Skip to main content

အစကတည်းက ရိုးသားခဲ့ရင်

ဒီကနေ့ မြန်မာ့နိုင်ငံရေးက ရင်မအေးစရာ ဖြစ်လာနေပြီဟု ပြောရမည်ထင်သည်။ အမုန်း တရားများဖြင့် တည်ဆောက်လာခဲ့သည့် နိုင်ငံရေး ဖော်ဆောင်မှုအောက်တွင် ကျွန်ုပ်တို့ပြည်သူ တွေ စတေးခံနေရသည်။ လူမှုဘ၀ ဒုက္ခအရိပ်အယောင်တွေကို မြင်တွေ့ နေရသည်။ တိုးတက် စပြုနေသည့် ပြည်သူ့ဘ၀များသည် အမြစ်ကို ရေနွေးပူပူဖြင့် အလောင်းခံလိုက်ရသည့်နယ် ညှိုးနွမ်းလာနေပြီဟု ခံစားလာရသည်။ ယခုဆိုလျှင် အခြေခံလူတန်းစား ပြည်သူ အများကို ထမင်းနပ်မှန်အောင် ကူညီပေးနေသည့် ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်း တော်တော်များ များ ရပ်နားသွားကြပြီ။ ထို့အတွက် အလုပ် အကိုင် အခွင့်အလမ်းများ ရှားပါးလာပြီး အခြေခံလူတန်းစား များအနေဖြင့် အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင် လာခဲ့ရချေပြီ။ ဒီကြားထဲ ကျန်းမာရေးပြဿနာ တစ်ခုခုဖြစ်လာခဲ့လျှင် လည်း အဘယ်သူ့ကို အားကိုးရမည်မသိ။ ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ် အခြေခံလူတန်းစားများဟူသည် တစ်နေ့လုပ် တစ်နေ့စား ဆိုတာထက် တစ်နေ့လုပ်ပြီး တစ်နေ့ မစားလောက်ဟုဆိုလျှင် ပို၍မှန်လိမ့်မည်။ အထူးသဖြင့် ပြည်တွင်းရွှေ့ပြောင်း အလုပ်သမား များအတွက် နေ့စဉ်ဝင်ငွေသည် ပို၍အရေးကြီး လှပေသည်။ အဘယ့်ကြောင့်ဆိုသော် ကျောတစ် နေရာစာအတွက် ငွေပေးနေရသလို ရေတစ်ခွက် သောက်ဖို့အတွက်လည်း ငွေပေးနေရသည်။ ယုတ်စွအဆုံး အပေါ့အလေးစွန့်ရာ၌ပင် ငွေပေး နေရသောကြောင့်ဖြစ်သည်။ ယခုလို အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာခြင်းသည် ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားများအတွက်ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ ပြဿနာတို့သည် မည်သည့်အတွက်ကြောင့် ပေါ်ပေါက်လာခဲ့ရပါသနည်း။ ပြောကြပေဦးမည်။ “စစ်တပ်က အာဏာသိမ်းလို့”။ ထို့ထက်ပိုသော အဖြေ၊ ထိုမှခွဲထွက်သော အဖြေတစ်ခုခုကို ပေးမည့် သူမရှိ။ တကယ်ဆိုလျှင် လူအများကြီး ပြောနေကြ သလို စစ်တပ်က အာဏာသိမ်း တယ်ပဲထား။ အဘယ့်ကြောင့် အာဏာသိမ်းရသည်ဆိုသည့် အချက်ကို ထည့်စဉ်းစားဖို့သင့် သည်။ မည်သူကမှ စဉ်းစားခဲ့ပုံမရပါ။ တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို လွှဲပြောင်း ရယူခဲ့ပြီး တစ်ပတ်မပြည့်ခင် ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ရန်ကုန်မြို့မှာ ဆန္ဒပြ လှုပ်ရှားမှုတစ်ရပ်ကို အထည်ချုပ်အလုပ်သမားအချို့တို့က ပြုလုပ်ခဲ့ သည်။ အဲဒီနောက်ပိုင်းမှာ နေ့စဉ်ရက်ဆက် လူထုဆန္ဒထုတ်ဖော်မှုများ ပေါ်ပေါက်လာခဲ့ရာ စာရေးသူသည်လည်း ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ပြီး နေ့စဉ်လိုလို သတင်းနှင့် မှတ်တမ်းဓာတ်ပုံ ဗီဒီယိုများ ရိုက်ကူးရင်း ရန်ကုန်မြို့တွင်း နေရာစုံ တို့ကို လှည့်လည်သွားလာဖြစ်ခဲ့သည်မှာ တစ်လ နီးပါးခန့်ကြာခဲ့သည်။ အများဆုံးကြားခဲ့ရ ထိုသို့ လှည့်လည်သွားလာရာ၌ အငှားယာဉ် မောင်းများကို “စစ်တပ်က ဘာကြောင့် အာဏာသိမ်းရတာလဲ” ဆိုသည့် မေးခွန်းကို တော်တော် များများ မေးကြည့်ဖြစ် ခဲ့သည်။ ထိုအခါ ကြားသိရ သမျှသော အဖြေစကားမှာ ရေရာလှသည်မဟုတ်ဘဲ “ဘာကြောင့် အာဏာ သိမ်းတယ်ဆိုတာကျွန်တော်တို့ မသိဘူး။ သိလည်းမသိချင်ဘူး။ သိဖို့လည်း မလိုအပ် ဘူး။” ဆိုသည့် အဖြေကိုသာ အများဆုံးကြားခဲ့ရသည်။ ဤကား ယနေ့ပြဿနာ၏ အဓိက အစိတ်အပိုင်း တစ်ခုပင်ဖြစ်သည်။ ယနေ့ အများစုဖြစ်သော ပြည်သူလူထုသည် မိမိတို့၏ ဝမ်းစာရေးအတွက် အချိန်ပြည့် ရုန်းကန် နေလာခဲ့ကြရပြီး နိုင်ငံရေးကို စိတ်ဝင်စားသည့် အရိပ်လက္ခဏာများကို မတွေ့ရှိရပေမယ့် စစ်တပ် ကိုတော့ သူတို့မုန်းတတ်သည်။ စစ်တပ်ကို မုန်းတီးနေခြင်းသည်ပင်လျှင် ၎င်းတို့အဖို့ နိုင်ငံရေး လုပ်နေခြင်းဟု သဘောပိုက်ထားပုံရသည်။ “အာဏာရှင်ကို ပြပါ” ဟုဆိုလျှင် စစ်တပ်ကိုသာ ၎င်းတို့လက်ညှိုးထိုးကြမည်။ ထိုမျှသာသိသော ပြည်သူမှာ ၉၀ ရာခိုင်နှုန်း ကျော်ရှိပေလိမ့်မည်။ ထို့အတွက်ကြောင့်ပင် ယနေ့ ကြုံတွေ့နေရသည့် နိုင်ငံရေးဖြစ်စဉ်များ၌ တပ်မတော်သည်သာ အလွန်၊ တပ်မတော် သည်သာ အဆိုး၊ တပ်မတော်က လက်နက်အားကိုးနဲ့ အနိုင် ကျင့်တာဟု တစ်ဖက်အမြင်တစ်ခု တည်းဖြင့် အထက်ဖော်ပြပါ အကြောင်းအချက်တို့ကို သိလည်း မသိ၊ သိဖို့ရန်လည်း မကြိုးစား၊ သိလည်း မသိချင်ဘဲ “စစ်အာဏာရှင်တော်လှန်ရေး” ဟု ခေါင်းစဉ်တပ်ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြရာက ယခုဆိုလျှင် ဆန္ဒပြခြင်းကို ကျော်လွန်ပြီး အဖျက်အမှောင့်လုပ်ငန်းများကို ပြုလုပ်လာသည်အထိ ဖြစ်လာခဲ့ ချေပြီ။ “စစ်အာဏာရှင်တော်လှန်ရေး”ဟု ခေါင်းစဉ် ( တပ်ထားသည့် ၎င်းတို့၏ အဖျက်အမှောင့်လုပ်ရပ် တို့၏ အကျိုးသက်ရောက်မှုများသည် တပ်မတော်ကို ထိခိုက်မှုမရှိဘဲ ပြည်သူအားလုံးထံသို့သာ မြားဦး လှည့်ရောက်ရှိလာခဲ့ပြီး အထက်တွင် တင်ပြခဲ့သည့် လူမှုဘ၀ ဒုက္ခအထွေထွေများဖြင့် ရင်ဆိုင်ကြုံတွေ့ လာခဲ့ရသည်သာ အဖတ်တင်ပါသည်။ တပ်မတော် အနေဖြင့်ကတော့ ဆူပူ အကြမ်း ဖက်သမားများကို နှိမ်နင်းအရေးယူရသည့် အလုပ်တစ်ခုတိုးလာခြင်း ထက်မပိုခဲ့ပေ။ စဉ်းစားကြည့်ပါ။ အထက်တွင် တင်ပြခဲ့သည့် အတိုင်း အခြေခံလူတန်းစားများကို ထမင်းကျွေး နေသည့် ပုဂ္ဂလိကလုပ်ငန်းများ အဘယ့်ကြောင့် ရပ်ဆိုင်းသွားရပါသနည်း။ “စစ်အာဏာရှင် လက်အောက်မှာ အလုပ်မလုပ်လို၍” ဟု ပြောကြပေ ဦးမည်။ အကယ်စင်စစ် မြေပြင်အခြေအနေမှန်များကို လေ့လာကြည့်ရာ၌ ထိုသို့မဟုတ်ဘဲ အလုပ်သမား များအနေဖြင့် ဆန္ဒပြပွဲများကို အကြောင်းပြု၍ လုပ်ငန်းခွင်ဝင်ရောက်မှု ပျက်ကွက်ခြင်းကြောင့် လုပ်ငန်းရှင် များအတွက် ကတိစာချုပ်များ အကြိမ် ကြိမ်ကျိုးပျက်ခဲ့ရပြီး လုပ်ငန်းအော်ဒါသစ်များ ထပ်မံ မရရှိသည့်ပြဿနာနှင့် ကြုံတွေ့ကာ လုပ်ငန်း ရပ်ဆိုင်းလိုက် ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် အလုပ်သမားအများစု ပါဝင်သည့် စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့ကြီးမှ ၎င်းတို့ကို ထမင်း ကျွေးနေသည့် အထည်ချုပ်စက်ရုံများကို မီးရှို့ဖျက်ဆီးခြင်း၊ စက်ရုံပိုင်ပစ္စည်းများ ယူဆောင် ခြင်းများကို ပြုလုပ်ခဲ့ကြသည့်အပြင် ၎င်းတို့၏ ဆူပူ လှုပ်ရှားမှုများ အကြောင်း အမျိုးမျိုးကြောင့် မပါဝင်ဘဲ အလုပ်ကိုသွားရောက်ကြသည့် ဘ၀တူ အလုပ်သမားများကို အလုပ်မသွားရန် ခြိမ်းခြောက် ဟန့်တားနှောင့်ယှက်ခြင်းများကိုပါ ပြုလုပ်ခဲ့ကြ သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ထိခိုက် နစ်နာဆုံးရှုံးမှုများရှိခဲ့ပြီး မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုများ ဆက်လုပ်ရန် ဝန်လေးလာကြပြီး စက်ရုံ ပိတ်သိမ်းခြင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိလာရပါသည် လုပ်ငန်းတော်တော်များများတို့သည် အကယ်၍သာ ၎င်းတို့ပြောသလို စစ်အာဏာ ရှင်လက်အောက်မှာ အလုပ်မလုပ်လို၍ ဆိုပါမူ ယခုမြန်မာနိုင်ငံအတွင်း၌ တည်ရှိ သည့် လုပ်ငန်းတော်တော်များများတို့ကို မြန်မာနိုင်ငံသားများ အနေဖြင့် မြင်ဖူးကြလိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုပါသော် ယခုမြန်မာနိုင်ငံအတွင်း၌ လည်ပတ်လျက်ရှိသည့် လုပ်ငန်းတော်တော်များ များတို့သည် စစ်အုပ်ချုပ်ရေးခေတ်ဟု မဆို နိုင်သော်လည်း စစ်ခေါင်းဆောင်တို့၏ ကြိုးစားအားထုတ်မှုကြောင့် ရောက်ရှိလာကြသည့် လုပ်ငန်းများ၊ လုပ်ငန်းရှင်များဖြစ်ခြင်းကြောင့်ပင်။ ။ ထို့ထက်ရှင်းအောင်ပြောရလျှင် မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံလျက်ရှိကြသည့် ပြည်ပ လုပ်ငန်းရှင်များဟူသည် ယခုလူအများက မကောင်း မြင်ဝါဒဖြင့် ကြည့်နေကြသည့် စစ်ခေါင်း ဆောင်များနှင့် ကောင်းမွန်သော ဆက်ဆံရေးကြောင့်သာ ရောက်ရှိလာကြခြင်းဖြစ်ပြီး လူအများ က အထင် ကြီးလေးစားနေကြသည့် ဒီမိုကရေစီမိခင်ကြီး၏ကျေးဇူးတစ်စက်မှ မပါဝင်ပေ။ ဆိုတော့ ယခုလို ကျွန်ုပ်တို့တွေ ရင်ဆိုင်ကြုံတွေ့နေကြရသည့် လူမှု ဒုက္ခတို့သည် လူအများ ပြောနေကြသကဲ့သို့စစ်တပ် အာဏာသိမ်းမှုကြောင့်ဟူသည့် အဖြေသည် မှန်ကန်သော အဖြေ မဟုတ်ကြောင်း ထင်ရှား လှပါသည်။ သို့သော် လုံးဝမဆိုင်ဟုတော့ မဆိုလိုပါ။ အဓိကကျသည့် တရားခံမဟုတ်ဘဲ သွယ်ဝိုက်သောနည်းဖြင့်သာ ပတ်သက်ကြောင်း ဆိုလိုပါသည်။ ဤသို့ဆိုလျှင် အဓိကတရားခံမှာ မည်သူနည်း။ ယခုကဲ့သို့တပ်မတော်မှနိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခြင်းမပြုမီ အချိန်ကာလဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ ယန္တရားကြီးလည်ပတ်နေစဉ်အခါက ၎င်းတို့ အစိုးရ အဖွဲ့နှင့် ၎င်းတို့ပါတီ၏လုပ်ဆောင်ချက် အလွဲအမှား များကို ပေါ်ပေါ်တင်တင်တွေ့မြင် လာခဲ့ရသည်။ ထိုလုပ်ဆောင်ချက် အလွဲအမှားများထဲမှ အချို့တို့ သည် တိုင်းပြည်အတွက် အဓိကကျသည့် အချုပ် အခြာအာဏာကို ခြိမ်းခြောက်လာသည့် အချက် တို့ပါ ပါဝင်လာခဲ့သည်။ ထိုအချက်တို့သည် ၎င်းတို့ ၏ ရည်မှန်းချက်ပန်းတိုင်လည်း ဖြစ်ပေ လိမ့်မည်။ လူထုထောက်ခံမှုကျဆင်းနေပြီလား ။ အဆိုပါ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရန် အတွက် ၎င်းတို့အာဏာသက်တမ်းရှည်မှ ဖြစ်မည်။ ထိုသို့ အာဏာသက်တမ်းရှည်ရန်အတွက် ရွေးကောက်ပွဲတွင် မဲရမှဖြစ်မည်။ ၎င်းတို့ ဖြတ်သန်းခဲ့ပြီးဖြစ်သည့် ၅ နှစ်သက်တမ်းအတွင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအပိုင်းနှင့် ပတ်သက်၍ မည်မျှအထိ ညံ့ဖျင်းခဲ့သည်ကို ၎င်းတို့ကိုယ်တိုင် သိသည်။ သိသောကြောင့်ပင် ၎င်းတို့အဖွဲ့ကို လူထုထောက်ခံမှု ကျဆင်းနေပြီလားဟူသည့် သံသယစိတ်လွန်ကဲနေခဲ့သည်။ ထိုလွန်ကဲသော သံသယစိတ်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ၌ ၎င်းတို့ အတွက် သေချာသည့် ထောက်ခံဆန္ဒမဲရရှိရန် မဲလိမ်ခြင်း၊ မဲခိုးခြင်း၊ မဲညစ်ခြင်းဖြင့် ရယူခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ တိုင်းပြည်အာဏာကို မတရားသော နည်းလမ်းဖြင့် ရယူရန် ကြိုးစားနေသည်ကို တပ်မတော်အနေဖြင့် အစကတည်းက ရိပ်စား နေမိပြီးဖြစ်သည်။ ထို့အတွက်ကြောင့်ပင် ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို တရားဝင်စစ်ဆေးခြင်း များ ဆောင်ရွက်ရန် အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့သည်။ ပြည်သူလူထုကလည်း မှန်ကန်သော မဲရလဒ်ကို သိလိုကြသဖြင့် ၂၀၂၀ မဲရလဒ်ကို စစ်ဆေးပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ခြင်း၊ မဲရလဒ်များအပေါ် လက်မခံကြောင်း ကန့်ကွက်ဆန္ဒ ထုတ်ဖော် ခြင်း အစရှိသည်တို့ကို မြန်မာနိုင်ငံအနှံ့အပြား၌ ပြုလုပ်လာခဲ့ကြပါသည်။ ။ တပ်မတော်နှင့်အတူ အမှန်တရားကို မြတ်နိုး သောပြည်သူအပေါင်းကမည်သို့ပင်ပြုမူတောင်းဆို ခဲ့ကြပါသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သားအားလုံးတို့မှာ နည်းအမျိုးမျိုးဖြင့် ငြင်းဆန်နေခဲ့ပြီး ၎င်းတို့ အစိုးရဖွဲ့ရန် အပြင်းအထန်အရပ်ရပ်တို့၌ အကျပ်အတည်းများ၊ တင်းမာမှုများ ဖြစ်နေစဉ် ကာလအတွင်းမှာပင် ကျွန်ုပ်တို့ အနေ ဖြင့် “ဒီတစ်ခါ အာဏာ အသိမ်းခံရရင် အဓိက တရားခံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တွေပဲ”ဟူသည့် သတိပေးမှု များကို စေတနာရှေ့ ထာကာ အကြိမ်ကြိမ်အခါခါ ရေးသားပြောဆို ခဲ့ဖူးပါသည်။ အဘယ်ကြောင့်ထိုသို့သတိပေးရသနည်းဆိုပါမူ ကျွန်ုပ်တို့အနေဖြင့် တိုင်းပြည် အနာဂတ် အရေး ကို ရှေးရှုသောအားဖြင့် စစ်အာဏာသိမ်းမှုကို အလို မရှိသောကြောင့် ဖြစ်ပါသည်။ ဖြစ်ပေါ်ရ င်ဆိုင်ကြုံ တွေ့ကြရမည့် အခြေအနေအရပ်ရပ်တို့ကို ကြိုတင် သိမြင်ပြီး စိတ်ပူပန်စိုးရိမ်မိသော ကြောင့် ဖြစ်ပါ သည်။ ယခုအခါ တပ်မတော်အနေဖြင့် စစ်အာဏာ သိမ်းခြင်းမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီအရေးပေါ်အခြေအနေအရနိုင်ငံတော်အာဏာ ကို လွှဲပြောင်းရယူထားသည်ဟု ဆိုစေကာမူ တိုင်းပြည်၌ ကျွန်ုပ်တို့ စိုးရိမ်မိခဲ့သည့်အတိုင်း အခက်အခဲအကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံ တွေ့ လာခဲ့ရသည်မှာတော့ ငြင်းမရပေ။ ထိုသို့ဖြစ်လာ ခဲ့ရခြင်း၏ အဓိကတရားခံမှာလည်း ကျွန်ုပ်တို့ ကြိုတင်ထောက်ပြခဲ့သည့်အတိုင်း ဒေါ်အောင်ဆန်း စုကြည်နှင့် NLD အဖွဲ့ဝင်များ ဖြစ်ကြောင်း ထင်ရှား လှပါသည်။ NLD သာ တိုင်းပြည်အပေါ် အမှန်တကယ် သစ္စာရှိပြီး ပြည်သူလူထုအပေါ်ကိုလည်း အစ ကတည်းက ရိုးသားခဲ့မည်ဆိုပါလျှင် ယခုကဲ့သို့ အခြေအနေဆိုးများ မဖြစ်ပေါ်လာစေရန် ဖြေရှင်း သင့်သည်ကိုဖြေရှင်းပြီး ရင်ဆိုင်သင့်သည်ကို ရင်ဆိုင်ခြင်းဖြင့် ပြည်သူ့မျက်နှာကို လှည့်ကြည့်သင့် ပါသည်။ ထိုသို့ရင်ဆိုင်ဖြေရှင်းပြီး ၎င်းတို့ ရိုးသားကြောင်း သက်သေပြနိုင်ပါလျှင် ယခုလို အခြေအနေမျိုးကို ကျွန်ုပ်တို့ကြုံတွေ့ရစရာအကြောင်း မရှိပေ။ တပ်မတော်အနေဖြင့်လည်း ယခုကဲ့သို့ အလုပ်ရှုပ် ခံစရာမလိုပေ။ ယခုတော့ အစကတည်းက တိုင်းပြည်အပေါ် မရိုးသား၊ လူထုအပေါ်စေတနာမမှန်လေသောအခါ အဘယ်သူ့မျက်နှာကိုမျှမထောက် တိုင်းပြည်ငါးပါးမှောက်ချင်မှောက်ဆိုသည့် ပုံစံမျိုးဖြင့် မစားရ သည့် အမဲသဲနဲ့ပက်ဆိုသလိုလုပ်သွားတာကြီး ကတော့ဖြင့် “လုပ်ရက်လေခြင်း”ဟူ၍သာ မှတ်ယူ ရင်း တိုင်းပြည် သစ္စာဖောက်တို့ မွှေနှောက်ခဲ့သမျှ အရှုပ်ထုပ်များကို တပ်မတော်အနေဖြင့် အကောင်းဆုံးနှင့် အမြန်ဆုံး ရှင်းထုတ်နိုင်ပြီး တိုင်းပြည်ကို စစ်မှန်စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ထပ်မံ တင်ပေးနိုင်ပါစေကြောင်း ဆုတောင်းဆန္ဒပြု လိုက်ရပါသည်။ ။ (၆-၅-၂၀၂၁ ရက်နေ့ထုတ် Golden Hand ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ဓမ္မ ဘက်တော်သား(အင်ကြင်းမြေ)၏ “အစကတည်းက ရိုးသားခဲ့ရင်” ဆောင်းပါးကို Golden Hand ဂျာနယ် အယ်ဒီတာအဖွဲ့နှင့် ဆောင်းပါးရှင်တို့၏ ခွင့်ပြုချက် ဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း) ဓမ္မဘက်တော်သား (အင်ကြင်းမြေ)