သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်တို့နှင့်အတူ တောင်ကြီးမြို့၌ Polytechnic University ဖွင့်လှစ်နိုင်ရေးအတွက် Polytechnic University တွင် ထည့်သွင်းတည်ဆောက်မည့် စာသင်ဆောင်များ၊ အလုပ်ရုံများ၊ Lab ခန်းများ၊ ကျောင်းသား၊ ကျောင်းသူအဆောင်၊ ဘောလုံးကွင်း၊ ဒုတိယပါမောက္ခချုပ်အိမ်ရာ၊ အရာရှိအိမ်ရာ၊ Recreation Centre များနှင့် ဆရာ၊ ဆရာမအိမ်ရာများ ဆောက်လုပ်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
Jan 31, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် ကော့လှကျေးရွာသို့ သွားရောက်၍ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်ကာ မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသော ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
Jan 31, 2026
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရှိ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ခြောက်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
Jan 31, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
Jan 31, 2026
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မြန်မာ့ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ဘာသာရေးပွဲတော်များနှင့် ပျော်ပွဲရွှင်ပွဲများတွင် အရာထမ်း၊ အမှုထမ်းများပါဝင်စေရေး အခါအားလျော်စွာ ကျင်းပဆောင်ရွက်လျက်ရှိရာ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလထမနဲထိုးပွဲကို ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနသုံးခုအောက်ရှိ ဝန်ထမ်းများအချင်းချင်းဖေးမကူညီလိုစိတ်ရှိစေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်စေရန်၊ မြန်မာ့ရိုးရာဓလေ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ထမနဲထိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံး ရုံးအမှတ် (၅၆) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Jan 31, 2026
ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘက်မှရှေ့နေများ ဒုတိယအကျော့ လျှောက်လဲမှုကို ဇန်နဝါရီ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ပြုလုပ်ခဲ့ပြီး ဂမ်ဘီယာနိုင်ငံဘက်မှ မဟုတ်မမှန်လုပ်ကြံစွပ်စွဲချက်များကို မြန်မာနိုင်ငံရှေ့နေများက အကိုးအကား အထောက်အထားအချက်အလက်များနှင့် တိကျခိုင်မာစွာ တုံ့ပြန်ချေဖျက်ဖြေရှင်းနိုင်ခဲ့သည်။
Jan 31, 2026
နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဇန်နဝါရီလ ၁၂ ရက်မှ ၂၉ ရက်နေ့အထိ ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုသည့်အမှုနှင့် ပတ်သက်သည့် ကြားနာပွဲသို့ မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာပြည်သူတစ်ရပ်လုံးက ထောက်ခံအားပေးလျက်ရှိသည်။ ကြားနာမှုစတင်သည့်နေ့မှပင်စကာ ကြားနာမှုကာလတစ်လျှောက်လုံး အမှုသွားအမှုလာအပေါ် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးတို့က စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြခြင်းလည်းဖြစ်သည်။ အမှုနှင့်ပတ်သက်သည့် ကြားနာပွဲမှာ မြန်မာနိုင်ငံက ဒုတိယအကျော့ လျှောက်လဲမှုပြီးစီးသည့် နောက်ဆုံးရက် ဇန်နဝါရီလ ၂၉ ရက်တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
Jan 30, 2026
PDF ပြည်သူများအား နှိပ်စက်ညှင်းပန်း၍ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သော ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲဒေသနှင့် နောင်ချိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်နှင့် မလှိုင်မြို့နယ် ဒေသတစ်ဝိုက်ရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် အမည်ခံအကြမ်းဖက်အဖွဲ့များအား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီရယူနိုင်ခဲ့သော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ အနုပညာရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Jan 30, 2026
ပြည်ထဲရေးဝန်ကြီးဌာနမိသားစုဆဋ္ဌမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၈) ၌ ကျင်းပသည်။
နောက်ဆုံးရသတင်းများ
Jan 31, 2026Latest News
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်တို့နှင့်အတူ တောင်ကြီးမြို့၌ Polytechnic Universi
Jan 31, 2026Latest News
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် ကော့လှကျေးရွာသို့ သွားရောက်၍ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှ
Jan 31, 2026Latest News
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရှိ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ခြောက်ရက်တိုင်တိုင် ကျင်းပ
Jan 31, 2026Latest News
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်မျ
Jan 31, 2026Latest News
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မြန်မာ့ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ဘာသာရေးပွဲတော်များနှင့် ပျော်ပွဲရွှင်ပွဲများတွင် အရာထမ်း၊ အမှုထမ်းများပါဝင်စေရေး အခါအားလျော်စွာ ကျင်းပဆောင်ရွက်လျက်ရှိရာ မြန်မာတိ
ဆောင်းပါးကဏ္ဍ
Jan 29, 2026ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖြစ်စေရေး (A safe and healthy working environment) ဆိုသည့်အချက်အား အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်အဖြစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့က ၁၉၉၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ILO Declaration on Fundamental Principles and Rights at Work ၌ ၂၀၂၂ ခုနှစ်တွင် သတ်မှတ်ဖြည့်စွက်ခဲ့သည်။ အလုပ်သမားများအတွက် ဘေးကင်းကျန်းမာသည့် လုပ်ငန်းခွင်များ ဖန်တီးပေးနိုင်မှသာ လုပ်ငန်းခွင်များတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ထိခိုက်သေဆုံးမှုများလျော့နည်းပြီး အလုပ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ပါသည်။- Jan 29, 2026ဖေဖော်ဝါရီလ၏ အေးမြသောနံနက်ခင်းတစ်ခုတွင် ပြည်သူတို့သည် နှစ်စဉ်နှစ်တိုင်း ထူးမြတ်သည့်နေ့တစ်နေ့ကိုကြိုဆိုကြသည်။ ပြည်ထောင်စုနေ့ဟူသည့် ဤအမည်ကပင် သမိုင်းဝင်လေးနက်သည့်နေ့အဖြစ် တစ်နိုင်ငံလုံးကခံယူကြသည်။ ပြည်ထောင်စုနေ့တွင်ချမှတ်ခဲ့သည့် ကတိသန္နိဋ္ဌာန်နှင့် နိုင်ငံ၏မျှော်လင့်ချက်တို့မှာ ၇၉ နှစ်တိုင် ရှင်သန်နေဆဲဖြစ်ပါသည်။
Jan 28, 2026နီပါးရ်ဗိုင်းရပ်စ် (Nipah virus-Niv) ကို ၁၉၉၉ ခုနှစ်တွင် မလေးရှားနိုင်ငံ အနောက်ဘက်ကမ်းရိုး တန်းရှိ နက်ဂရီ ဆင်းဘီလန် (Negeri Sembilan) ပြည်နယ် ပို့ဒစ်ဆင် (Port Dickson) ခရိုင် ဆွန်ဂိုင်း နီပါးရ် (Sungai Nipah) ရွာ၌ ကပ်ရောဂါအသွင်ဖြစ်ပွားခဲ့စဉ်က စတင်တွေ့ရှိခဲ့ပြီး အဆိုပါရွာကို အစွဲပြု၍ “နီပါးရ်ဗိုင်းရပ်စ်” ဟု အမည်ပေးခဲ့ခြင်းဖြစ်ပါသည်။ နီပါးရ်ဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကဲ့သို့ အသစ်ပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုးမဟုတ်ကြောင်း ဦးစွာတင်ပြလိုပါသည်။
Jan 28, 2026ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jan 25, 2026ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jan 25, 2026အစိမ်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်သွယ်တန်းထားသည့် ချည်ခင်များကြားဝယ် ဒေသခံ လုံမပျိုတစ်ဦးက ခြေနင်းတံ ဝါးလုံးလေးလုံးကို မှန်မှန်နင်းကာ လက်ကလည်း ရက်ကန်းကြိုးကို မှန်မှန်လွှဲနေသည်။ လွန်းအိမ်က ဘယ်ညာပြေးလွှားလှုပ်ရှားနေသော်လည်း သူ၏စိတ်အာရုံက တဖြည်းဖြည်းပုံပေါ်လာမည့် အဆင်ဆန်းပေါ်တွင် စူးစိုက်တည်ငြိမ်လွန်းသည်။ စုတ်ချက်ပိုင်ဆိုင်သည့် ပန်းချီပညာရှင်တစ်ဦးကဲ့သို့ ကျွမ်းကျင်သည့်အတွက် ရက်ကန်းစင်တွင် ချည်များက လျင်လျင်မြန်မြန် တစ်ရစ်ပြီးတစ်ရစ် တက်လာကာ အဆင်အသွေးလှလှ ရရှိလာသည်။
