ရန်ကုန်မြို့ပြ မော်တော်ယာဉ်များနှင့် က.ည.နဝန်ဆောင်မှုလုပ်ငန်းများအကြောင်း
မြန်မာနိုင်ငံတစ်ဝန်း မော်တော်ယာဉ်စီးရေအများ ဆုံးမြို့သည် ရန်ကုန်မြို့ကြီးပင်ဖြစ်သည်။ လူဦးရေ များပြားထူထပ်သည့်အလျောက် ယာဉ်သုံးစွဲမှုအများဆုံး လည်းဖြစ်ပါသည်။ ဘတ်စ်ကား၊ ကုန်တင်ယာဉ်၊ အိမ်စီး ကား၊ သုံးဘီး၊ မော်တော်ဆိုင်ကယ်၊ ထော်လာဂျီအစရှိသဖြင့် အမျိုးအစားစုံလှသည်။ ထိုယာဉ်အသီးသီးကို မှတ်ပုံတင် ပေးခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ သက်တမ်းတိုးပေးခြင်း၊ ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း စသော ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးရသောဌာနသည် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဖြစ်ပါသည်။ အတိုကောက်အားဖြင့် “က.ည.န”ဟု ခေါ်ကြပါသည်။ ထို က.ည.န ရုံးများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ များတွင်လည်း ရှိပါသည်။ သို့သော် ရန်ကုန်မြို့ကြီးသည် ကြီးမားကျယ်ပြန့်သည့်အလျောက် က.ည.န ဝန်ဆောင် မှုပေးနေသောဌာနတည်နေရာများ ပြောင်းလဲလာသည့် အတွက် တခုတ်တရတင်ပြရခြင်း ဖြစ်ပါသည်။
နေရာနှစ်ခုရှိ
ဦးစွာ မော်တော်ယာဉ်အသစ်များ ကနဦးမှတ်ပုံတင် ပေးနေသောနေရာများအကြောင်းကို တင်ပြလိုပါသည်။ ပြည်ပနိုင်ငံများမှတင်သွင်းလာသည်ဖြစ်စေ၊ ပြည်တွင်း ကားအရောင်းပြခန်းမှဖြစ်စေ ကားအသစ်များကို ကနဦး မှတ်ပုံတင်ပေးရသောနေရာနှစ်ခုရှိပါသည်။ ယင်းတို့မှာ
ထောက်ကြန့် က.ည.န ရုံးနှင့် ရွာသာကြီး က.ည.နရုံးတို့ ဖြစ်ပါသည်။ ထောက်ကြန့် က.ည.နရုံးတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လူစီးမော်တော်ယာဉ်ငယ်များကို ကနဦးမှတ်ပုံတင်ခြင်း၊ မော်တော်ယာဉ်စစ်ဆေးခြင်း၊ ကနဦးမော်တော်ယာဉ်နံပါတ်ရယူခြင်း စသောဝန်ဆောင် မှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပါသည်။ နေ့စဉ် မော်တော်ယာဉ်အသစ်စီးရေ ၁၀၀ မှ ၂၀၀ အတွင်း ဆောင် ရွက်ပေးလျက်ရှိသည်။ ။
ရွာသာကြီး က.ည.နရုံးတွင်မူ နှစ်တန်အထက် မော်တော်ယာဉ်ကြီးများကို ကနဦးမှတ်ပုံတင်ခြင်း၊ ယာဉ် စစ်ဆေးခြင်း၊ ကနဦးနံပါတ်ရယူခြင်း စသောဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသည်လည်း နေ့စဉ်စီးရေ ၂၀ဝ ဝန်းကျင်ဆောင်ရွက် ပေးနေကြောင်း သိရပါသည်။ အထူးသဖြင့်ကားကြီးများ၊ ကုန်တင်ယာဉ်ကြီးများ၊ တွဲကားများအတွက် ကနဦး မှတ်ပုံတင်ပေးနေခြင်းဖြစ်ပါသည်။
။ ထိုထောက်ကြန့် က.ည.နရုံးသည်လည်းကောင်း၊ ရွာသာကြီး က.ည.နရုံးသည်လည်းကောင်း ကိုဗစ်-၁၉ ကာလခေတ္တရပ်နားထားပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ထိုရုံနှစ်ရုံးနှင့်အတူ မန္တလေးနှင့် နေပြည်တော်တို့ရှိ က.ည.နရုံးများကိုလည်း တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ် ခဲ့ပါသည်။ သို့သော် မော်တော်ယာဉ်သစ်ပိုင်ရှင်များအနေ ဖြင့် ကနဦးမှတ်ပုံ တင်ဆောင်ရွက်မည်ဆိုပါက ကြိုတင်၍ Online Booking ရယူပြီး ဆောင်ရွက်ကြရပါသည်။ သတ်မှတ်ပေးသည့်ရက်၊ သတ်မှတ်ပေးသည့် အချိန် အတွင်း၌သာ လာရောက်၍ မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြရပါသည်။
မော်တော်ဆိုင်ကယ်၊သုံးဘီး၊ထော်လာဂျီ အစရှိသော ယာဉ်များ ကနဦးမှတ်ပုံတင်ခြင်းကိုမူ ရန်ကုန် တောင်ပိုင်း ခရိုင်ရှိ သန်လျင်က.ည.နရုံး၌ ဆောင်ရွက်ပေးပါသည်။ ထိုရုံးကိုလည်း မူလကသန်လျင် မြို့တွင်းရုံး၌ဆောင်ရွက် ပေးသော်လည်း ယခုအခါ နေရာအခက်အခဲကြောင့် သီလဝါအထူးစီးပွား ရေးဇုန်သို့ သွားရောက်ရာလမ်း၊ ရေကြောင်းတက္ကသိုလ်လမ်းဆုံသို့ပြောင်းရွှေ့ဖွင့်လှစ်ထား ပါသည်။ ဝန်ဆောင်မှုများကိုတော့ ပြီးခဲ့သည့် ဇန်နဝါရီ၂၀ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ အထူးသဖြင့် ဆိုင်ကယ်များကို ကနဦး မှတ်ပုံတင်ပေးလျက်ရှိကြောင်း၊
နေ့စဉ်အချိန်လေးချိန်ခွဲပြီး စီးရေ ၂၀၀ ခန့်အား ကနဦးမှတ်ပုံ တင်ခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ ကနဦးနံပါတ်ရယူခြင်းတို့ ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။ ထိုဝန် ဆောင်မှုလုပ်ငန်း သည်လည်း ကြိုတင်၍ Online Booking ရယူဆောင်ရွက်ရပါသည်။ သတ်မှတ်ရက်အတိုင်းဆောင် ရွက်ပေးလျက်ရှိပါသည်။
ယာဉ်မောင်းလိုင်စင် ဤသည်ကား မော်တော်ယာဉ်လူစီး၊ ကုန်တင်ယာဉ်၊ ဆိုင်ကယ်၊ သုံးဘီ၊ ထော်လာဂျီတို့ကို ကနဦးမှတ်ပုံတင် ပေးနေသော က.ည.နရုံးများအကြောင်း ဖြစ်ပါသည်။ ဆက်လက်၍ ယာဉ်မောင်းလိုင်စင်အသစ် ဖြေဆိုမည့်သူ များအတွက် တင်ပြလိုပါသည်။။ ယခုကိုဗစ်ကာလ အထက်ကခွင့်ပြုချက်ရလျှင် ယာဉ်မောင်းလိုင်စင်အသစ် လျှောက်ထားမည့်သူများ သည် အမှတ်(၂)လမ်းမကြီးအနီးဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသ ကြီး ရုံးခွဲ(ရွာသာကြီး)ရုံးရှိ အသစ်တည်ဆောက်ပြီးစီးသွားသော ယာဉ်စည်းကမ်း လမ်းစည်းကမ်းစစ်ဆေးရေးခန်း မကြီးတွင် ပထမဆုံးအဖြစ် လိုင်စင် Smart Card ထွက်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စတင်ဖွင့်လှစ်မည့်ရက်ကို ကြိုတင်အသိပေး သွားမည်ဖြစ်ကြောင်း၊ ယခင် ကညန(မြင်သာ)ရုံးတွင်လျှောက်ထားရန် မလိုတော့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ရုံးခွဲ (ရွာသာကြီး)ရုံးမှ သိရပါသည်။
ကိုဗစ်ကာလပြီး၍ ကညနရုံးများပြန်ဖွင့်မည်ဆိုလျှင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေး ခန်းမ အဆောက် အအုံကြီးသည် ၂၀၂၀ ပြည့်နှစ်တွင် ပြီးသွားသည့်အတွက် ယခင် ကညန(မြင်သာ)၌ ဆောင်ရွက်ပေးသော ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးသင်တန်း ယာဉ်မောင်းလိုင်စင် ရေး၊ ဖြေ လုပ်ငန်းတွေကိုပါ ယခု အဆောက်အအုံသစ်ကြီးမှာ ရွှေ့ပြောင်းပြီး ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း။
ယာဉ်မောင်းလိုင်စင် လာရောက်ဖြေဆိုသူ ရေးဖြေ ရော၊ လူတွေ့စစ်ဆေးမှုတွေကို ခန်းမတိုင်းမှာ သတ်မှတ် ဦးရေအတိုင်းစိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Online Booking ယူရမည်ဖြစ် ကြောင်း သိရပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခုမှ ယာဉ်မောင်းလိုင်စင် အသစ်လျှောက်ထား မည့်သူများသည် ယခုအသစ်ဖွင့်လှစ်မည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသ ကြီး ရုံးခွဲ(ရွာသာကြီး) ရုံးရှိ ယာဉ်စည်းကမ်းလမ်းစည်းကမ်း စစ်ဆေးရေးခန်းမ ကြီးတွင် ဆောင်ရွက် ကာ ယာဉ်မောင်းလိုင်စင်ထွက်ရှိသည် အထိဆောင်ရွက်ရမည်ဖြစ်သည်။
ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများသည် Online Booking စနစ်တွင်ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးသင်တန်းအနေဖြင့် တစ်ရက်ကြိုတင်ကာ Online Booking alo: q:goocao:930030 သုံးရက်ကြိုတင်ကာ Online Bookingယူရကြောင်း သိရသည်။ လက်တွေ့ မောင်းနှင်စစ်ဆေးမှုများကိုပါ ယခု အဆောက်အအုံသစ်ကြီးတွင် ဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း သိရသည်။
အပြီးဆောင်ရွက်ပေးသွားမည် ။ ထိုယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးရေး ခန်းမကြီးတွင် မှတ်တမ်းစိစစ်ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးသင်တန်း၊လက်တွေ့စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ သရုပ်ပြစစ်ဆေးခြင်းနှင့် လိုင်စင်ကျရှုံးပြန်လည်ဖြေဆိုခန်းတို့ ပါဝင်သည်။ ယာဉ်မောင်းလိုင်စင်များကို စတင်လျှောက်ထားသည်မှ ယာဉ်မောင်းလိုင်စင် အသိအမှတ်ပြု Smart Card ရသည် အထိတစ်နေရာတည်းတွင် အပြီးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ရုံးခွဲ(ရွာသာကြီး) ရုံးမှသိရသည်။ ဤသည် မှာ ယာဉ်မောင်းလိုင်စင်ပြုလုပ်လိုသူများသည် ရွာသာကြီး ၌သာ သွားရောက်ဆောင်ရွက် ရတော့မည့် သဘောဖြစ်သည်။ ယခင်က မြင်သာ က.ည.န၌ ယာဉ်မောင်းလိုင်စင် ( အသစ်ပြုလုပ်ပေးတော့မည်မဟုတ်ပေ။ တောင်ဥက္ကလာပ မြို့နယ်ရှိ မြင်သာ က.ည.နသည် မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုးခြင်း၊ လူလိုင်စင်သက်တမ်းတိုးခြင်းတို့ကို ( ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် ကိုဗစ်ကာလဖြစ်၍ ပြန်လည်ဖွင့်လှစ်မည့် ရက်ကိုကြေညာ ထားခြင်းမရှိသေးကြောင်း သိရသည်။
သို့ဖြစ်၍ ကိုဗစ်-၁၉ ကာလ လွန်မြောက်လာသည် နှင့်အမျှ ရန်ကုန်မြို့၏ က.ည.န ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါသည်။ မော်တော် ယာဉ်သစ်များ ကနဦးမှတ်ပုံတင်ခြင်း၊ ဆိုင်ကယ်များ မှတ်ပုံတင်ခြင်း၊ လူလိုင်စင်သစ်များ လျှောက်ထားခြင်း၊ မော်တော်ယာဉ်များသက်တမ်းတိုးခြင်း စသော က.ည.န ဝန်ဆောင်မှုလုပ်ငန်း များကိုအချိန်နှင့် တစ်ပြေးညီလုပ်ကိုင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါသည်။ ။
မြင့်မောင်စိုး