နိုင်ငံသားအခွင့်အရေးနှင့် တာဝန်
ဦးလေးခိုင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ယနေ့ လက်ရှိ မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူ အားလုံးတို့ကို မြန်မာနိုင်ငံသူ၊ နိုင်ငံသား သို့မဟုတ် ပြည်ထောင်စုသား သို့မဟုတ် နိုင်ငံသား ဟု လွယ်လွယ်ကူကူ ပြောဆိုနိုင်ပါသည်။ ပြည်ထောင်စုနိုင်ငံသားဟူသည်တစ်စားတည်းသာ ရှိပါသည်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် သား၊ ကရင်ပြည်နယ်သား၊ ချင်းပြည်နယ်သား၊ ကယား ပြည်နယ်သား၊ ရခိုင်ပြည်နယ်သားဟူ၍ ခွဲခြား ခြင်းမရှိပါ။ အားလုံးပင် ပြည်ထောင်စု မြန်မာ နိုင်ငံသားများဖြစ်ကြပါသည်။ ။
ပြည်ထောင်စုသား မြန်မာနိုင်ငံသားများ ဘဝကို မွေးရာပါသော အခွင့်အရေးအဖြစ်လည်း ရရှိနိုင်ပါသည်။ မွေးစဉ် က ပြည်ထောင်စုသား မဟုတ်သော်လည်း နိုင်ငံသားဖြစ်မှုကိုလျှောက်ထားတောင်းခံ၍ နိုင်ငံတော်အစိုးရက လက်ခံ ခွင့်ပြုခြင်းဖြင့်လည်း ရရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော မြန်မာ နိုင်ငံသားဥပဒေအရ နိုင်ငံအတွင်း ခွဲခြားသတ်မှတ် ထားသည့် နိုင်ငံသားသုံးမျိုးရှိပါသည်။ ၎င်းတို့မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတို့ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံအတွင်း၌ နေထိုင် သူများအားလုံးကို တစ်တန်းတစ်စားတည်း နိုင်ငံသားဟူ၍ မှတ်ယူမရပါ။ တည်ဆဲမြန်မာ နိုင်ငံသားဥပဒေနှင့်အညီ အသိအမှတ်ပြုခြင်း ခံထားရသူများသာ မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။ ။
အသိအမှတ်ပြုနိုင်ငံတော်
နိုင်ငံသားများအနေဖြင့် “နိုင်ငံတော်”ဟူသော ဝေါဟာရ၏အဓိပ္ပာယ်ကို သိရှိခြင်းဖြင့် နိုင်ငံသား ဖြစ်ခြင်းသည် မည်မျှအရေးပါသည်ကို သိရှိနိုင်ပြီး နိုင်ငံသားအဖြစ်ကို ပိုမိုတန်ဖိုးထားတတ်လာမည် ဖြစ်သည်။ နိုင်ငံတော်ဆိုသည်မှာ နိုင်ငံရေးသိပ္ပံ နည်းအရ (State) ဟုခေါ်ပါသည်။ နိုင်ငံတော်တစ်ခု ဖြစ်လာရန် အတွက် (၁)လူဦးရေ၊ (၂) နယ်နိမိတ်၊ (၃) အချုပ်အခြာအာဏာနှင့် (၄) အသိအမှတ် ပြုခံရမှုဟူသော အင်္ဂါလေး ရပ်နှင့် ပြည့်စုံရမည် ဖြစ်သည်။ ယင်းအင်္ဂါရပ်လေးရပ်တွင်ပထမအချက် ဖြစ်သည့် လူဦးရေဆိုသည်မှာ နယ်မြေ တစ်ခု အတွင်း အေးအတူပူအမျှ အတူတကွနေထိုင် ကြသော “နိုင်ငံသား” များကို ဆိုလိုခြင်းဖြစ်သည်။
ဒုတိယအချက်ဖြစ်သည့် နယ်နိမိတ်ဆိုသည် မှာ နိုင်ငံတော်၏ဥပဒေများ ကျင့်သုံးနိုင်သည့် နယ်မြေ (သို့မဟုတ်) နိုင်ငံတော်၏ တရားစီရင်မှု အောက်တွင် ရှိသောနယ်မြေကို ဆိုလိုပါသည်။ တတိယအချက် အချုပ်အခြာ အာဏာဆိုသည်မှာ မိမိပိုင်နက်နယ်မြေအတွင်း ခြွင်းချက်မရှိ ဥပဒေ ပြဋ္ဌာန်းနိုင်မှု၊ အုပ်ချုပ်စီမံခန့်ခွဲနိုင်မှု၊ ၎င်းဥပဒေ များကို အသက်ဝင်စိုးမိုးလာစေနိုင်မှု၊ အများ ပြည်သူဆိုင်ရာ မူဝါဒများ ချမှတ်နိုင်မှုတို့ဖြစ်သည်။ စတုတ္ထ အချက် အသိအမှတ်ပြုခံရမှုဆိုသည်မှာ နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည် နေခြင်း ဖြစ်သည်။
အင်္ဂါလေးရပ်နှင့်မပြည့်စုံ
ဤနေရာတွင် နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခံရခြင်း၊ အသိအမှတ်ပြုမခံရခြင်းကို အလျဉ်းသင့်၍ တင်ပြ လိုပါသည်။ ဂျစ်ပစီများကို ကြားဖူးကြမည်ဖြစ်သည်။ ထိုလူမျိုးများသည် လူဦးရေရှိသော် လည်း တစ်နေရာနှင့် တစ်နေရာ ရွှေ့ပြောင်းနေထိုင်ကြသူများ ဖြစ်သောကြောင့် တည်နေရာမရှိ၊ အချုပ်အခြာ အာဏာမရှိ။ အသိ အမှတ် ပြုခြင်း မရှိကြပါ။ အလားတူ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်အသက် မွေးကြသည့် ဆလုံ လူမျိုးများသည် လူဦးရေနှင့် နယ်နိမိတ်ရှိသော်လည်း အတည်တကျ တည်နေရာ နှင့် အချုပ်အခြာ အာဏာ မရှိကြပါ။ ထိုင်ဝမ်တွင် လူဦးရေ၊ နယ်နိမိတ်နှင့် အချုပ်အခြာအာဏာပိုင် အစိုးရရှိသော် လည်း တရုတ်ပြည် မကြီး၏ နယ်မြေခွဲ တစ်ခုအဖြစ်သာ နိုင်ငံတကာက အသိအမှတ်ပြု ထားသောကြောင့် ထိုင်ဝမ် နိုင်ငံဟု မခေါ်တွင် ဘဲ ထိုင်ဝမ်ကျွန်းဟုသာ ခေါ်တွင်ကြပါသည်။
လက်ရှိ ကျွန်ုပ်တို့ နေထိုင်ရပ်တည်နေကြသော လူဦးရေ၊ နယ်နိမိတ်၊ အချုပ်အခြာအာဏာပိုင်ဆိုင် သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ရှေးအစဉ် အဆက်ကတည်းက တစ်ကမ္ဘာလုံး အသိအမှတ်ပြု ထားကြပါသည်။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်၏ နိုင်ငံသားဖြစ်ခွင့်ရခြင်းမှာ အဖိုးထိုက်တန် ပါသည်။ နိုင်ငံတစ်နိုင်ငံ တွင်ရှိအပ်သည့် ဝိသေသ လက္ခဏာ (Identity) များနှင့် ပြည့်စုံသည်မှာ ဂုဏ်ယူ ဖွယ်ရာဖြစ်ပါသည်။ ကမ္ဘာပေါ် တွင် အင်္ဂါလေးရပ်နှင့် မပြည့်စုံသော နေရာဒေသများရှိပါသည်။ အချို့လည်း အင်္ဂါလေးရပ်နှင့်ပြည့်စုံဘဲ မိမိတို့ ကိုယ်ကိုမိမိတို့ State ဟု ကြွေးကြော်နေသောသူများလည်း ရှိပါ သည်။ အင်္ဂါလေးရပ်နှင့် မပြည့်စုံသရွေ့ အသိ အမှတ် ပြုခြင်းခံရမည် မဟုတ်ပါ။
Identity ဆိုသည်မှာ
နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုနိုင်ရမည့် အင်္ဂါရပ်များနှင့် ဝိသေသလက္ခဏာ (Identity) ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တို့ကို ပြည်သူများအနေဖြင့် သိရှိနားလည်ထားရန် လိုအပ်ပါသည်။ နိုင်ငံသား များနှင့် သက်ဆိုင်သည့် Identity တရားဝင်သက်သေ အထောက်အထားများအကြောင်းကို နားလည်ဖို့၊ တန်ဖိုးထားတတ် ဖို့လည်း လိုပါသည်။ Identity ဆိုသည်မှာ သင်မည်သူမည်ဝါဖြစ်ကြောင်း၊ သင့်ကိုယ်သင် မည်သို့မှတ်ယူကြောင်း၊ ပတ်ဝန်း ကျင် မှ သင့်ကိုမှတ်ယူကြောင်း အမူအကျင့်များကို ဖော်ပြနေပါသည်။ တစ်နည်းဆိုလျှင် Identity သည် နိုင်ငံ တစ်နိုင်ငံ ဒေသတစ်ခု၊ လူမျိုးစုတစ်ခုကို ကိုယ်စားပြုထင်ဟပ်စေသော အမှတ်လက္ခဏာ တစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ပြည်သူ များတွင် မသိနားမလည်၍သော်လည်းကောင်း၊ အကြောင်း ကိစ္စမပေါ်လျှင် မပေါ်သလိုသော်လည်း ကောင်း လွယ်လွယ်ကူကူ နေထိုင်ကြသလို အကြောင်းကိစ္စ မကြုံတွေ့ သရွေ့ ပေါ့ပေါ့တန်တန် ပြီးပြီးလွယ်လွယ် နေထိုင်ကြသည့် ပြည်သူများကို တွေ့ရပါသည်။ အကြောင်း ကိစ္စပေါ် ပေါက်မှသာလျှင် နိုင်ငံသားနှင့်ဆိုင်ရာကိစ္စတို့ကို ရေးကြီးသုတ်ဖျာ လုပ်တတ်ကိုင်တတ်ပါသည်။ အမှန်တကယ် တွင် နိုင်ငံသားတစ်ယောက်ဖြစ်လာသည်နှင့် မွေးဖွား သည်မှ သေဆုံးသည်အထိ နိုင်ငံသားဆိုင်ရာ ကိစ္စများကို လုပ်ကိုင်ဆောင်ရွက်ကြရပါသည်။ အမိဝမ်းမှ မွေးဖွားလာသည်နှင့် မွေးစာရင်းကို ပြုလုပ်ကြရပြီး ခန္ဓာပြတ်စဲ ချုပ်ငြိမ်း သွားသည်နှင့် သေစာရင်းဖြင့် အိမ်ထောင်စုစာရင်းမှ ပယ်ဖျက် ခြင်းကို မဖြစ်မနေပြုလုပ်ရပါသည်။
နိုင်ငံသားကတ်ပြားမရှိကြ
ရပ်ရွာများအတွင်း အတည်တကျနေထိုင်ကြ လျှင် အိမ်ထောင်စုစာရင်းပြုလုပ်ကြရပြီး ခေတ္တပြောင်းရွှေ့ နေထိုင် လျှင် ဧည့်စာရင်းကို ပြုလုပ်ကြ ရပါသည်။ အချိန်တန် အရွယ်ရောက်လျှင် ကလေး မှတ်ပုံတင်ပြု လုပ်ကြ ရပြီး အသက် ၁၈ နှစ်ပြည့် လူလားမြောက်လျှင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ကြ ရသည်။ အလုပ်အကိုင် လုပ်ကိုင်ရာတွင် ဖြစ်စေ၊ ပြည်တွင်းခရီးသွားလာရာတွင်ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ ခရီးသွား လျှင်ဖြစ်စေ၊ အကြောင်း ကိစ္စ တစ်မျိုးမျိုးရှိလျှင် ဖြစ်စေ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းတို့ မဖြစ်မနေ လိုအပ်ပါ သည်။ ထိုသို့ အရေးပါစွာ လိုအပ်သော်လည်း မသိနားမလည်၍ ဖြစ်စေ၊ အမှုမဲ့အမှတ်မဲ့ဖြစ်စေ၊ ပေါ့ပေါ့ တန်တန်ဖြစ်စေ နိုင်ငံသား ဆိုင်ရာ ကိစ္စများကို မပြုလုပ်ခဲ့ကြသည်ကို တွေ့ရပါ သည်။ အနီးစပ်ဆုံးအနေဖြင့် သက်သေ ပြရလျှင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပပြု လုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းတွင် ပါဝင်သူ၊ မဲထည့်ခဲ့ကြသူများတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူများကို တွေ့ရပါသည်။ ။
နိုင်ငံသားဖြစ်မှုဆိုင်ရာ အထောက်အထား စာရွက်စာတမ်း၊ အသိအမှတ်ပြုလက်မှတ် (အရပ် အခေါ်အားဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း စသည့်) များသည် နိုင်ငံသားတစ်ဦးခံစားခွင့် ရှိသည့် အခွင့်အရေး အမျိုးမျိုး တို့ အတွက် မရှိမဖြစ် အရေးပါသည့် အခြေခံအဆောက်အထားများပင် ဖြစ်သည်။ သို့ရာတွင် ၂၀၁၄ ခုနှစ် (သန်းခေါင် စာရင်း) လူဦးရေစစ်တမ်းကောက်ယူမှုစာရင်းအရ မြန်မာနိုင်ငံ၌ လူဦးရေ သန်း ၅၀ ကျော်ရှိသည့် ( အနက် အသက် ၁၀ နှစ်နှင့်အထက် အထောက် အထား စာရွက်စာတမ်းမရှိသူ (မည်သည့်အထောက် အထား ကတ်မျှ ကိုင်ဆောင်ထားခြင်းမရှိသူ) အရေအတွက်မှာ ၁၁ သန်းကျော်ခန့်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၂၇ ဒသမ ၃၄ ရာခိုင်နှုန်း ရှိသည်ဟု လေ့လာသူများက ဆိုပါသည်။
အလွန်အရေးကြီးသည့်အချက်
မြန်မာနိုင်ငံလူဦးရေ စုစုပေါင်း၏ လေးပုံ တစ်ပုံကျော်မျှသည် အထောက်အထား စာရွက် စာတမ်းများ ကိုင်ဆောင် ထားခြင်းမရှိသဖြင့် နိုင်ငံမဲ့နိုင်ငံသား ဖြစ်သွားနိုင်သည့် အခြေအနေ များ သို့မဟုတ် နိုင်ငံသားအခွင့်အရေး ဆုံးရှုံး နိုင်ဖွယ်ရှိသည့် အခြေအနေများဟု ပညာရပ်ဆိုင်ရာ ၊ ပညာရှင်များက သုံးသပ်ကြ ပါသည်။ သို့သော် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်မူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ အခြားအထောက် အထား တစ်ခုခုဖြင့် မဲအရေ အတွက်များ ရေးကိုသာ ရှေးရှု၍ မဲစာရင်းတွင်ထည့်သွင်းခြင်း၊ မဲပေးခြင်း တို့ကို ပြုလုပ် ခဲ့ပါသည်။ ။
နိုင်ငံသားများ နိုင်ငံသားစိစစ်ရေးကတ်မရှိ ခြင်းသည် အလွန်အရေးကြီးသည့်အချက် ဖြစ်သည်ကို သတိမူကြရ မည်ဖြစ် သည်။ ပြည်သူ လူထုအနေဖြင့် နိုင်ငံသားများနှင့်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများရှိခြင်း၏ အရေးကြီးမှု၊ အရေးပါမှုများကို အမှုမဲ့အမှတ်မဲ့ ဖြစ်ကာ အလေးထားဆောင်ရွက်မှု ပြုလုပ်ရန် သတိမထား မိခဲ့ခြင်းဖြစ် နိုင်ပါသည်။ နိုင်ငံသား စိစစ်ရေးကတ်မရှိဘဲ ဆောင်ရွက်နိုင်သော အခြေအနေရနေသော ကြောင့် လည်း ဖြစ်တန်ခြေ ရှိပါသည်။ ထို့အပြင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက)၏လုပ်ထုံးလုပ်နည်းများကို နားမလည်၍ သော်လည်းကောင်း၊ အချို့ပြည်သူတို့အနေဖြင့် ရုံးဌာနများသို့ ဝင်ထွက်သွားလာမှု မပြုလုပ်ရဲခြင်း ကြောင့်လည်းကောင်း၊ လိုအပ်သည့် ထောက်ခံချက် စာရွက်စာတမ်းများ မည်သို့ ရ ယူရမည်ကို မသိခြင်းကြောင့်လည်းကောင်း၊ ပြုလုပ်ရာတွင် မလွယ်ကူပါဟု ထင်မြင် ယူဆ ထားသောကြောင့် လည်းကောင်း စသည့် အကြောင်းအချက် တစ်မျိုးမျိုးကြောင့် နိုင်ငံသားအ ထောက် အထား မရှိကြခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။
လူဦးရေသန်းခေါင်စာရင်း
ထို့ကြောင့် နိုင်ငံသားဖြစ်မှု၊ နိုင်ငံမဲ့မှု၊ နိုင်ငံသားဆိုင်ရာကိစ္စများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနား လည်ရန် လိုအပ် ပါသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် ပတ်သက် သည့် ပြည်သူများ သိရှိသင့်သည့် ဗဟုသုတ အချက် အလက်များကိုမျှဝေပေးလိုပါသည်။ နိုင်ငံသားများ အရေး ကိစ္စတို့သာမက နိုင်ငံတော်၏ ပကတိ အခြေအ နေ မှန်ကို သိရှိနိုင်ရန် လူဦးရေနှင့် အိမ်ထောင်စုစာရင်း (သန်းခေါင် စာရင်း) သည် ရှေးဦးအရေးကြီး ဆုံးလုပ်ငန်း ဖြစ်ပါသည်။ လူဦးရေ နှင့် အိမ်ထောင်စု စာရင်း ကောက်ယူခြင်း လုပ်ငန်း ကို ဆောင်ရွက်နိုင်သောကြောင့် နိုင်ငံသားတို့၏ အခြေအနေကိုသိရပြီးနိုင်ငံသားဆိုင်ရာ အထောက် အထားမရှိသူများကို ဖော်ထုတ်နိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏လူဦးရေကို ရှေးမြန်မာမင်းများ လက်ထက်က ကောက်ယူခြင်းမရှိသော်လည်း အခွန်တော် စစ်တမ်း ကောက်ယူရာမှ လူဦးရေကို ခန့်မှန်းခဲ့သည်။ သာလွန်မင်းလက်ထက်တွင် မြန်မာနိုင်ငံစစ်တမ်းကောက်ယူခဲ့သည်။ အောက် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ၁၈၇၂ ခုနှစ်တွင် ပထမအကြိမ် သန်းခေါင်စာရင်း ကောက်ယူ ခဲ့ပြီး ၁၈၈၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူ ခဲ့သည်။ မြန်မာ တစ်နိုင်ငံလုံး၏သန်းခေါင်စာရင်းကို ၁၈၉၁ ခုနှစ်တွင် ကောက်ယူခဲ့ပြီး ထိုအချိန်က မြန်မာနိုင်ငံ၏ လူဦးရေသည် ၇ ဒသမ ၇ သန်း ရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၃ ခုနှစ်တွင် မြို့ပေါင်း ၂၅၂ မြို့နှင့် ၁၉၅၄ ခုနှစ်တွင် ကျေးရွာ အုပ်စု ၂၀၀၀ ကျော်ကို သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် များတွင် မြန်မာ တစ်နိုင်ငံလုံးအတွက် သန်းခေါင် စာရင်းများ ပြည့်စုံစွာကောက်ယူနိုင်ခဲ့သည်။
အထောက်အထားစတင်အသုံးပြု
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူ ခြင်းကို အစဉ်အဆက်ပြုလုပ်လာခဲ့ပြီး Identity အသိအမှတ်ပြု လက်မှတ် တစ်ခုခု ထုတ်ပေးခြင်းကို ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေအရ စတင်ပြု လုပ်လာခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံသားအက်ဥပဒေပါအတိုင်း အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ယနေ့အထိတိုင် နိုင်ငံသား အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက် ရှိသည်။ ကျွန်ုပ်တို့ လက်ရှိကိုင်ဆောင်အသုံးပြု လျက်ရှိသော ID Card တစ်နည်း သက်သေခံ ကတ်များသည် Passport မှတစ်ဆင့် အခြေခံ ဆင်းသက်သည်ဟု ဆိုရမည်ဖြစ်သည်။ ကမ္ဘာပေါ် တွင် ပထမဆုံးဟု ယူဆရသော Passport ကို ၁၄၁၄ ခုနှစ် အင်္ဂလန်နိုင်ငံ ပဉ္စမမြောက် ဟင်နရီ ဘုရင်လက်ထက်တွင် ပြုလုပ်ခဲ့သည်ဟု စတင်ခန့်မှန်း ကြသည်။ သို့သော် ပထမကမ္ဘာစစ်မတိုင်မီအချိန်အထိ လူအများတွင် သက်သေခံအထောက်အထား မရှိကြသလို လိုအပ်မှုလည်းမရှိခဲ့ပါ။
ထိုအချိန်က အသုံးပြုသော Passport များတွင် လူ၏ သက်သေခံဓာတ်ပုံများ မပါဝင်သေးပါ။ နှစ်ပေါင်းကြာလာ သည်နှင့်အမျှ လူသက်သေခံ ဓာတ်ပုံအထောက်အထားများ ပါဝင်သည့် ID Card များ တစ်နည်းအားဖြင့် သက်သေခံအထောက် အထားများ ၁၈၇၆ ခုနှစ်ခန့်တွင် စတင်ပေါ်ပေါက် လာပါသည်။ ID Card များတွင် ကတ်ပိုင်ရှင်၏ ဓာတ်ပုံပါဝင်ခြင်းသည် အရေးကြီးပုံကို ဦးစွာသိရှိသူ များမှာ ဗြိတိသျှများဟု ဆိုနိုင်ပါသည်။ အဘယ် ကြောင့်ဆိုသော် “Lody spy scandal” ဟုခေါ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် Lody ဟုခေါ်သော ဂျာမန်တစ်ဦးက ဗြိတိသျှတို့ထံတွင် လျှို့ဝှက်ထောက်လှမ်းရေး “စပိုင်” လုပ်ခဲ့ခြင်းမှ စခဲ့သည်။ ထို့နောက် ၎င်းအား သေဒဏ် အပြစ်ပေးခဲ့သည်။ ထို့နောက် ၁၉၁၅ ခုနှစ်မှစတင်၍ သြစတြေးလျနှင့် ဗြိတိန်တို့သည် ဓာတ်ပုံအထောက် အထားကို စတင်အသုံးပြုခဲ့သည်။ ၁၉၈၅ ခုနှစ် ISO/ICE 7810 ဖြင့် စံသတ်မှတ်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ISO/ICE 7816 ဖြင့် ထပ်မံသတ်မှတ်ခဲ့သည်။
နိုင်ငံသားဖြစ်မှုပိုမိုဂရုပြု
နိုင်ငံသားတစ်ဦးစီတိုင်းသည် တရားဝင် အထောက်အထားဖြစ်မှုကို နားလည်သဘော ပေါက်ပြီး Legal identity ၏ အရေးပါမှုကို သိရှိ ထားရန် လိုအပ်သည်။ တရားဝင် အထောက်အထား ဆိုသည်မှာ မိမိတို့နေထိုင်သော သက်ဆိုင်ရာ နိုင်ငံ များတွင် လူပုဂ္ဂိုလ်တစ်ဦး၏ ရသင့်ရထိုက်သော ရပိုင်ခွင့်၊ အခွင့်အရေးများနှင့် တာဝန်များကို သက်သေခံ ပေးနိုင်ရန် တရားဝင်မှတ်ပုံတင်ခြင်းနှင့် အထောက်အထားတစ်ရပ်ဖြစ်သည်။ သက်ဆိုင်ရာ နိုင်ငံများမှ ကျင့်သုံးသော နိုင်ငံတော်ဥပဒေအရ ပြုလုပ်ပေးပါသည်။ တချို့စာအုပ်များတွင် တရားဝင် အထောက်အထားကို “ဥပဒေ ရှေ့မှောက်တွင် လူပုဂ္ဂိုလ်အဖြစ် တစ်ဦးတစ်ယောက်ကို အသိအမှတ် ပြုခြင်း”ဟု ရည်ညွှန်း အသုံးပြု ကြောင်း တွေ့ရသည်။ တရားဝင်အထောက်အထားကို အသိအမှတ်ပြု ခြင်းမှာ တစ်ဦးတစ်ယောက် ပိုင်ဆိုင် ထားသော ခိုင်လုံသည့် အထောက်အထား စာရွက်စာတမ်းများ သို့မဟုတ် တရားဝင်အထောက်အထားများနှင့် ပတ်သက်၍ သက်သေခံနိုင်သော အခြားပုံစံများ ပေါ်တွင် မူတည်ပါသည်။ ဥပမာ- နိုင်ငံသားစိစစ်ရေး ကတ်၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင် စသည်တို့ကို ဆိုလိုပါသည်။
အာဖရိကနှင့် တောင်အာရှနိုင်ငံများတွင် အသက် ၁၅ နှစ်ကျော် လူအများစုမှာ Identity Card ကိုင်ဆောင် ထားခြင်းမရှိသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင် စာရင်း ထုတ်ပြန်ချက်အရ လူဦးရေ ၁၁ သန်းကျော်သည် နိုင်ငံသားဖြစ်ကြောင်း မည်သည့်အထောက်အထားကိုမျှ ကိုင်ဆောင် ထားခြင်းမရှိသည်ကို တွေ့ရှိခဲ့သည်။ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်ဖော်ပြချက် ၁၆ ဒသမ ၉ တွင် ၂၀၃၀ ပြည့်နှစ်သို့ ရောက်ပါက လူသားအားလုံး မွေးစာရင်းပြုလုပ်ခြင်းအပါအဝင် တရားဝင် သက်သေခံအထောက်အထားရရှိရေး ရည်မှန်း ချက် ထားရှိသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် အစိုးရနှင့် CSO များက ပြည်သူများအတွင်း သက်သေခံ အထောက်အထားမဲ့ လျော့နည်းစေရေး အတွက် ဆောင်ရွက်လျက်ရှိရာ ထိုဆောင်ရွက် ချက်များကို သိရှိနိုင်ရန်နှင့် နိုင်ငံသားဖြစ်မှုကို ပိုမိုဂရုပြုတတ်စေရန်၊ အထောက်အထား စာရွက် စာတမ်းများကို တန်ဖိုးထားတတ်စေရန် အသိပညာ ပေးမှုများ လိုအပ်ပါသည်။ ။
လူဦးရေစာရင်းမှန်ကန်စေရန်
နိုင်ငံတော်အစိုးရအနေဖြင့် လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသား မှတ်ပုံ တင်ရေး ဦးစီးဌာနအောက်တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မိုးပွင့်အထူးစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ကျေးလက်ဒေသများ၊ အစိုးရစာသင် ကျောင်းများတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည် ၁ ကို မြင်တွေ့ခဲ့ကြရမည်ဖြစ်သည်။ ထို့အပြင် ကို အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသား တိုင်း မဲပေးခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရပါသည်။ ၂၀၁၆ ခုနှစ်တွင် ရက် ၁၀၀ စီမံချက် ၁ ဖြင့်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် သစ္စာစီမံချက် ဦး ဖြင့်လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်း အဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မဲစာရင်းများကို ဆောင်ရွက်ရာတွင် လူဦးရေစာရင်းများI မှန်မှန်ကန်ကန် ရှိစေရန် အတွက် လည်း အလုပ် ၁ သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ၆ နှင့် ၂၀၁၉ ခုနှစ် ရှေ့ပြေးသန်းခေါင်စာရင်းများ အပေါ်မူတည်၍ စာရင်းများ မှန်မှန်ကန်ကန် ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မှတ်ပုံတင် “ မရရှိသေးသည့် နိုင်ငံသား များအား အမြန်ဆုံးရရှိအောင် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် - မှတ်ပုံတင်မရရှိသေးသည့် တိုင်းရင်းသားများ ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင်လည်းသမာသမတ် ရှိစွာဖြင့် ဆောင်ရွက်ရန်လိုကြောင်း” ရ မှာကြား ခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)