မမေ့အပ်သောကျေးဇူးတရား
ကျေးဇူးဆိုတာ တစ်ဦးက အခြားတစ်ဦးအပေါ်မှာ ပြုတဲ့အကျိုး ကောင်းမှု၊ ကောင်းကျိုးကို ခေါ်ခြင်း ဖြစ်ပါတယ်။ ဘဝတစ်ခုရရှိလာပြီဆိုရင် ကျေးဇူးပြု ခြင်းနဲ့ကင်းတဲ့သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ ကျေးဇူးတရားကို ဘဝသက်ဆုံးတိုင် ရင်ဝယ်ပိုက် တန်ဖိုးထားသူရှိသလိုအကူအညီအခက်အခဲယူပြီး တာနဲ့ မသိချင်ယောင်ဆောင်ကာ ကျေးဇူးကန်းသူတွေလည်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ရှိနေတတ်တာ သဘာဝပါ။
“တစ်လုတ်စားဖူး သူ့ကျေးဇူးကို အထူးသိလျက် အဆပ်ခက်၊ သူ၏ကျေးဇူး တိမ်မြူးသောသူ မီးလိုပူ၊ ကျေးဇူးရှိမှ ကျေးစွပ်၊ အရိပ်နေနေ အခက်ချိုးချိုး၊ သားရေပေါ်အိပ် သားရေနားစား၊ ကျေးဇူးမသိတတ်သူ မိတ်ကောင်းကို မရနိုင်” စသည်တို့မှာ ကျေးဇူးတရားနဲ့ ပတ်သက်တဲ့ စကားပုံများပင်ဖြစ်ပါတယ်။ လူတွေရဲ့ ဘဝဆိုတာ အချိန်အားဖြင့် ခဏတာပါ။ ခဏတာ ပိုင်ဆိုင်ရတဲ့ ရှင်သန်ရချိန်ကာလမှာ ငြိမ်းအေးတဲ့ဘဝကနေ ကျီးလန့်စာ စားရတဲ့ဘဝမျိုး မဖြစ်စေဖို့၊ ကြိုးစား နေထိုင်နိုင်ဖို့ လိုပါတယ်။ လူဆိုတာက တစ်ဦး တစ်ယောက်တည်း နေထိုင်ရှင်သန်လို့ မဖြစ်တာကြောင့်ကောင်းမွန်တဲ့၊ ပြည့်စုံတဲ့လူမှုအဖွဲ့အစည်း ကို စိတ်ဓာတ်၊ စည်းကမ်း၊ ပညာတို့နဲ့ ဖွဲ့နှောင်ကာ အစုအဖွဲ့နဲ့ နေထိုင်ကြခြင်း ဖြစ်ပါတယ်။
အခြေခံ စံသတ်မှတ်ချက်။
လူငယ်ဘဝကစတင်ပြီး အခြေခံစံသတ်မှတ် ချက်တွေကို မိဘ၊ ဆွေမျိုး၊ ဆရာသမားတွေက အရည်အချင်းရောတန်ဖိုးပါရှိတဲ့လူတော်လူကောင်း တွေဖြစ်ဖို့အတွက်ပါ သင်ကြားပေးခဲ့ကြတာ ဖြစ်ပါ ဘယ်။ လူသားတွေရဲ့ အခြေခံ စံသတ်မှတ်ချက်တွေ ဖြစ်တဲ့ မျှဝေခံစားလိုစိတ်၊ ရိုကျိုးတတ်တဲ့စိတ်၊ ပေါင်းသင်းဆက်ဆံမှု အရည်အသွေး၊ လူလား မြောက်နိုင်စွမ်း၊ နိုးကြားသတိရှိခြင်းတို့ကို မိဘဆရာသမားတွေရဲ့ သင်ကြားမှုကို ခံယူခဲ့ကြရတဲ့ လူငယ်တိုင်းဟာ ဆိုင်ရာလုပ်ငန်းခွင်အသီးသီးမှာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းရွက်နေနိုင်ကြ တာကို ယနေ့လုပ်ငန်းခွင်တိုင်းမှာ မြင်တွေ့နေရတာပဲ ဖြစ်ပါတယ်။
အတန်းပညာတွေ ပြီးဆုံးလို့ ဆိုင်ရာတက္ကသိုလ်အသီးသီးကနေ ဘွဲ့၊ ဒီဂရီတွေရရှိပြီးခဲ့သူ လူငယ်တွေဟာ ငွေကြေးလစာနဲ့ အလုပ်အကိုင်ရရှိဖို့အတွက် လုပ်ငန်းနယ်ပယ်တွေကို စဉ်းစားရွေးချယ်ပြီး အလုပ်လျှောက်လွှာတင်ကာ ရေးဖြေ၊ လူတွေ့ စတဲ့စာမေးပွဲအသီးသီးကို ဖြေဆိုရင်းနဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းဖို့ ပြင်ဆင်ခဲ့ကြရသူတွေ ဖြစ်ပါတယ်။
“သားရေ၊ ဒီမှာ စာအိတ်တစ်အိတ်ရောက်နေ တယ်”လို့ အမေဖြစ်သူက အပြင်မှ ပြန်လာတဲ့ ကျွန်တော့်အား ပြောရင်း ကျွန်တော့်လက်ထဲက ကျောပိုးအိတ်လေးကိုယူပြီး အခန်းထဲဝင်သွားချိန် ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်ခုန်နေမိတာက အမှန်။ မြို့နယ်ရုံးရဲ့ ဒုဦးစီးမှူးရာထူးအတွက် ရေးဖြေအောင်မြင်ထားတဲ့ ကျွန်တော်ဟာ စာအိတ် ပေါ်မှ တံဆိပ်တုံးကို ကြည့်လိုက်တာနဲ့ လူတွေ့ ဆန်းစစ်ချက်အောင်ပြီလို့သိလိုက်ရပြီ။ စာအိတ်ကို ဖွင့်ဖောက်လိုက်တဲ့အခါမှာတော့ ဘယ်နေ့၊ တယ်ရက်၊ ဘယ်အချိန်မှာ သတင်းပို့ရမယ်ဆိုတာ တွေကို နားလည်သဘောပေါက်လိုက်ရတယ်။ ပြီးမှ “အမေ၊ သား ဒုဦးစီးဖြစ်ပြီ၊ သားဖြစ်ချင်တဲ့ အရာရှိတော့ မဟုတ်သေးပေမယ့် အရာရှိငယ် ဖြစ်ပါပြီ” လို့ အမေ့ကို ထွေးဖက်ရင်း ပြောပြ လိုက်တယ်။ ကျွန်တော် ရေးဖြေအောင်တာကို စာအိတ်ဖွင့်မဖောက်ခင်ကတည်းက အမေက သိနှင့် ပြီးသားဖြစ်နေပါတယ်။ ဝန်ထမ်းမျိုးရိုးဖြစ်တဲ့ မိသားစုဆိုတော့ အမေက စာအိတ်မြင်ကတည်းက သိနေပြီးသားကို နောက်မှပြောပြလို့ သိခဲ့ရတယ်။
ဒုဦးစီးမှူးတာဝန် စတင်မထမ်းဆောင်ခင် အရာထမ်းငယ် အခြေခံသင်တန်းကို ဖောင်ကြီးလို့ ခေါ်တဲ့ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှာ တက်ရောက်သင်ယူခဲ့ရပါတယ်။ ဝန်ထမ်းကောင်းဖြစ်ဖို့ စနစ်တကျလေ့ကျင့်ပေးတဲ့ သင်တန်းမှာ ဝန်ကြီးဌာနပေါင်းစုံက ဝန်ထမ်းတွေနဲ့ အတူတကွ သင်ယူရတာကြောင့် သင်တန်းက သင်ကြားပို့ချ ပေးတဲ့အချက်အလက် ပညာတွေအပြင် လူမှုဆက်ဆံရေးညံ့ဖျင်းသူပါ လူမှုဆက်ဆံရေး ကောင်းမွန်လာတာကို သင်တန်းပြီးဆုံးချိန်မှာ သင်တန်းတက်ဖော် သူငယ်ချင်းတချို့ရဲ့ အပြုအမူ၊ စိတ်နေစိတ်ထားကို ကြည့်ခြင်းဖြင့် သိရှိလိုက်ရပါတယ်။
မမေ့ကောင်းသောအရာ
သင်တန်းပြီးဆုံးလို့ ကျရာဌာနအသီးသီးမှာ တာဝန်ကိုယ်စီ ထမ်းဆောင်ရာမှာတော့ ဌာနရဲ့တာဝန်ရှိသူအသီးသီးတို့ရဲ့ ကိုယ်၊ နှုတ်၊ စိတ်တို့နဲ့ ကူညီစောင့်ရှောက်ပေးမှုတွေကြောင့် ရက်အနည်းငယ်နဲ့ ဌာနလည်ပတ်မှုတွေကို သိရှိနားလည် တတ်မြောက်ခွင့်ရခဲ့တယ်။ အထက်လူကြီးတွေနဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ စေတနာကို ကျေးဇူးတင် စိတ်ဖြစ်သော်လည်း စိတ်အားဖြင့် ကျေးဇူးတင်ခြင်း မှာ မထင်ရှားတာကြောင့် ဌာနအတွက်၊ ဌာန၊ လုပ်ဖော်ကိုင်ဖက်အတွက်၊ ဌာနက ဆရာသမားတွေ အတွက် အဓိကထားပြီး သစ္စာဖောက်ခြင်းကို ဘယ်တော့မှမပြုလုပ်ဘူးလို့ မိမိကိုယ်မိမိ သစ္စာပြု ထားခဲ့ပါတယ်။ ကျေးဇူးတရားဟူသည်မမေ့ကောင်း သောအရာပင် မဟုတ်ပါလော။ ။
ကျေးဇူးသိတတ်မှုဆိုတာကလည်း အပြော လွယ်ပြီး အသိခက်တဲ့ အလုပ်ဖြစ်တာကြောင့် “ကျေးဇူးပဲ” “ကျေးဇူးတင်ပါတယ်” ဆိုတာကို နှုတ်ကလွယ်လွယ်နဲ့ ပြောတတ်ကြပေမယ့် ကျေးဇူးဆပ်ဖို့ အရာမှာတော့ အများစုက မေ့မေ့လျော့လျော့ပဲ ဖြစ်နေကြတာကို တွေ့နေရပါတယ်။ ကျေးဇူးတရား ဟူသည် များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ မိမိ အပေါ် တစ်စုံတစ်ရာ ကောင်းကျိုးပြုပေးဖူးပါက ထိုသူဟာ ကျေးဇူးရှင် / ခင်ပွန်းကြီး ၁၀ ပါး စာရင်း ဝင်ပါတယ်။
ခင်ပွန်းကြီး ၁၀ ပါးမှာ ဗုဒ္ဓ - သဗ္ဗညုတ မြတ်စွာဘုရားရှင်၊ ပစ္စေကဗုဒ္ဓါ - ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ၊ အဂ္ဂသာဝက၊ မဟာသာဝက -မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ၊ ရဟန္တာ- အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာအရှင်မြတ်ကြီးများ၊ မာတာ - မွေးသမိခင်၊ ပီတု - မွေးသဖခင်၊ အာစရိယ - မြတ်ဆရာသမား၊ ဗုဒ္ဓါ - သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံတဲ့ပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်၊ ဓမ္မကထိက - ဆရာ (ဓမ္မတို့ကို ဆုံးမတတ်သော ဆရာသမားများ)၊ ဟိတကရ - ထမင်းတစ်လုတ် ရေတစ်မှုတ် စသည်ကိုပေးကမ်း ချီးမြှင့်ထောက်ပံ့ဖူးသော၊ မိမိကို ကိုယ်၊ နှုတ်၊ နှလုံး ဖြင့် ကျေးဇူးပြုဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။
ခင်ပွန်းကြီး ၁၀ ပါး / ကျေးဇူးရှင်ပုဂ္ဂိုလ် ဆယ်ဦးအား ကျေးဇူးမဆပ်နိုင်ရင်တောင် ပြစ်မှား ခြင်းတော့ မပြုသင့်။ မပြစ်မှားမိစေဖို့အတွက်လည်း အသိသတိ လွန်စွာထားရမှာဖြစ်ပြီး ပြစ်မှားစော်ကား သူတို့မှာ မီးလိုပူလောင်ပြီး ဘဝတွင် ဘယ်သော အခါမျှ မကြီးပွားမတိုးတက်နိုင်ကြောင်းကို စာပေ ကျမ်းဂန်ထဲမှာ လေ့လာမှတ်သားထားဖူးပါတယ်။
ဆင်းရဲဒုက္ခကို ကြုံတွေ့ရတတ်
ခင်ပွန်းကြီး ၁၀ ပါးအကြောင်း စေ့စေ့တွေးမိလေ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတချို့ရဲ့ ဒီရက်ပိုင်း လုပ်ရပ်တွေအတွက် သနားဂရုဏာ ဖြစ်နေမိပါတယ်။ ဌာနကဆရာသမားတွေရဲ့ ဆုံးမစကား နားမထောင်၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ် မချေမငံ ရင့်သီးစွာ 200ba018: Civil Disobedience Movement (CDM) လုပ်သွားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာကျေးဇူးရှင်ဆရာသမားတွေအပေါ် ကျေးဇူးတုံ့ပြန် ရမယ့်အစား ကျေးစွပ် (ကျေးဇူးကန်း) တဲ့သူတွေ ဖြစ်နေပြီဆိုတာ ကာယကံရှင် တွေကတော့ သတိထားမိဟန်မတူ။ ကျေးဇူးကန်းတဲ့သူဟာ မဖြစ်ဖူးတဲ့ မကောင်းကျိုးတွေ ဖြစ်လာရတတ်ပြီး မကြုံဖူး တဲ့ ဆင်းရဲဒုက္ခကို ကြုံတွေ့ရတတ်ပါတယ်။
“အကြင်သူသည် မပြစ်မှားထိုက်သော ရဟန္တာ ပုဂ္ဂိုလ်တို့၌ (ခင်ပွန်းကြီး ၁၀ ပါးခေါ်သော ကျေးဇူးရှင် တို့၌) ကာယကံစသည်ဖြင့် ပြစ်မှားမိခဲ့သည်ဖြစ်အံ့။ ဒဏ်ဆယ်ပါးတို့တွင် တစ်ပါးပါးသော အကြောင်းသို့ လျင်မြန်စွာ ရောက်ရ၏” လို့ ဓမ္မပဒမှာ အတိအလင်း ဖော်ပြထားတာကြောင့် မိမိအပေါ် တစ်စုံတစ်ရာ ကျေးဇူးပြုဖူးတဲ့ လုပ်ငန်းခွင်မှ ဆရာသမားတွေ အပေါ် အခြေခံရော အဆင့်မြင့်ပညာပါ သင်ကြား ပေးခဲ့ကြတဲ့ ဆရာ ဆရာမတွေအပေါ်မှာ ကိုယ် နှုတ်၊ စိတ်တို့ဖြင့် မလွန်ကျူးမိစေဖို့ရန်သတိရှိနေရမှာ ဖြစ်ပါတယ်။ အဖျက်သမား စိတ်ဓာတ်ရှိသူတွေရဲ့၊ သွေးထိုးလှုံ့ဆော်မှုစကားတွေ နားယောင်ပြီးလုပ်ငန်းခွင်ကို စွန့်ခွာရုံအပြင် ဆရာသမားတွေရဲ့ ဆုံးမစကားတွေကိုပါ နားထောင်မှုမရှိတော့တဲ့ CDM ဝန်ထမ်းတွေဟာ ပုံမှန်ရနေကျလစာတွေပါ မရရှိတော့တာကြောင့် မိဘ၊ ညီအစ်ကိုမောင်နှမ တွေပါ လူနေမှုအခက်အခဲတွေ ကြုံတွေ့နေကြရတဲ့ သတင်းတွေကို ကြားသိလာရတာဟာ ဝန်ထမ်း အချင်းချင်း၊ နိုင်ငံ့တာဝန် လုပ်ကိုင်နေကြသူ အချင်းချင်း များစွာစိတ်မကောင်းဖြစ်မိပါတယ်။ လမ်းမှားကို အတွေးမှားနဲ့ လျှောက်လှမ်းပြီး ဆရာသမားတွေရဲ့ ဆုံးမစကားကို ပစ်ပယ်ခဲ့ခြင်းရဲ့ အကျိုးရလဒ်ပင်မဟုတ်ပါလော။
လက်ကိုင်ထားနိုင်ကြဖို့လို
ကျေးဇူးရှင်တို့ကို ပြစ်မှားမိပါက တွေ့ကြုံ ရနိုင်တာကိုလည်း လေ့လာထားသမျှ အလျဉ်းသင့် လို့ ဖော်ပြပါရစေ။ ကျေးဇူးရှင်တို့ကို ပြစ်မှားမိသူ ဟာ ကြီးစွာသောရောဂါဆိုးတွေကို ခံစားရခြင်း၊ စည်းစိမ်ဥစ္စာတို့ ယုတ်လျော့ခြင်း၊ မီးဘေးသင့်ခြင်း၊ ကိုယ်လက်အင်္ဂါ ကျိုးကန်းပျက်စီးခြင်း၊ ကုဋ္ဌနူနာ၊ စွဲကပ်ခြင်း၊ ရူးသွပ်ခြင်း၊ မင်းပြစ်မင်းဒဏ်သင့်ခြင်း၊ သူတစ်ပါးတို့ရဲ့ စွပ်စွဲမှုကို ခံရခြင်း၊ မိဘဆွေမျိုး သားချင်းတို့နဲ့ ရှင်ကွဲ သေကွဲ ကွဲရခြင်း၊ သက်ရှိ သက်မဲ့ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးရ ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းအေးပြီး သမ္မာအာဇီဝ လုပ်ကိုင်စားသောက်ရတဲ့ နိုင်ငံ့ဝန်ထမ်း ဘဝမှာ ကျေးဇူးတရားတွေကို ရင်ဝယ်ပိုက်ပြီး ဗြဟ္မစိုရ် တရားတွေဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ကို လက်ကိုင်ထားနိုင်ကြဖို့ လိုပါတယ်။
မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိ ဘာသာ သာသနာတော်အပေါ် ကျေးဇူးပြုနိုင်သူ၊ ကျေးဇူးဆပ်နိုင်သူမဟုတ်ပါက တန်ဖိုးမဲ့သူ တစ်နည်းအားဖြင့် ကျေးဇူးကန်း၊ ကျေးဇူးမဆပ်သူ ပင် ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံရဲ့ ဖြစ်စဉ်တွေ အပေါ်မှာ အမှန်အတိုင်း မရှုမြင်ဘဲ ကိုယ်ကျိုး စီးပွားအတွက် ဖျက်လိုဖျက်ဆီး လုပ်ကိုင်ကြတဲ့ တရားမဝင်အဖွဲ့အစည်းတွေရဲ့ သွေးထိုးစကား တွေကို နားယောင်မိကြတဲ့ CDM ဝန်ထမ်းတွေမှာ နာကျင်မှု၊ စည်းဖောက်မှု၊ ကျရှုံးမှုဖြစ်စဉ်တွေနဲ့ ပျော်ရွှင်မှုသုခတွေ ချုပ်ငြိမ်းနေရတာကလည်း ကျေးဇူးရှင်အပေါ်ကျေးစွပ်ခြင်းရဲ့ သက်ရောက်မှု တွေကြောင့်ဆိုတာကို တရားသဘောအရ ဆင်ခြင်မိပါတယ်။
အမှန်တကယ်ဖြစ်တည်မှု မဟုတ်ဘဲ စိတ်ကူးယဉ်မျှော်လင့်မှုတွေနဲ့ ရေးသားထားတဲ့ လူမှုကွန်ရက်သတင်းတု၊ သတင်းလိမ်၊ သတင်းမှား တွေကို ယုံကြည်မျှော်လင့်ရင်း ဌာနကျေးဇူး၊ ဆရာသမားကျေးဇူးကို မသိကျိုးကျွန်ပြုကာ CDM နောက် လိုက်ပါနေကြတဲ့ ဝန်ထမ်းတွေအတွက် မစိုးရိမ်ဆရာတော်ကြီး မိန့်ကြားခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။ ။
“သူ၏ကျေးဇူး ရှိခဲ့ဖူး၊ အထူးပြန်ဆပ် နိုင်စေသော်၊ မဆပ်နိုင်သည် ရှိပစေ၊ မချေမဖျက်မိစေသော်။
ဒါ့ကြောင့် စာဖတ်သူအပေါင်းနဲ့ CDM သူငယ်ချင်းအားလုံးသည်လည်း ကျေးဇူးရှင် အပေါင်းတို့အား အခွင့်ရတိုင်း ကျေးဇူးဆပ် နိုင်ကြပါစေ၊ ဆင်ခြေအမျိုးမျိုးပေးခြင်းမှ ရှောင်လွှဲ နိုင်ကြပါစေကြောင်း တိုက်တွန်းရေးသားလိုက် ရပါတယ်။ ။
ကိုဇွဲ