မြန်မာမီးရထားအနေဖြင့် ပြည်သူများ သက်သောင့်သက်သာ ဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် အဆင့်မြင့်ရထားတွဲဆိုင်း အသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိရာတွင် စည်းကမ်းမလိုက်နာသည့် ခရီးသည်အချို့ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက် ကြုံတွေ့ရမှုများရှိသည့်အတွက် ရထားစီးခရီးသည်များအနေဖြင့် ခရီးစဉ်တစ်လျှောက် သန့်ရှင်းသပ်ရပ်ပြီး အခြားခရီးသည်များအတွက် အနှောင့်အယှက်မဖြစ်စေရန်နှင့် ရထားတွင်း သန့်ရှင်းမှုကို ထိန်းသိမ်းရန်၊ ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပေးရန်၊ ထိုင်ခုံပေါ်တွင် ခြေထောက်တင်ခြင်းမပြုရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာအသုံးပြုနိုင်ရန် ထိုင်ခုံများအား စနစ်တကျအသုံးပြုပေးပါရန် အသိပေးချက်များအား နိုင်ငံပိုင်သတင်းစာများနှင့် သက်ဆိုင်ရာရထားများပေါ်တွင် အသိပေးကြေညာချက်များ ထုတ်ပြန်ထားရှိပြီးဖြစ်သည်။
Jul 26, 2026
အချို့သောနယ်မြေများတွင် PDF အမည်ခံသောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူလူထု၏ နေ့စဉ်ဘဝအတွက် များစွာအရေးပါသည့် လျှပ်စစ်ဓာတ်အားများကို ထုတ်လွှတ်ပေးလျက်ရှိသည့် လျှပ်စစ်အခြေခံအဆောက်အအုံများကို နည်းလမ်းပေါင်းစုံဖြင့် ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး လျက်ရှိကြသည်။ ထိုသို့လုပ်ဆောင်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လျှပ်စစ်အခြေခံအဆောက်အအုံများ၊ ဓာတ်အားလိုင်းများကို အမြန်ဆုံးပြန်လည်ကောင်းမွန်၍ လျှပ်စစ်ဓာတ်အားများ ပြန်လည်ပို့လွှတ်ပေးနိုင်ရေး လျှပ်စစ်ဝန်ထမ်းများနှင့် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုးပမ်းပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
Jul 26, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဖလမ်းမြို့ဗိုလ်ချုပ်လမ်းတွင် ဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုကို သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးနှင့်ညီညွတ်သောပစ္စည်းများဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးကြရန်မှာကြားသည်။
Jul 26, 2026
မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများ ၇၀ ရာခိုင်နှုန်းရှိသည့်အတွက် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်နေ အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုရေးလုပ်ငန်းများအပြင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယနေ့တွင် ရန်ကုန်မြို့ Sedona Hotel ၌ ကျင်းပသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် MYAN-WEN ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီး ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ဇင်က ပြောကြားသည်။
Jul 26, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ရောက်ရှိပြီး ဘွဲ့နှင်းသဘင်ရှိ အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း သာယာရေး၊ တက္ကသိုလ်အင်္ဂါရပ်နှင့် ညီညွတ်စေရေးဆွေနွေးမှာကြားသည်။
Jul 26, 2026
ထိုင်းနိုင်ငံအာဆီယံဥပဒေပညာရှင်များအသင်းဥက္ကဋ္ဌ ထိုင်းနိုင်ငံတရားလွှတ်တော်ချုပ်၏ သဘာပတိတရားသူကြီးချုပ် H.E. Mr. Adisak Tantiwong ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဇူလိုင် ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံဥပဒေပညာရှင်အသင်း၏ အထွေထွေညီလာခံ၊ (၄၇) ကြိမ်မြောက် အာဆီယံဥပဒေပညာရှင်အသင်းအုပ်ချုပ်မှု ကောင်စီအစည်းအဝေးနှင့် အာဆီယံဥပဒေရေးရာ ညီလာခံ ၂၀၂၆ တို့သို့ မြန်မာနိုင်ငံအာဆီယံဥပဒေ ပညာရှင်အသင်း၏ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့်အဖွဲ့ တက်ရောက်သည်။
Jul 26, 2026
သန်လျင်မြို့နယ် တရားရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို သန်လျင်ခရိုင် သန်လျင်မြို့နယ် ကျောင်းကုန်းဆိပ်ကြီးကျေးရွာရှိ သန်လျင်မြို့နယ်တရားရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ ရုံးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။
Jul 26, 2026
ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိထားသည့် အင်တာနက်ကုမ္ပဏီများအနေဖြင့် ဝန်ဆောင်မှုပျက်ကွက်ပါက သုံးစွဲသူပြည်သူများမှ တိုင်ကြားနိုင်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့တွင် လှိုင်သာယာ(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်း၏ အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည် စစ်ဆေးထုတ်ပြန်ပေးရေးနှင့် စာချုပ်ပါ စွမ်းရည်ထက်ကျဆင်းနေသည့် ကုမ္ပဏီများအား အရေးယူဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားစဉ် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ထည့်သွင်းပြောကြားခဲ့သည်။
Jul 26, 2026
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍအလိုက် ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပါဝင်ဖွဲ့စည်းထားသည့် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များသည် ချင်းပြည်နယ်သို့ အလှည့်ကျသွားရောက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာနယ်မြေဒေသများအရောက် ကွင်းဆင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
နောက်ဆုံးရသတင်းများ
Jul 26, 2026Latest News
မြန်မာမီးရထားအနေဖြင့် ပြည်သူများ သက်သောင့်သက်သာ ဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် အဆင့်မြင့်ရထားတွဲဆိုင်း အသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိရာတွင် စည်းကမ်းမလိုက်နာသည့် ခရီးသည်အချို့က
Jul 26, 2026Latest News
အချို့သောနယ်မြေများတွင် PDF အမည်ခံသောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူလူထု၏ နေ့စဉ်ဘဝအတွက် များစွာအရေးပါသည့် လျှပ်စစ်ဓာတ်အားများကို ထုတ်လွှတ်ပေးလျက်ရ
Jul 26, 2026Latest News
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဖလမ်းမြို့ဗိုလ်ချုပ်လမ်းတွင် ဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုကို သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးနှင့်ညီညွတ်သောပစ္စည်းများဖြစ်စေရေး အလ
Jul 26, 2026Latest News
မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများ ၇၀ ရာခိုင်နှုန်းရှိသည့်အတွက် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်နေ အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုရေးလုပ်ငန်းများ
Jul 26, 2026Latest News
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွ
ဆောင်းပါးကဏ္ဍ
Jul 26, 2026ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးသော စီးပွားရေးအင်အားစုမှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ စီးပွားရေးသမိုင်းကို လေ့လာပါကအကြီးစားစက်မှုလုပ်ငန်းများ အောင်မြင်ရန်အတွက် ခိုင်မာသော MSME ကဏ္ဍက နောက်ကွယ်မှ ပံ့ပိုးပေးရစမြဲ ဖြစ်သည်။
Jul 25, 2026ကမ္ဘာတစ်ဝန်းတွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အစိုးရဝန်ဆောင်မှုများကို ဒီဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်လာကြပြီး ပြည်သူများအတွက် ပိုမိုလွယ်ကူမြန်ဆန်သော ဝန်ဆောင်မှုများပေးအပ်နိုင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြပါသည်။
,
Jul 24, 2026၂၁ ရာစုနှစ်သည် မြို့ပြကမ္ဘာကြီးအဖြစ်သို့ လျင်မြန်စွာကူးပြောင်းလာနေသည့်ခေတ်ကာလဖြစ်ပါသည်။ ကုလသမဂ္ဂ၏ခန့်မှန်းချက်များအရ လက်ရှိတွင် ကမ္ဘာ့လူဦးရေ၏ထက်ဝက်ကျော်သည် မြို့ပြဒေသများ၌ မှီတင်းနေထိုင်လျက်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် ယင်းပမာဏသည် ၇၀ ရာခိုင်နှုန်းအထိ တိုးတက်လာတော့မည်ဖြစ်ပါသည်။
Jul 23, 2026မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းတွင် ဒီဂျစ်တယ်နည်းပညာ ဖြစ်ထွန်းတိုးတက်ကူးပြောင်းမှုသည် ကမ္ဘာ့စီးပွားရေဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်လာပါသည်။ ကမ္ဘာ့စီးပွားရေးအပေါ်သက်ရောက်မှုများကလည်း လျင်မြန်လာပြီး နိုင်ငံတိုင်းအတွက် အခွင့်အလမ်းဖြစ်စေနိုင်သလို ခြိမ်းခြောက်မှုအဖြစ်လည်း အသွင်ပြောင်းသွားနိုင်ပါသည်။ ဖြစ်ပေါ်လာသည့် အခွင့်အလမ်းများကို ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အမိအရအသုံးချနိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်ကိုလည်း မြင်တွေ့နေရပါသည်။
Jul 23, 2026မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဖြစ်သော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းဒေသများသည် သဘာဝအရင်းအမြစ်၊ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များနှင့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းများ ဆုံစည်းရာ အချက်အချာမြေဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းနေ ဒေသခံပြည်သူတို့၏ အသက်သွေးကြောဖြစ်သည့် ကုလားတန်မြစ်သည် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ကုန်စည်စီးဆင်းမှုတို့တွင် မရှိမဖြစ်အားထားရသည့် မိခင်မြစ်ကြီးဖြစ်ပါသည်။
Jul 22, 2026ဟိုတယ်ခန်းမကျယ်ကြီးအတွင်း စုရုံးရောက်ရှိနေသူများက ဆွေးနွေးပွဲစတင်မည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ခန်းမအတွင်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပညာရှင်များ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်း/ ပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ စုံလင်စွာ စုရုံးတက်ရောက်ကြသည်။
