Skip to main content

အငြိမ်းစားလစာထုတ်ယူကြသည့် ပင်စင်စားမိဘပြည်သူများ အဆင်ပြေချောမွေ့စေရေး

လစဉ် လတစ်လ၏ တတိယပတ်(၂၁ ရက်နေ့မှစ၍ နောက်ပိုင်း)မှ စတင်၍ မိမိတို့နိုင်ငံရှိပင်စင်စား မိဘပြည်သူများ သည် ယင်းတို့၏ ဘဝတစ်လျှောက် နိုင်ငံ့ဝန်ထမ်းတာဝန်များကို နှစ်ပြည့်/ သက်ပြည့် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးနောက် ရရှိလာသည့် အငြိမ်းစားလစာ များကို သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများတွင် သွားရောက်ထုတ်ယူလေ့ရှိကြပါသည်။ ယခုအခါ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်လာမှု နည်းပညာတိုးတက်ပြောင်းလဲလာမှုတို့ကြောင့် ပင်စင်လစာထုတ်ယူရန် အချိန်ကုန်သက်သာ၍ ပိုမိုလွယ်ကူစေသည့် နည်းလမ်းများကို ရွေးချယ်အသုံးပြုနိုင်ကြပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါနည်းလမ်းများအား မသိရှိသေးသည့်ပင်စင်စားမိဘပြည်သူများ အနေဖြင့် နှစ်သက်ရာနည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်စေရန်နှင့် အများပြည်သူဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ အငြိမ်းစားလစာ ထုတ်ယူလေ့ရှိသည့် အဆိုပါနည်းလမ်းများမှာ (က) ဘဏ်သို့ မိမိကိုယ်တိုင်သွားရောက်၍ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလှယ်စေလွှတ်၍ဖြစ်စေ ထုတ်ယူသည့်နည်းလမ်း(ပင်စင် စာအုပ်(သို့မဟုတ်) Pension ကတ်တို့နှင့်အတူ)၊ (ခ) မိုဘိုင်း ဖုန်းကို အသုံးပြု၍ ထုတ်ယူသည့်နည်းလမ်းနှင့် (ဂ)ငွေစုဘဏ်စာရင်း၊ စာရင်းရှင်စာရင်း၊ ATM စာရင်းသို့ ပြောင်းလဲထည့်သွင်း၍ထုတ်ယူ သည့်နည်းလမ်းတို့ ဖြစ်ကြပါသည်။ အလျဉ်းသင့်၍ တင်ပြရလျှင် မိုဘိုင်းဖုန်းကိုအသုံးပြု၍ ထုတ်ယူသည့်နည်းလမ်းမှာ Fintech ဟူသည့် ဘဏ္ဍာရေးဆိုင်ရာနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာ၍ ဖြစ်ပါသည်။ Fintech ဆိုသည်မှာ ဘဏ္ဍာရေး(Finance)နှင့် နည်းပညာ (Technology) ပေါင်းစပ်ထားသည့် စကားလုံးဖြစ်သည့်အတွက် ဘဏ္ဍာရေးဆိုင်ရာနည်းပညာဟု အလွယ်တကူ သိရှိနားလည်နိုင်ပါ သည်။ Fintech နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း ဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတွင် ယခင်ကထက် အချိန်ကုန် သက်သာ၍ မြန်ဆန်ချောမွေ့စွာ လုပ်ဆောင်နိုင်သည့် ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိလာမည်ဖြစ်ပါသည်။ ပင်စင်စားမိဘပြည်သူများအနေဖြင့် အငြိမ်းစားလစာများကို အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်သည့်နည်းလမ်း သုံးမျိုးမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။ (က) ဘဏ်သို့ မိမိကိုယ်တိုင်သွားရောက်၍ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလှယ်စေလွှတ်၍ ဖြစ်စေထုတ်ယူသည့် နည်းလမ်း - ပုံမှန်အားဖြင့် ပင်စင်စားမိဘပြည်သူများသည် သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများသို့ လူကိုယ်တိုင်သွားရောက် ထုတ်ယူလေ့ရှိကြပါသည်။ ထိုသို့ထုတ်ယူရာ၌ မိမိတို့တွင်ရှိသည့် e-Pension ကတ် (သို့မဟုတ်)ပင်စင်စာအုပ်ကို ယူဆောင်သွား၍ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်စေလွှတ်၍ဖြစ်စေ ထုတ်ယူကြပါ သည်။ အငြိမ်းစားလစာများကို ကိုယ်စားလှယ်ဖြင့် ထုတ်ယူလေ့ ရှိသူများသည် သက်ဆိုင်ရာဘဏ်များမှ ထုတ်ပေးထားသည့် ကိုယ်စားလှယ်လွှဲစာဖောင်တွင် လက်မှတ်ရေးထိုးပေးရမည်ဖြစ်ပြီး ပြန်တမ်းဝင်အရာရှိတစ်ဦး(သို့မဟုတ်) သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ် ရေးမှူး၏ လက်မှတ်ပါရှိရပါမည်။ မိသားစုပင်စင် ခံစားသူများသည် သုံးလတစ်ကြိမ်နှင့် ကိုယ်တိုင်ပင်စင်ခံစားသူများသည် ခြောက်လ တစ်ကြိမ် အသက်ရှင်လျက်ရှိကြောင်း သက်ဆိုင်ရာဘဏ်သို့ ကိုယ်တိုင်သွားရောက် အကြောင်းကြားပေးရပါသည်။ ယခုအခါ နည်းပညာတိုးတက်လာသည်နှင့်အညီ ဘဏ်သို့ မိမိတို့ကိုယ်တိုင် သွားရောက်ရန် အခက်အခဲရှိပါက မိမိတို့၏ မိုဘိုင်းဖုန်းများကို အသုံး ပြု၍ ဘဏ်ခွဲမန်နေဂျာသို့ ဆက်သွယ်ကာ Viber သို့မဟုတ်) Video | Call အသုံးပြုခြင်းဖြင့် အကြောင်းကြား အတည်ပြုနိုင်ပြီဖြစ်ပါသည်။ ဘဏ်ခွဲမန်နေဂျာမှ မှတ်တမ်းယူရ၍ အသက်ရှင်လျက်ရှိကြောင်း အတည်ပြုပေးမည် ဖြစ်ပါသည်။ ။ (ခ) မိုဘိုင်းဖုန်းကိုအသုံးပြု၍ ထုတ်ယူသည့်နည်းလမ်း ပင်စင်စားမိဘပြည်သူများအနေဖြင့် အငြိမ်းစားလစာထုတ်ယူ ရာတွင် အချိန်ကုန် သက်သာမြန်ဆန်၍ အဆင်ပြေချောမွေ့သည့်နောက်ထပ်နည်းလမ်းတစ်ခုမှာ မိမိတို့၏ မိုဘိုင်းဖုန်းများကို | အသုံးပြု၍ဖြစ်စေ၊ မိုဘိုင်းဖုန်းများရှိ Mobile Application ကို အသုံးပြု၍ဖြစ်စေ၊ နီးစပ်ရာကိုယ်စားလှယ် (Mobile Money Agent) များထံ သွားရောက်ထုတ်ယူနိုင်သည့်နည်းလမ်း ဖြစ်ပါသည်။ ထိုနည်း | လမ်းကို အသုံးပြုခြင်းဖြင့် အငြိမ်းစားလစာထုတ်ယူရန် သက်ဆိုင်ရာ | ဘဏ်သို့ လူကိုယ်တိုင်သွားရောက်ရန် မလိုအပ်တော့ဘဲ မိမိတို့ အဆင်ပြေသည့် အချိန်များတွင်သာ သက်ဆိုင်ရာကိုယ်စားလှယ် (Mobile Money Agent)များထံမှ ထုတ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ အဆိုပါနည်းလမ်းကို ယခုမှ စတင်အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာဘဏ်ခွဲ၌ ပထမဦးစွာ လျှောက်လွှာတင်ရန် လိုအပ်ပါ | သည်။ ထိုသို့လျှောက်လွှာတင်ရာတွင် ဖော်ပြပါရှိရမည့် အချက်များမှာ [ (က) အမည်၊ (ခ) ငွေပေးအမိန့်လွှာအမှတ်၊ (ဂ) ပင်စင်လစာပမာဏ (ဃ) မှတ်ပုံတင်အမှတ်၊ (င) ငွေထုတ်ယူသည့်ဘဏ်ခွဲ၊ (စ) နေရပ် လိပ်စာ (ဆ) ဆက်သွယ်ရန် တယ်လီဖုန်းအမှတ်၊ (ဇ) ပင်စင်စား၏ လက်မှတ်နှင့် (ဈ) -Pension ကတ်အမှတ် (လိုအပ်ပါက Persion ကတ်မိတ္တူ)တို့ကို ဖြည့်စွက်ဖော်ပြရန်လိုအပ်ပါသည်။ လစဉ် ပင်စင် ထုတ်ပေးသည့်နေ့ရက်များတွင် မိမိတို့၏ မိုဘိုင်းဖုန်းများသို့ အငြိမ်းစားလစာ ပမာဏနှင့် ထုတ်ယူနိုင်ရန် အမှာစကား (Mage) ပေးပို့ပါသည်။ အဆင်မပြေမှုများရှိပါက အောက်ဖော်ပြပါရှိသည့် သက်ဆိုင်ရာ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ဘဏ်သို့ လူကိုယ်တိုင် သွားရောက်ရန် မလိုအပ်ဘဲ လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်ပါသည်။ “ ဘဏ်သို့မလာရောက်နိုင်သည့် ပင်စင်စားများအနေဖြင့် မိမိ အသက်ရှင်လျက်ရှိကြောင်းကို မိသားစုပင်စင်ခံစားသူများသည် သုံးလတစ်ကြိမ်နှင့် ကိုယ်တိုင်ပင်စင်ခံစားသူများသည် ခြောက်လ တစ်ကြိမ် မိမိတို့၏ မိုဘိုင်းဖုန်းများကို အသုံးပြု၍ ဘဏ်ခွဲမန်နေဂျာ သို့ ဆက်သွယ်ကာ Viber သို့မဟုတ်) Video Call အသုံးပြုခြင်း | အကြောင်းကြားအတည်ပြုရန် လိုအပ်ပါသည်။ သို့မှသာ ဘဏ်ခွဲ မန်နေဂျာမှ မှတ်တမ်းရယူထားရှိနိုင်မည် ဖြစ်ပါသည်။ (၃) ငွေစုဘဏ်စာရင်း။ စာရင်းရှင်စာရင်/ ATM စာရင်းသို့ ပြောင်းလဲ | ထည့်သွင်း၍ ထုတ်ယူသည့်နည်းလမ်း ပင်စင်စားများအနေဖြင့် အငြိမ်းစားလစာများကို ဘဏ်သို့ ကိုယ်တိုင်သွားရောက်၍ ထုတ်ယူလိုကိုယ်စာလှယ်စေလွှတ်၍လည်း မထုတ်ယူလို၊ Mobile Money Agent များကို အသုံးပြု၍လည်း မထုတ်ယူလိုပါက ငွေစုဘဏ်စာရင်သင့်လှစ်၍ ထုတ်ယူနိုင်ပါသည်။ ထိုသို့ ပြောင်းလဲလုပ်ဆောင်မည်ဆိုပါက မိမိတို့၏ e-Pension ကတ်ကို ဘဏ်သို့ ပြန်လည်အပ်နှံရန်မလိုဘဲ ငွေစုဘဏ်စာရင်း(သို့မဟုတ်) စာရင်းရှင်ဖွင့်လှစ်၍ ထုတ်ယူလိုကြောင်း သက်ဆိုင်ရာဘဏ်တွင် လျှောက်ထားရန် လိုအပ်ပါသည်။ ငွေစုဘဏ်စာရင်းသို့ ပြောင်းရွှေ စာရင်းရှင်စာရင်းသို့ ပြောင်းရွှေ့ထုတ်ယူမည်ဆိုပါက ချက်လက်မှတ်မည်ဆိုပါက ATM သို့ ပြောင်းရွှေ့ ထုတ်ယူATM စက်များတွင် ဝန်ဆောင်ခပေးဆောင်ရန်မလိုဘဲ ထုတ်ယူနိုင်မည် ဖြစ်ပြီး ဂ္ဂလိကဘဏ်များ၏ ATM စက်များတွင် ထုတ်ယူမည်ဆိုပါက သတ်မှတ်ထားသော ဝန်ဆောင်ခပေးဆောင်၍ ထုတ်ယူနိုင်မည် ဖြည့်စွက်ရမည် ဖြစ်ပါသည်။ အဆိုပါ နည်းလမ်းသည် မိမိတို့၏ အငြိမ်းစားလစာများကို ဘဏ်သို့သွားရောက်ရန်လည်းမလိုအပ် Mobile Money Agent que acopio oficom ATM ကတ်ကိုအသုံးပြု၍ နီးစပ်ရာ ATM စက်များတွင် ကြိုက်နှစ်သက် သည့် အချိန်တွင် ထုတ်ယူရရှိနိုင်သည့် နည်းလမ်းဖြစ်ပါသည်။ ဘဏ်သို့ ကိုယ်တိုင်လာရောက်ခြင်း ပြုနိုင်သော ပင်စင်စားများ အနေဖြင့်မိမိအသက်ရှင်လျက်ရှိကြောင်းကို မိသားစုပင်စင်ခံစားသူများ သည် သုံးလတစ်ကြိမ်နှင့်ကိုယ်တိုင် ပင်စင်ခံစားသူများသည် ခြောက်လ တစ်ကြိမ် မိမိတို့၏ မိုဘိုင်းဖုန်းများမှတစ်ဆင့် ဘဏ်ခွဲမန် နေဂျာသို့ ဆက်သွယ်ကာ Wber (သို့မဟုတ်) video call အသုံးပြုခြင်းဖြင့် အကြောင်းအတည်ပြုရန် လိုအပ်ပါသည်။ သို့မှသာ ဘဏ်ခွဲ လစာထုတ်ယူလျက်ရှိသည့် ပင်စင်စားအရေအတွက်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလထိစာရင်းဇယားများအရ ၉၄၆,၈၆၁ ဦးခန့် ရှိပါ သည်။ ဗဟုသုတအနေဖြင့်ဖော်ပြရလျှင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ် တွင် ပင်စင်စားအရေအထွက် ၈၈၆,၀၃၃ ဦးနှင့် အသုံးစရိတ်ငွေကျပ် စုစုပေါင်း ၁၆ ဘီလီယံ၊ ၂၀၀၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်မူ | ပင်စင်စားအရေအထွက် ၉၃၃-၇၃၉ ဦးနှင့် အသုံးစရိတ် ငွေကျပ် စုစုပေါင်း ၁,၂၆၀ ဘီလီယံကိုနိုင်ငံတော်မှ ကျခံသုံးစွဲပေးခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ပင်စင်ဦးစီးဌာနကလည်း “ဝန်ထမ်းစင်ရေး ကြောက်ကြ ဝေဖို့ CPF မှာ ထည့်ဝင်ကြ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့ နိုင်ငံ၏ ပင်စင်စနစ်အား ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ဝန်ထမ်း appeaquecedores Central Provident Fund Project ကို အကောင်အထည်ဖော်ဆောင်လျက်ရှိပါသည်။ မည်သို့ပင်ဆိုစေ ကာမူ အထက်တွင်ဖော်ပြခဲ့သည့် အငြိမ်းစားလစာထုတ်ယူနိုင်သည့် နည်လမ်း သုံးမျိုးကို လွယ်ကူရှင်းလင်းစွာသိရှိပြီး အဆိုပါ နည်းလမ်း များမှ ဒုတိယနည်းလမ်းနှင့် တတိယနည်းလမ်းတို့သည် ဘဏ်သို့ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်စေလွတ်၍ဖြစ်စေ သွားရောက်ရန် မလိုအပ်ကြောင်း၊ မိမိတို့ ထုတ်ယူလိုသည့်အချိန်မှသာဋထုတ်ယူနိုင် သည့်အဆက်အချိန်ကုန်သက်သာ၊ လူပင်ပန်းစရာမလိုတော့ပါကြောင်း နှင့် ပင်စင်စား မိဘပြည်သူများအနေဖြင့်လည်း မိမိအသုံးပြုလိုသည့် နည်းလမ်းများကို ရွေးချယ်၍ထုတ်ယူရရှိနိုင်ပါသည်။ Wave Money Myanmar Mobile Money (MMM) MPT Pay တို့ဖြင့် အငြိမ်းစားလစာထုတ်ယူနိုင်သော ဘဏ်ခွဲများစာရင်းအား Guitges website www. http://meb.gov.mmတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် ပင်စင်ဦးစီးဌာနကလည်း Persion Myanmar Facebook Page တွင် အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ရေးသာစတင်ပြလိုက်ရပါသည်။ ။ - ပြည့်ဖြိုးအောင် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန)