Skip to main content

အခွန်ထမ်းပြည်သူများသို့ အသိပေးကြေညာချက်

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်အစိုးရ

စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စက်မှုဝန်ကြီးဌာန

ကြေညာချက်အမှတ် (     ၇  /၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော်   ၁   ရက်

(၂၀၂၀ ပြည့်နှစ်၊  ဒီဇင်ဘာလ  ၃၀  ရက်)

အခွန်ထမ်းပြည်သူများသို့ အသိပေးကြေညာချက်

၁။        စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအတွက် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ သက်ညှာလျှော့ပေါ့ပေးထားသော အခွန်နှုန်းများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိသာ ခံစားခွင့်ရှိပါသဖြင့် ယင်းနေ့အမီ လျှော့ပေါ့နှုန်းထား များကို ခံစားနိုင်ရေးအတွက် အခွန်ထမ်းပြည်သူများသည် စည်းကြပ်တောင်းခံထားသော ငွေသွင်းချလန်ကို ရယူပြီးနောက် ယင်းချလန်ပေါ်တွင် “၃၀-၉-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ ဘဏ်သို့ ပေးသွင်းရမည်” ဟူသော ဖော်ပြထားချက်အရ မြန်မာ့စီးပွားရေးဘဏ်တွင် စုပြုံ၍ အခွန်ငွေပေးသွင်း လျက်ရှိသည့်အတွက် COVID-19 ဖြစ်ပွားစဉ်ကာလအတွင်း လူစုလူဝေးဖြစ်မှုကို ရှောင်ရှားနိုင်ရန် အလို့ငှာ စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ်၊  ၄/ ၂၀၂၀ ဖြင့် အခွန်ငွေပေးသွင်းရမည့်ရက်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့အထိ ရွှေ့ဆိုင်းပေးခဲ့ပါသည်။

၂။         ယခုအခါ COVID-19 ကာကွယ်၊ တားဆီးရေးဆိုင်ရာ စည်းကမ်းချက်များအား ပြည်သူများမှ ပြည့်ပြည့်ဝဝ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အထက်အပိုဒ် (၁) ပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ အခွန်ပေးသွင်းရမည့်ရက်ကို ထပ်မံတိုးမြှင့်၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ နောက်ဆုံးထား၍ပေးသွင်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန