သူရဲကောင်းဟုဆိုရာဝယ်
မှန်ကန်တာကို ရဲဝံ့စွာဆောင်ရွက်တတ်သူကို သူရဲ ကောင်းဟု ဆိုပါတယ်။ မှန်ကန်တာနဲ့ ဒွန်တွဲနေ ခြင်းက ရဲရင့်ခြင်း။ ဘယ်လို မှန်ကန်ရမှာလဲဆိုရင် သစ္စာမှန်ကန်ရမှာ ရဲရင့်ခြင်းဆိုရာမှာလည်း သတ္တိ ရဲရင့်ရမှာ။ သတ္တိဟုဆိုရာမှာလည်း မှန်ကန်သော ကိစ္စကို ရဲဝံ့စွာ ပြုလုပ်ခြင်းသာမကဘဲ မကောင်းမှု ကို မလုပ်မိအောင် စောင့်ထိန်းနိုင်ခြင်း၊ မှားယွင်း သော ဆန္ဒလောဘကို မပြုမိအောင် ချုပ်တည်းနိုင် ခြင်း၊ သည်းခံနိုင်ခြင်းတို့ကို ဆိုလိုတာဖြစ်တယ်။
သူရဲကောင်းတွေ ပေါ်ထွက်
ဒီနှစ်ပိုင်းကာလမှာ မြန်မာနိုင်ငံမှာရော ကမ္ဘာမှာပါ သူရဲကောင်းတွေ တော်တော်များများ ပေါ်ထွက်လာတာ အားလုံး မေ့ကြဦးမှာ မဟုတ်ပါ ဘူး။ သူတို့တွေကတော့ အသက်ကို ပဓာနမထား ဘဲကိုဗင်-၁၉ လူနာတွေကို ရှေ့တန်းကနေ မားမား မတ်မတ်ရပ်တည်ပြီး ကာကွယ်စောင့်ရှောက်မှု ပြုနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါပဲ။
မြန်မာနိုင်ငံမှာ မကြာမီရက်ပိုင်းက အရေးပေါ် အခြေအနေကို ကြေညာခဲ့ပြီး နိုင်ငံတော်ရဲ့ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာအရပ် ရပ်ကို တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ နဲ့အညီ လွှဲပြောင်းတာဝန် ထမ်းဆောင်ခဲ့တယ်။ ဖေဖော်ဝါရီလ ပထမပတ်မှာပဲ ကျန်းမာရေးဝန်ထမ်းအချို့က ဖဲကြိုးနီလှုပ်ရှားမှု စတင်ခဲ့တာကို တွေ့လိုက်ရတယ်။ အဲဒီနောက် ဆရာဝန်အခါ၊ သူ အချို့၊ အခြားဝန်ကြီးဌာန အသီးသီးက ဝန်ထမ်းအချို့ ပါ CMI Disဝbedience Movement-CDM မှာ ပါဝင်လှုပ်ရှားလာကြတယ်။
သွေးထိုးလှုံ့ဆော်သူတွေကလည်း မဆင်မခြင် ပြုလုပ်လာကြတယ်။ CDM မှာ မပါဝင်သူတွေကို လုပ်ငန်းခွင် ရုံးအဆောက်အအုံနားအထိ လိုက်လံ သိက္ခာချတဲ့ လုပ်ရပ်တွေ လုပ်လာကြတာကို လူမှု ကွန်ရက်တွေမှာ တွေ့မြင် လာရတယ်။ တကယ်တော့ ဒီလို အာဏာရှင် လုပ်ရပ်တွေကို ဒီမိုကရေစီ ကြိုက်တဲ့ လမ်းပေါ်ထွက်ဆကြသူတွေက လုပ်နေကြတာ မြင်လိုက်ရမှ ကိုယ့်နိုင်ငံက ပြည်သူ တချို့ ဟာ စာဖတ်အားနည်းပြီး ဖတ်တဲ့စာတွေ ကလည်း ဘဝအတွက် အားမဖြစ်တာတွေမှန်း သိလိုက်ရတယ်။
တပ်မတော်အနေနဲ့ ယခုကဲ့သို့ တာဝန်ယူထမ်း ဆောင်ခဲ့ရခြင်းဟာ စစ်မှန်ပြီး တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေးမှာ လမ်းကြောင်း လွဲမှားမှု မရှိစေရေးအတွက် ထိန်းသိမ်းပေးခြင်းသာ ဖြစ်ကြောင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ကြေညာချက်တွေ၊ သတင်းထုတ်ပြန်ချက်တွေ၊ ပြည်သူလူထုကို ပြောကြားတဲ့ မိန့်ခွန်းတွေ၊ အစည်း အမိန့်ခွန်းတွေမှာ ဖော်ပြခဲ့တဲ့အပြင် ဖေဖော်ဝါရီ လ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။
သစ္စာအဓိဌာန်အသီးသီးကို ဆိုရွတ်ခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်း တချို့ ကိုတော့ အပြစ်တင် စကား ဆိုချင်ပေမယ့် “ပညာရှိ သတိဖြစ်ခဲ” စကား ပုံပမာလည်း ဖြစ်နိုင်တာကြောင့် မပြောလိုတော့ပါ။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်တဲ့ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်စေဘဲ လွတ်လပ် စွာ ဆန္ဒထုတ်ဖော်နိုင်တဲ့ ဒီမိုကရေစီစနစ် ကျင့်သုံး နေတဲ့ မြန်မာနိုင်ငံပင် မဟုတ်ပါလော။
ဆရာဝန်တွေ အနေနဲ့ ပြည်သူတွေရဲ့ ကျန်းမာ ရေး စောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ ကတိသစ္စာ အဓိဋ္ဌာန် (၉) ချက်ကို ရွတ်ဆို ခဲ့ကြရသူတွေ ဖြစ်ပါတယ်။ “ကျွန်ုပ် ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘ၀နှင့် အသက်ကို တန်ဖိုးထား လေးစားစွာ ကာကွယ်စောင့်ရှောက်ပါ' ဟု သစ္စာ ဆိုထားကြတဲ့ ဆရာဝန်တွေအနေနဲ့ တိုင်းရင်းသား ပြည်သူတွေကို ဆေးကုသမှု မပြုလုပ်ဘဲ CDM မှာ ပါဝင်နေတာ၊ ပါဝင်ဖို့ လှုံ့ဆော်နေတာတွေဟာ ယင်း တို့ရဲ့ ကတိသစ္စာအဓိဋ္ဌာန်ကို ချိုးဖောက်နေခြင်းပဲ ဖြစ်တာကို သတိပြုမိဖို့ လိုပါတယ်။
ကျင့်ဝတ်ကို ဖောက်ဖျက်
သူနာပြုတွေဆိုရင်လည်း ၎င်းတို့ ကတိသစ္စာ အဓိဋ္ဌာန်တွင် “လူသားအားလုံး၏ ကိုယ်ကျန်းမာရေး၊ စိတ် ကျန်းမာရေးကို ကျွန်ုပ်၏ အရေးကိစ္စဟု ယူဆပါ အံ့၊ လူသားတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာ ရေးထိခိုက် စေမည့် မည်သည့်အပြုအမူမျိုးကိုမဆို တားဆီးကာကွယ်ပါအံ့' ဟု သစ္စာဆိုထားသူတွေ ဖြစ်ကြပါတယ်။ ယခုကဲ့သို့ CDM လှုပ်ရှားမှုမှာ ပါဝင် နေကြတဲ့ သူနာပြုဝန်ထမ်းတွေအနေနဲ့လည်း ကျင့်ဝတ်ကို ဖောက်ဖျက် နေကြသူတွေ ဖြစ်နေတယ် ဆိုတာကို သတိချပ်သင့်ပါတယ်။
ဆရာဝန်၊ သူနာပြုတွေဟာ ထားရှိတဲ့ သစ္စာ ယိမ်းယိုင်ခြင်းကြောင့် နောက်ဆုံးမှာ ထိခိုက်နစ်နာ ဆုံးရှုံးရတာက ပြည်သူတွေပဲဆိုတာ အချိန်မလွန်ခင် အမြင်မှန်ရသင့်ပြီလို့ ဆိုချင်ပါတယ်။
နှလုံးလှရှိသူ
မြန်မာနိုင်ငံမှာရှိတဲ့ ဆေးရုံ ၁၂၆၂ ရုံမှာ ဆေးရုံ ၇၇၈ ရုံသာ တိုင်းရင်းသားပြည်သူတွေကို ကုသပေး လျက်ရှိပြီး ဆေးရုံ၂၇ရုံကတော့ ဖွင့်လှစ်ထားပေမယ့် လူနာလက်ခံကုသပေးခြင်း မရှိဘူးလို့ ကြားသိရပါ တယ်။ အဲဒီထက် ဆိုးတာကတော့ ကျန်းမာရေး ဝန်ထမ်းတွေ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ ကြောင့် ဆေးရုံ ၃၅၇ ရုံကို ပိတ်ထား ရခြင်းပါပဲ။ ဆေးရုံပိတ်ထားလိုက်ရတဲ့ဒေသက တိုင်းရင်းသား ပြည်သူတွေအနေနဲ့ ကျန်းမာရေးကိစ္စ တွေ့ကြုံ လာရင် များစွာဒုက္ခရောက်နေမယ်ဆိုတဲ့ အတွေး အပိုင်းအစလေးသာ လမ်းပေါ်လှမ်းလျှောက်ရင်း၊
အော်ရင်းနဲ့ စဉ်းစားမိမယ်ဆိုရင် ကြင်နာတတ်တဲ့ နှလုံးလှရှိသူ ကျန်းမာရေးဝန်ထမ်းတွေဟာ မိခင် ဌာနရင်ခွင်ဆီ အချိန်မီ ပြေးခိုလှည့်ဖို့ နိုင်ငံတော်နဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေက ကမ်းလင့်လို့ ကြိုဆိုနေမှာ အမှန်ပါပဲ။ သို့မှသာ နှလုံးသားလှပြီး သူရဲကောင်းပီသတဲ့ ကျန်းမာရေး သူရဲကောင်း တွေကို ပြည်သူအပေါင်းက ထာဝရ လေးစား ချစ်ခင် ကာ အားကိုးနေမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး လည်း အားကိုးနေရဖို့ မျှော်လင့်ထားပါတယ်။
လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်က မြန်မာ့လွတ်လပ် ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ မိန့်ခွန်းလေးနဲ့ပဲ အဆုံးသတ်ပါရစေ။ “စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ လွတ်လပ်ရေး အရသာကို ခံစားခံစားချင်တယ်ဆိုရင် အလုပ် လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကိုယ် အကျင့်ဆိုးတွေ၊ အကျင့် ဟောင်းတွေးသောက်ကျင့်တွေ ပြင်ကြဖို့ လိုပြီဆို တာ ပြောချင် တယ်" ဆိုတာပါပဲ။
ဗိုလ်ချုပ်ကို ချစ်တယ်ဆိုပြီး ဗိုလ်ချုပ်ရဲ့ ကောင်းမွန်တဲ့ ဆုံးမစကားတွေကို တစ်ခုမျှ မလိုက်နာဘဲ စည်းမဲ့ကမ်းမဲ့ အာဏာရှင်ဆန်ဆန် ပြုလုပ်နေတဲ့ CDM မှာ ပါဝင်နေမှုကို အမြန်ဆုံး အဆုံးသတ်ကာ ကျန်းမာရေး သူရဲကောင်း တွေပီပီ တိုင်းရင်းသား ပြည်သူတွေအတွက် ပြည်သူ့ဆေးရုံ မှာ ပြန်လည်ရုံးတက်ရင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေကို နွေးထွေးစွာ ပြန်လည်ပေး ကြပါစို့လို့ တိုက်တွန်းရေးသား ဖိတ်ခေါ်လိုက်ရ ပါတယ်။ ။
လင်းနိုင်