ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက်က မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်း ဆောင်ရွက်ရာတွင် မြန်မာ၏ ကိုယ်စားလှယ် (Agent) ဖြစ်သူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက် က မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်း ဆောင်ရွက်ရာတွင် မြန်မာ၏ ကိုယ်စားလှယ် (Agent) ဖြစ်သူ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး အဖွင့်မိန့်ခွန်းပြောကြားပြီးနောက် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်အကျဉ်းချုပ်၊ တရားစွဲဆိုမှုများ၏ အကန့်အသတ်နယ်ပယ်နှင့် နောက်ခံအချက်အလက်များကို လျှောက်လဲရာတွင် “ရိုဟင်ဂျာ”နှင့်“ကုလား” အသုံးအနှုန်းများ၏ ဇစ်မြစ်များနှင့် သမိုင်းကြောင်းများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီမွတ်ဆလင်များမှာ ဗြိတိသျှကိုလိုနီခေတ်မှစ၍ မြန်မာနိုင်ငံသို့ ဘင်္ဂလားနယ်မှ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဤအမှုတွင် အဓိကအားပြု၍ ကိုးကားအသုံးပြုထားသည့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (Fact Finding Mission (FFM)) ၏ အစီရင်ခံစာများနှင့် ၎င်းက စုဆောင်းကောက်ယူထားသည့် ထွက်ဆိုချက်များသည် တရားရုံးက ထည့်သွင်းစဉ်းစားသင့်သည့် သက်သေအဆင့်အတန်းမမီပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(Independent Investigative Mechanism for Myanmar(IIMM)) သည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအတွက် သက်သေစုဆောင်းမည့်အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သည့်ကာလအတွင်း ယခုအမှုအတွက် သက်သေထွက်ဆိုချက် ၄၂ခုသာ ထောက်ပံ့ပေးနိုင်ပြီး ယင်းတို့အနက် ဂမ်ဘီယာက ၁၂ ခုကိုသာ ကိုးကားထားကြောင်း၊ မြန်မာအနေဖြင့် အထက်ပါအဖွဲ့အစည်းနှစ်ခုလုံးကို အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုသော်လည်း ဂမ်ဘီယာ၏ သက်သေအကိုးအကားများကို ချေဖျက်ရုံမျှသာ ကိုးကားဖော်ပြခြင်းဖြစ်ကြောင်း စသည်ဖြင့် ချေပလျှောက်လဲသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ရှေ့နေ Prof. Alina Miron က အသုံးချဥပဒေ (လူမျိုးသုဉ်းစေမှုဆိုင်ရာ သဘောတူစာချုပ်)ပါ ပြဋ္ဌာန်းချက်များအရ လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်မြောက်ခြင်း/ မမြောက်ခြင်းနှင့်ပတ်သက်၍ လျှောက်လဲတင်ပြရာတွင် ဂမ်ဘီယာအနေဖြင့် တရားရုံး၏ ယခင်စီရင်ထုံးများ၊ ယခင်ယူဂိုဆလားဗီးယားနိုင်ငံအတွက် ဖွဲ့စည်းခဲ့သည့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး (ICTY) စီရင်ထုံးများ၊ ကြားဖြတ်ဝင်ရောက်သည့်နိုင်ငံများကို ကိုးကား၍ လျှောက်လဲထားသော်လည်း အမှန်မှာမူတရားရုံး၏ သုံးသပ်ဆုံးဖြတ်မှုများနှင့် မတူညီဘဲ လိုရာဆွဲထားခြင်းဖြစ်ကြောင်း ချေပလျှောက်လဲသည်။
Jan 17, 2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါမြို့ရှိ ကမ္ဘောဇခန်းမတွင် ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ် နှင့်တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။
Jan 17, 2026
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) သို့ တက်ရောက်ကြမည့် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပုသိမ်တပ်နယ်အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။
Jan 17, 2026
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း
Jan 17, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 17, 2026
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီတို့ပူးပေါင်း၍ ပိုက်လိုင်းထိန်းချုပ်ခြင်းနှင့် ပိုက်လိုင်းပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများဖွင့်လှစ်ခြင်းကို ယနေ့တွင် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း (မန္တလေး)၌ ကျင်းပသည်။
Jan 17, 2026
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်း
Jan 17, 2026
မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များသည် ယနေ့တွင် 13th Asean Para Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ တည်းခိုနေထိုင်စားသောက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားသည်။
Jan 17, 2026
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့ညနေပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော လျှပ်စစ်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
နောက်ဆုံးရသတင်းများ
Jan 17, 2026Latest News
ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက်က မြန်မာနိုင်ငံမ
Jan 17, 2026Latest News
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါမြို့ရှိ ကမ္ဘောဇခန်းမတွင် ပြုလုပ်ရာ
Jan 17, 2026Latest News
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) သို့ တက်ရောက်ကြမည့် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ
Jan 17, 2026Latest News
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း
Jan 17, 2026Latest News
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
ဆောင်းပါးကဏ္ဍ
Jan 16, 2026မှောင်လွန်းလှသော အမှောင်ဆုံးညသည် တည်တည်ငြိမ်ငြိမ် မပြောင်းလဲဘဲ ပုံမှန်ပြီးဆုံး နိဂုံးချုပ်အဆုံးသတ်သွားလိမ့်မည်ဖြစ်သည့်အပြင် နေမင်းကြီးသည်လည်း ထွန်းလင်းထွက်ပေါ်လာလိမ့်မည်ပင်ဖြစ်ပါသည်။
Jan 16, 2026၂၀၂၆ ခုနှစ် နှစ်ဆန်းရက်တွေက ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အလွန်ကို စိတ်လှုပ်ရှားဖွယ်ရာ ကာလတွေပေါ့။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကလည်း ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြီးစီးခဲ့ပြီ။ အောင်အောင်မြင်မြင်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသည်းကြားက မဲတစ်ပြားကို ပြည်သူတွေ အားရကျေနပ်စွာ ပေးခဲ့ကြပြီး စိတ်ဒုန်းဒုန်းချရမယ် မကြံသေးဘူး။ နောက်ထပ်သတင်းတစ်ပုဒ်ကြောင့် ကျွန်တော်တို့ ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ရပြန်ပါလေရော။ စိတ်ထဲစနိုးစနောင့်မဖြစ်ရိုးခံနိုင်မလားဗျာ။ ကျွန်တော်တို့နိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့အကြား တရားရင်ဆိုင်နေရတဲ့ ကိစ္စတစ်ခုရှိတယ်ခင်ဗျ။ အဲဒီအမှုနဲ့ ပတ်သက်တဲ့ ကြားနာပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ လကုန်ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စတင်နေပြီလေဗျာ။
Jan 14, 2026ယနေ့ခေတ်တွင် နိုင်ငံတော်တော်များများ၊ နယ်ပယ်တော်တော်များများ၌ AI ခေါ် ဉာဏ်ရည်တု နည်းပညာရပ်များကို တွင်တွင်ကျယ်ကျယ်အသုံးချလာနေသည်ကို တွေ့ရသည်။ အသုံးပြုရလွယ်ကူသည့် AI Assistance Apps များလည်း အများအပြားပေါ်ပေါက်လာပြီဖြစ်ရာ အချက်အလက်မှန်သည်၊ မှားသည် အပထား အလွယ်တကူအသုံးပြုနိုင်လျက်ရှိသည်ကို တွေ့မြင်ရပါသည်။ စဦးပိုင်း အခြေအနေထက်စာလျှင်လည်း အချက်အလက်များပိုမိုမှန်ကန်မှုရှိလာသလို အထောက်အကူပြု ကိရိယာတစ်ခုအနေဖြင့် အတော်လေးအားကိုးအားထားပြု၍ ရလာသည်ကိုလည်း တွေ့ရှိရပါသည်။
BBC သတင်းဌာနနှင့် ဂမ်ဘီယာရှေ့နေအဖွဲ့မှ ဦးဆောင်ရှေ့နေ Arsalan Suleman တို့၏ အင်တာဗျူးအား တုံ့ပြန်ချက်Jan 13, 2026နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို Genocide Convention ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုထားတာရှိပါတယ်။ ဒီအမှုဟာအခုဆိုရင် အပြီးသတ်ကြားနာပွဲအဆင့်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ဇန်နဝါရီလ ၁၀ ရက်နေ့က BBC သတင်းဌာနဟာ ဂမ်ဘီယာဘက်က ဦးဆောင်ရှေ့နေ Mr. Arsalan Suleman နဲ့ အင်တာဗျူးတစ်ခုကို ပြုလုပ်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီအင်တာဗျူးမှာ Mr. Suleman ပြောကြားခဲ့တဲ့ အချက်အလက်တွေကို အသေအချာဆန်းစစ်ကြည့်တဲ့အခါ သူတို့ရဲ့ရည်ရွယ်ချက် အစစ်အမှန်၊ တရားစီရင်ရေးအပေါ် မီဒီယာလွှမ်းမိုးမှု ရယူလိုတာတွေနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်အချို့ကို တွေ့မြင်လာရပါတယ်။
Jan 12, 2026ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jan 12, 2026မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မတူကွဲပြားသော ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း သမိုင်းကြောင်းအသီးသီးတို့ရှိကြသည့်အပြင် လူမှုဘဝနေထိုင်မှုပုံစံမတူညီသော ပြည်ထောင်စုနိုင်ငံ တစ်ခုဖြစ်ပါသည်။
