ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူတွေကို ကိုယ်လုပ်နိုင်သလောက် လုပ်ပေးနေခဲ့တယ်ဆိုတဲ့ ပြည်သူတွေရဲ့ ဆရာဝန်
နေခြည်သွေး
ကံထူးမတိုက်နယ်ဆေးရုံရှေ့က ဗီဒီယိုဖိုင်လေး တစ်ခု မနေ့က လူမှုကွန်ရက်မှာ တက်လာခဲ့ပါ တယ်။ CDM မလုပ်ဘဲ သူ့တာဝန်ကို သူထမ်းဆောင်၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ပြည်သူ တွေကို အစွမ်းကုန် တာဝန်ကျေပွန်နေတဲ့ ဆရာဝန် ကို လူ ၁၀၀ ကျော်ပါတဲ့ လူအုပ်စုတစ်စုက အတင်း အကျပ် ဖိအားပေးပြီး CDM လုပ်ခိုင်းခဲ့တာပါ။
လက်ရှိဆေးရုံမှာရှိတဲ့လူနာတွေရဲ့ အခြေအနေ၊ ဆရာဝန်တစ်ယောက်ရဲ့ ရပ်တည်မှုကို လူအုပ်စု ကြီးထံ နားလည်မှုရှိအောင် ကြိုးစားရှင်းပြနေတဲ့ ဆရာဝန်ကို မြင်ရတာ စိတ်မသက်မသာဖြစ်မိပြီး အားနာရှက်ရွံ့မိ ပါတယ်။ ဆရာဝန်က ရှင်းပြနေမှုကို မထီမဲ့မြင်နဲ့ ဖြစ်လိုရာ၊ ဖြစ်စေချင်တာကို အတင်း အကျပ် ပြောဆိုနေ တာကိုလည်း မြင်ရပါတယ်။ နောက်ဆုံးမှာ လူနာနဲ့ ပြည်သူတွေရဲ့အသက်ကို စောင့်ရှောက်ကယ်တင်ပေးနေတဲ့ မွန်မြတ်တဲ့ ဆရာဝန်ပါလားဆိုတဲ့ အတွေးအခေါ်မျိုးမရှိလာတဲ့ အပြင် ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ဆရာဝန်ကို ဝိုင်းဝန်းဆဲဆို လှောင်ပြောင်ခဲ့ကြပါ တယ်။
တန့်ဆည်မြို့နယ်မှာရှိတဲ့ ကံထူးမတိုက်နယ် ဆေးရုံမှာ အရေးပေါ်အခြေအနေအရ ကုသပေးနေရ တဲ့ လူနာ တွေရှိပါတယ်။ ကလေးမီးဖွားခါနီးပြီမို့ စိတ်လှုပ်ရှားစွာနဲ့ ဆေးရုံကို အားကိုးတကြီး လာရောက်တဲ့ ကိုယ်ဝန် ဆောင်တွေရှိသလို၊ မြွေကိုက်တာတို့၊ ဆိုင်ကယ်တိုက်တာတို့ကြောင့် အပြေးအလွှားရောက်လာကြတဲ့ လူနာတွေ ရှိပါ တယ်။ တိုက်နယ်ဆေးရုံက ပြည်သူတွေအတွက် အပြည့်အဝတာဝန်ထမ်းဆောင်နေတဲ့ ကရုဏာရှင် တစ်ယောက် လည်းရှိပါတယ်။ သူကတော့ ဒေါက်တာနေဇော်အောင်ဖြစ်ပါတယ်။ ။
ဒီရက်ပိုင်းမှာတော့ အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု CDM မလုပ်တဲ့အတွက် ဆရာဝန်ကို ဖိအားပေးဖို့ ကံထူး မတိုက်နယ်ဆေးရုံဆီကို စုစု ပေါင်း လူဦးရေ၁၀၀ကျော်ရောက်ရှိလာကြပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးကို ဦးစားပေး၊ ဆရာဝန် ကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းပြီး စေတနာ၊ မေတ္တာအပြည့်နဲ့ ကုသပေးနေတဲ့ဆရာဝန်ကို CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဖိအားပေးတဲ့လုပ်ရပ်ဟာ အတော်ကို အရုပ်ဆိုးအကျည်းတန်ခဲ့ရပါတယ်။
ဆရာဝန်က သူ့ကိုဖိအားပေးပြီး CDM လုပ်ဖို့ တိုက်တွန်းတဲ့ လူစုကိုဆေးရုံရဲ့ လက်ရှိအခြေအနေ၊ လူနာအနေအထားတွေကို ထွက်ပြီးရှင်းပြပေမယ့် ဘယ်လိုမှ လက်မခံတဲ့လူအုပ်စုရဲ့ တုံ့ပြန်မှုက ဒီမိုကရေစီစံနှုန်းနဲ့ ဆန့်ကျင်နေတာကို မြင်တွေ့ရပါ တယ်။ ။
“ကျွန်တော်မေးခဲ့ပါတယ်။ မြွေကိုက်လူနာတွေ၊ ကလေးမီးဖွားပြီး အချင်းကပ်၊ သွေးသွန်၊ ရှောခဲ့ရနေ တဲ့ လူနာတွေ၊ အဆိပ်သောက်ထားတဲ့လူနာ၊ သားပျက်၊ သားလျှောလူနာတွေ၊ ဗိုက်ခွဲပြီးမှ ကလေး မီးဖွားဖို့ လိုအပ်နေတဲ့ ဆေးရုံထဲက လူနာတွေရှိ တယ်။ အဲဒီလို လူနာတွေကိုဘယ်လိုစီစဉ်ပေးမှာလဲ လို့ပါ။ ဒီလထဲမှာပဲ သူများတွေ CDM လုပ်နေတဲ့ အချိန် အခုဆန္ဒပြပွဲကိုဦးဆောင်သူရဲ့သမီး ဆိုင်ကယ် အက်ဆီးဒင့်နဲ့လာလို့ ကျွန်တော် ကုပေးထားပါ တယ်”လို့ ပြည်သူ့အတွက် ရပ်တည်ပေးခဲ့တဲ့ ကံထူးမတိုက်နယ်ဆေးရုံရဲ့ ဆရာဝန် ဒေါက်တာ နေဇော်အောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က ရေးသားထားခဲ့ပါတယ်။ ။
CDM မလုပ်တဲ့ ဒေါက်တာနေဇော်အောင်ကို ရုန့်ရင်းကြမ်းတမ်းတဲ့ ဆဲဆိုမှုတွေလုပ်ခဲ့ကြပြီး ဆရာက အားလုံး ကြားသိအောင် မိုက်ခရိုဖုန်းနဲ့ ရှင်းပြပြောဆိုမှုကိုလည်း လက်မခံကြတာကို တိုက်ရိုက် ထုတ်လွှင့်နေတဲ့ သူတွေဆီကနေ မြင်တွေ့ ရတဲ့အခါ ဆရာ့အပေါ် အတော်ကိုလေးစားမိတဲ့စိတ် ဖြစ်ပေါ်လာပါတယ်။
ကံထူးမတိုက်နယ်ဆေးရုံလေးမှာ ဝန်ထမ်း စုစုပေါင်း ၁၀ ဦးရှိပြီး မည်သည့်ဝန်ထမ်းကိုမျှ CDM မလုပ်ဖို့အတွက် တားမြစ်ဆိုထားခြင်းမရှိဘူး လို့ ဒေါက်တာနေဇော်အောင်က အတိအလင်း ပြောထားပါတယ်။ ဘယ်နေရာမှ CDM မလုပ်ခင် ကတည်းက CDM လုပ်ချင်ရင် လုပ်နိုင်ကြောင်း ပြောထားပြီးသားဖြစ်တယ်လို့သိရပြီး ဘယ်ဝန်ထမ်း ကိုမှလည်း Duty ပျက်ကွက်နေလို့ ဘာမှမပြောခဲ့ ကြောင်းနဲ့ ကိုယ်လုပ်ပေးနိုင်သလောက် လုပ်ပေးရုံ သက်သက်သာဖြစ်ကြောင်း၊ မလုပ်ပေးနိုင်တဲ့လူနာ များကိုလည်း လွှဲပြောင်းပေးနေတယ်လို့ ဒေါက်တာ နေဇော်အောင်က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပြောကြားထားခဲ့ပါသေးတယ်။
လူအုပ်စုဖွဲ့ပြီး အတင်းအကျပ်ဖိအားပေး၊ CDM လုပ်ခိုင်းနဲ့၊ ဆရာဝန်က သူရှင်းပြနေတာကို လက်မခံဘဲ မိုက်ခရိုဖုန်းနဲ့ အားလုံးကြားအောင် ရှင်းပြနေတဲ့အချိန် မိုက်ခရိုဖုန်းနဲ့ ပြောတာကိုပါ မဆီမဆိုင် ဖိအားပေး ပြောဆို လာတဲ့အခါ သူ့လက် ထဲက မိုက်ခရိုဖုန်းကို မြေကြီးပေါ်ပစ်ချလိုက်ပါတော့ တယ်။ အဲဒီဗီဒီယိုကို ကြည့်ရှုသူ လူပေါင်း များစွာဟာ ဆရာဝန်အပေါ် အားတုံ့အားနာဖြစ်ကြရသလို ပြည်သူ့ကျန်းမာရေး အတွက် ဘယ်လို ဖိအားကိုမဆို ကြံ့ကြံ့ခံ ကာကွယ်ပေးသွားမယ်ဆိုတဲ့ ဆရာဝန် | အပေါ်လေးစားဂုဏ်ယူခဲ့ကြပါတယ်။ နောက်ဆက် တွဲအနေနဲ့ ဆရာဝန်ကိုလည်း ရန်လိုနေတဲ့လူအုပ် ကြီးဆီကနေ တပ်မတော်က ကယ်ထုတ်သွားနိုင်ခဲ့ တယ်ဆိုတဲ့ သတင်းကြောင့် စိတ်သက်သာရာရမိပါ တယ်။
ပြည်သူ့ကျန်းမာရေးကို မျက်ကွယ်ပြု အတင်း ( အကျပ်ဖိအားပေးပြီး စော်ကားလှောင်ပြောင်ခံကာ ပြည်သူတွေ အတွက်ရပ်တည်ပေးနေတဲ့ ဒေါက်တာနေဇော်အောင်လိုမျိုး ဆရာဝန်တွေ အများအပြား ကျန်ရှိနေဦး မှာဖြစ်ပါတယ်။ ဆေးရုံမှာ ဆရာဝန် ( လုံးလုံးမရှိတဲ့အခါလူနာတွေ ဒုက္ခရောက်ကြရမယ် ဆိုတဲ့အသိနဲ့ Hippocratic Oath (ဟစ်ပိုကရေး ( တစ် ကတိသစ္စာ)ကို လိုက်နာကြတဲ့ မွန်မြတ်တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ပေးဖို့နဲ့ လေးစားနားလည်ပေးဖို့က ပြည်သူတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ပြည်သူတိုင်းကလည်း ဆရာဝန်တွေ ပြည်သူ့ဆေးရုံဆီ ပြန်လည် ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင် အောင် တိုက်တွန်းပေးကြဖို့လည်း အချင်းချင်း သတင်းစကားပါး မျှဝေစေလိုပါတယ်။
လက်ရှိမှာ အပင်ပန်းခံကုသပေးနေတဲ့ တပ်မတော်ဆေးရုံတွေကို မသွားဖြစ်ကြတဲ့၊ သွားရ မှန်းမသိတဲ့ ပြည်သူတွေ ထဲမှာ နေ့စဉ်ရာထောင်ချီ နေတဲ့နေ့မစေ့လမစေ့ မွေးကင်းစကလေးငယ်တွေ (Premature Neonate)60:621 ICU CIHDU လို့ခေါ်တဲ့ အရေးပေါ်ကြပ်မတ်ခန်း၊ ကုသခန်း အသီးသီးထည့်သွင်းရမယ့် ကလေးတွေအပါအဝင် CDM စလုပ်ကတည်းကဆိုရင် အခုအချိန်အထိ Daily Unconscious or Semi-Conscious rate oss Daily Critical Cases Rate $ Daily RTA Rate တွေကိုသာ ပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင် ဆရာဝန်တွေ CDM လုပ်ခဲ့ကြလို့ ပြည်သူတွေ ထိခိုက်သေဆုံးမှုက သောင်းဂဏန်းအထိရှိနိုင် တယ်လို့ ဆရာဝန်အချို့ကလည်း ခန့်မှန်း ထားကြတာပါ။
ဒါတွေဟာ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ CDM လုပ်တဲ့ဆရာဝန်တွေနဲ့ ဖိအား ပေး အတင်း အကျပ် CDM လုပ်ဆောင်ခိုင်းနေတဲ့သူ တွေကို မေးခွန်းထုတ်ချင်ပါတယ်။ အချိန်တိုအတွင်း ရောဂါ မြန်မြန်ပြန့်ပွား နိုင်တဲ့ ကင်ဆာဝေဒနာရှင် တွေ ကုသနေရင်းတန်းလန်းနဲ့ ဓာတ်ရောင်ခြည် ကုထုံး ကုသခွင့်မရတော့တာ၊ ကျောက်ကပ်ပုံမှန် မဆေးရင် အသက်မရှင်နိုင်တဲ့ကျောက်ကပ်ဝေဒနာ ရှင်တွေ တဖြုတ်ဖြုတ်ကြွေနေကြတာကို ဆက်လက် မြင်တွေ့ပြီး နေနိုင်ကြပါသလား၊ အပြစ်မကင်းသလို မခံစားရကြဘူးလား။ ။
ပြီးခဲ့တဲ့ရက်ကပဲ ပြည်သူ့ဆေးရုံတွေမှာ တာဝန်သိကျန်းမာရေးဝန်ထမ်းများဖြင့် ဆေးရုံများ ပြန်လည်ဖွင့် လှစ်ပေးရေး အတွက် တောင်းဆိုဆန္ဒ ဖော်ထုတ်ကြတဲ့ ပြည်သူတွေကိုလည်း အနယ်နယ် အရပ်ရပ်မှာ မြင်တွေ့ရ ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့ ဒေသခံပြည်သူ ၁၀၀ ဝန်းကျင် က ပြည်သူ့ဆေးရုံကို တာဝန်သိ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပြန်လည်ဖွင့်လှစ်ပေးဖို့ တောင်းဆို နေတဲ့မြင်ကွင်းတစ်ခုကိုလည်း တွေ့မိပါတယ်။
နိုင်ငံရေးဇာတ်ခုံဟာ အနိမ့်အမြင့် အပြောင်း အလဲ စုံလင်တတ်ပါတယ်။ ငိုကြွေးရတဲ့အခန်း၊ ပျော်ရွှင်ရတဲ့အခန်း၊ အားမလိုအားမရ ဖြစ်ကြရတဲ့ အခန်း စသည်ဖြင့် အများကြီးကြုံနိုင်ပါတယ်။ သမိုင်းဖြစ်စဉ်တွေမှာလည်း အမျိုးမျိုး အဖုံဖုံ ပြောင်းလဲခဲ့ရတာပဲ မဟုတ်ပါလား။ ပြင်းထန်တဲ့ စစ်မက်တွေ၊ ပဋိပက္ခတွေ ဖြစ်ပွားနေကြတဲ့ ကမ္ဘာ့ နိုင်ငံ အချို့မှာတောင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ရပ်တန့်ပစ်လို့မရပါဘူး။ အပြစ်မဲ့တဲ့ ပြည်သူတွေ အတွက် ကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့အခါ ဘယ်လိုရပ်တည်နေကြမလဲဆိုတာ စိုးရိမ်ပေးကြဖို့ ပြည်သူတွေ အားကိုးနေကြရတဲ့ ဆရာဝန်တစ်ယောက်ဆီတိုင်းကိုတိုက်တွန်းလိုပါ တယ်။
စေတနာဆိုတာ အသွားအပြန်ရှိတတ်ပါတယ်။ သမားကောင်း၊ ဆရာဝန်ကောင်းများအဖြစ် ပြည်သူ့ အသက် အိုးအိမ်ကို ကာကွယ်သူများအတွက် ပြည်သူများ၏ နားလည်လက်ခံမှုနှင့် အားကိုး ယုံကြည်မှု၊ လေးစား တန်ဖိုးထားမှုတွေကို အရယူ ပေးကြပါလို့ ထပ်မံတောင်းဆိုရင်း ပြည်သူအတွက် ရပ်တည်ပေးနေသော ဒေါက်တာ နေဇော်အောင် နှင့် ပြည်သူ့ဆရာဝန်များအားလုံးကို ဦးညွှတ်ဂါရဝ ပြုလိုက်ရပါတယ်။ ။