ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၆ / ၂၀၂၄ )
၁၃၈၆ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်
(၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၁၂ ရက်)
ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီကို
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ပဲခူးတိုင်းဒေသကြီး၊ လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန်(၁)လမ်း၊ လန်းဆန်းအိမ်ရာ၊ အမှတ် (A/၄၀၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၃) ဖြစ်ပါသည်။
(ပုံ) ကိုကို
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်