မြန်မာအနေဖြင့် လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်မရှိကြောင်းကို ရွာများတွင် ဖြစ်ပွားခဲ့မှုများကို အသေးစိတ်ခွဲခြားစိတ်ဖြာလေ့လာလျှောက်လဲမည်ဖြစ်ကြောင်း။
Jan 21, 2026
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ် ကြီး H.E. Mr. Abhay Thakur နှင့် (၉) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန Additional Secret-ary Sh. Nitin Kumar Yadav တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 21, 2026
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေအထောက်အပံ့ဖြင့် “မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင် မျိုးစိတ်များ စဉ်ဆက်မပြတ်အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်း” ၏ စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမတွင် ကျင်းပသည်။
Jan 21, 2026
ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထမအကျော့တင်ပြလျှောက်ထားခြင်းကို ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်ခဲ့ရာ ရှေးဦးစွာ မြန်မာ၏ရှေ့နေ Mr. Sam-Bloom Cooper နှင့် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker တို့က တုံ့ပြန်ချေပလျှောက်လဲခဲ့သည်။
Jan 21, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ သမဝါယမအသင်းစုပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 21, 2026
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဝန်ထမ်းသစ်များ စွမ်းရည်မြှင့်သင်တန်းနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်သည်။
Jan 21, 2026
ပတ်ဝန်းကျင်သည် လူတို့စိတ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသည်။ ကြည်နူးချမ်းမြေ့ဖွယ်ရာကောင်းသည့်အရပ်၊ ငြိမ်းချမ်းသာယာလှပသောပတ်ဝန်းကျင်၊ သန့််ရှင်းသန့်ပြန့်သည့်နေရာတို့တွင် နေထိုင်သည့်အခါ လူတို့၏စိတ်သည် အလိုလိုနူးညံ့သိမ်မွေ့လာပြီး ဝမ်းမြောက်ပီတိဖြစ်နေဘိသကဲ့သို့ စိတ်နှလုံးချမ်းသာခြင်းတို့နှင့် ပြည့်စုံနေသလိုဖြစ်နေပေသည်။ ထို့ကြောင့် ကောင်းမွန်သောစိတ်နှလုံး ဖြစ်ပေါ်လာစေရန်အတွက် ကောင်းမွန်သောဝန်းကျင်အား အရှည်မြော်တွေး၍ ဦးစွာတည်ဆောက်နေကြသည်။
Jan 21, 2026
နိုင်ငံတစ်နိုင်ငံ၏ ဂျီဒီပီ (Gross Domestic Product ) ဆိုသည်မှာ သတ်မှတ်ထားသည့် ကာလတစ်ခု ဥပမာတစ်နှစ်အတွင်း ယင်းနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို တိုင်းတာခြင်း၊ စီးပွားရေးပမာဏကို ပြသခြင်းတို့အတွက် အညွှန်းကိန်းလည်းဖြစ်ရာ ဂျီဒီပီတန်ဖိုးကို ကြည့်ခြင်းအားဖြင့် နိုင်ငံ၏အခြေအနေကို ခန့်မှန်းသိရှိနိုင်သည်။ ဂျီဒီပီတန်ဖိုး အနိမ့်အမြင့်သည် နိုင်ငံသားတို့၏ ကုန်ထုတ်လုပ်မှုပမာဏပေါ်တွင် တည်ရှိနေခြင်းဖြစ်ရာ နိုင်ငံသားတိုင်းပိုမိုအားထုတ်ကြိုးပမ်း အလုပ်လုပ်ကြသည်နှင့်အမျှ နိုင်ငံစီးပွားပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်သည်။
Jan 20, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
နောက်ဆုံးရသတင်းများ
Jan 21, 2026Latest News
မြန်မာအနေဖြင့် လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်မရှိကြောင်းကို ရွာများတွင် ဖြစ်ပွားခဲ့မှုများကို အသေးစိတ်ခွဲခြားစိတ်ဖြာလေ့လာလျှောက်လဲမည်ဖြစ်ကြောင်း။
Jan 21, 2026Latest News
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ် ကြီး H.E. Mr. Abhay Thakur နှင့် (၉) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီ
Jan 21, 2026Latest News
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေအထောက်အပံ့ဖြင့် “မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင် မျိုးစိတ်များ စဉ်ဆက်မပြတ်အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာက
Jan 21, 2026Latest News
ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထမအကျော့တင်ပြလျှောက်
Jan 21, 2026Latest News
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ သမဝါယမအ
ဆောင်းပါးကဏ္ဍ
Jan 20, 2026လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခု နီးပါးကာလအတွင်း ဝါရှင်တန်၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒရပ်တည်ချက်မှာ ကိုယ်ကျင့်တရားဆိုင်ရာ အမျက်ထွက်မှုနှင့် မဟာဗျူဟာမြောက် လျစ်လျူရှုမှုတို့အကြား လူးလားခေါက်တုံ့ ဖြစ်နေခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အတိတ်သမိုင်းတွင် လူ့အခွင့်အရေးချိုးဖောက် မှုများရှိခဲ့သည်ဆိုသည့်အပေါ် မည်သို့မျှ ငြင်းဆိုမည် မဟုတ်သော်လည်း မေးခွန်းထုတ်စရာမှာ အနာဂတ်အတွက် မဟာဗျူဟာမြောက် စဉ်းစားရမည့်အစား ထိုကိစ္စရပ်များကို အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ အပေါ် ဘယ်လောက်ကြာကြာ လွှမ်းမိုးခွင့်ပေးထား မည်နည်းဟူသော အချက်ဖြစ်ပါသည်။
Jan 19, 2026မြန်မာနိုင်ငံမှာ အများစုဗုဒ္ဓဘာသာဝင်ပြည်သူတွေက အနည်းစုအခြားဘာသာဝင်တွေနဲ့အတူ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြပါတယ်။ အရေးကြုံတိုင်းအပြန်အလှန်ကူညီထောက်ပံ့ အားပေးကြပါတယ်။ ၁၃၅ မျိုးမည်သောတိုင်းရင်းသားမျိုးနွယ်စုတွေဟာ အေးအတူ၊ ပူအမျှ လက်တွဲ နေထိုင်ကြပါတယ်။ ပြဿနာတွေဖြစ်လာတိုင်းလည်း လက်တွဲဖြေရှင်းလေ့ရှိကြတယ်။
Jan 16, 2026မှောင်လွန်းလှသော အမှောင်ဆုံးညသည် တည်တည်ငြိမ်ငြိမ် မပြောင်းလဲဘဲ ပုံမှန်ပြီးဆုံး နိဂုံးချုပ်အဆုံးသတ်သွားလိမ့်မည်ဖြစ်သည့်အပြင် နေမင်းကြီးသည်လည်း ထွန်းလင်းထွက်ပေါ်လာလိမ့်မည်ပင်ဖြစ်ပါသည်။
Jan 16, 2026၂၀၂၆ ခုနှစ် နှစ်ဆန်းရက်တွေက ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အလွန်ကို စိတ်လှုပ်ရှားဖွယ်ရာ ကာလတွေပေါ့။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကလည်း ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြီးစီးခဲ့ပြီ။ အောင်အောင်မြင်မြင်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသည်းကြားက မဲတစ်ပြားကို ပြည်သူတွေ အားရကျေနပ်စွာ ပေးခဲ့ကြပြီး စိတ်ဒုန်းဒုန်းချရမယ် မကြံသေးဘူး။ နောက်ထပ်သတင်းတစ်ပုဒ်ကြောင့် ကျွန်တော်တို့ ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ရပြန်ပါလေရော။ စိတ်ထဲစနိုးစနောင့်မဖြစ်ရိုးခံနိုင်မလားဗျာ။ ကျွန်တော်တို့နိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့အကြား တရားရင်ဆိုင်နေရတဲ့ ကိစ္စတစ်ခုရှိတယ်ခင်ဗျ။ အဲဒီအမှုနဲ့ ပတ်သက်တဲ့ ကြားနာပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ လကုန်ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စတင်နေပြီလေဗျာ။
Jan 14, 2026ယနေ့ခေတ်တွင် နိုင်ငံတော်တော်များများ၊ နယ်ပယ်တော်တော်များများ၌ AI ခေါ် ဉာဏ်ရည်တု နည်းပညာရပ်များကို တွင်တွင်ကျယ်ကျယ်အသုံးချလာနေသည်ကို တွေ့ရသည်။ အသုံးပြုရလွယ်ကူသည့် AI Assistance Apps များလည်း အများအပြားပေါ်ပေါက်လာပြီဖြစ်ရာ အချက်အလက်မှန်သည်၊ မှားသည် အပထား အလွယ်တကူအသုံးပြုနိုင်လျက်ရှိသည်ကို တွေ့မြင်ရပါသည်။ စဦးပိုင်း အခြေအနေထက်စာလျှင်လည်း အချက်အလက်များပိုမိုမှန်ကန်မှုရှိလာသလို အထောက်အကူပြု ကိရိယာတစ်ခုအနေဖြင့် အတော်လေးအားကိုးအားထားပြု၍ ရလာသည်ကိုလည်း တွေ့ရှိရပါသည်။
BBC သတင်းဌာနနှင့် ဂမ်ဘီယာရှေ့နေအဖွဲ့မှ ဦးဆောင်ရှေ့နေ Arsalan Suleman တို့၏ အင်တာဗျူးအား တုံ့ပြန်ချက်Jan 13, 2026နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို Genocide Convention ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုထားတာရှိပါတယ်။ ဒီအမှုဟာအခုဆိုရင် အပြီးသတ်ကြားနာပွဲအဆင့်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ဇန်နဝါရီလ ၁၀ ရက်နေ့က BBC သတင်းဌာနဟာ ဂမ်ဘီယာဘက်က ဦးဆောင်ရှေ့နေ Mr. Arsalan Suleman နဲ့ အင်တာဗျူးတစ်ခုကို ပြုလုပ်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီအင်တာဗျူးမှာ Mr. Suleman ပြောကြားခဲ့တဲ့ အချက်အလက်တွေကို အသေအချာဆန်းစစ်ကြည့်တဲ့အခါ သူတို့ရဲ့ရည်ရွယ်ချက် အစစ်အမှန်၊ တရားစီရင်ရေးအပေါ် မီဒီယာလွှမ်းမိုးမှု ရယူလိုတာတွေနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်အချို့ကို တွေ့မြင်လာရပါတယ်။
