အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG ၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့၏ နိုင်ငံရေးလိုလားချက်ပြည့်ဝစေရန်အတွက် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထုအား အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ပြည်သူလူထုအကြောက်တရားလွှမ်းမိုးစေရန်အတွက် Social Media အပါအဝင် နည်းလမ်းပေါင်းစုံသုံး၍ လုပ်ဆောင်လျက်ရှိသည်။
Dec 11, 2025
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Rajamangala National Stadium ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ၊ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ၊ ပြိုင်ပွဲဝင်နိုင်ငံများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
Dec 11, 2025
မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလှုံ့ဆော်မှု Campaign ကို နိုင်ငံတစ်ဝန်းလုံးဆောင်ရွက်လျက်ရှိသည်။
Dec 11, 2025
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြသည်။
Dec 11, 2025
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၅) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
Dec 11, 2025
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ၊ ဌာနမှူးများက Online ဖြင့် တက်ရောက်ကြသည်။
Dec 11, 2025
တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ဆက်လက်ကျင်းပပြုလုပ်သည်။
Dec 11, 2025
(၇၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၁ ၌ ကျင်းပရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး တက်ရောက်အမှာစကားပြောကြားသည်။
Dec 11, 2025
လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နောက်ဆုံးရသတင်းများ
Dec 11, 2025Latest News
အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG ၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့၏ နိုင်ငံရေးလိုလားချက်ပြည့်ဝစေရန်အတွက် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထုအား အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်အကြပ်က
Dec 11, 2025Latest News
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Rajamangala National Stadium ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံ
Dec 11, 2025Latest News
မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မ
Dec 11, 2025Latest News
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်
Dec 11, 2025Latest News
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၅) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
ဆောင်းပါးကဏ္ဍ
Dec 10, 2025ကျွန်တော်အပါအဝင် လောကလူသားများသည် တစ်စုံတစ်ခုကို လိုချင်တပ်မက်စိတ်ဖြင့် အမြဲတမ်း အသက်ရှင်နေထိုင်တတ်ပါသည်။ ထိုတစ်စုံတစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိပြီးလျှင်လည်း နောက်ထပ်လိုချင်သောအရာတစ်ခု ထပ်မံပေါ်ပေါက်လာတတ်ပြန်ပါသည်။ လူအများသည် မိမိပတ်ဝန်းကျင်နှင့် လောကအပေါ် အနိုင်ယူလိုစိတ်များလာသည်နှင့်တစ်ပြိုင်နက် ကိုယ်ချင်းစာတရားများ ပျောက်ဆုံးလာပြီး အတောမသတ်နိုင်သည့် လူသားတို့၏ အတ္တ၊ လောဘ၊ မာန်မာနများသည်ပင်လျှင် လူ့အခွင့်အရေးများ ချိုးဖောက်လာရခြင်း၏ မူလဇာစ်မြစ်တစ်ခုဟု ကျွန်တော်ထင်မြင်ယူဆမိပါသည်။
Dec 10, 2025မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီးဖြစ်ပါသည်။ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် ရွေးကောက်ပွဲများကျင်းပခြင်းသည် အခြေခံအကျဆုံးနှင့် မဖြစ်မနေဖြတ်သန်းရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ လွတ်လပ်ရေးမရသေးမီ ဗြိတိသျှ လက်အောက်ကျရောက်စဉ် အချိန်ကတည်းကစ၍ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကျင်းပခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် ၁၉၂၂ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ အထွေထွေရွေးကောက်ပွဲ ၁၇ ကြိမ်၊ ကြားဖြတ် ရွေးကောက်ပွဲသုံးကြိမ် ကျင်းပခဲ့ပါသည်။
Dec 05, 2025ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်သတင်းများ၊ ရုရှားနိုင်ငံမှကိုယ်စားလှယ်အဖွဲ့များ၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်သတင်းများ၊ မကြာသေးမီရက်ပိုင်းအတွင်းက ဘယ်လာရုစ်သမ္မတကြီးနှင့်အဖွဲ့၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ် သတင်းများ စသည်၊ စသည်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံတို့နှင့် ချစ်ကြည်ရင်းနှီးသော အားရဖွယ်ခရီးစဉ်သတင်းများ၊ ဆောင်းပါးများကို စဉ်ဆက်မပြတ်မြင်တွေ့ရ၊ ဖတ်ရှုရသောအခါ များစွာဝမ်းမြောက်ဝမ်းသာဖြစ်မိပြီး လွန်ခဲ့သော နှစ် ၆၀ ဝန်းကျင်ကာလက ကျွန်တော်တို့သတင်းစာကိုယ်စားလှယ်အဖွဲ့များ ရုရှား(ဆိုဗီယက်ပြည်ထောင်စု)နိုင်ငံသို့ အကြိမ်ကြိမ်ရောက်ရှိခဲ့သည်များကို သူ့အလိုလို ပြန်လည်၍ အမှတ်ရလာမိပါသည်။
Dec 05, 2025စွမ်းရည်အခြေခံပညာရေး(Skill-Based Education) ဆိုတာဟာ ကျောင်းသား ကျောင်းသူတွေကို လက်တွေ့ဘဝနဲ့လုပ်ငန်းခွင်တွေမှာ တိုက်ရိုက်အသုံးချနိုင်တဲ့ တိကျတဲ့စွမ်းရည်တွေ (Practical Skills) တိုးတက်လာစေဖို့ အဓိကထားသင်ကြားပေးတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။
Dec 04, 2025ယနေ့ကမ္ဘာ့သတင်းတွေမှာ KK Park၊ ရွှေကုက္ကိုလ်၊ မြဝတီနဲ့ လောက်ကိုင်လို့ ပြောလိုက်တာနဲ့ အွန်လိုင်းလိမ်လည်မှုတွေရဲ့ ဗဟိုအချက်အချာဆိုပြီး ဖော်ပြကြတာမျိုး မြင်တွေ့ရပါတယ်။ ဒီမှာ လူတွေ အလိမ်အညာခံရတယ်၊ ထိခိုက်ခံစားကြရတယ်လို့ သတင်းတွေကဖော်ပြပြီး တည်နေရာကတော့ မိမိတို့နိုင်ငံနယ်စပ်ဒေသတွေပေါ့။ ဒါပေမယ့် အရင်းအမြစ်ကို ဖော်ထုတ်ရေးသားတဲ့မီဒီယာအချို့ တွေ့ရပေမယ့် အတော်လေး နည်းပါတယ်။ မြေပြင်အခြေအနေမှန်ကို ထင်ဟပ်နိုင်တာမရှိဘဲ မြန်မာနိုင်ငံက လူဆိုးဂိုဏ်းတွေ တည်ထောင်၊ တစ်ကမ္ဘာလုံးကလူတွေကို ခေါ်၊ ဒုက္ခပေးနှိပ်စက်ညှဉ်းပန်းနေသယောင်ပါပဲ။
Dec 03, 2025လုပ်ငန်းခွင်နဲ့ ပညာရေးနယ်ပယ်မှာ သုတပညာ (Knowledge) ကြွယ်ဝသူများစွာရှိနေပေမယ့်လည်း မိမိတတ်မြောက်ထားတဲ့ပညာရပ်တွေကို လက်တွေ့လုပ်ငန်းခွင်မှာ ထိရောက်စွာအသုံးချနိုင်မှု (Skill) ဖြစ်သွားအောင် ဖန်တီးနိုင်မှုအားနည်းနေခြင်းဟာ ခေတ်သစ်အဖွဲ့အစည်းတွေအတွက် အရေးကြီးတဲ့စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။ ဒီအရာဟာ သာမန်ပညာရေးနဲ့ လုပ်ငန်းခွင်သင်ကြားမှုအတွက်မှာသာမက စာပေ၊ ဘာသာစကား၊ အချင်းချင်း ဆက်သွယ်ပြောဆိုမှုလို လူမှုအသုံးအနှုန်းတွေမှာပါ ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။
