Skip to main content

သက်ဆိုင်သူသို့

နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ......... ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့က အတည်ပြုထားသော ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူး တစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့်၊ နိုင်ငံတော် ရသုံးမှန်းခြေ ငွေစာရင်းမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသည့်ဝန်ထမ်း ကိုဆိုသည်။ နိုင်ငံ့ဝန်ထမ်းများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြား ချက်များကို လိုက်နာ ရမည့်အပြင် နိုင်ငံ့ဝန်ထမ်း များနှင့် အဓိကသက်ဆိုင်သော နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ များတွင် ပြဋ္ဌာန်းထားရှိ သည့် ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်း ရမည့်ကျင့်ဝတ်တို့ကိုလည်း သိရှိ၊ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ သက်ဆိုင်သူနိုင်ငံ့ဝန်ထမ်းများအား ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များမှ လက်ရှိ ကာလနှင့်ဆက်စပ်လျက်ရှိသော ပြဌာန်းချက်အချို့ကို ထုတ်နုတ်၍တင်ပြရမည် ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)၊ ပုဒ်မ ၂၆၊ ပုဒ်မခွဲ (က) တွင် နိုင်ငံ့ဝန်ထမ်းများသည် ပါတီ နိုင်ငံရေးကင်းရှင်းရမည်” ဟုလည်း ကောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀ တွင် “ဝန်ထမ်းသည် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ ဖွဲ့စည်းပုံအ ခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကိုလိုက်နာခြင်း၊ မိမိအား ပေးအပ် ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များ၊ စည်းမျဉ်း စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြား ချက်များ၊ ဝန်ထမ်းအဖွဲ့ အစည်းအလိုက် သီးခြား သတ်မှတ် ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုလိုက်နာခြင်း၊ ပါတီ နိုင်ငံရေးကင်းရှင်းခြင်းတို့ကို လိုက်နာရန် တာဝန်ရှိ သည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိပါသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၃၇ တွင် “ဝန်ထမ်း သည် နိုင်ငံ့ဝန်ထမ်းဥပဒေအရပြုလုပ်သော နည်းဥပဒေ များ၊ စည်းမျဉ်း စည်းကမ်းများကို စောင့်ထိန်းလိုက်နာ ရမည့်အပြင် ဝန်ထမ်းအဖွဲ့အစည်း၏လုပ်ငန်းသဘာဝ နှင့် ဝန်ထမ်း အမျိုးအစားအလိုက် သီးခြားသတ်မှတ် ထားသည့်ကျင့်ဝတ်နှင့် လုပ်ငန်းခွင်စည်းကမ်းများ၊ ကိုလည်း စောင့်ထိန်း လိုက်ရမည်” ဟုလည်းကောင်း၊ ပုဒ်မ ၃၈ တွင် “ဝန်ထမ်း ကျင့်ဝတ်ပျက်ယွင်းမှု စည်းကမ်း ဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့ အတွက် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဌာနဆိုင်ရာနည်းလမ်းအရ အရေးယူနိုင်သည်။ ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုသည် ပြစ်မှုမြောက်နိုင်သည့်ကိစ္စဖြစ်ပါက ဥပဒေကြောင်း အရ အရေးယူရန်ဆောင်ရွက် ရမည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသည်။ ။ နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၆၁ တွင် အလုပ်ချိန်နှင့် သက်ဆိုင်သည့် စည်းကမ်းများကို ပြဋ္ဌာန်းထားရာ ခွင့်စည်းကမ်းများကိုဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက် ခြင်းမပြုရပါ။ ထို့အတူ တာဝန်ထမ်းဆောင်မှုဆိုင်ရာ နှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ ၁၆၂ တွင် ဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် | အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက် ခြင်းမပြုရပါ။ ထို့အပြင် ပြုမူဆက်ဆံမှုဆိုင်ရာ စည်းကမ်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များ၊ နည်းဥပဒေ၁၆၃တွင် အလုပ်ခွင်ငြိမ်းချမ်းသာယာ မှုကိုဖြစ်စေ၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ် မှုကိုဖြစ်စေ ပျက်ပြားစေရန် လှုံ့ဆော်ခြင်း သို့မဟုတ် ပြုလုပ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းကို အားပေး ကူညီခြင်း၊ ဝန်ထမ်းအဖွဲ့အစည်းဝန်ထမ်းအမျိုးအစား အလိုက် စောင့်ထိန်းလိုက်နာရန် သတ်မှတ်ထားသည့် အခြားကျင့်ဝတ်နှင့်စည်းကမ်းများကို ဖောက်ဖျက် ခြင်း၊ တာဝန်အရ အထက်အကြီးအမှူးက ဥပဒေနှင့် အညီပေးသည့်အမိန့်ကို ဝန်ထမ်းကိုယ်တိုင် ဖီဆန် ခြင်း၊ အခြားဝန်ထမ်းတို့ကို ဆန့်ကျင်စေရန် လှုံ့ဆော် ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သွေးဆောင်စည်းရုံးခြင်း၊ လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသည့် ဌာန ဆိုင်ရာ စာရွက်စာတမ်းများကို ထိန်းသိမ်းစောင့်ရှောက် ရန် ပျက်ကွက်ခြင်း သို့မဟုတ် လုပ်ငန်းဆိုင်ရာ လျှို့ဝှက် ချက်များကို မသက်ဆိုင်သူများအား တိုက်ရိုက်ဖြစ်စေ၊ | သွယ်ဝိုက်၍ဖြစ်စေ အသိပေးခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမည့် စာအုပ် စာတမ်းများရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေ သည့် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း ( သို့မဟုတ်လှုံ့ဆော်ခြင်း သို့မဟုတ်အားပေးကူညီခြင်း တို့ကို မကျူး လွန်ကြ ရပါ။ သို့ဖြစ်၍ သက်ဆိုင်သူ နိုင်ငံ့ဝန်ထမ်းများသည် အလုပ်ချိန်နှင့်သက်ဆိုင်သည့် စည်းကမ်းများ၊ တာဝန် ထမ်းဆောင် မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် သက်ဆိုင်သည့် စည်းကမ်းများနှင့် လုပ်ငန်းခွင်အတွင်း ပြုမူ ဆက်ဆံမှု ဆိုင်ရာ စည်းကမ်းများကို လိုက်နာကြရ မည်ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းသည် ဝန်ထမ်းစည်းကမ်း ဆိုင်ရာ ပြစ်မှုတစ်ခုကို ဖောက်ဖျက်ကျူးလွန်ပါက ဌာနဆိုင်ရာ အရေးယူအပြစ်ပေးခြင်းအပြင် မိမိ၏ ကျူးလွန်မှုသည် ဥပဒေကြောင်းနှင့် အရေးယူနိုင် သည့် ကျူးလွန်မှုဖြစ်ပါက ဥပဒေကြောင်းအရ လည်း အရေးယူအပြစ်ပေးခြင်းခံရနိုင်ပါသည်။ သို့ဖြစ်၍ သက်ဆိုင်သူ........ နိုင်ငံ့ဝန်ထမ်း မောင်တို့ကြားကုန်လော့၊ မယ်တို့ကြားကုန်လော့။ အထက်ပါ ပြဋ္ဌာန်းသတ်မှတ်ချက်များကို သိရှိပြီး လိုက်နာကျင့်သုံး ဆောင်ရွက်ကြရမည်ဖြစ်ပါ သည်။ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရာတွင်- ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏သစ္စာကို စောင့်သိ ရိုသေပါမည်။ - ကျွန်ုပ်တို့သည် ပြည်ထောင်စုမပြိုကွဲရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက် ပါမည်။ - ကျွန်ုပ်တို့သည် တိုင်းရင်းသားစည်းလုံး ၊ညီညွတ်မှုမပြိုကွဲရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပါမည်။ - ကျွန်ုပ်တို့သည် အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဦးတည် ကြိုးပမ်းဆောင်ရွက်ပါမည်။ - ကျွန်ုပ်တို့သည် နိုင်ငံ့ဝန်ထမ်းများ ပီသစွာဖြင့် ပါတီနိုင်ငံရေးကင်းရှင်းအောင်နေထိုင်ပါမည်။ - ကျွန်ုပ်တို့သည် နိုင်ငံတော်က ပေးအပ်သော အမိန့်နှင့်တာဝန်များကို ဦးလည်မသုန် သက်စွန့်ကြိုးပမ်း ဆောင်ရွက် သွားပါမည်”ဟူသော နိုင်ငံ ဝန်ထမ်းသစ္စာအဓိဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင် ပြီး စောင့်ထိန်း လိုက်နာ ဆောင်ရွက်သွားကြပါစို့ ဟု အဓိဋ္ဌာန်ပြုလျက် တိုက်တွန်းလိုက်ရပါသည်။

သက်ထားဆွေ