Skip to main content

မြန်မာပြည်ကို ချစ်သည့်သူမှန်သမျှ အမိနိုင်ငံကို ကူညီစောင့်ရှောက်ကြ

 

၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့၊ ပျဉ်းမနားမြို့ ဦးဝိသုဒ္ဓဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လူထုဟောပြောပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် “ ကိုယ်အချင်းချင်း သတ်ဖြတ်၊ လုယက်၊ သူပုန်ထ၊ မီးရှို့ လုပ်နေတာ ဘာတော်လှန်ရေးလဲ၊ ဒါတော်လှန်ရေးတဲ့လား” ဆိုသည့်စကား။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၊ ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် လူထုအစည်းအဝေးကြီးတွင် “ဆူပူသောင်းကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့သူ တွေမှန်သမျှ ဝိုင်းဝန်းကူညီ နှိမ်နင်းဖို့လိုတယ်” ဆိုသည့် စကားတို့ကို ယခုအချိန်တွင် ပြန်လည်သတိရမိပါသည်။

မြန်မာနိုင်ငံတွင် စစ်ပြီးကာလ လွတ်လပ်ရေးရယူရေး ကြိုးပမ်းစဉ်အချိန်က နိုင်ငံရေး ခံယူ ချက် ကွဲပြားမှုကြောင့် လွတ်လပ်ရေး ကိုငြိမ်းချမ်းသောနည်းဖြင့် ယူလိုသော သူတို့က တစ်ဖက်၊ လက်နက် ကိုင် တိုက်ယူလိုသူတို့က တစ်ဖက် ကွဲပြားခဲ့ကြသည်။

ထိုအချိန်တွင် ဆူဆူပူပူလုပ်လိုသူ များ၊ ယင်းကိုအကြောင်းပြု၍ သူခိုး၊ ဓားပြ၊ တောကြောင် ထမှုများကြောင့် တိုင်းပြည်မှာ ကျီးလန့်စာစား ဖြစ်ခဲ့သည်။ မြန်မာလူမျိုးအချင်းချင်း သတ်ဖြတ်၊ လုယက်၊ သူပုန်ထ စသည်ဖြင့် အကြမ်း ဖက်သောင်းကျန်းမှုများ ဖြစ်ပေါ်လာ သဖြင့် ဗိုလ်ချုပ်အောင်ဆန်းက သတိ ပေးစကား ပြောကြားခဲ့သည်။ တစ်ဖက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသား ခေါင်းဆောင်များက လွတ်လပ်ရေးအတွက် ကြိုးပမ်း အားထုတ်လျက်ရှိစဉ် တစ်ဖက်တွင် အစွန်းရောက် နိုင်ငံရေး သမားများနှင့် တောကြောင် များက ဆူပူသောင်းကျန်းခဲ့ကြသည်။ ဆူပူသောင်း ကျန်းမှုများသည် လွတ်လပ်ရေး မရမီ ကတည်းက ဖြစ်ပေါ်ခဲ့ပြီး လွတ်လပ်ရေး ရပြီးစ၌ တစ်နိုင်ငံလုံး ဆူပူသောင်းကျန်း မှုများ ပေါ် ပေါက်လာခဲ့သည်။ အကြမ်းဖက်မှုလျော့ပါး လွတ်လပ်ရေး မရမီကတည်းက မျိုးစေ့ချခဲ့သော အကြမ်းဖက်ဆူပူသောင်း ကျန်းမှုများမှာ လွတ်လပ်ရေးရပြီး နောက်တွင်လည်း သောင်း ကျန်းမှုအမျိုးမျိုး မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ ယခုအခါတွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်သည်ကို အကြောင်းပြု၍ အကြမ်းဖက်သောင်းကျန်းမှုများ ဖြစ်ပေါ် လျက်ရှိသည်။

တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို အလေးမထားဘဲ နိုင်ငံရေးသမား အစွန်းရောက်တို့၏ သွေးထိုးမြှောက်ပင့် ပေးမှုကြောင့် အသိမဲ့ အကြမ်းဖက်သမားများ ပေါ်ပေါက်လာသည်။ တောကြောင်များ၊ ရောယောင်များလည်း ထကြွလာ သည်။ ယနေ့ နိုင်ငံတော်တွင် အဓိက ရင်ဆိုင်နေရသော ပြဿနာမှာ တရား ဥပဒေစိုးမိုးရေးဖြစ်သည်။ နိုင်ငံအတွင်း နေရာ အချို့တွင် ဖြစ်ပေါ်နေသောအကြမ်းဖက် သောင်းကျန်းမှုအချို့သည် နိုင်ငံ၏အချုပ်အခြာ အာဏာကို ထိခိုက်နိုင်သည့် အခြေအနေမရှိသော်လည်း ပြည်သူများ၏ဘဝ လုံခြုံစိတ်ချ ရေးကို ဝိုင်းဝန်းဆောင်ရွက် ပေးကြရမည် ဖြစ်သည်။ ယခုအခါတွင် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံအေးချမ်းရေးကို ပိုမို ဝါယမထား ထိထိရောက်ရောက် ဆောင်ရွက်နိုင်သောကြောင့် ယခင် ကာလများနှင့်စာလျှင် အကြမ်းဖက်မှု များ လျော့ပါးသွားသည်ဟု ဆိုနိုင်သည်။

သို့သော် နိုင်ငံအတွင်း လက်နက်ပုန်း များရှိနေသောကြောင့် နေရာအချို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သတင်းပေးဒလန်ဟု စွပ်စွဲပြီး  အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ် ဖြတ်မှုများရှိနေသေးသည်။ မကြာသေးမီက လေလှိုင်းပေါ်က အစွန်းရောက် နိုင်ငံရေးသမား အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်ပေးသည့်  နည်းလမ်း တစ်မျိုးကြောင့် လုံခြုံရေးနှင့်  အလှမ်းဝေးသည့် နေရာအချို့မှ ဆက်သွယ်ရေးတာဝါတိုင် များကိုမီးရှို့ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသည်ကို တွေ့ရမည် ဖြစ်သည်။ ဆက်သွယ်ရေး တာဝါတိုင်များ အားမီးရှို့ ဖျက်ဆီးခဲ့ကြသည့်နေရာဒေသ များတွင် ပြည်သူများ ပြောဆို ဆက်သွယ် မှုများနှင့် အသိအမြင် ဗဟုသုတများ ပျောက်ဆုံးသွားသည်ကို တွေ့ရမည်ဖြစ် သည်။ ထိုသို့ အဖျက်လုပ်ရပ်များကို လုပ်ကိုင်နေသော အကြမ်းဖက်သမားများက တိုက်ခိုက်ဖျက်ဆီးမှုများရှိသလို မြို့ရွာများအတွင်းမှ အကြမ်းဖက် အဖျက်သမားများကို ရှင်းလင်းဖယ်ရှား ဖမ်းဆီးရမိမှုများ နေ့စဉ်နှင့်အမျှ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြို့ရွာများ လုံခြုံရေး၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရေးအတွက် နေ့ည မရွေး၊ နေရာမရွေး လုံခြုံရေးဆောင်ရွက် ပေးကြသော တပ်ဖွဲ့ဝင်များအား စာနာ နားလည် ကျေးဇူးတင်ကြရမည် ဖြစ်သည်။  နောက်ကွယ်မှဖန်တီး နိုင်ငံအတွင်း လုံခြုံရေးနှင့် အလှမ်း  ဝေးသော ဒေသအချို့မှ ပြည်သူများ၏ မလုံခြုံသောဘဝအချို့ကို ကိုယ်ချင်းစာမိသည်။ နိုင်ငံအတွင်း ပြည်သူတစ်ယောက်ချင်း၏ လုံခြုံမှုအတွက် ဆောင်ရွက်ပေး နိုင်ရေးမှာ ခဲယဉ်း နေဦးမည်ဖြစ်သည်။ လတ်တလောအကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများ၏ လက်ချက်ဖြင့်ထိခိုက်ပျက်စီးမှုများအတွက် စိတ်မကောင်း ဖြစ်မိသည်။ ပြည်သူများက လုံခြုံရေးတပ်ဖွဲ့များနှင့် ထိထိရောက် ရောက် ပူးပေါင်းဆောင်ရွက်မှုရှိလာလျှင် အေးချမ်းစွာ နေထိုင်လိုသော ပြည်သူ အားလုံး၏ဘဝ လုံခြုံစိတ်ချမှု ရှိလာ မည်ဖြစ်သည်။

အကြမ်းဖက် သောင်းကျန်းမှုများလည်း ချုပ်ငြိမ်းသွားမည်ဖြစ်သည်။ အကြမ်းဖက်မှု ချုပ်ငြိမ်းရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် အရေးကြီးသလို အကြမ်းဖက်မှု၏ မြစ်ဖျားခံရာ ရေသောက်မြစ်ကိုလည်း ဖြတ်တောက်ပစ်ဖို့ လိုအပ်သည်။ ယနေ့ မြို့ရွာများ၌ သောင်းကျန်းခဲ့ကြသည့် အဖျက်သမားများကို ကြည့်မည်ဆိုလျှင် အစွန်းရောက် နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော် ထောက်ပံ့ပေးမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အစွန်းရောက်နိုင်ငံရေးသမားများသည် နောက်ကွယ်မှ လွတ်မြောက်ရာနေရာမှ အေးအေးလူလူသာသာယာယာ ဖန်တီးနေကြခြင်းဖြစ်သည်။ ထောက်ပံ့ကူညီ ပေးနေခြင်းဖြစ်သည်။မည်သည့်ကိစ္စတွင်မဆို ငွေကြေး၊ ပစ္စည်း၊ အထောက်အပံ့အကူအညီမပါဘဲဆောင်ရွက်၍ရနိုင်မည် မဟုတ်ပေ။ အထောက်အပံ့ အကူအညီမရနိုင်ပါက မည်သူမျှ ကိုယ့်ထမင်းကိုယ်စား၍ အသက်အန္တရာယ်ရှိသော အလုပ်ကို လုပ်ကြလိမ့်မည်မဟုတ်ပေ။ အထောက် အပံ့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အသိမဲ့၊ အဆင်ခြင်မဲ့သူတို့၏ မိုက်ရူးရဲ ဆန်သော လုပ်ရပ်များလည်းရှိသည်။ နိုင်ငံရေး အခြေအနေနှင့် ရောပါကြသော အချောင်သမား တောကြောင်များလည်းရှိသည်။ အငြိုး အတေးမလိုမုန်းထားသည့် စိတ်အခံများနှင့် လုပ်ကြသူများလည်းရှိသည်။ ဥပဒေနှင့် မလွတ်ကင်းသော အလုပ်များကိုလုပ်ကြရင်းနှင့် ပါဝင်လာ ကြသူများလည်း ရှိသည်။ ၎င်းတို့ကို တော်လှန်ရေးသမားများ၊ သူရဲကောင်း ၊ များဟု အသိမဲ့သူ၊ အတွေးခေါင်သူတို့က ၁ ကင်ပွန်းတပ်ကြသည်။ အချို့လည်း သိသိကြီးနှင့် ချော်လဲရောထိုင်သူများ လည်းရှိကြသည်။ ဤသည်တို့သည်ကား အကြမ်းဖက် အရင်းအမြစ်များဖြစ်သည်။ ဒါအကြမ်းဖက် အကိုင်း အခက်များ ဖြစ် သည်။ ဖမ်းဆီးနှိမ်နင်းခံရ အကြမ်းဖက်ဇာစ်မြစ် ရေသောက် - မြစ်မှာ အကြမ်းဖက်သမားဘဝကိုခံယူရ - မည့်လက်နက်နှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများအား မြို့ကြီးများအထိ  အရောက်တွန်းပို့နေသော အဖျက်ပင်မ  ဆဲလ်များဖြစ်သည်။ ၎င်းတို့ကို မဖြတ်တောက်နိုင်ဘဲ မြို့ရွာများအထိလက်နက် “ ပစ္စည်းများ ရောက်ခဲ့သောကြောင့် အကြမ်းဖက်သတ်ဖြတ်မှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။ ဤတွင်လုံခြုံရေးတပ်ဖွဲ့များက မြို့ရွာများသို့ ရောက်ရှိလာသော လက်နက်ခဲယမ်း အမြောက်အမြားကို မကြာခဏ နှိမ်နင်းဖမ်းဆီးနိုင်သောကြောင့် တော်လှပေသည်။ အကယ်၍ဖမ်းဆီးရမိခြင်းမရှိလျှင် တိုင်းပြည်တွင် မီးဟုန်းဟုန်း တောက်လောင် သွားနိုင်သည်။ လက်ရှိတွင် မြို့ရွာအချို့၌ လက်နက်ပုန်းများရှိနေ၍ အကြမ်းဖက် သတ်ဖြတ်မှုများကို ကြားသိနေရသေးသည်။ နိုင်ငံတိုင်းတွင် လက်နက်ဥပဒေအရ လုံခြုံရေးတပ်ဖွဲ့မှအပ မည်သူမျှ လက်နက်ကိုင်ဆောင် ခွင့်မရှိပေ။ တရား မဝင်လက်နက်ကိုင်ဆောင်ပါကလက်နက် ဥပဒေအရထိထိရောက်ရောက် ဖမ်းဆီးနှိမ်နင်းခြင်းခံရသည်။ ထို့အပြင် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံတော်အား ဆန့်ကျင် ပုန်ကန်သော ဥပဒေတို့ အရ တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်အထိ ကျခံကြရသည်။

အကြမ်းဖက် သောင်းကျန်းမှု၏ ပြဿနာအရင်းအမြစ်သည် အာဏာရှင် တော်လှန်ရေးဟု ခေါင်းစဉ်တပ်သော်လည်း တိုင်းပြည်ဖျက်ဆီးရေး ပြုလုပ်နေသည်ကို အထင်အရှား မြင်တွေ့နေရ သည်။ အာဏာလက်လွှတ်လိုက်ရသော နိုင်ငံရေးသမားများ၏ မင်းသားကြီး မလုပ်ရ၍ ပတ်မကြီး ထိုးဖောက်သော အကြံပက်စက်သည့် ယုတ်မာမှုများ ဖြစ်သည်။

အသိအမြင်ဆင်ခြင်တုံတရားနည်း ပါးသည့် ပြည်သူအချို့နှင့် စိတ်အခံရှိ သူများ၊ အခွင့်အရေး သမားများအား သွေးထိုးမြှောက်ပင့်ပေးပြီး ပြန်လမ်း မရှိသော အကြမ်းဖက်သမားဘဝကို အရောက် တွန်းပို့နေခြင်းဖြစ်သည်။  နွေဦးတော်လှန်ရေး၊ အာဏာရှင်ဆန့်ကျင်ရေးဟု ဆိုသော်လည်း ရောယောင် ၍ အခွင့်အရေး အချောင်နှိုက်လိုသော သူခိုးဓားပြများ၊ လူဆိုးလူမိုက်များ၊ တစ်ချိန်က ရန်ငြိုးရန်စများကို အကြောင်းပြု၍ စိတ္တဇဆန်ဆန် သတ် ဖြတ်သူများ၊ ရုပ်ရှင်ဆန်ဆန်နည်းပညာ အကွက်ဆန်းများဖြင့် တလွဲအသုံးချသူ များ၊ မိုက်ရူးရဲဆန်သူများကိုလည်း တွေ့ရသည်။ တချို့လည်း လူမျိုးရေး၊ ဘာသာရေး အငုံ့စိတ်ဖြင့် လုပ်ကြံ သတ်ဖြတ်သူများလည်းရှိသည်။ တချို့လည်း ငွေပေးခိုင်းစေမှုကို လက်ခံပြီး အမှိုက်ပုံနှင့်လူမရှိသော ကင်းတဲများတွင်ဗုံးထောင်ကြသူများလည်းရှိသည်။ တချို့လည်း မူးယစ်ဆေးဝါးသုံးစွဲပြီး စွန့်စားခန်းထွင်ရာမှ သေပွဲဝင်ကြရသူများ လည်းရှိသည်။ သေးသိမ်ညံ့ဖျင်းလှမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အစွန်းရောက်အဖျက်လုပ်ရပ်များသည်  ဖားကို မြွေခဲသလို မောဟဖုံးနေသကဲ့သို့ ဖြစ်သည်။ အကြောက်တရားလည်းမရှိ၊ အသိတရားလည်း ကင်းမဲ့၊ အရှက်တရား လည်းပျောက်လျက် အမိုက်မှောင်ကြီး လုံးလုံး ဖုံးသွားအောင် တွန်းပို့ခဲ့ကြသူများသည် အဓိကလက်သည်ဖြစ်သည်။ ပြဿနာ၏ မျိုးစေ့ဖြစ် သည်။ ပြည်သူများ စိတ်ဓာတ်အမှောင်ဖုံးအောင် သို့မဟုတ် ကိုယ်ကျင့်တရား ပျက်ပြား အောင် ပို့ဆောင်ပေးသူသည် အဓိကတရားခံဖြစ်သည်။ ကြံဖော်ကြံဖက် နောက်လိုက် အပေါင်းပါများသည် လက်ငင်းလက် သည်ဖြစ်သည်။ လူဆိုး၊ လူမိုက်၊ လူရမ်းကားများကို ပြတ်ပြတ်သားသား ပြောဆိုခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်ချုပ်၏တိုင်းပြည် ယနေ့အခြေအနေကို မြင်တွေ့ရလျှင် မည်သို့ဆောင်ရွက် မည်နည်း။ ယနေ့အကြမ်းဖက်မှု ပြဿနာ သည် ဗိုလ်ချုပ်အောင်ဆန်းခေတ်၊  လွတ်လပ်ရေးရပြီးစ ကာလများနှင့် နှိုင်းစာလျှင် အသေးအဖွဲမျှသာဖြစ်သည်။သို့သော် စိတ်ဓာတ်နှင့် လုပ်ရပ်များမှာ သေးသိမ်ညံ့ဖျင်းလှသည်။

ဗိုလ်ချုပ်အောင်ဆန်းခေတ်၊ လွတ်လပ် ရေးရပြီးစခေတ်က စစ်ကျန်၊ စစ်ချန် လက်နက် အမြောက်အမြားကို နိုင်ငံအနှံ့ တွင် သိုဝှက်ကာ လက်နက်ကိုင် ဆူပူ သောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့သည်။ယနေ့ကာလတွင် နိုင်ငံရေး အစွန်းရောက် များ၊ ပြည်တွင်း သစ္စာဖောက်များ၏ ထောက်ပံ့ပေးမှုဖြင့် ဟိုတစ်ကွက် သည်တစ်ကွက် လက်နက်ကိုင်သောင်း  ကျန်းကြသည်။ ယနေ့အခြေအနေသည်  အကြမ်းဖက်မှု အစပျိုးဆဲဖြစ်သည်။  အဆုံးသတ် လုဆဲဖြစ်သည်။ ငြိမ်းခါနီးမီးသည် ပြင်းစွာလောင်သကဲ့သို့ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လက်နက်ကိုင်အကြမ်းဖက်မှုမှန်သမျှကို ချိုးနှိမ်ပစ် ရမည်ဖြစ်သည်။ အမြစ်ကစ၍ မြေလှန်  ပစ်ရမည်ဖြစ်သည်။ အကြမ်းဖက်မှုပြဿနာ၊ လက်နက်ကိုင်သည့်ပြဿနာ၊  လူလူချင်း အတင့်ရဲစွာ သတ်ဖြတ်သည့် ပြဿနာများကို အမြစ်ကမကျန် ရှင်းလင်းဖယ်ရှားရာ၌ အစိုးရတစ်ရပ်  တည်းဖြင့် ရာနှုန်းပြည့် အောင်မြင်အောင်ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ပြည်သူလူထုတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုသည်။ ပြည်သူလူထု ပူးပေါင်းပါဝင်နိုင်ရန် လုံခြုံရေးနည်းလမ်း များလည်း ပေးထားသည်။ ပြည်သူလူ ထုက ကြိုတင်သတင်းပေးနိုင်ပါက မကြာမီကာလတွင် အကြမ်းဖက်သမားများ ချုပ်ငြိမ်းပပျောက် သွားမည်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုလျှင် တိုင်းပြည်နှင့်လူထု လုံခြုံစိတ်ချ ငြိမ်းချမ်း သာယာဝ ပြောရေးနှင့် တိုင်းပြည်နှင့် လူထုပျက်စီး ရေးကို ခွဲခြားရှုမြင်ပြီး ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့သည့်အတိုင်း မြန်မာပြည်ကို ချစ်သူမှန်သမျှ မြန်မာ ပြည်ကို ဝိုင်းဝန်းကူညီစောင့်ရှောက် ကြရမည်ဖြစ်ပါကြောင်း။ ။

ကိုလူလှ