Skip to main content

ပြည်ပထွက်ခွာလိုသူ ပြည်သူများသို့ အသိပေးကြေညာချက်

၁။ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးအားလုံး၌ ဥပဒေနှင့်အညီစိစစ်၍ အခမဲ့ဆောင်ရွက်ထုတ်ပေးလျက် ရှိပါသည်။

၂။ သို့ရာတွင် ပြည်ပထွက်ခွာလိုသည့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့်သက်ဆိုင်သည့် လဝကမြို့နယ်ရုံးများ၌ UID နံပါတ် ဆောင်ရွက်ထုတ်ယူခဲ့ခြင်းမရှိဘဲ နယ်စပ်ဒေသများရှိ UID လုပ်ငန်း ဆောင်ရွက်သည့်နေရာများ၌သာ UID နံပါတ်ရရှိရေးအတွက် အရေးတကြီးပြုလုပ်ဆောင်ရွက်လျက်ရှိကြသဖြင့် ယင်းနေရာ၌သာ လူစုလူဝေးများဖြစ်ပေါ်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအချိန် နှောင့်နှေး ကြန့်ကြာခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပထွက်ခွာလိုသူ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများသို့ လူကိုယ်တိုင်သွားရောက်၍ UID နံပါတ် ကြိုတင်ထုတ်ယူဆောင်ရွက် ထားကြပါရန်နှင့် အခက်အခဲများရှိခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် www.facebook.com/eIDDept မှတစ်ဆင့် ဆက်သွယ်တိုင်ကြား ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန