နိုင်ငံသားအခွင့်အရေးနှင့်တာဝန်
ဦးလေးခိုင်
ယမန်နေ့မှအဆက်
နိုင်ငံသားဟုသတ်မှတ်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနသည် သက်၁၈ ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိ ရေးအတွက် သစ္စာစီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာအဆီကွင်းဆင်းပြီးနိုင်ငံသားစိစစ်ရေးကတ်ပြား များ ပြုလုပ်ပေးခဲ့ရာ လေးနှစ်တာကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားခြောက်သန်းခန့် ထုတ် ပေးနိုင်ခဲ့သည်။ သို့ရာတွင် လဝက အနေဖြင့် တာဝန် ယူဆောင်ရွက်ပေးနေသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်တို့မှာ အတိုး အလျော့၊ အရွှေ့ အဝင်းများ နိစ္စ ရှိနေမည်ဖြစ် ပြီး လဝက၏ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်တို့ တွင် အချိန် ယူရသည်နှင့်အမျှ စာရင်းအမှန်နှင့် ကွာဟမှုရှိနေမည်ဖြစ်ရာ ယင်းသို့ကွာဟမှု နည်းနိုင် သမျှနည်းရန် ဆောင်ရွက် ရမည်ဟု ရှုမြင်ပါသည်။ ထို့အပြင် လက်ရှိအသုံးပြုနေသည့် စက္ကူကတ်ပြား များအစား ဒီဂျစ်တယ်ကတ် (ID Card) များပြောင်းလဲပြုလုပ်မှု ပြီးပြည့်စုံလာသည်နှင့်အမျှ အခက်အခဲများလည်း ပြေလည်သွားနိုင်မည်ဖြစ် သည်။
နိုင်ငံတစ်နိုင်ငံနှင့် လူပုဂ္ဂိုလ်တစ်ဦးအကြား တရားဥပဒေကြောင်းအရ တရားဝင်ဆက်နွှယ်မှုကို သိရှိစေရန်အတွက် နိုင်ငံသားဟူသည့် စကားရပ်၏ လေးနက်မှုကို သိရှိထားရန်လိုအပ်ပါသည်။ နိုင်ငံ တစ်နိုင်ငံ၏ စံသတ်မှတ်ချက်နှင့် ကိုက်ညီသူ၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များ၊ ဓလေ့ ထုံးတမ်းစဉ်လာများအရ နိုင်ငံမှ တရားဝင် စီရင်ခွင့် ရှိသူ၊ နိုင်ငံတော်မှ ပေးအပ်ထားသော တာဝန်များ၊ အခွင့်အရေးများ၊ အကာအကွယ်စောင့်ရှောက်ခံခွင့် များကို အသိအဟ်ပြုထားသူတို့ နိုင်ငံသား ရရှိနိုင် ပါသည်။ ကမ္ဘာပေါ်တွင် နိုင်ငံအလိုက် နိုင်ငံသားများအား သွေးနှင့်ခွဲသောနိုင်ငံနှင့်မြေနှင့်ခွဲသော နိုင်ငံ ဟူ၍အခြေခံအားဖြင့် နှစ်မျိုးရှိပါသည်။ မြန်မာနိုင်ငံ တွင် နိုင်ငံသား များအား သွေးနှင့်ခွဲသော်လည်း အထောက်အထား စာရွက်စာတမ်းရှိမှသာလျှင် နိုင်ငံသာဟု တရားဝင် သတ်မှတ် ထားသည်ကိုတွေ့ရှိရပါသည်။ ။
နိုင်ငံသားအခွင့်အရေးများ
မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ် သတ်မှတ် ထရာတွင် ၂ထစခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ (က) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ တိုင်ရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ၊ (ခ) ဤဖွဲ့ စည်းပုံအခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းသည့်နေ့ တွင် ဥပအရ နိုင်ငံသားဖြစ်ပြီးသူသည် မြန်မာ နိုင်ငံသားများဖြစ်ပါသည်။ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေပုဒ်မ ၃၁၊ ၅၄ရ မြန်မာနိုင်ငံ တွင် “နှစ်နိုင်ငံသား” ခံယူခွင့်မပေးထားပါ။ အိမ်နီး ချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ အမေရိကန်နှင့် အီလန် နိုင်ငံတို့တွင် နှစ်နိုင်ငံသားခံယူခွင့်ပြုထားပါသည်။ အိမ်နီးချင်း တရုတ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံကဲ့သို့ပင် နှစ်နိုင်ငံသား ခံယူခွင့်ပြု မထားပါ။
မြန်မာနိုင်ငံတွင် နိုင်ငံသားတစ်ဦးရရှိနိုင်သည့် နိုင်ငံသားအခွင့်အရေးများကို သိရှိကြမည်ဆိုပါက မြန်မာနိုင်ငံ သားဖြစ်ခြင်းကို အလေးထားလာမည် ဖြစ်ပါသည်။ နိုင်ငံသားတစ်ဦးတွင် နိုင်ငံရေးအခွင့် အရေး စီးပွားရေး အခွင့်အရေးလူမှုရေးအခွင့်အရေး တို့ကို ရရှိခံစားကြရပါသည်။ ရွေးကောက် တင်မြှောက်ခွင့် ရွေးကောက်ခံပိုင်ခွင့်၊ ခုခံကာကွယ် ပိုင်ခွင့်၊ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေချိန် အကော အကွယ်ရယူပိုင်ခွင့် ပြည်သူ့ရေးရာ မူဝါဒကို ဆွေးနွေးခွင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်နှင့် ပူးပေါင်းပါဝင်ခွင့်၊ အသနားခံပိုင်ခွင့်နှင့် တရား ဥပအေရ ဆန္ဒဖော် ထုတ်ခွင့်တို့သည် နိုင်ငံရေး အခွင့်အရေးများဖြစ်ပါသည်။ ပစ္စည်းဥစ္စာ ပိုင်ဆိုင် ခွင့်၊ အပြန်အလှန် သဘောတူ ဆောင်ရွက်ခွင့်၊ မိမိ နာမည်ဖြင့် မှတ်ပုံတင်နိုင်ခွင့်၊ လိုင်စင်ပြုလုပ်ခွင့်၊ မြေယာပိုင်ဆိုင်ခွင့်၊ တရားဝင် အလုပ် သမား အဖြစ် မှတ်ပုံတင်နိုင်ခွင့်၊ ကိုယ်ပိုင်ဘဏ်စာရင်း ဖွင့်လှစ်နိုင် ခွင့်၊ ကုမ္ပဏီစီးပွားရေးလုပ်ငန်များ တရာဆင် ထူထောင်နိုင်ခွင့်များသည် စီးပွားရေးအခွင့်အရေး များဖြစ်ပါသည်။ ခုခံပိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မိသားစုထူထောင်ခွင့် ဘာသာစကားနှင့် ယဉ်ကျေး မှုတို့ကို လွတ်လပ်စွာလုပ်ဆောင်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားခွင့်၊ လွတ်လပ်စွာပညာသင်ခွင့် တွေ့ဆုံ ဆွေးနွေးခွင့်၊ အသက်ရှင်သန်ပိုင်ခွင့်၊ အများပြည် သူဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် တို့သည် လူမှုရေး အခွင့်အရေးများ ဖြစ်ပါသည်။
နိုင်ငံသားတာဝန်များ
ထို့ကြောင့် မြန်မာနိုင်ငံသားတစ်ယောက်ဖြစ် ခြင်းသည် နိုင်ငံသားခွင့်အရေးမည်မျှရှိသည်ကို လေ့လာကြည့်လျှင် သိနိုင်ပါသည်။ထိုသို့ နိုင်ငံသား င့်အရေးများ ရှိသလို နိုင်ငံသား တစ်ဦးအနေဖြင့် ထမ်းဆောင်ရမည့် တာဝန်များ ကိုလည်း သိရှိ နားလည်ထားလျှင် နိုင်ငံသား၏ တာဝန်နှင့် အခွင့်ရေးများကို ယှဉ်တွဲနားလည်လာမည်ဖြစ်သည်။ နိုင်ငံသား တစ်ဦးသည်၁၉၈၂ ခုနှစ်မြန်မာ နိုင်ငံသား ဥပဒေပုဒ်မ ၁၂ အရ နိုင်ငံသားတစ်ဦးသည် (က) နိုင်ငံတော် ၏ ပဒေများကို ရိုသေလိုက်နာည်။ (ခ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်။ ( နိုင်ငံတော်၏ ဥပါ အခွင့်အရေးများကို ခံစားခွင့် ရှိသည်။
ထို့အပြင် နိုင်ငံသားတိုင်းသည် (က) ပြည် ထောင်စုမပြိုကွဲရ၊ (ခ) တိုင်းရင်းသား စည်း လုံးညီညွတ်မှုမပြိုကွဲရေး (ဂ) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲတို့ကို စောင့်ထိန်းရန် ဆန် ရှိပါသည်။ နိုင်ငံတိုင်းသည် အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို လိုကံစောင့်ထိန်းရန်လည်း တန်ရှိပါသည်။ ပြည်ထောင်သော မြန်မာ နိုင်ငံတော်၏ လွတ်လပ် ရေး၊ အချုပ်အမှာ အားမာနှင့် နယ်မြေတည်တံ့ခိုင်ရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တပန်ဖြစ်ပါသည်။ နိုင်ငံသားတိုင်းသည် ဥပဒေ ပြန်းချက်နှင့်ညီ စစ်ပညသင်ကြရန်နှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်ရန်တာဝန်ရှိပါသည်။
နိုင်ငံတော်ကိုကူညီရန်တာဝန်
နိုင်ငံသား တိုင်းသည် ပြည် ထောင်စု စိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားလူမျိုး အချင်းချင်း စည်းလုံး ညီညွတ် ရေးနှင့် ပြည်သူ တစ်ရပ်လုံးချမ်းရေးတို့သောက်ကြိုးပမ်းအားထုတ် ဆောင်ရွက်ရန် အသန်ရှိသည် မီဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော်ကြီး ပေါ်ထွန်းစေသည် နိုင်ငံသားတိုင်း၏ ကန်ဖြစ်ပါသည်။ နိုင်ငံသား တိုင်းသည် ဥပဒေရေး ဆောင်ရမည့် အခွန် အသောက်များကို ဆောင်းရန် ကားပန်ရှိပါသည်။ နိုင်ငံသားတိုင်းသည် (က) အမျိုးသား ယဉ်ကျေးမှု အနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ (ခ) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ (ဂ) လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုး တက်မ လာစေရန် ကြိုးပမ်းခြင်း၊ (ဃ) အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်း စောင့် ရှောက်ခြင်းကိစ္စရပ်များတွင် နိုင်ငံတော် ကူညီ ရန် တာဝန်ရှိသည်။
နိုင်ငံသားအဖြစ် အသိမှတ်ပြုခြင်းကို ခံယူ ထားခြင်းမရှိလျှင် နိုင်ငံမှဖြစ်သွားနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ နိုင်ငံမဲ့တစ်ဦးဖြစ်လျှင် မိစာရမည့် သူများနှင့် ဆိုင်းရမည့်နိုင်ငံသားအခွင့် အရေးတို့ကို သိရှိနားလည် ထားရန် လိုအပ်ပါသည်။ နိုင်ငံမဲ့ဟူသော ကားရပ်သည် မည်သည့်နိုင်ငံမှ ၎င်း ၏တည်ဆဲဥပဒေအရ နိုင်ငံသားအဖြစ် သီ အမှတ်ပြုခြင်း မခံရသူကို လိုခြင်းဖြစ်သည်။ နိုင်ငံမှု များဆုံးဖြစ်သော သေမှာအရှေ့ တောင်ဥရောအရှေ့ပိုင်းနှင့် ရိကတိုက် တို့နိုင်ငံအချို့ဖြစ်ပါသည်။ နိုင်ငံမှုဆိုသည့် သဘော တရားသည် အမှတ်မဲ့ဖြင့်လည်း ဖြစ်နိုင် မရှိသည် နိုင်ငံမဲ့ဖြစ်ခြင်း၏ အခြေခံသဘော တရားများကို သီလည်ထား ခြင်းဖြင့် နိုင်ငံသားဖြစ်မှုကို ပိုမိုစိုက်တတ်လာပြီး မိမိတို့ နှင့်တော်ဆိုင်သည့် အဆောက်အထား စာရွက် စာတမ်းများကို ပိုမို တန်ဖိုးထားတတ်ပါသည်။
ပေါ့ပေါ့ဆဆမနေသင့်
နိုင်ငံအချို့တွင် နိုင်ငံမဲ့ဖြစ်ရခြင်း အကြောင်း အရင်းများမှာ စစ်ဘေးရှောင် ဒုက္ခသည်၊ အထောက် အထားမဲ့ တို့ဖြစ်တတ်ပါသည်။ နိုင်ငံမဲ့ဖြစ်မှုကို အဓိကဖြစ်ပေါ်စေသည့် အကြောင်းအရင်းများမှာ ဥပဒေများ ဝိရောဓိဖြစ် နေခြင်း၊ ခွဲခြားဆက်ဆံမှု၊ နိုင်ငံများ ခွဲထွက်ထူထောင်ခြင်း ကိုလိုနီလက်အောက်ခံဖြစ်ခဲ့ရခြင်းကြောင့် ရရှိလာသည့် အကျိုး ဆက်များ၊ အာဏာရှင်ဆန်မှုကြောင့် နိုင်ငံဖြစ်မှု ဆုံးရှုံးခြင်း၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အဟန့်အတားများ နှင့် စာရွက် စာတမ်း အထောက်အထားမရှိခြင်း၊ နိုင်ငံမဲ့ မိဘများထံမှ အမွေဆက်ခံခြင်း၊ ဆွေစဉ် မျိုးဆက် အလိုက်အထောက်အထား စာရွက်စာတမ်း များမရှိခြင်း၊ မွေးဖွားပြီးနောက် မှတ်ပုံတင်မထား ခြင်း၊ စာရွက် စာတမ်း အထောက်အထားမရှိခြင်း၊ ပင်ရင်းနိုင်ငံ၏ မငြိမ်သက်သော စစ်မက်ရေးရာ အခြေအနေများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရ သဖြင့်(နိုင်ငံမဲ့)ဖြစ်နိုင်ခြေရှိခြင်းတို့ဖြစ်ပါသည်။
၂၀၁၆ ခုနှစ် UNHCR ၏ အစီရင်ခံစာအရ ကမ္ဘာ တစ်ဝန်းလုံးတွင် နိုင်ငံမဲ့လူဦးရေ ၁၁ သန်းခန့်ရှိသည် ဟု ခန့်မှန်း ထားသည်ဟု ဆိုပါသည်။ သို့ဆိုလျှင် မြန်မာနိုင်ငံမှ နိုင်ငံမဲ့ဟု ဆိုနိုင်သော လူဦးရေစာရင်း ကို မေးခွန်း ထုတ်ဖွယ်ရှိမည် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ တွေ့ရှိရသော မြန်မာနိုင်ငံရှိ ၁၁ သန်းကျော် မျှသော ပြည်သူများ သည် “ အထောက်အထားမဲ့သူ” များသာဖြစ်သဖြင့် “နိုင်ငံမဲ့” ဟု တပ်အပ် မဆိုနိုင်ချေ။ တပ်အပ်မဆိုနိုင်သော်ငြားလည်း နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုမှာ အတူတူပင်ဖြစ်နေသောကြောင့် ပေါ့ပေါ့ဆဆမနေ သင့်ဘဲ နိုင်ငံသားဖြစ်ရေးကို ကြိုးပမ်းဆောင်ရွက် သင့်ပါသည်။ သိသိသာသာလျှော့ချနိုင်
UNHCR ၏ အသိပညာပေးမှု အချက်အလက် များအနက် နိုင်ငံမဲ့ဖြစ်လျှင် ဖြစ်ပေါ်လာနိုင်သည့် အကျိုး ဆက်များမှာ မြေယာပိုင်ဆိုင်မှု၊ အများ ပြည်သူဝန်ဆောင်မှု လုပ်ငန်းများ၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ရယူသုံး စွဲခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများ ရယူသုံးစွဲခြင်းတို့တွင် အခက်အခဲရှိ ခြင်း၊ ပညာသင်ကြားခွင့် ခွဲခြား ခံရခြင်း၊ အလုပ် အကိုင် အခွင့်အလမ်းတွင် ခွဲခြားခံရခြင်း၊ ပါတီထောင်ခြင်း စသည့်နိုင်ငံရေးအခွင့်အလမ်းများ မရှိ ခြင်း၊ အခြေချနေထိုင်ခြင်းနှင့် ပြည်တွင်း/ ပြည်ပ ခရီးသွားလာရာတွင် အခက်အခဲရှိခြင်း၊ လူကုန်ကူး ခံရနိုင် ရန်အတွက် ပိုမို လွယ်ကူခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခံရခြင်းတို့ ဖြစ်တတ်ပါသည်။
ထို့ကြောင့် နိုင်ငံမဲ့ မဖြစ်ပေါ်စေရေးအတွက် အစိုးရက အလေးထား ဆောင်ရွက်ပေးလျက်ရှိပါ သည်။ သဘာဝ ဘေးအန္တရာယ်သင့် ဒေသများနှင့် ရပ်ကွက် မြို့နယ်များသို့ အထူးစီမံချက်များဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ကို ဖြေလျှော့ဆောင်ရွက်ပေးမှုများ လုပ်ဆောင်ပေးခြင်း၊ အစိုးရစာသင်ကျောင်းများတွင် နိုင်ငံသား စိစစ်ရေး ကတ်များ ကွင်းဆင်းပြုလုပ်ပေးခြင်း၊ အထောက် အထား စာရွက်စာတမ်းများ လျှောက်ထားမှုများ အတွက် လိုအပ်ချက်များကို ဖြေလျှော့ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် မွေးဖွား လာသော ကလေးငယ်များအတွက် မွေးစာရင်းရရှိစေရန် ပံ့ပိုးပေးခြင်း၊ ကျူးကျော် (တိုးချဲ့နေရာများတွင် နေထိုင် ကြသူများ) များ အတွက် အိမ်ထောင်စုစာရင်းနှင့်ညီမျှသော အထောက်အထား စာရွက်စာတမ်းတစ်ခုခု ဖန်တီး ပေးခြင်း စသည့်လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နိုင်မည်ဆိုပါက မည်သည့် သက်သေခံ ကတ်ပြားမှ ကိုင်ဆောင်ခြင်းမရှိသူ အရေ အတွက် သိသိသာသာ လျှော့ချနိုင်မည်ဖြစ်သည်။
စိစစ်ရေးကတ်မရှိသူများ
ယခုလက်ရှိတွင် ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ မြန်မာနိုင်ငံသားဆိုင်ရာ အထောက် အထား စာရွက်စာတမ်းများကိုမြန်မာနိုင်ငံသားတိုင်း မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ် ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားဥပဒေပါ စည်းကမ်းချက်များအတိုင်း အထောက်အထား၊ အသိအမှတ်ပြုကတ်၊ လက်မှတ်များ ပြုလုပ်ထား ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သုံးမျိုးတို့ကို သက်ဆိုင် သူတို့အလိုက် ပြုလုပ်ထားရမည်ဖြစ်သည်။ လက်ရှိတွင်နိုင်ငံသား အသိအမှတ်ပြု စိစစ်ရေးကတ် များကို ဦးစားပေး ပြုလုပ်ပေးနေပြီဖြစ်သည်။ ပြီးခဲ့ သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေး လက်မှတ်မရှိသူ အမြောက်အမြား မဲပေးခဲ့ကြသည်မှာ ရွေးကောက်ပွဲပုံရိပ်ကို ထိခိုက်စေခဲ့ပေသည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ (ကိုကိုးကျွန်းမြို့နယ်မပါ) ၄၄ မြို့နယ်၏မြို့နယ်အလိုက် မဲဆန္ဒရှင်များစာရင်း ကို စိစစ်ရာတွင် မြို့နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းများက အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ တွင် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်ရသူများ စာရင်းထက်ပိုများ နေသည်ကို တွေ့ရသည်။ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆ (က)အရ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူစာရင်းထက် ၂၁၅၆၆၄၇ ဦးပိုများနေသည်။
အထောက်အထားပြုလုပ်
နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူများမှာ ၇၄၇၀၉၉ ဦးရှိနေကြောင်း စိစစ် တွေ့ရှိရပါသည်။ ထို့အပြင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၆) မဲစာရင်းပြုစုခြင်းပါ ပုဒ်မ ၁၅ (ဂ) တွင် “မဲဆန္ဒ နယ်များရှိ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတစ်ခုမှအပ အခြား မဲဆန္ဒ နယ်၏ မဲစာရင်း များ၌ တစ်ချိန်တည်းတွင် အမည်စာရင်း ပါဝင်ခြင်း မရှိစေရ” ဟု ပြဋ္ဌာန်း ထားသော် လည်း ရန်ကုန်တိုင်း ဒေသကြီး၏ မဲဆန္ဒရှင်များစာရင်းတွင် နိုင်ငံသား စိစစ်ရေးကတ် မရှိသူများသာမက နှစ်ကြိမ်၊ သုံးကြိမ် နှင့်အထက် ပါဝင်နေသူများပါ တွေ့ရှိရသဖြင့် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော မှားယွင်းမှုများကို တွေ့ရှိ ပါသည်။ ။
စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးတွင် အဓိကကျသည့် ရွေးကောက်ပွဲများ၌ မဲပေးပိုင်ခွင့် ရှိသူများ စာရင်းမှန်မှန်ကန်ကန်ဖြစ်စေရေး တိကျသော စာရင်းကောက်ယူခြင်းများနှင့်အတူ နိုင်ငံသား စိစစ်ရေး ကတ်ပြု လုပ်ပေးရေးကို သက်ဆိုင်ရာဌာန များက အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် စီမံဆောင် ရွက်လျက်ရှိသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးကို တိတိကျကျ မှန်မှန်ကန်ကန် ပြုလုပ်ပေးနိုင်ရန် ရည်မှန်းထား သည်။ ထို့ကြောင့် နိုင်ငံသားအသိအမှတ်ပြု စိစစ်ရေး ကတ်များ မရှိသေးသူများအနေဖြင့် မိမိတို့ရပိုင်ခွင့်ရှိ သည့် နိုင်ငံသားအခွင့်များ အပြည့်အဝရရှိစေရန် လိုအပ်သော နိုင်ငံသားဆိုင်ရာ အချက်အလက်များ ကို စုဆောင်း၍ နိုင်ငံသား အထောက်အထားများ ပြုလုပ်ထားကြရမည်ဖြစ်သည်။
နိုင်ငံသားလျှောက်ထား
ပြန်လည်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈) ပြည့်ပြီးသူ နိုင်ငံသားအားလုံး ပါဝင်မဲဆန္ဒပေးသည့် အခွင့်အရေးရရှိနိုင်ရန် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူနိုင်ငံသားများ ခိုင်လုံသော အကြောင်းပြု၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအောက်မှ သတ်မှတ်ထားသောအဖွဲ့အစည်း (လဝက) များတွင် လျှောက်ထားရယူနိုင်ပါသည်။ အသက်(၁၀) နှစ်ပြည့် (သို့မဟုတ်) အသက်(၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားမည့် (တိုင်းရင်းသားများ အနေဖြင့် အောက်ပါအချက် (၇)ချက် လိုအပ် ပါသည်။ ။
အသက် (၁၀) နှစ်ပြည့် လျှောက်ထားခြင်းဖြစ် လျှင် ကာယကံရှင်နှင့်အတူ မိဘ သို့မဟုတ် အုပ်ထိန်းသူမှ လာရောက်ရမည်။ အသက် (၁၈)နှစ် လျှောက်ထားခြင်းဖြစ်ပါက ကာယကံရှင်ကိုယ်တိုင် လာရောက်ရမည်။ လျှောက်ထား သူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူတစ်စောင်ပါရှိရမည်။ မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေးလျှောက်လွှာ ပါရှိရမည်။ အသက်အတွက် ကျောင်းထောက်ခံချက် (သို့မဟုတ်) မွေးစာရင်းမူရင်းနှင့် မိတ္တူ ပါရှိရပါမည်။ မိဘနှစ်ပါးကိုင်ဆောင်ထားသောအထောက်အထား လက်မှတ် မူရင်းနှင့် မိတ္တူ ပါရှိရမည်။ ကာယကံရှင်၏ သွေးစစ်လက်မှတ်မူရင်း ပါရှိရမည်။ ရပ်ကွက်/ ကျေးရွာ အုပ်စုအတွင်းနေထိုင်ကြောင်း သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။ လဝကမှ သတ်မှတ်ထား သောအရွယ် ဓာတ်ပုံလေးပုံ (မျက်မှန်မပါ) ပါရှိရ မည်။ အဆိုပါ အချက်ခုနစ်ချက် ပြည့်စုံပါက နိုင်ငံသား စိစစ်ရေးကတ်ကို သက်ဆိုင်ရာမြို့နယ် လဝကရုံး များတွင် လျှောက်ထားရယူ၍ သင်နိုင်ငံသား တစ်ယောက်အဖြစ် စိတ်ချလက်ချနေထိုင်နိုင် မည်ဖြစ်သည်။ ဝေဖန်ထောက်ပြခဲ့ ၂၀၁၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူခဲ့ရာမှ တွေ့ရှိခဲ့ရသော အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသောပြည်သူများ၏အရေးကို ဆောလျင်စွာ ဖြေရှင်းပေးဖို့ လိုအပ်လာပြီဖြစ်သည်။ အသိအမှတ် ပြု နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသော ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မပြုလုပ်ခဲ့ခြင်းဖြစ်ရာ ထိုသို့မရှိခဲ့ခြင်းအတွက် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနိုင်ရုံသာမက မဖြစ်သင့်သော ပြဿနာများနှင့် စိုးရိမ်ဖွယ်ရာ ဖြစ်သော နိုင်ငံမဲ့သဘောမျိုး သက်ရောက်နေသော အဖြစ်များကို သတိထားဖို့ လိုအပ်ပါသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ၌ မဲပေးနိုင်ခွင့်ရှိ သူ လူဦးရေ ၃၈ သန်းတွင် ၂၀ ရာခိုင်နှုန်းနီးပါး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ မဲပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာကြသည့် အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ထောက်ပြခဲ့ ကြသည်။
အချုပ်အားဖြင့်ဆိုရပါလျှင် အသိအမှတ်ပြု နိုင်ငံသားတစ်ယောက်အဖြစ် မြန်မာနိုင်ငံတွင် ရပ်တည်နေထိုင်ခြင်းဖြင့် နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့်အခွင့်အရေးများ များစွာရရှိကြမည်ဖြစ်သလို နိုင်ငံသားတစ်ယောက်၏ ထမ်းဆောင် ရမည့်တာဝန်များကိုလည်း အလေးထားလိုက်နာဆောင် ရွက်ကြရပါမည်။ ထို့ကြောင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်မှ အသိအမှတ်ပြုထားသည့် နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးနှင့် တာဝန် များကို ပြည့်ပြည့် ဝဝရယူနိုင်ရန်အတွက် အထောက် အထားမရှိသော ပြည်သူများအနေဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားကို မဖြစ်မနေပြုလုပ်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ။