ချင်းပြည်နယ်၏ဂုဏ်ယူဖွယ် အာဆီယံအမွေအနှစ် နတ်မတောင်အမျိုးသား ဥယျာဉ်
ချင်းပြည်နယ်၏ဂုဏ်ယူဖွယ်များတွင် ကန်ပက်လက်မြို့တွင်ရှိသော အာဆီယံအမွေအနှစ်ဖြစ်သည့် နတ်မတောင် အမျိုးသားဥယျာဉ် (ဝိတိုရိယတောင်) လည်း တစ်ခုအပါဆင်ဖြစ်သည်။ ချင်းပြည်နယ်၏ဂုဏ်ဆောင် ရိဒ်ရေကန်နှင့် နတ်မတောင် အမျိုးသားဥယျာဉ်တို့သည် မြန်မာ နိုင်ငံအတွက် ဂုဏ်တင့်လျက် ရှိသည်။ ကန်ပက်လက်မြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၄၅၆၀ တွင် တည်ရှိပြီး နတ်မတောင် (ဝိတိုရိယအမျိုးသားဥယျဉ်သည် ပေ ၁၅ဝဝ အမြင့်တွင် တည်ရှိသည်။ ဆောမြို့ ကန်ပက်လက်မြို့သို့ ၁၂ မိုင်ဝေးကွာပြီး ကန်ပက်လက်မြို့မှ အမျိုးသား ဥယျာဉ်တောင်ထိပ်သို့ ၁၇ မိုင်ဝေးကွာသည်။ ကန်ပက်လက်မြို့၏ ပေ ၆၀၀ ခန့် အမြင့်တွင် မှော်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ နတ်မတောင်အမျိုးသားဥယျဉ် အုပ်ချုပ်ရေးမှူးရုံးကို တွေ့မြင်ရပြီး ပေ ၆၂ဝဝ ၌ ကန်ပက်လက်မြို့ဟောင်းနေရာတွင် လှပသေသပ်စွာ ဆောက်လုပ်ထားသော ထင်းရှူးဘန်ဂလိုများတည်ရှိရာ ဟိုတယ်ဇုန်ကို တွေ့မြင် ရမည်ဖြစ်သည်။ ရင်သပ်ရှုမောဖွယ် ချင်းတောင်တန်းတို့၏ သဘာဝရှုခင်းများကို ကြည့်ရှုနိုင်မည့် ဟိုတယ်ဇုန်နေရာမှ တောင်ဘက်ကတ္တရာလမ်းအတိုင်း ခရီးနှင်ပါက ပေ ၁၁၅ တွင်ရှိသော ဝိတိုရိ ယတောင်ထိပ်သို့ရောက်ရှိပြီး ရွှေရောင်ဝင်းလက်နေသော စေတီတော်တစ်ဆူကို ကြည်ညိုစွာ ဖူးမြော်ရ မည်ဖြစ်သည်။ တောင်ထိပ်တွင် အေးစိမ့်သော လေထုနှင့်အတူ မြက်ခင်း စိမ်းတော၊ ထင်းရှူးတောနှင့် ကျေးငှက်သံတို့မှာ လွင့်ပျံ့လျက် အာဆီယံ အမွေအနှစ်ဖြစ်သော အမျိုးသားဥယျာဉ်ကြီးမှာ မြန်မာနိုင်ငံ၏ဂုဏ်ဆောင် အမျိုးသား ဥယျာဉ်ကြီးမာ လှပတင့်တယ် လျက်ရှိသည်။
ရှားပါးတော်များ ကွန်းခိုရာ
ညိုမှောင်တစ်သွယ်၊ စိမ်းမြမြတင်ဖုံး မှိုင်းညိုနေသည့် ချင်းပြည်နယ်၏ တောင်စဉ်တောင်တန်းများကို ရင်ဆိုင် တွဲခိုနေသော မြူခိုးတိမ်ခိုးများက အမျိုးသဉ်သို့ လာရောက်အပန်းဖြေသူတို့ကို အေးချမ်းသော အပြုံးဖြင့် ဖိတ်ခေါ်လျက်ရှိသည်း နိုဝင်ဘာဒီဇင်ဘလသည်ရာသီဥတု ကောင်းမွန်သော အချိန်တွင် ထိုသို့တွေ့မြင်နိုင်ပြီး ကျန်ရာသီတွင် မိုးများ၍ မြူနှင်းများအုပ်ဆိုင်းလျက် အမြဲအေးစိမ့်နေတတ်သည်။ ထိုနေရာတွင် အမြင့်ဆုံးအပူချိန်သည် ၃၂ ဒီဂရီ စင်တီဂရိတ် သာရှိပြီး အနိမ့်ဆုံးအပူချိန်သည် ၃ ဒီဂရီ စင်တီဂရိတ်ရှိကာ နှစ်စဉ်ပျမ်းမျှ မိုးရေချိန်မှာ ၆၅ လက်ရှိသော ဆောင်ပါသလည်းဖြစ်သည်။ မတ်လ ပထမပတ်တို့တွင် ထိုကောင်ထိပ်၌ လေအေးများ မပြတ်တိုက်ခတ်တတ်ပြီး အေးစိမ့်လျက်ရှိကာ နေရောင်ခြည် လင်းခြည်တစ်လှည့် မှိုင်းပြည် တစ်မှုန်ဖြင့် ပြောင်းလဲနေသောကြောင့် သီးခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသည့်ပမာ လာရောက် အပန်းဖြေသူတို့ ခံစားရလေ့ရှိသည်။ နတ်မတောင် အမျိုးသားဥယျာဉ်သည် သစ်တောဦးစီးဌာန အောက်တွင်ရှိသော သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာနခွဲ တစ်ခုလည်း ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် နတ်မတောင်အမျိုးသားဥယျာဉ် ထိန်းသိမ်းရေး လုပ်ငန်းကို စတင် အကောင်အထည်ဖော်ခဲ့ပြီး အရှေ့တောင်အာရှတွင် ထူးခြားသော တောင်ပေါ်ဒေသတစ်ခုအဖြစ် သတ်မှတ်၍ ရာသီမပြတ် တောတောင် စိမ်းလန်းစိုပြည်သောကြောင့် ရှားပါးငှက်များ နားခိုကျက်စားရာ ဥယျာဉ်ကြီး တစ်ခုအဖြစ် အသိအမှတ်ပြုထားလျက်ရှိသည်။
နတ်မတောင်အမျိုးသားချဉ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလမှစ၍ အာဆီယံ၏ အမွေအနှစ်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ပြီး အာဆီယံနိုင်ငံ များသာမက ကမ္ဘာ့နိုင်ငံများကလည်း နတ်မတောင် အမျိုးသားဥယျာဉ်အား ပိုမိုစိတ်ဝင်စားခဲ့၍ နိုင်ငံခြားသားခရီးသွားများ လာရောက်အပန်းဖြေ လေ့လာ နေရာတစ်ခု ဖြစ်လာသည်။ ပါးငှက်၊ ရှားပါးသစ်ခွ၊ သက်ရှိဇီဝနှင့် ရုက္ခ မျိုးစုံ ရှင်သန် ပေါက်ရောက်ရာ ဖြစ်သည့်အပြင် သေခံတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု တို့ကိုလည်း လာရောက်လေ့လာကြသောကြေကြောင့် ချင်းပြည်နယ်တွင် နိုင်ငံသားများ အထူးစိတ်ဝင်စားရာ နေရာ တစ်ခုအဖြစ် တွေ့မြင်ရလျက်ရှိသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစ၍ ခရီးသွားည့်သည် မပြတ်ဝင်ရောက်လျက်ရှိရာ သဘာဝပတ်ဝန်းကျင်ကို ဆက်လက်ထိန်းသိမ်းခြင်းဖြင့် တောတောင်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း၍ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများရရှိလျက် ခရီးသွားလုပ်ငန်းမှ ပြည်ပဝင်ငွေကို တိုမြှင့်ရရှိစေမည် ဖြစ်သည်။ ဇီဝမျိုးစုံမျိုးကွဲများထဲမှ ရှားပါးသော မျိုးစိတ်ဖြစ်သည့် မျက်ခုံးမွေး ပြုဏ်ပြာခြောက်သည် ကမ္ဘာပေါ်တွင် မည်သည့်ဒေသမှမရှိဘဲ မြန်မာနိုင်ငံ နတ်မတောင်ရှိ အမျိုးသားဥယျာဉ်၌သာ တွေ့မြင်ရသော ဒေသမျိုးစိတ်သည် နိုင်ငံတကာမှ ငှက်ဝါသနာရှင် တို့အတွက် ဆွဲဆောင်မှုပေးနိုင်သော ငှက်မျိုးစိတ်လည်း ဖြစ်သည်။ လွန်ခဲ့သော ၁၅ နှစ်ကျော်က ရှားပါး တိရစ္ဆာန်များဖြစ်သော ကျောက်သင်း ၊ သစ်ကြောင်များ ရှိခဲ့ပြီး ဆိတ်၊ တောင်ဆိတ်၊ မျောက်လွှဲကျော်ဖြူ စသည့် ရှားပါးမျိုးစိတ်များ ဤဒေသတွင် ကျန်ရှိနေသောကြောင့် အာဆီယံ အမျိုးသားဥယျာဉ်ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။
ဒေသသစ်ခွမျိုးစိတ်များ ရှင်သန်
ရုက္ခဗေဒဥယျာဉ်နှင့်ပတ်သက်၍ တောင်ဇလပ်အဖြူ၊ အဝါသည် ဒေသရင်းမျိုးစိတ်တစ်ခုအဖြစ် တည်ရှိနေပြီး ကျန်ထူးခြားသော မျိုးစိတ်များကို ဂျပန်နိုင်ငံ MEK ရုက္ခဗေဒမှ ကွင်းဆင်း လေ့လာ ခဲ့ရာ အဖိုးတန်ဆေးဖက်ဝင် အပင်များကို အမျိုးသားယျာဉ်တွင်း တွေ့ရှိရလျက်ရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။ မြန်မာ့ဂျင်ဆင်းဆိုလျှင် ကိုရီယားဂျင်ဆင်းကဲ့သို့ အဆင့် ၄ တွင် တည်ရှိ နေသောမျိုးစိတ်ကို ဤဒေသတွင် တွေ့ရှိရသောကြောင့် မြန်မာ့တိုင်းရင်းဆေးနှင့် သုတေသနအတွက် ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ၂၀၁၁ ခုနှစ်မှစ၍ ဂျပန်နိုင်ငံမှ ဒုတိယအကြိမ် အဖြစ် အပင်နှင့်ပတ်သက်၍ ဆက်လက်လေ့လာခဲ့ရာ ၂၀၁၃ ခုနှစ် ဒီဇင်ဘလတွင် ပြီးဆုံးခဲ့သည်။ ထိုအဖွဲ့၏ လေ့လာမှုမှတ်တမ်းအရ နတ်မတောင် အမျိုးသားဥယျာဉ်တွင် အပင်မျိုးစိတ်ပေါင်း ထောင်ကျော်ကို စာရင်းကောက်ယူ မှတ်တမ်းတင်ခဲ့ပြီး မျိုးစိတ်ပေါင်း ၅၀၀ ကျော်မှာ ဤဒေသ တွင် ဆက်လက်ကျန်ရှိနေသည်ဟု ခန့်မှန်းထားကြသည်။ ဤဒေသတွင် ဆေးဖက်ဝင်သစ်ခွမှု တစ်မျိုးတည်းပင် မျိုးစိတ်ပေါင်း ၁၀ မျိုးကျော်ရှိရာ အဆိုပါ မျိုးစိတ်များအားလုံးမှာ ဆေးဖက်ဝင်သစ်ခွများဖြစ်ကြသည်။ နီလုံး၊ ရိုးကြမ်း၊ ပုစွန်သင်ခွ၊ ပန်မျက်ခွက်၊ ကြွက်မြီး စသော ဆေးဖက်ဝင်သစ်ခွဲသည် ဒန်တိုဘီယန်မျိုးစိတ်ခွဲများဖြစ်သောကြောင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့က အားဆေးအဖြစ် အများဆုံး ဝယ်ယူခြင်း ဖြစ်သည်။ ရှားပါးသစ်ခွတွင် ချင်းသစ်ခွအနီသည် ရှားပါးဒေသ မျိုးစိတ်ဖြစ်သောကြောင့် Orchid Tour များ စိတ်ဝင်စားမှုအများဆုံး သစ်ခွအဖြစ် ယနေ့တိုင် အသိအမှတ်ပြုထားပြီး နိုင်ငံခြားမှ လာရောက်သော သစ်ခွလေ့လာ သူများတွင် ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံမှ အများဆုံးလာရောက် လေ့လာ လျက်ရှိသည်။
သစ်ခွမျိုးစိတ် ရေရှည်ထိန်းသိမ်းခြင်းနှင့် မျိုးပွားစိုက်ပျိုးနည်းတို့ကို ဒေသခံများ စီးပွားရေး အခွင့်အလမ်းများအဖြစ် ရရှိနိုင်ရန် အမျိုးသားဥယျာဉ် ရုံး ဝင်းအတွင်းရှိ သစ်ခွဥယျာဉ်မှ Learning Center အဖြစ်ဆောင်ရွက်ပေးလျက်ရှိသည်။ အမြင့်ပေ ၇၀၀၀ တွင် ပေါက်ရောက်သော နတ်ဆေးဂမုန်းပင်မှာလည်း ဂမုန်းမျိုးစိတ်များထဲတွင် နာမည်ကြီး သောဆေးဖက်ဝင် ဂမုန်း မျိုးစိတ်တစ်မျိုး ဖြစ်သည်။ ဒေသခံတို့သည် ဝမ်းစာအတွက် သဘာဝပတ်ဝန်းကျင် အပေါ်တွင် မှီခိုနေရသောကြောင့် သဘာဝသစ်တောထိန်းသိမ်းရေးနှင့် သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာအသိပညာများ ပိုမိုကြွယ်ဝလာစေရန် လူထုအသိပညာ ပေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။ နတ်မတောင် အမျိုးသားဥယျာဉ်သည် အာဆီယံ၏ အမွေအနှစ်ဒေသဖြစ်သောကြောင့် အိမ်ရှင်နိုင်ငံသာမက အာဆီယံနိုင်ငံများကပါ ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်ကြောင်း သိရသည်။
ရိုးရယဉ်ကျေးမှုနှင့် ဓလေ့အရ သဘာဝတောတောင်များအပေါ်တွင် မှီခိုနေထိုင်ကြသည့် ဒေသခံတို့အတွက် စီးပွားရေး အခွင့်အလမ်းများ ရရှိနိုင် သော နည်းလမ်းများကို ဖော်ဆောင် နိုင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်း၍ ဇီဝနှင့် ရုက္ခမျိုးစိတ်များ ရေရှည် တည်တံ့ နိုင်မည်ဖြစ်သည်။ ချင်းပြည်နယ်၏ တောတောင်များကြား၌ အမြင့်ဆုံးတောင် ဖြစ်သောကြောင့် “တောင်ကျွန်း"ဟု သတ်မှတ်ထားပြီး အပင်မျိုးစိတ်ကြွယ်ဝမှုနှင့် သဘာဝသစ်တော အစဉ် စိမ်းလန်းစိုပြည် နေသောကြောင့် သဘာဝသစ်တောကို မထိခိုက်စေရန်၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံခြားသားခရီးသူများ အကြံပြုလေ့ရှိသည်။
ကန်ပက်လက်မြို့အတွင်းရှိစံပြရွာလေးရွာကို ဇီဝဥယျာဉ်စိုက်ပျိုးသော ရွာအဖြစ် ရွေးချယ် သတ်မှတ်၍ ကော်ဖီလက်ဖက်၊ ဝဥ၊ ထောပတ် စသည့် မျိုးစေ့များကို သစ်တော ဦးစီးဌာနမှ ပံ့ပိုးပေးလျက်ရှိပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ရန် သုံးနှစ်စီမံကိန်းအဖြစ် ပညာပေး ဆောင်ရွက် ခဲ့သည်။ စီးပွားဖြစ်သီးနှံ ရောနှောသစ်တော စိုက်ခင်းစိုက်ပျိုးနည်းဖြင့် အလေ့အကျင့် ကောင်း များရရှိ၍ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်မှုကြောင့် သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်သော နည်းစနစ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။ အုတ်ဖိုရွာ၊ မကျောက် အားရွာ၊ ရဲလောင်းပန်းရွာနှင့် ဆော်လောင်း ကျေးရွာတို့မှဒေသခံတို့ကို မျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးမှုနည်းစနစ်များကို ပညာပေးဆောင်ရွက်ခြင်းနှင့် သစ်တောဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခြင်း တို့ဖြင့် နတ်မတောင်အမျိုးသား ဥယျာဉ်ရေရှည်တည်တံ့နိုင်ရန် သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
ထိုဒေသ၏ရာသီဥတုနှင့် ကိုက်ညီသော လက်ဖက်၊ ဝဥ တို့ကို သင်္ခအချို့ ပိုမိုစိုက်ပျိုးလာကြပြီး စီးပွားဖြစ် သီးနှံဖြစ်သောကြောင့် ဒေသတစ်ဝန်း တစိုက်မတ်မတ် စိုက်ပျိုးထုတ်လုပ်နိုင်ပါက ဒေသဖွံ့ဖြိုးဝင်ငွေတိုးစေမည်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောကြောင့် ပြည်ပခရီးသွား ဝင်ရောက်မှုနှင့် စိုက်ပျိုးရေးထွက်ကုန် အောင်မြင်မှုကြောင့် ဒုတိယ ပြင်ဦးလွင်အဖြစ် ခရီးသွားများကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။ နတ်မတောင် အမျိုးသားဥယျာဉ် သို့ လာရောက်လေ့လာကြသော ပြည်ပခရီးသွားတို့သည် တောရိုင်းတိရစ္ဆာန်များကို ကြည့်ရှု လေ့လာသူများ ပါဝင်သောကြောင့် ဥယျာဉ်အတွင်းရှိ နို့တိုက်သတ္တဝါ၊ ကုန်းနေ၊ ရေနေသတ္တဝါ၊ ငှက်မျိုးစိတ်၊ လိပ်ပြာမျိုးစိတ်၊ အခွံမာ ပိုးကောင်မျိုးစိတ်နှင့် ရှားပါးမျိုးစိတ်တို့ကို ခြံလှောင် ဥယျာဉ်စနစ်ဖြင့် မွေးမြူပြသနိုင်လျှင် ပြည်တွင်း ပြည်ပဝင်ငွေပိုမိုရရှိ၍ ဒေသဖွံ့ဖြိုး ဝင်ငွေတိုး စေမည်ဟု ဒေသခံတို့က သုံးသပ်လျက်ရှိသည်။
မိုးထိတောင်အနီးက ဘုံတလာရေတံခွန်
မိုးထိတောင်အနီးရှိ ဘုံတလာရေတံခွန်သည် နွေရာသီအပန်းဖြေသူတို့ဖြင့် စည်ကားလေ့ရှိပြီး ချင်းပုတ်သင်ညို။ မြေကပ်ပန်းနှင့် ပိုတင်တီလာမျိုးစိတ် တို့သည် ကမ္ဘာလှည့် ခရီးသွားများနှင့်ဇီဝ၊ ရုက္ခပညာရှင်များကို ဆွဲဆောင်လျက်ရှိသည်။ နတ်မတောင်နယ်မြေတွင် သဘာဝအနေအထားများ ထိခိုက်မှုမရှိသေးသော တောင်ပေါ် ဂေဟစနစ်များနှင့် သဘာဝရှုခင်းများသည်သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းဆိုင်ရာအတွက် ဆွဲဆောင်မှု တစ်ခုလည်း ဖြစ်သည်။ တောင်ပေါ် အမြဲစိမ်းသစ်တော၊ တောင်ပေါ်ထင်းရှူးတော၊ တောင်ပေါ် မြက်ခင်းတောနှင့် ဝက်သစ်ချမျိုးနွယ် များ၊ သစ်အယ်သားများ၊ မိုင်းဘော၊ တောင်ဇလပ်၊ မျောက်ညို၊ သစ်ကြံပိုး၊ ကရဝေး၊ ဘုံမဲဇာ၊ သဖန်း၊ ကတွတ်၊ ကျောက်ထင်းရှူး၊ ချယ်ရီ၊ တောင်ပိန္နဲ၊ ထောက်ကြံ့ စသည့်အပြင် ဆေးဖက်ဝင် သစ်ခွနှင့် ဂမုန်းမျိုးစိတ်များပေါက်ရောက် ရှင်သန်လျက်ရှိသည်။ နို့တိုက်သတ္တဝါမျိုးစိတ်မှ လိပ်ပြာမျိုးစိတ်အထိ မျိုးစိတ်ပေါင်း ၅၅၂ မျိုးကို ကွင်းဆင်း လေ့လာမှတ်တမ်းတင်ထားပြီး ဖြစ်သည်။
နတ်မတောင်(ဝိတိုရိယတောင်)သည် ချင်းပြည်နယ်တောင်ပိုင်း တောင်စဉ်တောင်တန်းများ ကြားတွင် တည်ရှိပြီး မြစ်သာမြစ်၊ လယ်မြစ်၊ မုန်းချောင်း၊ မောချောင်း၊ ယောချောင်းတို့သည် အဓိကရေဝေကြောဒေသကြီး ဖြစ်သည့်အပြင် အရှေ့တောင်အာရှတွင် မြေသားဖုံးလွှမ်းသော အမြင့်ဆုံးတောင်အဖြစ် ထူးခြားစွာ တည်ရှိလျက်ရှိသည်။
အာဆီယံအမွေအနှစ်ဖြစ်သော နတ်မတောင်အမျိုးသားဥယျာဉ်သည် သဘာဝနယ်မြေများ စာရင်း ၂၁ ခုတွင် တစ်ခုအပါအဝင်ဖြစ်သောကြောင့် သဘာဝကို အခြေခံသောခရီးသွားဒေသ (Eco-Tourism Site) အဖြစ် ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မှုဖြင့် ဒေသတွင်း လူမှုစီးပွားများ တိုးတက်၍ နိုင်ငံအတွက် နှစ်စဉ်နိုင်ငံခြား ဝင်ငွေရရှိကာ အာဆီယံအမွေအနှစ်ဖြစ်သော နတ်မတောင် အမျိုးသားဥယျာဉ် (ဝိတိုရိယတောင်) ကြီးသည် နိုင်ငံအတွက် ဂုဏ်တင့်လျက် ရှိနေပါကြောင်း။ ။
မောင်သင်းပျံ့