ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၂ )ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်၀န်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာ၀တီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် အထူးကောင်းမွန်သည့် အကျိုးကျေးဇူးရလဒ်များအား ရယူနိုင်ခဲ့ခြင်း၊ ဧရာ၀တီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ၏ အလှည့်ကျဥက္ကဋ္ဌ တာ၀န်ယူခြင်းတို့အတွက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ အသင်းချုပ်မှ အထူးဂုဏ်ယူ၀မ်းမြောက်ပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ အသင်းချုပ်