မြန်မာ့အလင်း

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ကျောင်းသား ကျောင်းသူတို့ ကြိုးစားနေကြပြီ။ တစ်နှစ်တာ သင်ယူ လေ့လာ ကျက်မှတ်ခဲ့သမျှ ဘာသာရပ်အလိုက် သင်ခန်းစာများကို ကျောင်းသား ကျောင်းသူ တို့ မည်မျှနားလည် တတ်မြောက်ခဲ့ပြီလဲဟူသည်ကို မကြာမီ ကျင်းပတော့မည့် စာမေးပွဲက ဆန်းစစ်မှာ ဖြစ်ရာ ယခုအချိန် ကာလသည် မိမိတို့တစ်ဦးချင်းဆီတွင် လိုအပ်နေသည့် အားနည်းချက်များကို ဖြည့်ဆည်းနိုင်သည့် အချိန်ပင်ဖြစ်သည်။

Post date: 02/22/2020 - 05:07

၂၄ နာရီ မပြည့်သေးမီ ရန်ကုန်မြို့လယ်ဒေသများ၌ မီးနှစ်ကြိမ် လောင်ခြင်းဖြင့် ယခုနှစ်၏ ခြောက်သွေ့ရာသီ မီးဘေးအန္တရာယ်တို့ နိဒါန်းပျိုးလိုက်ပြီဖြစ်ရာ နောက်ထပ်မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်မှုများနှင့် အတူတစ်ရံမလပ် သတိပြုကြရတော့ မည်ဖြစ်သည်။

Post date: 02/21/2020 - 06:12

သမဂ္ဂါနံ တပေါ သုခေါ- စည်းလုံးညီညွတ်ခြင်းက ချမ်းသာခြင်း ကို ဆောင်ကြဉ်းနိုင်သည်ဟူ၍ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြား တော်မူခဲ့သည်။ စည်းလုံးညီညွတ်ခြင်းဟူသည် မကွဲပြားခြင်း၊ မခွဲခြားခြင်းလည်းဖြစ်သည်။ မတူကွဲပြားမှုများ တညီတညွတ်တည်း စုစည်းစည်းလုံးလာသည့်အခါ ခွန်အားနှင့် စွမ်းအင်လည်း ပေါ်ထွက်လာသည်။ စည်းလုံးညီညွတ်သည့် အင်အားဖြင့် စိန်ခေါ် မှုများကို တွန်းလှန်နိုင်သည်။ အခက်အခဲများကို ကျော်လွှားနိုင် သည်။ ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ကာ အောင်မြင်မှုကို ရယူနိုင်သည်။ သို့အတွက်ကြောင့်ပင် “စည်းလုံးခြင်းသည် အင်အား” ၊ “စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဟူသော အဆို အမိန့်တို့ရှိနေခြင်းဖြစ်သည်။

Post date: 02/20/2020 - 05:08

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ခြင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ ၌ ကျင်းပခဲ့သည်။

Post date: 02/16/2020 - 04:43

မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်းအရွယ် ကလေးဦးရေ ၁၂ သန်းကျော်ရှိနေပြီး ယင်းဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ ကလေးအလုပ် သမားများဖြစ်ကြကြောင်း၊ ကလေးအလုပ်သမား ဦးရေ၏ ထက်ဝက်ခန့်မှာလည်း အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင် နေကြကြောင်း မှတ်သားရဖူးသည်။

Post date: 02/15/2020 - 05:53

ယနေ့ကမ္ဘာတစ်လွှားကို ရှုမြင်ကြည့်လိုက်တော့ လူသိများသည့် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ် အစရှိသည့် နိုင်ငံများအပါ အဝင် နိုင်ငံပေါင်း လေးဆယ်ခန့်မှာ စစ်ဖြစ်နေသည်။ မြန်မာ နိုင်ငံမှ ပြည်တွင်းပဋိပက္ခကိုအခြေခံသည့် နိုင်ငံအတွင်းဖြစ်ပွား နေသည့်စစ်သည် ကမ္ဘာ့စံချိန်တင်နိုင်လောက်အောင် သက်တမ်းရှည်နေပြီ။ အန္ဒီ စစ်ဘေးစစ်ဒဏ်ကို အများဆုံးခံရသူများက စစ်ပွဲတွင်းမှာ အမှန်တကယ် စစ်တိုက်နေရသူများနှင့် စစ်ဖြစ်ပွား ရာ နယ်မြေဒေသတွင်းက အရပ်သားပြည်သူလူထုဖြစ်၏။

Post date: 02/14/2020 - 04:29

အောင်ဆန်းဆိုသည့် နာမည်ကို မြန်မာတွင်သာမက နိုင်ငံတကာက ရင်းနှီးကျွမ်းဝင်ကြသည်။ နိုင်ငံတကာ သမိုင်းကို နှံ့စပ် နားလည်သူများသည်ကား အောင်ဆန်းဆိုသည့် အမည်ကို အမျိုးသားခေါင်းဆောင်၊ သူရဲကောင်း၊ ထက်မြက်သလောက် ရိုးသားဖြူစင်သူအဖြစ် အသိအမှတ်ပြုကြသည်။

Post date: 02/13/2020 - 06:15

ဖက်ဆစ်တော်လှန်ရေးအပြီး ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးကိုပေးရတော့မည့် အချိန်သို့ရောက်လာသည်။ ထိုအခါ မြန်မာနိုင်ငံ လွတ်လပ်ရေးဆိုင်ရာ သဘောတူညီမှုများညှိနှိုင်းရန် ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့်အဖွဲ့ အင်္ဂလန်နိုင်ငံသို့သွားကာ အပြီးသတ် ဆွေးနွေးကြ၏။

Post date: 02/12/2020 - 06:31

ကမ္ဘာပေါ်တွင် လူ ၁၀၀ လျှင် ၉ဝ မှာ ညစ်ညမ်းသောလေကို ရှူရှိုက်မိနေကြရပြီး လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ်လူခုနစ် သန်းခန့် သေဆုံးနေကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ လေ့လာတွေ့ရှိချက်များအရ သိရသည်။ ညစ်ညမ်းသည့် လေထုထဲတွင် အန္တရာယ်ရှိ ဓာတု ပစ္စည်းများနှင့် အမှုန်အမွှား၊ အရည်တို့ရေ ပျံ့နှံ့နေကြသည်။ မော်တော်ကား၊ မီးရထား၊ သင်္ဘော၊ စက်ရုံစသည်တို့မှ ထုတ်လွှတ်သော အခိုးအငွေ့များ၊ အမှိုက်မီးရှို့ခြင်း၊ တောမီးရှို့ခြင်းတို့မှ ထွက်ရှိ လာသည့် မီးခိုးငွေ့များ၊ ယာဉ်များ သွားလာခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကဲ့သို့သော လုပ်ငန်းခွင်များမှ ထွက်ပေါ်လာသော အမှုန်အမွှားများတို့ကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာ ခြင်းဖြစ်ရာ လူတို့၏ ပယောဂကြောင့် လေထုညစ်ညမ်းရခြင်းပင် ဖြစ်သည်။

Post date: 02/10/2020 - 06:25

သူ့ကျွန်ဘဝက လွတ်မြောက်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီး နိုင်သော လွတ်လပ်သည့် မြန်မာ နိုင်ငံတော်၏သမိုင်းတွင် ပင်လုံ စာချုပ်က များစွာအရေးပါ၏။ သည့်ထက် နက်နက်ရှိုင်းရှိုင်း ကြည့်မြင်ပါလျှင် ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်တို့၏ ကျေးဇူးက ကြီးလှသည်ဟု ဆိုရ ပါမည်။ ။

Post date: 02/09/2020 - 06:23

Pages