လေထဲက အန္တရာယ်တွေနဲ့ မြန်မာ့အနာဂတ် အခက်မကြုံရလေအောင်
သူရိန်သော်
လေထုထဲကနေ ပျံ့နှံ့ကူးစက်တဲ့ ကိုဗစ်- ၁၉ ရောဂါကို တစ်ကမ္ဘာလုံး ရင်ဆိုင်တွေ့ကြုံနေရပါတယ်။ မိမိတို့နိုင်ငံမှာတော့ လေထုထဲက ရောဂါပိုးကို ကာကွယ် နေကြရတဲ့အပြင် လေလှိုင်းပေါ်က အစိုးရ အမည်ခံ အကြမ်းဖက်အဖွဲ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြရပါတယ်။
ဥပဒေရေးရာခုံရုံးတွေမှာ စစ်ဆေးခံနေရဆဲ NLD ပါတီဝင်အချို့နဲ့ တရားမဝင် ပြည်ပကို ထွက်ပြေး ခိုလှုံနေရသူတွေဟာ သူတို့ကိုယ်သူတို့ NUG အစိုးရလို့ ခံယူခဲ့ကြပါတယ်။ ပြည်ပမှာရှိတဲ့ မြန်မာ့နိုင်ငံရေးကို ခြယ်လှယ်လိုတဲ့ အဖွဲ့အစည်း တွေရဲ့ အထောက်အပံ့ရယူပြီး ပြည်ဖျက်စီမံကိန်းတွေကို လုပ်ဆောင်နေကြ ပါတယ်။ ပြည်ပအဖွဲ့ အစည်းများရဲ့ ထောက်ပံ့မှုကို ရယူထားတဲ့ ပြည်ပ အခြေစိုက် အကြမ်းဖက်အစိုးရအဖွဲ့ NUG ဟာ ယခု လဆန်းပိုင်းက ပြည်သူတွေကို လေလှိုင်းပေါ်ကနေ D Day ကြေညာခဲ့ပါတယ်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်ကြပါဆိုတဲ့ မြှောက် လုံး၊ ခြောက်လုံးတွေအပြည့်နဲ့ မိန့်ခွန်းဆိုတာကို အကွက်ကျကျ စီမံပြောကြားခဲ့ပါတယ်။
စိတ်ဝင်စားမှုမရှိ
D Day ဟာ ရရာလက်နက်စွဲကိုင်ပြီး လက်ရှိ အစိုးရကို တော်လှန်ကြဖို့ပြည်သူတွေကို တပ်လှန့် လိုက်တာဖြစ် ပါတယ်။ အကြမ်းဖက်အဖွဲ့ရဲ့ အစွယ် အပွားတွေနဲ့ အမှန်ကို မမြင်နိုင်၊ မသိနိုင်တဲ့ လူတစ်စု လောက်ကလွဲပြီး ပြည်သူစစ်စစ်တွေကတော့ D Day အပေါ် စိတ်ဝင်စားမှု မရှိသလောက် ဆိုတာကို လက်ရှိမှာ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း နဲ့နေ့စဉ်ဘဝ ပုံမှန်ဖြတ်သန်းနေတာကိုကြည့်ပြီး သုံးသပ်နိုင်မှာဖြစ်ပါတယ်။
ထို့အတူ အကြမ်းဖက်အဖွဲ့တွေရဲ့ အစွယ်အပွားတွေ၊ PDF တွေကိုလည်း အစိုးရနဲ့ပြည်သူတွေ ပူးပေါင်း ဖော်ထုတ်မှု တွေကြောင့် နေ့စဉ်နဲ့အမျှ ဖမ်းဆီးရမိနေတာတွေကိုလည်း မြင်တွေ့ရပါတယ်။ NUG ဘက်က ဘယ်လောက် ပဲ မြှောက်ပင့်ပေးပေး ပြည်သူမရွေ့တော့ဘူးဆိုတာကို မြင်တွေ့လာရတဲ့ အခါ အကြမ်းဖက်သူ တွေဟာ ဖုန်းတာဝါတိုင်တွေ မိုင်းခွဲဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေကို ဒလန် ဆိုပြီး သတ်ဖြတ်တာတွေကို ပိုမိုဖိအားပေး လုပ်ဆောင်လာကြတာကို စိတ်မသက်သာဖွယ် မြင်တွေ့ရပါတယ်။ ဆက်သွယ်ရေးတာဝါတိုင်တွေ ပျက်စီးမှုဟာ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှု၊ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်တာ မြန်မာ့သမိုင်းအတွက် အကျည်းတန်မှုဆိုတာတွေကို လျစ်လျူရှုပြီး မှန်ကန်တဲ့လုပ်ရပ်လို့ ယနေ့တိုင် ကမ္ဘာကို လိမ်လည်နေဆဲပဲ ဖြစ်ပါတယ်။
ရုပ်သေးရုပ် အစိုးရဖြစ်
ပြည်သူတွေ နိုင်ငံတွင်းမှာ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်နေကြသူ တွေကပြည်ပ နိုင်ငံတွေမှာခိုလှုံပြီး ပြည်ပကြိုး ကိုင်သူတွေအလိုကျရုပ်သေးရုပ် အစိုးရဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေကို လည်း တစ်နေ့ တခြား မြင်တွေ့လာရပြီ ဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို ဒလန်စွပ်စွဲပြီး သတ်ဖြတ်တာ၊ လုယက်မှု တွေကျူးလွန်တာ၊ မိုင်းခွဲ ဖျက်ဆီးတာစတဲ့ဖြစ်စဉ်တွေအားလုံးမှာ အကြမ်း ဖက်ခြင်းကို တော်လှန်ခြင်း ဆိုပြီး အမည်တပ်အားရ ကျေနပ်နေကြသူတွေကို ပြည်သူတွေရဲ့ အဆိပ် အတောက်၊ တိုင်းပြည်ရဲ့ လောက်ကောင် တွေအဖြစ် သတ်မှတ်ကြဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။
ပြည်ပအထောက်အပံ့တွေ ဖောဖောသီသီရယူ ထားတဲ့ NUG, PDF စတဲ့ အကြမ်းဖက်အဖွဲ့တွေ အနေနဲ့ တိုင်းပြည်နဲ့လူမျိုးရဲ့ မျက်နှာကိုမှ မထောက်ထားဘဲ ပြည်သူတွေ ဆင်းရဲတွင်းနက် အောင် ကြံဆောင်နေမှုတွေ၊ လက်နက်မျိုးစုံဖြင့် ရွက်ကုန်လွှင့်ကာ နိုင်ငံတော်ကို ဖျက်ဆီးနေမှုတွေ ဟာ ရုပ်လုံးပေါ်လာခဲ့ပါပြီ၊ ကျွမ်းကျင်သူ တွေရဲ့ အဆို အရ ပဲခူး PDF အဖွဲ့ဆိုပြီး အင်းတကော်မြို့က ဘဏ် တစ်ခုမှာ လုယက်မှုလုပ်ဆောင်တဲ့ဖြစ်စဉ်မှာ သုံးစွဲ သွားတဲ့ လက်နက်အမျိုးအစားဟာ ၂၀၂၀ ပြည့်နှစ် တွေမှာ အမေရိကန်က အာဖဂန်နစ္စတန်နဲ့ အီရတ် စစ်ပွဲတွေမှာ အသုံးပြုခဲ့တဲ့ MK 12 Special Purpose ရိုင်ဖယ်အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုလက်နက်တွေကို အာဖဂန်ကနေ အမေရိကန်တပ် ဆုတ်ခွာတဲ့အခါ ပြန်ယူဆောင်မသွားဘဲ ထားခဲ့ တယ်ဆိုတဲ့ဖြစ်စဉ်ကို ဆက်စပ်တွေးတောကြည့်မယ် ဆိုရင် အကြမ်းဖက်သူတွေကို ထောက်ပံ့ပေးနေသူ တွေဟာ မည်သူတွေဆိုတာနဲ့ တာလီဘန်လက်နက် တွေ ဘာကြောင့် ပြည်တွင်း ရောက်ရှိနေရသလဲ ဆိုတာကို ပြည်သူတွေ သတိပြုနိုင်မှာ ဖြစ်ပါတယ်။
အကြမ်းဖက်သင်တန်း
ထို့အတူ ယခုလဆန်းပိုင်းက နိုင်ငံတကာ သတင်းတစ်ပုဒ်မှာ အမေရိကန်နိုင်ငံသား လက်နက် ကျွမ်းကျင်တဲ့ ဝါသနာရှင်တစ်ဦးက မြန်မာအစိုးရကို ဆန့်ကျင်တဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်(PDF)တွေကို လက်လုပ် ဗုံးနဲ့ လက်နက်ပြုလုပ်နည်းအချို့၊ အကြမ်းဖက်တိုက်ခိုက်မှု နည်းလမ်းတွေကို အွန်လိုင်းကနေ သင်ကြားပေး ခဲ့တယ်ဆိုတာကို ဖော်ထုတ်ရေးသားထားတာ ဖတ်လိုက်ရပါသေးတယ်။