Skip to main content

တိုင်းပြည်သာယာဝပြောရေးအတွက် ရင်ထဲကစေတနာ

၁၉၉၃ ခုနှစ်ဝန်းကျင်က စင်ကာပူခေါင်းဆောင်ဟောင်း လီကွမ်ယုက စကားတစ်ခွန်းပြောခဲ့ ဖူး၏။ “အစိုးရကောင်းဆိုတာ သီအိုရီတွေ၊ သဘောထား ခံယူချက် တွေကို ဂရုမစိုက်ဘဲ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကိုသာ ရှေးရှုတယ်၊ အစိုးရကောင်းဆိုတာ သဘောတရား ထက်လက်တွေ့ အကျိုးသက်ရောက်မှုကို အလေးထားတယ် ဟူသောစကား ပင်ဖြစ်သည်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အစိုးရတစ်ရပ်၏ ဦးစီးခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်သည် အလွန်အရေးကြီး၏။ ၎င်း၏အနာဂတ်အမြင် Vision သည်လည်းကောင်း၊ ဖြစ်ပေါ်လာသော အခြေအနေတစ်ရပ်အပေါ် မှန်ကန်သော ဆုံးဖြတ်ချက်သည်လည်းကောင်း၊ ထိုနိုင်ငံ၏ အနာဂတ်ပင်ဖြစ်၏။ မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်လျှင် လုပ်ကိုင်ဆောင်ရွက်မှုများ မှန်ကန် နိုင်မည်။ မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်ရန် မှန်ကန်သော အချက်အလက်များကို အခြေခံ ရမည်ဖြစ်၏။ မှန်ကန်သောအချက်အလက်များကို သမိုင်းရေးအမြင်နှင့် ပေါင်းစပ်သုံးသပ်နိုင် လျှင် မှန်ကန်သော ဆုံးဖြတ်ချက်များ မုချရရှိနိုင်ပေ၏။

 

မြန်မာနိုင်ငံအတွက် လိုအပ်

 

သမိုင်းရေးအမြင်ဟူသည် မိမိတို့ကြုံတွေ့ ဖြတ်သန်းခဲ့ကြရသော အတိတ်ကာလ ဖြစ်စဉ် ဖြစ်ရပ်များကို ရှုမြင်သုံးသပ်လျက် မျက်မှောက် ပကတိအခြေအနေမှန်၊ ဖြစ်ရပ်မှန်၊ အကြောင်းအရာ အချက်အလက်များကို ချိန်ထိုး၍ ပေါင်းစပ်သုံးသပ် ခြင်းဖြင့် ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် ကောင်းမွန် မှန်ကန်သည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ

တော် ဝန်ကြီးချုပ်သည် သမိုင်းရေးအမြင်ကို ထိရောက်စွာ အသုံးချခြင်းဖြင့် မြစ်ကြီးနားမြို့နှင့် လားရှိုးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ် အမျိုးသားရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေးအရ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်နှစ်ခုကို ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက် ရမည့်လုပ်ငန်းမှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ် ရိက္ခာပေါများရေး၊ နိုင်ငံရေးအရ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်နှစ်ခုမှာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက် ရေးဟူသည့် ရည်မှန်းချက်များထားရှိ ဆောင်ရွက်ရေးဟူသော လုပ်ငန်း စဉ်များထွက် ပေါ်လာခဲ့သည်။ ကမ္ဘာပေါ်ရှိ မည်သည့် အစိုးရပင်ဖြစ်စေ မိမိတို့၏ တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်အောင် တတ်စွမ်းသရွေ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လိုကြ၏။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေး လမ်းစဉ်နှင့်နိုင်ငံရေး လမ်းစဉ်နှစ်ရပ်သည် မြန်မာနိုင်ငံ အတွက် လိုအပ် သည့် ပကတိ အရှိတရားပင်ဖြစ်၏။

လူတိုင်း၏ အခြေခံလိုအပ်ချက်သည် စား၊ ဝတ်၊ နေရေးပင်ဖြစ်ပြီး ထိုသုံးမျိုးအနက် စားရေးသည် နေ့စဉ်ဖြေရှင်းနေရသော အခြေခံပြဿနာပင် ဖြစ်၏။ နိုင်ငံတစ်ခု၏ အစိုးရသည် တိုင်းရင်းသား ပြည်သူများ၏ စား၊ ဝတ်၊ နေရေးအတွက် အခြေခံ လိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်း ပေးနိုင်ရန် လိုအပ်ပေသည်။ ထိုသို့ဖြည့်ဆည်းမှု မပြုပေးနိုင်လျှင် မည်သည့် အုပ်ချုပ်ပုံ နည်းစနစ်ဖြင့်ဆောင်ရွက်စေကာမူ အောင်မြင်မည် မဟုတ်ပေ။ အခြေခံလိုအပ်ချက် ဖြစ်သည့် စား၊ ဝတ်၊ နေရေးကို ဖြည့်ဆည်းပေးနိုင်သည့် စနစ်သည်သာ ရေရှည် တည်တံ့ ခိုင်မြဲနေမည် ဖြစ်သည်။ လူသားများ အသက်ရှင်သန် ရပ်တည်နိုင်ရန်အတွက် စားသောက် ဖွယ်ရာ၊ စားနပ်ရိက္ခာများ လိုအပ်သည်။ လူသားတို့အတွက် စားနပ်ရိက္ခာ လောက်ငဖူလုံမှု မရှိပါက အစာရေစာရှားပါးပြီး ဈေးနှုန်း ကြီးမြင့်ခြင်း နှင့် ဘဝရှင်သန်ရေးအတွက် အခက်အခဲ ရှိလာပြီး ငတ်မွတ်မှုများ ဖြစ်ပေါ်လာပေမည်။

 

စားနပ်ရိက္ခာဖူလုံရေး

 

ယနေ့ကမ္ဘာတွင် လူတိုင်း စားသုံးနိုင်ရန် ရည်ရွယ်၍ စားနပ်ရိက္ခာများ အလုံအလောက် ထုတ်လုပ်လျက်ရှိ၏။ သို့သော် လူအများစုသည် ၎င်းတို့ အလိုရှိသည့် အစားအစာကိုဝယ်ယူရန် မတတ်နိုင်သော အခြေအနေနှင့် ရင်ဆိုင်နေရလျက် ရှိသည်။ ကမ္ဘာ့ လူဦးရေ၏ ထက်ဝက်နီးပါးခန့်သည် ဆာလောင်မွတ်သိပ်မှုဒဏ်နှင့် အာဟာရမပြည့်ဝသည့် အန္တရာယ်စ သည့် စားနပ်ရိက္ခာဖူလုံမှုမရှိသည့် အခြေအနေတို့နှင့် ရင်ဆိုင်နေရလျက်ရှိသည်။ ယခု အခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အခြေအနေဆိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် အလုပ် အကိုင် ရှားပါးမှုဖြစ်ပေါ်လျက်ရှိပြီး လူသားတို့၏ စားနပ် ရိက္ခာဖူလုံမှုမရှိသည့် အခြေအနေသည် တိုးပွား လာဖွယ်ရှိနေပေသည်။ မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကထားစိုက်ပျိုးသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ၎င်းအပြင် ဆန်စပါးကို အခြေခံပြီး အခြား စိုက်ပျိုးသီးနှံများကိုလည်း စိုက်ပျိုး ထုတ်လုပ်နိုင်သဖြင့် မိမိနိုင်ငံအတွက် စားနပ်ရိက္ခာဖူလုံမှုတွင်တောင့်တင်းသော နိုင်ငံ တစ်ခုဟု ဆိုနိုင်၏။ မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော် ခန့်သည့် စိုက်ပျိုးရေး လုပ်ကိုင် နေကြသူများဖြစ်သဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အရေးပါဆုံး လုပ်အားများ ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍကုန် ထုတ်လုပ်မှု လုပ်ငန်းစဉ်များသည် စားနပ်ရိက္ခာ ထုတ်လုပ်မှုအတွက်သာမက ကျေးလက်နေပြည်သူ သန်းပေါင်းများစွာ၏ အသက် မွေးဝမ်းကျောင်းမှုအတွက် အဓိကကျောရိုးမဏ္ဍိုင် လုပ်ငန်းကြီး ပင်ဖြစ်သည်။ မြန်မာနိုင်ငံ တစ်ဝန်းတွင် အသားတင်စိုက်ပျိုးမြေဧက (၂၉ ဒသမ ၅၉)သန်း ရှိပြီး အဆိုပါမြေပေါ်တွင် ရာသီအလိုက် သီးထပ်၊ သီးညှပ်များကိုလည်း စိုက်ပျိုးလျက်ရှိသည့်အတွက် နှစ်စဉ်သီးနှံ စိုက်ပျိုးဧက စုစုပေါင်းမှာ ၄၈ သန်း ကျော်ခန့်ဖြစ်၏။ တိုးတက်လာသည့် နိုင်ငံ့ လူဦးရေ ၏ နေ့စဉ်စားနပ်ရိက္ခာဖူလုံရန်အတွက် စိုက်ပျိုးရေးလုပ်ကိုင်သူများက မျိုး၊ မြေ၊ ရေ၊ နည်းလေး မျိုးဖြစ်သည့် မျိုးကောင်းရန်၊ မြေနှင့်ရေကောင်းရန်၊ စိုက်နည်းစနစ် မှန်ကန်ရန်နှင့် လိုအပ်သည့် ၊ သွင်းအားစုများကိုလည်း ပြည့်ပြည့်ဝဝ ထည့်သွင်း အသုံးပြုမည်ဆိုလျှင် သီးနှံ အထွက်နှုန်း မြင့်မား လာစေမည်ဖြစ်၏။ သို့မှသာ နိုင်ငံအတွင်း စားနပ် ရိက္ခာဖူလုံမည်သာမက ပိုလျှံလာမည့် စိုက်ပျိုးရေး ထွက်ကုန်များကိုလည်း နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်း ချနိုင်လျှင် စီးပွားရေးအခြေအနေသည်လည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်၏။ ရုရှား ဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပသည့် (၉) ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေး ညီလာခံတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက " The Asia Pacific Region in the Content of Global Politics" ခေါင်းစဉ်ဖြင့် ဆွေးနွေးစဉ် “ပြည်သူများ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်နဲ့ ဝဝလင်လင် စားသုံး နိုင်ကြစေရန်အတွက်စိုက်ပျိုးရေးကဏ္ဍတွင် အများ ပြည်သူတို့ အဓိကစားသုံးသည့် ဆန်နဲ့ဂျုံများပိုမို စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဦးစားပေးဆောင်ရွက် သင့်သည့်အပြင် လူသားများရဲ့ အခြားသော ဖြည့်စွက်စာများကိုလည်း တစ်ဖက်တစ်လမ်းမှ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက် သင့်ကြောင်း ကို ထည့်သွင်းဆွေးနွေး၍ စားနပ် ရိက္ခာဖူလုံရေး၏ အရေး ကြီးမှုအား ထည့်သွင်း ပြောကြားခဲ့သည်။ ။

 

ယနေ့ကမ္ဘာ့နိုင်ငံ အများစုသည် ကိုဗစ်-၁၉ ကပ်ရောဂါအား ကြုံတွေ့လျက်ရှိပေသည်။ မြန်မာ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပေါ် နေသည့်ကာလအတွင်း နိုင်ငံ၏ အခြေခံ စီးပွားရေး လုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဝန်ကြီးချုပ်များ၊ တိုင်းမှူး များနှင့် တာဝန်ရှိသူများက အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင်စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှု ရာနှုန်း ပြည့်တိုးတက်လာစေရန်နှင့် စားနပ်ရိက္ခာဖူလုံရန်၊ ပြည်သူများ၏ စား၊ ဝတ်၊ နေရေးကို အထောက် အကူပြုစေရန်အတွက် သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်း ပေးလျက်ရှိသည်ကိုတွေ့ရှိရ၏။ စားနပ် ရိက္ခာဖူလုံမှသာ အာဟာရပြည့်ဝပြီး ကျန်းမာကြံ့ ခိုင်သော လူသားများအဖြစ် ကြံ့ခိုင်စွာရပ်တည် နိုင်မည်ဖြစ်၏။ အာဟာရပြည့်ဝမှသာ ကိုယ်ခံ အားစနစ် ကောင်းမွန်ပြီး ကြုံတွေ့နေကြရသော ရောဂါကို လည်း ခုခံကာကွယ် နိုင်မည်သာဖြစ်ပေ၏။

 

တည်ငြိမ်အေးချမ်းမှုရှိစေရန်

 

 နိုင်ငံတော်၏ စီးပွားရေး အခြေအနေနှင့် တိုင်းပြည်၏ အဘက်ဘက်မှ သာယာဝပြောရေးသည် နိုင်ငံရေးအခြေအနေနှင့် အပြန်အလှန် အထောက် အကူပြုလျက်ရှိ၏။ တိုင်းပြည်အေးချမ်း သာယာမှုရှိမှသာ လူတိုင်းက စိတ်ချမ်းမြေ့ပျော်ရွှင် စွာဖြင့် အလုပ်လုပ်ကိုင်နိုင်ပေမည်။ ထိုသို့ပျော်ရွှင် ချမ်းမြေ့စွာ အလုပ်လုပ်ကိုင်နိုင်မှလည်း တိုင်းပြည်၏ကုန်ထုတ်လုပ်မှု တိုးတက်ရေး ကို များစွာအကျိုးပြု ဖြစ်ထွန်းနိုင်ပေမည်။ နိုင်ငံ့ စီးပွားရေးအား တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံ့အရေး ကိုလည်း နိုင်ငံ တော်၏ ရေရှည်အကျိုး စီးပွားကိုမျှော်မှန်းပြီး နည်းလမ်းမှန်ကန်စွာဖြင့် ကြိုးပမ်း တည်ဆောက် ကြရမည်ဖြစ်ပါသည်။ သာယာချမ်းမြေ့သောဘဝကို လူတိုင်း တောင့်တကြသည်မှာ အမှန်ပင်ဖြစ်၏။ သာယာချမ်း မြေ့သော ဘဝကို တည်ဆောက်နိုင်ရန်အတွက် တည်ငြိမ်ပြီး လုံခြုံ စိတ်ချရန်၊ တိုးတက် အောင်မြင်ရန်၊ ဂုဏ်သိက္ခာ အပေါင်းနှင့်ပြည့်စုံရန် စသည်ဖြင့် လိုအပ်ပေ၏။ နိုင်ငံတိုင်းရှိ အစိုးရတိုင်းသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် တာဝန်ရှိသည့်အတွက် တည်ငြိမ် အေးချမ်းမှုရှိစေရန် တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက်ရ မည် ဖြစ်၏။

 

သမိုင်းအဖြစ်တွင်ရစ်ခဲ့

 

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် မျှော်လင့် မထားသည့် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တစ်ရပ်နှင့် ကြုံတွေ့ခဲ့ရ၏။ ထိုနိုင်ငံရေး အပြောင်း အလဲကို မူတည်၍ သဘောထားကွဲလွဲမှု များဖြစ်ပေါ်ခဲ့သည်။ ထိုသဘောထားကွဲလွဲမှုများက တစ်ဆင့် NLD ပါတီဝင်များ၊ ၎င်းပါတီကို ထောက်ခံ သူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်း ဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG တို့က တိုင်းဖျက်၊ ပြည်ဖျက်နှင့် ပြည်သူလူထု၏ နေ့စဉ် လူမှုဘဝပျက်စီးအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင် နေလျက်ရှိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်မှု ယန္တရားလည်ပတ်နိုင်ရေးအတွက် အဓိကအခြေခံ အကျဆုံးလုပ်ငန်းသည် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးပင်ဖြစ်၏။ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းမှုမရှိပါက ကျန်လုပ်ငန်းများသည်လုပ်ဆောင်၍မရနိုင်ကြောင်း သမိုင်း သင်ခန်းစာများ တွင် တွေ့ရှိနိုင်ပေသည်။ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ သည် နိုင်ငံတော်၏ တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ခေတ္တ ထိန်းသိမ်း ဆောင်ရွက် ပေးလျက်ရှိပါသည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရတာဝန်ယူချိန်တွင် ဖဆပလ အစိုးရမှ နိုင်ငံ ရေးအရ တိုင်းပြည်အားထိန်းသိမ်း နိုင်မှုမရှိတော့ခြင်းကြောင့် နိုင်ငံတော်၏တာဝန် များအား ဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ပြီး တပ်မတော်မှတာဝန်ယူခဲ့သည့် ၁၈ လကြာ ကာလ အတွင်း အမျိုး၊ ဘာသာ၊ သာသနာနှင့် တိုင်းပြည် သာယာဝပြောရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ အိမ်စောင့်အစိုးရသည် ဝေဖန်မှုများကြားက နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်မှု၊ တိုးတက် မှုနှင့် ဖွံ့ဖြိုးမှုရရှိစေရန် ဖြူစင်မွန်မြတ်သော စိတ်စေတနာ၊ မလျှော့သောဇွဲလုံ့လ၊ ခိုင်မာသော ဆုံးဖြတ်ချက်တို့ဖြင့် ဆောင်ရွက်ခဲ့သည်များမှာ အတိတ်တွင်ပြောစမှတ်ဖြစ်အောင် သမိုင်းအဖြစ် တွင်ရစ်ခဲ့ပြီ ဖြစ် သည်။

တပ်မတော်သည်နိုင်ငံတော်အရေးနှင့်ပတ်သက် လာလျှင် အစုအဖွဲ့အချို့၏ အမုန်းကိုခံ၍ တိုင်းပြည် အကျိုးကို ရှေးရှုဆောင်ရွက်ပေးခဲ့၏။ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်တို့တွင် တပ်မတော် သည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ဖျက်ဆီးခံခဲ့ရသည့်အတွက် နိုင်ငံတော်တာဝန်ကို ဝင်ရောက်ထိန်းသိမ်းခဲ့ရသည်။ ထိုသို့တာဝန်ယူဆောင်ရွက်သည့် ကာလများတွင် တည်ငြိမ် အေးချမ်း တိုးတက်သော နိုင်ငံတော် ဖြစ်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

လောက၌ အပြုသဘောလုပ်ဆောင်ရန် ခက်ခဲ သလောက် အဖျက်သဘော လုပ်ဆောင်ရန်မှာ မူလွယ်ကူ၏။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့သည် နိုင်ငံတော်သာယာ ဝပြောရေး အတွက် အလုပ်ကိုကြိုးစားလုပ်ကိုင်ရင်း ရပ်ရွာ အေးချမ်းသာယာတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်တို့ကိုပါ ဒွန်တွဲထမ်းဆောင် လုပ်ကိုင်နေကြရပါသည်။ သို့အတွက် မိမိတို့ မျှော်မှန်းထားသည့် ရည်မှန်းချက်ကို သဘောထား ကြည်ဖြူစွာ၊ စိတ်ရှည်သည်းခံစွာဖြင့် တရိပ်ရိပ် တက်လှမ်းနေရ၏။ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှု၊ အထက်နှင့် အောက်အပြန် အလှန် နားလည်မှုတို့သာ ရှိနေကြပါလျှင် တိုင်းပြည် မှာ အဘယ်မျှ သာယာဝ ပြောပေမည်နည်း။ ထိုအကြောင်းတရားတို့သာ ပြည့်လျှံနေပါလျှင် တိုင်းပြည်သာယာဝပြောခြင်း ၏ အသီးအပွင့် ရလဒ်အား ချက်ချင်းလက်ငင်း ရရှိနိုင်ပေမည်။ သို့မဟုတ်ပါလျှင် အလှမ်းဝေး နေဦးမည်သာဖြစ်၏။

 

တရားဥပဒေစိုးမိုးမှု ခိုင်မြဲနေရန် လိုအပ်

 

မည်သို့သော ခေတ်ကောင်း၊ စနစ်ကောင်းကို တည်ထောင်စေချင်ကာမူ အခြေခံအားဖြင့် တိုင်းပြည်၌ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုး မှုခိုင်မြဲနေရန်လိုအပ်၏။ ယင်းအခြေခံ မခိုင်မာဘဲ အထပ်ထပ်ဆင့်သော အဆောက်အအုံကို မည်သို့မျှ တည်ဆောက်၍ မရနိုင်သဖြင့် မြို့ပြနှင့် ကျေးလက် ဒေသများပါမကျန် တရားဥပဒေ စိုးမိုးမှု အရိပ်၊ အုပ်ချုပ်မှု အရိပ်အောက်၌ လွှမ်းခြုံသွားမိစေရန် ကြိုးပမ်းခဲ့ရသည့် မေ့မရ ကောင်းသော အတိတ် သမိုင်းဖြစ်ရပ်မှန်များတွင် တွေ့ရှိရပြီးဖြစ်၏။ နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော် အပြန်အလှန် ယုံကြည်အားကိုးမှုဖြင့် ပူးပေါင်းဖြေရှင်းဆောင်ရွက် နိုင်ခဲ့၍သာ ကျော်လွှားနိုင်ခြင်းဖြစ်၏။ တကယ့် အရေးကြုံလာ သောအခါ တကယ့်သွေးနီးသူ အချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အခက်အခဲ များကို အမှန်တကယ် ကျော်လွှားနိုင်ခဲ့ခြင်းသာ ဖြစ်၏။ တိုင်းပြည်သာယာဝပြောရေး အလုပ်ကို အေးချမ်းစွာ ဇောက်ချလုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ရရှိရေးကို မျိုးချစ် စိတ်ရှိသူတိုင်း၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုး သူတိုင်းက ဝိုင်းဝန်း ကာကွယ် စောင့်ရှောက်သွားရန် လိုအပ်ပေမည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှ စီးပွားရေးဖွံ့ဖြိုးတိုး တက်မည်ဖြစ်၏။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှ လူမှုဘဝမြင့်မားလာမည်ဖြစ်၏။ လူမှုဘဝမြင့်မား လာသည်နှင့်အမျှ မိမိတို့၏ဘဝ၊ မိမိတို့၏ မျိုးဆက် လူ့သက်တမ်းစေ့ နေနိုင်မည်သာ ဖြစ်၏။ အကြောင်းအကျိုးတရားတို့ ဆက်စပ် ဖြစ်တည်ခြင်းပင်ဖြစ်၏။

 

နိုင်ငံတော်ကြီးကို သာယာဝပြောအောင် ဆောင်ရွက်ရာ၌ မြော်မြင်နိုင်အား၊ ဦးဆောင် နိုင်အားရှိ သည့် ခေါင်းဆောင်မှုကောင်း လိုအပ်သည် မှန်သော်လည်း နိုင်ငံတော် အစိုးရတစ်ဖွဲ့ တည်း အားဖြင့် အစစရုန်းကန်လှုပ်ရှားနေ၍လည်း မဖြစ် နိုင်ပေ။ ဦးထမ်းပဲ့ထမ်း စေတနာထားပြီး ညီညီ ညွတ်ညွတ် ဝိုင်းဝန်းလုပ်ကိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး စာနာနားလည်မှုရှိခြင်း၊ အပြန် အလှန် ပူးပေါင်းဆောင်ရွက်မှုရှိခြင်း စသည်ဖြင့် သဟဇာတ ဖြစ်နေရန် အရေးကြီး၏။ နိုင်ငံ တော်နှင့်ပြည်သူတို့၏ အနာဂတ်ကောင်းစားရေးအတွက်အပြောမဟုတ်ဘဲ လက်တွေ့ကျကျ ဦးစီးဦးဆောင် ပြုနေသည့် ခေါင်းဆောင်ပိုင်း၏ စေတနာအစစ်အမှန်ကို မိမိ ကိုယ်ပိုင် မြော်မြင်တွေးဆ၍ အမျိုးသားရေး လုပ်ငန်းစဉ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး အတွက် ဝိုင်းဝန်းလုပ်ဆောင်နိုင်ခဲ့ပါလျှင် နောင်လာ နောက်သားများအတွက် သမိုင်းအမွေခံကောင်းကို လက်ဆင့်ကမ်းပေးနိုင် လိမ့်မည်ဖြစ်၏။ အမျိုးသား ရေးဟူသည် နိုင်ငံအသီးသီးတွင် မှီတင်းနေထိုင် ကြကုန်သော နိုင်ငံသားအသီးသီး၏ သက်ဆိုင်ရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ အမျိုးသားရေး လက္ခဏာများ၊ ဘာသာရေး အယူဝါဒများအား မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရမည့် သမိုင်းပေး တာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။ အမျိုးသားရေးကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ မူဝါဒ၊ ရည်မှန်းချက်များ၊ ထွက်ပေါ်လာသည့် ရလဒ်များ နှင့်ဆက်စပ်လျက်ရှိပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်း၊ မြို့ပြ နှင့် ကျေးလက်ဖွံ့ ဖြိုးတိုးတက်ခြင်း စသော

အောင်မြင်မှုများနှင့် ဆက်နွှယ်နေသဖြင့် အလေး ထား ဆောင်ရွက်သင့်ရန် လိုအပ်ပေမည်သာဖြစ်၏။

နိုင်ငံတော်အစိုးရသည် တိုင်းပြည်သာယာ | ဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို အမျိုးသား

ရေး လုပ်ငန်းစဉ်အဖြစ် ရည်သန်၍ဆောင်ရွက်နေ သကဲ့သို့ နိုင်ငံတော်၏ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက်လည်း နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ချမှတ်အကောင် အထည်ဖော် လုပ်ဆောင်လျက် ရှိပေသည်။ နိုင်ငံ ရေး စနစ်များဟူသည် သူ့အလိုအလျောက် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ တည်ရှိဆဲခေတ် ကာလတစ်ခု၏ အားနည်းချက်နှင့် ချွတ်ယွင်းချက်ကြောင့်သာ ပေါ်ပေါက်လာခြင်းဖြစ်၏။ မြန်မာ့ သမိုင်းကြောင်းကိုလေ့လာကြည့်ပါက လွတ်လပ် ရေး ရပြီး ကာလမှစ၍ ပါလီမန်ဒီမိုကရေစီ လမ်းကြောင်း ပေါ် စတင်လျှောက်လှမ်းခဲ့သော်လည်း လူမျိုးရေး နှင့် ဝါဒရေးရာ အားပြိုင်မှုများ ပြင်းထန်လွန်း သဖြင့် ဒီမိုကရေစီအပင်ငယ်လေးမှာ လူးလူးလွန့်လွန့်ဖြင့် သာ ရှင်သန်ခဲ့ရ၏။

 

၁၉၈၈ ခုနှစ်တွင် အရေးအခင်းဖြစ်ပွား၍ အာဏာရအစိုးရပြိုကွဲခဲ့ပြီး တပ်မတော်အနေဖြင့် နိုင်ငံ တော်တာဝန်များအား ဝင်ရောက်ထိန်းသိမ်းပေးခဲ့ရပြီး ဆူပူအကြမ်းဖက်မှုများကြောင့် တပ်မ တော်အစိုးရအုပ်ချုပ်ရေးဖြင့် ဆောင်ရွက်ခဲ့ရသည်။ တပ်မတော်အစိုးရသည် ပြည်သူများထံ အာဏာ လွှဲပြောင်းပေးလို၍သာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာစေရန် အဆင့်ဆင့် ဖော်ဆောင်ပေး ခဲ့ခြင်းဖြစ်သည်။ အပြစ်ရှာ လိုသူများက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြောင်းအမျိုးမျိုးပြ၍ အပြစ်တင်ပြော ဆိုနေကြဆဲ ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဉ်က နိုင်ငံရေး ပါတီများမှ ကိုယ်စား လှယ်၄၉ ဦး၊ ရွေးကောက်ပွဲတွင် အရွေးခံရသော ကိုယ်စားလှယ် ၁၀၇ ဦး၊ တိုင်းရင်း သားလူမျိုးစု ကိုယ်စားလှယ် ၂၁၅ ဦး၊ တောင်သူ လယ်သမားကိုယ်စားလှယ် ၉၃ ဦး၊ အလုပ် သမား ကိုယ်စားလှယ် ၄၈ ဦး၊ အသိပညာရှင်နှင့် အတတ် ပညာရှင် ကိုယ်စားလှယ် ၄၁ ဦး၊ နိုင်ငံ့ ဝန်ထမ်း ကိုယ်စားလှယ် ၉၂ ဦး၊ အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များ ၅၇ ဦးဟူသည့် ကိုယ်စား လှယ်အမျိုး အစား ၈ မျိုးနှင့် ကိုယ်စားလှယ် ၇၀၂ ဦးတို့ဖြင့် အစုအဖွဲ့ငယ်များ ဖွဲ့စည်းပြီး အကျေအလည် ဆွေးနွေးပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည့်အတွက် ထိုစဉ်က တာဝန်ယူခဲ့သည့် တပ်မတော် အလိုကျရေးဆွဲခဲ့ခြင်း ဟုတ်/မဟုတ် ကိုယ်ပိုင်ဉာဏ်ဖြင့်သာ ဆင်ခြင် သင့်၏။

 

ထို့အပြင် နိုင်ငံတော်ရှေ့ဆက်သွားမည့် လမ်းစဉ် (၇) ရပ်ကို ကမ္ဘာသိ ကြေညာ၍ မနှေးမမြန် ဖြင့် တစ်ဆင့်ချင်းညင်သာစွာ ကူးပြောင်းပေးခဲ့ သည်မှာလည်း မငြင်းနိုင် သော အမှန်တရားဖြစ်၏။

ထိုသို့ညင်သာစွာ ကူးပြောင်းခဲ့သဖြင့် ၂၀၁၁ ခုနှစ်မှ စ၍ ဒီမိုကရေစီအစိုးရ နှစ်ဆက် ပေါ်ထွက် လာ ခဲ့သည်။

 

ဒီမိုကရေစီစနစ်ခိုင်မာစေရေး မြန်မာနိုင်ငံသည် မိမိတိုင်းပြည်၏ ပကတိ အခြေအနေနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို မှန်မှန်ကန်ကန်နှင့် ခိုင်ခိုင်မာမာသွားနိုင် မှသာ နိုင်ငံရေးအရ တည်ငြိမ်မှု ရှိမည်ဖြစ်၏။ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲဆိုသည်မှာ အသက် ပင်ဖြစ်၏။ ဒီမိုကရေစီစနစ်သည် အများဆန္ဒဖြင့်ဆောင်ရွက်ခြင်းဆိုရာ၌လည်း စစ်မှန်ပြီး ရိုးသား သည့် နိုင်ငံရေးစနစ်ဖြစ်ရန် လိုအပ်ပြီး အများ ဆန္ဒသည် ရိုးသားမှုမရှိပါက ယင်းနိုင်ငံရေးသည် ဒီမိုကရေစီဟု ပြောဆိုနိုင်ရန် ခဲယဉ်းပေလိမ့်မည်။ NLD ပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် ဆောင် ရွက်ရာ၌ မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရ၏။ တပ်မတော်အနေဖြင့် မဲစာရင်းမှားယွင်းမှုများကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော် တာဝန်များအား ခေတ္တတာဝန် ထမ်းဆောင်နေ လျက်ရှိသည်။ မရိုးသားသည့် နိုင်ငံရေး ဆောင်ရွက် ချက်များကြောင့် ယခုအခြေအနေသို့ ရောက်ရှိ လာခြင်း ဖြစ်ရာ တပ်မတော်အနေဖြင့် မိမိတို့နိုင်ငံ တွင် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ခိုင်မာစွာ ဖြစ်ပေါ်လာစေရေး ခိုင်ခိုင်မာမာ ဆုံးဖြတ်ချမှတ် ဆောင်ရွက်နေပေ သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် “အရေး ပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရ သည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဆိုသည့် ရှေ့လုပ်ငန်းစဉ်အား ချမှတ်ထားရှိပြီး ဒီမိုကရေ စီစနစ် ခိုင်မာစေရေးအတွက် နိုင်ငံရေးအရ လုပ်ငန်းစဉ်တစ်ရပ်ကို မမှိတ်မသုန် ဆောင်ရွက် သွားမည် သာ ဖြစ်ပေသည်။ ။

 

ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီစနစ်ကို နိုင်ငံ အလိုက်ကျင့်သုံးပုံချင်းသည် တူညီမှုမရှိဘဲ မိမိတို့ နိုင်ငံ၏ လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ၊ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ကိုက်ညီ သည့် ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးလေ့ရှိကြသည်။ မြန်မာနိုင်ငံသည်လည်း မိမိတို့၏ သဘော သဘာဝ များနှင့်ကိုက်ညီသည့် ဒီမိုကရေစီ စနစ်ကိုသာ ကျင့်သုံးလျှောက်လှမ်းလျက် ရှိပါသည်။ ထိုသို့လျှောက်လှမ်းရာ၌ ကမ္ဘာ့နိုင်ငံများနှင့် အမီရင်ပေါင်တန်းလိုက်နိုင်ရေးအတွက် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးသည် အဓိကနေရာမှ ပါဝင်ပြည်သူများ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ပြည်သူတို့၏ အလိုလား အတောင့်တဆုံးအရာ၊ အလိုချင်ဆုံးသော ဆန္ဒလည်း ဖြစ်၏။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုပြီး ရိုးသားမှု၊ စိတ်ရင်း စေတနာမှန်ကန်မှုတို့ဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် အမြဲတမ်းကမ်းလင့် ကြိုဆိုလျက်ရှိပါသည်။

 

တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့ ဖြင့် လက်မှတ်ရေးထိုးထားရှိပြီးဖြစ်၏။ NCA စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်များသည် ကနဦး လက်နက်စွန့်ရန်မလိုဘဲ နိုင်ငံရေး ဆွေးနွေး ပွဲများ၏ ရလဒ်များကို အခြေခံ၍ လက်နက်ကိုင် ပဋိပက္ခများအား ချုပ်ငြိမ်း သွားစေ မည်ဖြစ်၏။ NCA တန်းတူရည်တူ အခွင့်အရေးရရှိခြင်းနှင့် အပြန် အလှန် ယုံကြည်မှု တည်ဆောက်ခြင်းဟူသော တန်ဖိုးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ NCA စာချုပ်သည် တိုင်းရင်းသားလက်နက်ကိုင်များ အတွက် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကို တိကျစွာပြဋ္ဌာန်းထားသော နိုင်ငံရေးလမ်းပြမြေပုံ တစ်ခုအဖြစ်လည်း အာမခံချက် အပြည့်အဝ ပေးထား၏။ ၎င်းအပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွား နိုင်ရန်အတွက် နိုင်ငံရေးအင်အားစုများ အားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ် သွားနိုင်ရန်အတွက် အာမခံချက်များ ပါဝင်၏။ နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာသော ဆုံးဖြတ် ချက်များနှင့်အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင် ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ခြင်း ဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အားဖြည့် ပေးမည့် အသက်ဝင်ရှင်သန်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆောက်ရေး လုပ်ငန်းစဉ် ပေါ်ပေါက်လာမည်ဖြစ်ပေသည်။ နိုင်ငံရေးဆွေးနွေးပွဲ များမှရရှိလာသော ဆုံးဖြတ်ချက်များ၊ ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တိုင်းရင်းသားများ အစဉ်တစိုက်

တောင်းဆိုခဲ့သည့် တန်းတူညီမျှမှုကို အာမခံနိုင်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ခြင်းဖြင့် လက်နက် ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေမည်ဖြစ်သည်။ထို့ကြောင့် NCA ၏ တန်ဖိုးနှင့် အနှစ်သာရ တို့သည် အပစ်အခတ် ရပ်စဲရေး သက်သက်ထက်ကျော်လွန်၍ လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာကြပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး ကို ပါဝင်သင့် သူအားလုံး ပါဝင်သည့်နိုင်ငံရေး ဆွေးနွေးပွဲများနှင့်အညီ တည်ဆောက်ရန်ဟူသော အာမခံချက် ကို အခိုင်အမာပေးထား၏။ ထို့ကြောင့် လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် တိုင်းရင်းသားပြည်သူအားလုံးတို့၏တူညီသောဆန္ဒ ဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးအတွက် NCA စာချုပ်မှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအား နိုင်ငံရေးရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိပါသည်။

ဖျက်ဆီးသူတို့၏ နိဂုံး အချုပ်အားဖြင့်ဆိုရသော်နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည် မြန်မာ နိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်နေသော အခြေအနေပေါ်မှ အမျိုးသားရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေးအရ လုပ်ငန်းစဉ်တို့ကို မှန်ကန်စွာ အကဲဖြတ်ချမှတ်ဆောင်ရွက်ခြင်းဖြစ်၏။ စေတနာ ဖြင့် ယှဉ်သည့် မျှော်မှန်းချက်များကို ဝိုင်းဝန်းအားထုတ် ဆောင်ရွက်မှသာ နောင်လာ နောက်သားအဆက်ဆက်အထိကျယ်ပြန့်ထိရောက်သော အကျိုးသက်ရောက်မှုများ ရရှိပေမည်။ နိုင်ငံတော်နှင့် ပြည်သူ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ သာယာဝပြော မှုနှင့် စားနပ်ရိက္ခာဖူလုံမှု ရုပ်လုံးတို့က ပေါ်ပေါက်လာမည်မှာ မလွဲဧကန်ဖြစ်၏။ နိုင်ငံတစ်ခုအား ဦးဆောင်ရာတွင် နိုင်ငံ့အရေးသည် ထိပ်ဆုံးမှဖြစ် သဖြင့် အမျိုးသားအကျိုးစီးပွား အပေါ် မှန်ကန်သည့် ဘက်က မမှားမယွင်း ရပ်တည်ဆောင်ရွက်ပါလျှင် နောင်မျိုးဆက်သစ်များအတွက် တာဝန်ကျေသူ များဖြစ်လာကြပေမည်။ လောကတွင်တည်ဆောက် ပြုပြင်သူနှင့် ဖျက်ဆီး သူကား ဒွန်တွဲလျက်ရှိပေမည်။ ဖျက်ဆီးသူတို့၏ နိဂုံးအဆုံးသတ်သည် ပျက်စီး ဆုံးရှုံးမှုကို သာပိုင်ဆိုင်ရပြီး တည်ဆောက်ပြုပြင် သူတို့မှာ ကောင်းမွန်ခိုင်မြဲမှုကို ပိုင်ဆိုင်ကြစမြဲဖြစ်၏။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ရင်ထဲမှ စိတ်ရင်းစေတနာ အမှန်တရား တစ်ခုဖြစ်သည့် ပြည်သူလူထု၏ အကျိုးစီးပွားတိုးတက်ရေးကို အစဉ်ရှေးရှုဆောင်ရွက်နေခြင်း ကြောင့် အနာဂတ်တွင် ကောင်းမွန်မှုသမိုင်းကြောင်းတို့ဖြင့် မော်ကွန်း တင်ရစ်ပေမည်ဟု ယုံကြည်မိပါတော့၏။ ။

မောင်မျိုးအောင် ( ပန်းဧရာ)