Skip to main content

နိုင်ငံတော်သမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲနေသော ပြည်သူ့တပ်မတော်

ယမန်နေ့မှအဆက် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ဘီနိုင်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နှင့်မတူပေါက်ဖွား လာသော ပထမဆုံးတပ်မတော် ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ အထိ သက်တမ်း ရှိခဲ့သည်။ တပ်မတော်မျိုးစေ့ ရဲဘော်သုံးကျိပ်က ပေါက်ဖွားလာသော တပ်မတော် ဟုလည်း ဆိုနိုင် သည်။ ဗန်ကောက်သို့ မီနာမီအဖွဲ့နှင့် ရဲဘော် သုံးကျိပ်ရောက်ရှိပြီးနောက် ဗိုလ်မှူးကြီးဆူဇူကီးက ဗမာ့လွတ်လပ်ရေး တပ်မတော်ဖွဲ့စည်းရေးအတွက် စစ်သားစုဆောင်းရန် အိနို့ ပေးခဲ့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင် ဗန်ကောက်မြို့ရှိ ဗမာလူမျိုးဆရာဝန် ဦးလွန်းဖေနေအိမ်၌ ရဲဘော် သုံးကျိပ်ဝင်များ၊ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုး များ၊ ထိုင်းမြန်မာကပြားများ ၂၀၀ ခန့် စုဝေးခဲ့ရာ ဗိုလ်တေဇက မိမိတို့တိုင်းပြည်တ်လပ်ရေး တွက် စွန့်လွှတ်စွန့်စားစွာ တိုက်ပွဲဝင်လိုသူများ မနေဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော်ထောင်ရန် ဖိတ်ခေါ် ခဲ့သည်။ ထိုနေ့က တပ်သားသစ် ၁၀%)ကျော် ရသည်။ ရဲဘော်သုံးကျိပ်ဝင်များနှင့် တပ်သားသစ်များသည် လွတ်လပ်ရေး အတွက် အသက်ပေး၍ တိုက်ပွဲဝင်ပါမည်ဟု သမိဌာန် ပြု၍ သွေးသောက်ပွဲကျင်းပခဲ့သည်။ ဤကား ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ )၏ အပင်တည်း။ ထို့နောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နေ့တွင် ဗိုလ်တေဇ နေထိုင်လျက်ရှိသော ဖရန့်ဖီး (Frank Field) အဆောက်အအုံတွင် ရဲဘော် သုံးကျိပ်ဝင် ၂ ဦးသည် တစ်ဦးကိုတစ်ဦး အသက်ပေးစောင့်ရှောက်၍ လွတ်လပ်ရေး အတွက် အသက်စွန့် လှူပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုကာ ဒုတိယအကြိမ် သွေးသောက်ပွဲ ကျင်းပခဲ့ကြသည်။ သွေးသောက်ပွဲတွင် စစ်သင်တန်းတက်စဉ် ကွယ်လွန်သွားသော သခင်သန်းတင်နှင့် ပြည်တွင်း သူပုန်တပ်ဖွဲ့ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံထဲ ကြိုတင်ဝင်ရောက်သွားသော ဗိုလ်ဇေယျနှင့် ဗိုလ်မြင့်ဆွေတို့ မပါဝင်ချေ။ စစ်မထွက်မီ ပြင်ဆင်မှုအနေဖြင့် စစ်ကြောင်း များ သတ်မှတ်ခဲ့သည်။ မော်လမြိုင်စစ်ကြောင်း၊ ထားဝယ် စစ်ကြောင်း၊ ရေကြောင်းချီတပ်ဖွဲ့ (မြိတ်စစ်ကြောင်း)တို့ ဖြစ်သည်။ အတွင်းသူပုန် တပ်ဖွဲ့ ဟူ၍လည်း ဖွဲ့စည်း ခဲ့သည်။ စစ်ကြောင်းလိုက် ရဲဘော်သုံးကျိပ်ဝင်များကို တာဝန်ခွဲဝေ ပေးခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာန ချုပ်နှင့် မော်လမြိုင်စစ်ကြောင်းတွင် ဗိုလ်တေဇ ဗိုလ်ရန်အောင်၊ သခင်ထွန်းအုပ်၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်စော မောင်၊ ဗိုလ်မိုး၊ ဗိုလ်ဇင်ယော်တို့ ပါဝင်သည်။ လက်နက်ခဲယမ်းမီးကျောက်နှင့် သယ်ယူပို့ဆောင်ရေးတာဝန်များ ဆောင်ရွက်ရန်ထောက်ပို့တပ်ရင်းတွင် ဗိုလ်ကျော်ဇောနှင့် ဗိုလ်စောနောင်တို့ ပါဝင်ခဲ့သည်။ ဗိုလ်စကြာနှင့် ဗိုလ်အောင်တို့လည်း ထောက်ပို့တပ်ရင်းနှင့်အတူ လိုက်ပါလာသည်။ ဗိုလ်ရန်နိုင်း ဗိုလ်မင်းခေါင်း ဗိုလ်တောက်ထိန် တို့က ရေကြောင်းချီတပ်ဖွဲ့တွင် ပါဝင်သည်။ ထားဝယ်စစ်ကြောင်းတွင် ဗိုလ်လက်ျား ဗိုလ်လရောင်း ဗိုလ်မင်း ရောင်၊ ဗိုလ်မြင့်အောင်၊ ဗိုလ်ဗလနှင့် ဗိုလ်ဉာဏတို့ ပါဝင်ခဲ့ကြသည်။ ဗိုလ်ဘုန်းမြင့်က တပ်မ ၅၅ နှင့် ဆက်သွယ် ရေး အရာရှိဖြစ်သည်။ ပြည်တွင်းသို့ နှစ်သုတ်ခွဲ ဝင်ရောက်သွားနှင့်သော ပြည်တွင်းသူပုန်တပ်ဖွဲ့တွင် ဗိုလ်နေဝင်း၊ ဗိုလ်မိုးညို ဗိုလ်လင်းယုံ၊ ဗိုလ်တာရာ၊ ဗိုလ်မြဒင်၊ ဗိုလ်ဇေယျနှင့် ဗိုလ်မြင့်ဆွေတို့ ပါဝင် စစ်ကြောင်းများနှင့်အတူ မြန်မာပြည်တွင်းဝင်ခဲ့သည်။ ဗိုလ်ထိန်ဝင်းသည်ရဲဘော်သုံးကျိပ်ဝင်များဘန်ကောက် ရောက်ပြီးနောက် ဗန်ကောက် ဝါဒ ဖြန့်ဖြူးရေး ဌာနမှနေ၍ မြန်မာဘာသာဖြင့် အသံလွှင့်ဝါဒ ဖြန့်ခဲ့သည်။ ၁၉၄၂ ခုနှစ် မေလကျမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ပြန်ကြားရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်သည်။ စစ်ကြောင်းများသည် ၎င်းတို့တပ်စွဲရာ နေရာ ဒေသအသီးသီးတွင် တပ်သားသစ်များ ထပ်မံ စုဆောင်းခဲ့ရာ အင်အား ၁၅၀၀၀ အထိ ရှိလာသည်။ လက်နက်ခဲယမ်းမီးကျောက်နှင့် စားနပ်ရိက္ခာများကို ဖြည့်တင်း စုဆောင်း ခဲ့သည်။ စစ်ကြောင်းများ ချီတက်သောအခါ လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာ၊ မြို့များမှ ပြည်သူများသည် မိဘ၊ သားမယား နှင့် လုပ်ငန်းကိုင်ငန်းများကိုစွန့်၍ ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ တဖွဲဖွဲဝင်ရောက် လာကြ သဖြင့် အင်အားကြီး ထွားလာသည်။ အကြပ်တပ်သားများ သည် တိုက်ရင်းလေ့ကျင့်-လေ့ကျင့်ရင်း တိုက်ကာ စစ်ရည်ဝလာကြသည်။ အတွေ့အကြုံရလာကြသည်။ စစ်ကြောင်းများမထွက်မီ ဗိုလ်နေဝင်း ခေါင်းဆောင်သော ပြည်တွင်းသူပုန်တပ်ဖွဲ့ကို ကြိုတင်စေလွှတ်၍ မြေအောက် တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်စေသည်။ ထိုအဖွဲ့တွင် ဗိုလ်မိုးညို။ ဗိုလ်လင်းယုံ၊ ဗိုလ်တာ ရာနှင့် ဗိုလ်မြဒင်တို့ ပါဝင်သည်။ လမ်းခရီးတွင် ဗိုလ်မြဒင် မကျန်းမာ၍ ဇင်းမယ်ဆေးရုံတွင် ထားခဲ့ရ သည်။ ကျန်လေးဦးသည် ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်၍ မြန်မာပြည်ထဲ ဝင်ရောက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်သို့ရောက်၍ ပြည်သူ့ အရေးတော်ပုံ ပါတီဝင်များနှင့် ဆက်သွယ် မိသည်။ ဗိုလ်နေဝင်း၊ ဗိုလ်မိုးညိုနှင့် ဗိုလ်လင်းယုံ တို့သည် ရန်ကုန်နှင့် ပဲခူးတွင်လည်းကောင်း၊ ဗိုလ်တာရာသည် ဖြူးနှင့် ပျဉ်းမနားတွင် လည်းကောင်း စစ်ပညာနှင့် လက်နက်ငယ် သင်တန်းကို လျှို့ဝှက်ပေးခဲ့၏။ ဗမာ့လွတ်လပ်ရေးတပ်မတော် ဖွဲ့စည်းပြီး မြန်မာပြည်အတွင်းသို့ ချီတက်ဝင်ရောက်ခါနီး ၁၉၄၁ ခုနှစ် ဒီဇင် ဘာလထဲတွင် မီနာမီအဖွဲ့သည်တောင်ပိုင်းတပ်မတော်၏ ကွပ်ကဲမှုအောက်မှ အမှတ်- ၁၅ တပ်တော်၏ ကွပ်ကဲ မှုအောက်သို့ ပြောင်းရွှေ့ ရောက်ရှိသွားသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် မြန်မာပြည်တွင်းသို့ စစ်ကြောင်း များဖြန့်၍ ဝင်ရောက်ခဲ့ရာတွင် ဂျပန်တို့၏ တပ်မ ၃၃၊ တပ်မ ၅၅ တို့နှင့်အတူ ရင်ပေါင်တန်း၍ တိုက်ခိုက်ခဲ့ကြသည်။ မော်လမြိုင်စစ်ကြောင်း၏ မူလအစီအစဉ်မှာ အမှတ်- ၁၅ တပ်တော်နှင့်အတူ ထိုင်း-မြန်မာ နယ်စပ်ကို မဲဆောက်မှ ဖြတ်၍ မြဝတီကို သိမ်းပိုက်ကာ ထိုမှတစ်ဆင့် ဒေါနတောင်တန်းကို ဖြတ်ပြီး မော်လမြိုင်ကို သိမ်းပိုက်ရန် ဖြစ်သည်။ သို့သော် ရဟိုင်းမြို့သို့ ရောက်သောအခါ အစီအစဉ် ပြောင်းသွားသည်။ မော်လမြိုင် စစ်ကြောင်းသည် အမှတ်-၁၅ တပ်တော်နှင့်အတူ မော်လမြိုင်သို့ မလိုက်ဘဲ အမှတ် - ၁၅ တပ်တော် စစ်ကြောင်း၏ မြောက်ဘက်မှနေ၍ သီးခြား ချီတက်ကာ နဂါးပတ်စစ်ဗျူဟာဖြင့် ဗြိတိသျှ တပ်များကို နောက်ပိုင်းမှ လှည့်ပတ်တိုက်ခိုက် မည် ဖြစ်သည်။ မော်လမြိုင်စစ်ကြောင်းသည် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် သာဆောင်ရမ်းမှ တစ်ဆင့် ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ကျော် သည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကူဆိပ်သို့ ရောက်ရှိကာ စခန်းချရင်း စစ်သား စုဆောင်းသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စစ်တောင်း မြစ်ကမ်းရှိ ကွင်းဆိပ်သို့ရောက်ရှိကာ မြစ်ကို ဖြတ်ကူး သည်။ ဗိုလ်စောအောင်ဦးစီးသော တပ်သည် ရွှေကျင်မြို့တွင် ဗြိတိသျှတပ်ဖွဲ့နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာ ဗိုလ်စောအောင် ကျဆုံး သည်။ ရဲဘော်သုံးကျိပ်ထဲမှ ပထမဆုံး ကျဆုံးသူ ဖြစ်သည်။ မော်လမြိုင်စစ်ကြောင်းသည် ဆက်လက်ချီတက်ရာရန်ကုန်-မန္တလေးလမ်းမကြီး ကိုဖြတ်၍ ပဲခူးရိုးမကိုကျော်ကာ တိုက်ကြီးမြို့ကို သိမ်းပိုက် သည်။ မတ်လ ၈ ရက်နေ့တွင် ဖူးကြီး ရွာ၌ ဗြိတိသျှတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ ဗိုလ်မိုး ကျဆုံးသည်။ မော်လမြိုင် စစ်ကြောင်းသည် ဖူးကြီးရွာ၊ သပြေကုန်းရွာ၊ မြယာကုန်းသို့ အဆင့်ဆင့်ချီတက်ပြီး လှိုင်မြစ်ကိုဖြတ် ကူးကာ ထန်းတပင်မှတစ်ဆင့် လှေသမ္ဗန်များဖြင့် စုန်ဆင်း ခဲ့ရာ ကြည့်မြင်တိုင်ဆိပ်ကမ်းသို့ မတ်လ ၁၂ ရက်နေ့ တွင် ရောက်ရှိခဲ့သည်။ ရေကြောင်းချီတပ်ဖွဲ့ သည် ဗန်ကောက်မှ တစ်ဆင့် ချွန်ဖုန်း-ဝိတိုရိယအငူ (ယခု ဘုရင့်နောင် အငူ)- ကရသူရိ-ဘုတ်ပြင်းအတိုင်း ချီတက်ကာ မြိတ်မြို့ကို သိမ်းပိုက်သည်။ မြိတ်တွင် စစ်သား စုဆောင်းပြီးနောက် ထားဝယ်- ကျိုက္ခမီမော်လမြိုင်သို့ ရောက်ရှိသည်။ ဘားအံရှိ ဗြိတိသျှ တပ်များကိုတိုက်၍ ဘားအံကို သိမ်းပိုက်သည်။ ထို့နောက် ကျိုက္ခမီသို့ပြန်လာ၍ စက်လှေ ၁၂ စင်းဖြင့် ရန်ကုန်သို့ ချီတက်သည်။ သခွပ်မြစ်ဝ အလွန် သီလဝါရွာ အနီးသို့ ရောက်သောအခါ ရှေ့ဆုံးမှချီတက်သော ဗိုလ်မင်းခေါင်ဦးစီးသည့် စက်လှေအုပ်စုသည် ဗြိတိသျှရေ တပ်အုပ်စုနှင့် ထိတွေ့ပြီး အဖမ်းခံရသည်။ ဗိုလ်ရန်နိုင်နှင့် ဗိုလ်တောက်ထိန်တို့ စက်လှေများသည် သခွပ် မြစ်ဝမှ မြစ်ဝကျွန်းပေါ်သို့ လမ်းကြောင်းပြောင်း ချီတက်သည်။ မတ်လ ၃ ရက်နေ့တွင် ဒေးဒရဲမြို့၊ ထို့နောက် ကျိုက်လတ်မြို့သို့ ရောက်သည်။ ဗိုလ်တောက်ထိန်က ရန်ကုန်မြို့သို့ သွားရောက် သတင်းပို့စဉ် ကျန်တပ်များကို ဗိုလ်ရန်နိုင်ဦးစီး၍ မြစ်ဝကျွန်းပေါ်ရှိ မြို့ရွာများကို သိမ်းပိုက်သည်။ ကြံခင်းမြို့တွင်ရှိ၍ ဗြိတိသျှတပ်များ၏ သတင်းရသဖြင့် ညောင်စာရေး၊ ရွှေနတ်တောင် မှတစ်ဆင့် ရွှေတောင်မြို့ သို့ ချီတက်ရာ နာမည်ကျော် ရွှေတောင်တိုက်ပွဲ ဖြစ်ပွားသည်။ ဗိုလ်ရန်နိုင် ဦးစီးသည့် ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် ဂျပန်တပ်များသည် ဗြိတိသျှတပ်များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရာ ဗြိတိသျှတို့ ရွှေတောင်မှ ဆုတ်ခွာ သည်။ ဗိုလ်ရန်နိုင်တပ်သည် ပြည်မြို့သို့ ဆက်လက် ချီတက်၍ ဧပြီလ ၄ ရက်နေ့တွင် စခန်းချရပ်နား သည်။ ထားဝယ်စစ်ကြောင်းသည် ဗန်ကောက်မှ ဇန်နဝါရီလ ၈ ရက်နေ့တွင် ထွက်ခွာ၍ ကန်ချနာဘူချီ တွင် စစ်သား စုဆောင်းသည်။ နယ်စပ်ကို စန်ပိုရွာ အနီးမှဖြတ်၍ မြန်မာပြည်တွင်း ဝင်ရောက်ခဲ့သည်။ မေတ္တာရွာတွင် ဗြိတိသျှ တပ်နှင့် ထိတွေ့တိုက်ခိုက်ကာမေတ္တာရွာကိုသိမ်းပိုက်သည်။ ထို့နောက် ဇန်နဝါရီလ ( ၁၉ ရက်နေ့တွင် ထားဝယ် ကိုသိမ်းပိုက်ပြီး မော်လမြိုင် ( သို့ ဆက်လက်ချီတက်သည်။ ထားဝယ်စစ်ကြောင်းမှဗိုလ်မြင့်အောင်နှင့် ဗိုလ်ဗလ တပ်များသည် ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဌာနချုပ်နှင့် ပူးပေါင်း ရန် မော်လမြိုင်၊ ဘားအံ၊ ရွှေဂွန်းမှတစ်ဆင့် သံလွင်မြစ်ကိုဖြတ်ကူး၍ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တွင် ကွင်းဆိပ်ရွာသို့ရောက်ရှိပြီး စစ်ဌာနချုပ်နှင့် ပူးပေါင်း မိသည်။ ဗိုလ်မိုးကြိုးသည် မော်လမြိုင်စစ်ကြောင်းကို မူလစီမံချက်အတိုင်း ရန်သူ့နောက်ပိုင်းသို့ စေလွှတ် လိုက်ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်စစ်ဌာနချုပ် စစ်ကြောင်းကို ရန်ကုန်မြို့သို့ ဦးတည်ချီတက်စေ ရာတွင် ထားဝယ် စစ်ကြောင်းမှတပ်များကို ရှေ့ပြေး စေလွှတ်သည်။ ယင်းစစ်ကြောင်းသည် စစ်တောင်း မြစ်ကိုဖြတ်ကူးပြီး မြစ်ကြိုး၊ ဝေါမှတစ်ဆင့် ဂျပန်တပ်မ ၅၅ မှ တပ်များနှင့်အတူ ပဲခူးမြို့ရှိ ဗြိတိသျှတပ်များကို တိုက်ခိုက်ရာ မတ်လ ၇ ရက်နေ့ တွင် ပဲခူးကိုသိမ်းပိုက်နိုင်ခဲ့သည်။ တစ်ဆက်တည်း အောင်မြေချဲ့ထွင် ချီတက်ခဲ့ရာ ၁၉၄၂ ခုနှစ် မတ်လ ( ၈ ရက်နေ့တွင် တပ်မ ၅၅ မှ တပ်များနှင့်အတူ ရန်ကုန်မြို့ကို သိမ်းပိုက်မိသည်။ ။ ဗမာ့လွတ်လပ်ရေးတပ်မတော်စစ်ဌာနချုပ်နှင့် ထားဝယ်စစ်ကြောင်းက ရန်ကုန်မြို့ကို သိမ်းပိုက် မိချိန်တွင် မော်လမြိုင် စစ်ကြောင်းက ဗြိတိသျှတို့ ဆုတ်ခွာရာလမ်းကြောင်းဖြစ်သော ဖူးကြီး၌ | ရောက်ရှိနေပြီးဖြစ်သည်။ ရေကြောင်း ချီစစ်ကြောင်းက ဧရာဝတီမြစ်ဝကျွန်းပေါ်ကို သိမ်းပိုက်ပြီး ပိတ်ဆို့ထားပြီးဖြစ်သည်။ ထားဝယ် စစ်ကြောင်းမှ ကျန်ရှိသော ဗိုလ်လက်ျာ၊ ဗိုလ်လရောင်၊ ဗိုလ်မင်းရောင်နှင့် ဗိုလ်ဉာဏတို့ တပ်များကလည်း မုဒုံမှ မော်လမြိုင်၊ မော်လမြိုင်မှ မုတ္တမသို့ကူး၍ ထိုမှတစ်ဆင့် ပဲခူးမြို့၊ ရန်ကုန်မြို့သို့ ဝင်ခဲ့ကြသည်။ ဤကား.........လွတ်လပ်ရေးဆုံးရှုံးပြီးနောက် ပထမဆုံးမြန်မာ့တပ်မတော်ဖြစ်သည်။ ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ)၏ နိုင်ငံ လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ ကို သိမ်းပိုက် ရာတွင် စစ်ကြောင်း သုံးကြောင်းဖြင့် ရန်သူဗြိတိသျှ ကို ဝိုင်းပတ်ပိတ်ဆို့ခဲ့သော ဗျူဟာဖြစ်သည်။ ရဲဘော်သုံးကျိပ်၏ စွန့်လွှတ် စွန့်စားမှု များကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည်။ " နိုင်ငံတော်၏သမိုင်းကြောင်းတွင် လွတ်လပ် ရေးမရမီကတည်းက ပြည်သူတို့မှ ပေါက်ဖွားလာ သည့် တပ်မတော်ဟူ၍ တည်ရှိပြီး နိုင်ငံလွတ်လပ် ရေး ရရှိရေးအတွက် ဦးဆောင် ကြိုးပမ်း ခဲ့သည်မှာ သမိုင်းသက်သေ ဖြစ်သည်။ (ဆက်လက်ဖော်ပြပါမည်)