စီရိုနယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ဟန်ဂေရီအသင်းတို့ အောက်တိုဘာ ၁၅ ရက်က တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝတစ်လျှောက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၄၁ ဂိုး အထိရှိလာခဲ့တာ ဖြစ်ပါတယ်။