်က အသက် ၁၂ နှစ် အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင် ရွက်ပေးနေတဲ့အချိန်မှာ အလှည့်ကျရရှိလာတဲ့ ကာကွယ်ဆေးကို သွားရောက်ပြီး ထိုးနှံခြင်း မပျက် မကွက်ခံယူသင့်ပါတယ်ဆိုတာကို ပြောကြားလိုပါ တယ်။
ကျေးဇူးတင်ပါတယ်။ ။