Skip to main content

မတူကွဲပြားမှု၏ အလှတရား

Diversity is beauty ဆိုတဲ့စကားစုကို ကျွန်တော် ရင်းနှီးလာခဲ့တာ မှတ်မှတ်ရရဆိုရရင် ၂၀၁၁ ခုနှစ်လောက်က ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ လွယ်လွယ်ကူကူ မှတ်သား လိုက်တာကတော့ မတူကွဲပြားမှုတွေဟာ အလှတရားပဲ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းလာတဲ့အတွေ့အကြုံ၊ ဘဝပေးအခြေ အနေတွေအပေါ် မူတည်ပြီး အသိအမြင်တွေ၊ ခံယူချက်တွေက မတူညီနိုင်ပါဘူး။ ဒီလိုပါပဲ နိုင်ငံတစ်ခုနဲ့တစ်ခုလည်း ရေမြေ တောတောင်၊ ပထဝီအနေအထားတွေ၊ တည်နေရာ တွေ၊ မဟာဗျူဟာအနေအထားအရ အရေးပါမှုတွေ မတူညီနိုင်ပါဘူး။ နေနောက်ခံ အကြောင်းတရားတွေ အရလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတွေကလည်း အမျိုးမျိုးကွဲပြားသွားမှာ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်း ကျွန်တော်တို့ နိုင်ငံကို မလွှဲသာ မရှောင်သာ အခြေအနေတွေကြောင့် ဖေဖော်ဝါရီ လ ဆန်းက စတင်ပြီး တပ်မတော်က နိုင်ငံတော်ရဲ့ တာဝန် အရပ်ရပ်ကို ထိန်းသိမ်း ရယူခဲ့ရပါတယ်။ ထိုကာလနောက်ပိုင်း နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြမှုတွေ၊ ဆူပူ အုံကြွမှုတွေ ပေါ်ပေါက်လာပါတယ်။ သွေးထိုး လှုံ့ဆော်မှုတွေကြောင့် နိုင်ငံ့ဝန်ထမ်းအချို့ အာဏာ ဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာကြပါတယ်။ ပိုစတာတွေကိုင်ကာ ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေကို လက်သီးလက်မောင်းတန်း ပြီး အော်ဟစ်နေကြတဲ့ လူငယ်တွေကိုလည်း ရန်ကုန်အပါအဝင် မြို့ကြီးများရဲ့ လမ်းမတွေပေါ် မှာ မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ သူတို့ကို လမ်းလွဲအောင် အသိမှား၊ အမှတ်မှားတွေရိုက်သွင်း ပြီး ရုပ်သေးရုပ်လို လိုရာကြိုးဆွဲ ကခိုင်းလို့ရအောင် ဖန်တီးနေသူတွေလည်း ရှိနေပါတယ်။ ဝန်ထမ်းတွေအားလုံး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီဆိုရင် အစိုးရရဲ့ ယန္တရားတစ်ခုလုံး ရပ်ဆိုင်း သွားပြီး နွေဦးတော်လှန်ရေးဟာ အောင်မြင်ပြီလို့ ယူဆနေကြပါတယ်။ ဆန္ဒပြလို့ အောင်မြင်တယ် ဆိုတာ အခွင့်အရေးတစ်ခုအတွက်၊ လူတစ်စု၊ အဖွဲ့ အစည်းတစ်ခုအတွက် ဖြစ်နိုင်ပေမယ့် နိုင်ငံ တစ်ခုအနေနဲ့ကတော့ ဒီလောက်မလွယ်ကူပါဘူး။ တူနီးရှားနိုင်ငံမှာ ၂၀၁၁ ခုနှစ်က သစ်သီး ရောင်းသူတစ်ဦးက စီးပွားရေးကျပ်တည်းတဲ့ဒဏ် ကို မခံနိုင်တဲ့အတွက် ဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ် ကိုယ် မီးရှို့ပြီး အဆုံးစီရင်ရာမှ တူနီးရှားနိုင်ငံရဲ့ နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှု စတင်ခဲ့ပါတယ်။ အလုပ်လက်မဲ့မှု၊ ကုန်ဈေးနှုန်းမြင့်မားမှု၊ အဂတိ လိုက်စားမှု၊ လွတ်လပ်စွာ ပြောဆိုခွင့်မရှိမှု၊ ဆင်းရဲ နွမ်းပါးမှု စတဲ့ အကြောင်းရင်းတွေကြောင့် ဆန္ဒပြမှု တွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံ စံပယ်တော်လှန်ရေး (Jasmine Revolution) | လို့လည်း အမည်တွင်ခဲ့ပြီး နှစ်ပေါင်းများစွာ စိုးမိုးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်သမ္မတ ဘင်အလီကို ရက်ပေါင်း ၂၈ ရက်နဲ့ ဖြုတ်ချနိုင်ခဲ့ပါတယ်။ ထိုအာရပ်တော်လှန်ရေးက အိမ်နီးချင်းနိုင်ငံ အီဂျစ်၊ ယီမင်။ လစ်ဗျားနဲ့ ဆီးရီးယားနိုင်ငံတွေကိုလည်း ပျံ့နှံ့သွား ခဲ့ပြီး အာရပ်ကမ္ဘာတစ်လွှား ကူးစက်ခဲ့တဲ့ လူထု အုံကြွမှုတော်လှန်ရေးတစ်ခု ဖြစ်ပါတယ်။ အာရပ်နွေဦး လှိုင်းဂယက်ကြောင့် တူနီးရှားနဲ့ အီဂျစ်နိုင်ငံတို့မှာ အာဏာရှင်စနစ်ကို တွန်းလှန် နိုင်ခဲ့တယ် ဆိုပေမယ့် အများစုလိုလားတောင့်တ နေတဲ့ အဆင့်မီတဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် ထူထောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ တူနီးရှားနိုင်ငံရဲ့ နွေဦးတော်လှန်ရေး လူထု လှုပ်ရှားမှုတွေမှာကဲ့သို့ ဆန္ဒပြမှုတွေ၊ သပိတ်မှောက် မှုတွေ၊ စီတန်းလှည့်လည်မှုတွေ လူမှုကွန်ရက်ကို အသုံးချပြီး ဆက်သွယ်စည်းရုံးလှုံ့ဆော်တာကို လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံက G-Z တွေအဖို့တော့ အားတက်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အာဖရိက မြောက်ဘက် အကျဆုံး နိုင်ငံငယ်တစ်ခုဖြစ်တဲ့ တူနီးရှားနဲ့ အာရှရဲ့ မဟာ ဗျူဟာမြောက် အချက်အချာကျတဲ့နေရာမှာ တည်ရှိ နေတဲ့မြန်မာနိုင်ငံကတော့ နောက်ခံ အကြောင်းတရား တွေရော၊ အခြေအနေချင်းရော ကွာခြားလှပါတယ်။ မညီညွတ်တဲ့ လူ့ဘောင်အဖွဲ့အစည်းက မငြိမ်း ချမ်းနိုင်သလို ငြိမ်းချမ်းမှုမရှိရင်လည်း ဖွံ့ဖြိုးတိုးတက် မှုဆိုတာ လက်တွေ့မဖြစ်ပေါ်နိုင်ပါဘူး၊ ရန်သူကို မိတ်ဆွေတွေဖြစ်အောင် ဆန့်ကျင်ဘက်သဘောထား အမြင်တွေကို ညီညွတ်အောင် ဆောင်ရွက်နိုင်ခြင်း သည် နိုင်ငံရေးယဉ်ကျေးမှု ဖြစ်ပါတယ်။ မတူညီနိုင်တာတွေကို အလှတရားအဖြစ် နားလည်လက်ခံပေးရမှာ ဖြစ်ပါတယ်။ မတူကွဲပြားမှု တွေကို တန်ဖိုးထားပြီး ရန်သူဆိုရင်လည်း မိတ်ဆွေ အဖြစ် ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ် အရ လူတိုင်းမှာ လွတ်လပ်စွာပြောဆိုခွင့်၊ လုပ်ကိုင် ခွင့်၊ နေထိုင်ခွင့်ရှိကြပါတယ်။ မိမိနဲ့ အယူအဆ၊ သဘောထားမတူသူတွေကို လည်း ကွဲလွဲခွင့်ပေးရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရမှာ မတူကွဲပြားမှုတွေကို အင်အားအဖြစ် စုစည်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်နဲ့အောင်မြင်မှုရအောင် စုပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ မတူညီတဲ့ သဘောထားအမြင်တွေကို အတိုး အလျော့၊ အပေးအယူ ဆွေးနွေးညှိနှိုင်းတဲ့ နည်းနဲ့သာ | အဖြေရှာရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ဒီမိုကရေစီနဲ့ ပတ်သက်ရင်ဖြစ်စေ၊ ဖက်ဒရယ်နဲ့ ပတ်သက်ရင် ဖြစ်စေ ဘယ်လိုပင် အယူအဆအမျိုးမျိုးတွေ ကွဲပြား နေပါစေ မိမိတို့နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့ စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ ဆိုတဲ့အတိုင်း အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာ ဖြစ်သလိုလူနည်းစုရဲ့ ဆန္ဒကိုလည်း အလေးထားရမှာ ဖြစ်ပါတယ်။ မိမိဆန္ဒနဲ့ မကိုက်ညီတိုင်း ကိုယ်နဲ့မတူ ကိုယ့် ရန်သူလို သဘောထားပြီး ခွဲခြားဆက်ဆံတာမျိုး၊ လူမှုရေးအရ ပြစ်ဒဏ်ခတ်တာမျိုး၊ လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ထားတာမျိုးတွေက ကျေးပိုင်ကျွန်ပိုင်ခေတ် ကလူတန်းစားခွဲခြားတဲ့ အတွေးအခေါ်တွေသာဖြစ်ပြီး ဒီမိုကရေစီနဲ့ ကိုက်ညီမှုမရှိတာကို တွေ့ရပါတယ်။ ပုဂ္ဂိုလ်ရေးအရ အလွန်အမင်းကိုးကွယ်မှုသည် လည်း လူ့ အဖွဲ့အစည်းအတွင်း ကွဲပြားမှုကို ဖြစ်ပေါ် စေပြီး အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေ နိုင်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ ကို မိမိတို့ လူ့အဖွဲ့အစည်းအတွင်း မကျင့်သုံးနိုင်အောင် စဉ်းစားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဖက်ဒရယ်စနှစ်နဲ့ပတ်သက်ပြီး မိမိတို့ လိုရာ ကို အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုး ဖွင့်ဆိုပြီး ပြောဆိုနေကြသော်လည်း အနှစ်သာရအနေနဲ့ ပေါင်းစည်းခြင်းနဲ့ သဟဇာတဖြစ်မှုပဲ ဖြစ်ပါတယ် လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာကို အမှတ်ရမိပါတယ်။ ယနေ့ ပြည်သူတို့ အလိုအပ်ဆုံးကား ညီညွတ် ရေး၊ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ချစ်ခြင်း၊ မုန်းခြင်း မတူကွဲပြားမှုတွေနဲ့ ဘယ်လိုပင်ပေါင်းစည်းနေပေ မယုံတူညီတဲ့ ဘုံမြှော်မှန်းချက်က ငြိမ်းချမ်းခြင်းပင် ဖြစ်ပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ၁၉၈၁ ခုနှစ် အောက်တိုဘာလထုတ် ရှုမဝမဂ္ဂဇင်းတွင် ရေးဖွဲ့ခဲ့ တဲ့ အချစ်နှင့် အမုန်။ ကဗျာမှာတော့ “ပျိုးသော သစ်ပင် ရှင်သန်သောအခါ မှာပေါက်လာ ဗူးညာသီဆင့်၊ အပွင့်နိုင်တဲ့ ကြဲသောမျိုးကို ခူးစမြဲ။ အမုန်းပင်ကို စိုက်လိုမူကား၊ ဝန်တို မကြည်ဖြူစတမ်း ဆိုးသွမ်းရက်စက် ညှဉ်းပန်းလေရာ လိမ်ညာဖုံးဆက် လုယက်သတ်ဖြတ်၊ သူ့အဘွဲ့ရွာ မေတ္တာကင်း မဲ့ကြရဲ့ကြ ကဲ့ရဲ့ကြ ရန်သူကပိုင်း၊ တစ္ဆေသင်္ချိုင်း တောရိုင်း ကန္တာရ ခြောက်သွေ့လှသည် သူ့သာ အထီးကျန်။ အချစ်ပင် စိုက်ပျိုးသူကား၊ သနားကြင်နာ ညှာတာသည်းခံ၊ ဖဲလျှင်ဝေမျှ ခံစရာရှိက ရှေ့မှသူပ် မားမားမတ်သည်၊ အများပြည်သူ လူတကာက မြတ်နိုးခံရ မေတ္တာခံရ ရန်သူမရှိ လိုလားသူသာ ဝန်းရံကာလျက် နှစ်သက်ခင်မင်၊ လွတ်လပ်ပျော်ရွှင် စည်ပင်းလှပလန်းဆန်း ငြိမ်းချမ်းသာယာ အေးမြမြဲ။ အမုန်းပင်မျိုး သည်အမျိုးလျှင် အချစ်ပင်မပေါက် မုန်းညှက်ညွန့်ကြ၊ သူ့ဘဝ၏ ဓမ္မတရား၊ သင်ကြားခဲ့သည် သင်ဘယ်သစ်ပင် စိုက်မည်နည်း။ ။ ဆရာကြီးက ငြိမ်းချမ်းခြင်းဆိုတဲ့ ပန်းတို့ ပွင့်ချိန်ကို မျှော်မှန်းခေါ်ကာ ရေးဖွဲ့ ခဲ့တာ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားကို ကိုယ်စားပြု ကာ စိုက်ပျိုးမယ်ဆိုရင် ကမ္ဘာကြီးသည် အေးချမ်း သာယာလွတ်လပ်စွာနဲ့ တည်ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုသစ်ပင်မျိုးကို စိုက်ပျိုးလဲ ဆိုတာတော့ ကိုယ်တိုင်သာ ရွေးချယ်ကြမှာပဲ ဖြစ်ပါတယ်။ ။ ထွန်းထွန်း (ခရေရိပ်)