အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိသည့်အပြင် PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူလူထုက လိုလားလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး ၎င်းတို့၏အကျိုးစီးပွားကို ရှေ့တန်းတင်လုပ်ဆောင်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများ၏ အထောက်အပံ့ကိုရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အလှမ်းကွာဝေးသည့်ဒေသများ၌ ဒေသခံလူထုအားအနိုင်ကျင့်ခြိမ်းခြောက်၍ ဘုရားစေတီပုထိုးများ၊ ကျေးရွာဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများနှင့် လူနေအိမ်များတွင် သဲအိတ်ဘန်ကာများဆောက်လုပ်ခြင်း၊ ပစ်ကျင်းများတူးခြင်း၊ ပတ်ဝန်းကျင်၌ လက်လုပ်မိုင်းအတားအဆီးများ ထောင်ထားခြင်းများနှင့် ရဟန်းသံဃာများ၊ သာသနာနွယ်ဝင်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာ၍ အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ လူသားတံတိုင်းအဖြစ်အသုံးချခြင်း တို့ကိုပါ လုပ်ဆောင်လျက်ရှိကြသည်။
Jan 11, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း (၁၀၀)မြို့နယ်အတွင်း သတ်မှတ်မဲရုံအသီးသီး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 11, 2026
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ တားဆီးနှိမ်နင်းရေးအဖွဲ့များဖြစ်သည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် မူးယစ်ဆေးဝါးသတင်းရယူဖော်ထုတ်ဖမ်းဆီးရမိရေး စီမံချက်ချမှတ်ပြီး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၃၇၀ မှုမှ တရားခံ ၇၅၆၂ ဦးတို့ကို ငွေကျပ် ၁၇၆၁ ဒသမ ၃၂၄ ဘီလီယံတန်ဖိုးရှိ ဘိန်း ၁ တန်ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၁ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၇ သန်းကျော်၊ အိုက်စ် ၃၇ ဒသမ ၈ တန်ကျော်၊ ဘိန်းစာရွက် ၁ ဒသမ ၅ တန်ကျော်၊ HAPPY WATER ၂၀၄ ကီလိုကျော်၊ ကက်တမင်း ၁၅ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ပစ္စတိုသေနတ် ၄၀ လက်၊ လုပ်သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၂,၇၆၄ တောင့်၊ လက်ပစ်ဗုံး ၅ လုံးနှင့် ဒီတိုနေတာမျိုးစုံ ၁၈၇,၄၀၀ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
Jan 11, 2026
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်သည့် ဘိန်းခင်းများဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါးထုတ် လုပ်နိုင်သည့်နေရာများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်အရွယ်များမှစတင်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ဒေသခံပြည်သူလူထုနှင့်လက်တွဲ၍ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 11, 2026
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည်အရေးအကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကိုအသုံးချပြီး နိုင်ငံ၏အနာဂတ်လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်သည်။
Jan 11, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 11, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
Jan 11, 2026
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Jan 11, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ကချင်ပြည်နယ်သမဝါယမဦးစီးဌာန ဆွတ်ဂျာအိန်ခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအရာထမ်း/ အမှုထမ်းဝန်ထမ်းများ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံသည်။
နောက်ဆုံးရသတင်းများ
Jan 11, 2026Latest News
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်း
Jan 11, 2026Latest News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း (၁၀၀)မြို့နယ်အတွင်း သတ်မှတ်မဲရုံအသီးသီး၌ ကျင်းပပြုလုပ်ခဲ့သည
Jan 11, 2026Latest News
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ တားဆီးနှိမ်နင်းရေးအဖွဲ့များဖြစ်သည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ဆက်စပ်ဌာနဆို
Jan 11, 2026Latest News
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းခ
Jan 11, 2026Latest News
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည်အရေးအကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကိုအသုံးချပြီး နိုင်ငံ၏အနာဂတ်လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်သည်။
ဆောင်းပါးကဏ္ဍ
Jan 11, 2026မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မတူကွဲပြားသော ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း သမိုင်းကြောင်းအသီးသီးတို့ ရှိကြသည့်အပြင် လူမှုဘဝနေထိုင်မှုပုံစံ မတူညီသော ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ပါသည်။
Jan 10, 2026ပြည်တွင်းပဋိပက္ခများ၊ နိုင်ငံတကာဖိအားများနှင့် နိုင်ငံသစ္စာဖောက် အကြမ်းဖက်သမားတို့၏ အဖျက်လုပ်ရပ်များကြောင့် စိန်ခေါ်မှုများစွာရှိခဲ့ရသည့် မြန်မာပြည်သူတို့မှာ မိမိတို့အသံကို ကျယ်လောင်လွတ်လပ်စွာထုတ်ဖော်နိုင်မည့် အားလုံးပါဝင်နိုင်သော စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီခရီးလမ်းကို ပြန်လည်လျှောက်လှမ်းနိုင်တော့မည့် နေ့ရက်ကို အစဉ်တစိုက် စောင့်မျှော်ခဲ့ကြရသည်။ ထိုမျှော်လင့်ချက်ပြည့်ဝမည့် ရောင်နီဖြာမည့် မနက်ဖြန်သည် ကျွန်ုပ်တို့ ရှေ့မှောက် အမှန်တကယ်ရောက်ရှိလာခဲ့ပြီ။
Jan 09, 2026ရွေးကောက်ပွဲ အပိုင်း(၂)အတွက် မဲရုံတံခါးကြီးက ဇန်နဝါရီ ၁၁ ရက်တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် မဲဆန္ဒနယ်များမှ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲပေးကြတော့မည်။ နိုင်ငံအတွင်းမှ မြို့နယ် ၁၀၀ တွင် ရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ထို့အတူ မဲဆန္ဒရှင်ပြည်သူတိုင်း အေးချမ်းလုံခြုံစွာ ဆန္ဒနှင့်အညီ လွတ်လွတ်လပ်လပ်ဆန္ဒမဲပေးနိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည်။
Jan 09, 2026လူငယ်ဟူသည်ဖျတ်လတ်သည်၊ တက်ကြွသည်၊ လုပ်ချင်ကိုင်ချင်စိတ်ပြင်းပြသည်၊ တီထွင်ကြံဆလိုစိတ်ကြီးမားသည်။ ထို့ကြောင့် ဖျတ်လတ်တက်ကြွ၍ ဖြစ်ထွန်းအောင်မြင်လိုစိတ်ပြင်းပြသော စိတ်ဓာတ်ခွန်အားရှိသည့် လူငယ်တို့ကို လူ့အဖွဲ့အစည်းတိုင်းတွင် အလေးထားနေရာပေးနေကြခြင်းဖြစ်သည်။ ယနေ့ကာလအချိန်အခါသည် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ အံ့မခန်းတိုးတက်နေသောခေတ်ဖြစ်သည်။ အဆိုပါ နည်းပညာတိုးတက်မှုနှင့် လူငယ်တို့၏ စွန့်ဦးတီထွင်လုပ်ကိုင်လိုစိတ်ပေါင်းစပ်ပေး၍ သင့်လျော်စွာ အသုံးပြုနိုင်ပါက နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းသော မောင်နှင်အားတစ်ရပ်ဖြစ်လာပေလိမ့်မည်။
Jan 09, 2026ပြည်တွင်းပြည်ပ ဖိအားမျိုးစုံနှင့် စိန်ခေါ်မှုမျိုးစုံကြားမှ ကျင်းပခဲ့ရသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)က အောင်မြင်စွာပြီးစီးသွားခဲ့ပါပြီ။ အမှန်တကယ်လည်း ဖိအားများစွာ၊ စိန်ခေါ်မှုမျိုးစုံအောက်တွင် ကျင်းပခဲ့ရခြင်းဖြစ်သည်။ သို့သော် တည်ငြိမ်အေးချမ်းစွာလုပ်သင့်သည်ကို လုပ်နိုင်ခဲ့ကြသည်။ အောင်မြင့်သင့်သလောက် အောင်မြင်ခဲ့ကြသည်။ ကြီးမားသောဖိအားများအောက်က ထိုအောင်မြင်မှုများကား နောက်ထပ်ကျင်းပမည့် အပိုင်း(၂)နှင့် အပိုင်း (၃)တို့အတွက် အားသာချက်များဖြစ်စေခဲ့ပါပြီ။
Jan 08, 2026၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ၏ စိတ်အား ထက်သန်စွာ အားတက်သရောမဲပေးမှုနှင့်အတူ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများလည်း ပေါ်ထွက်လာပြီဖြစ်သည်။
