တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်မည့် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ(တောင်ငူ) စီမံကိန်းတည်ဆောက်မည့်မြေနေရာ၌ စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
