နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင်လည်းကောင်း စာသင်ကျောင်းများ၊ ဆေးရုံ၊ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းအပါအဝင် အခြားလိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။
Oct 07, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာကို အောက်တိုဘာလ ၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ရွှေ၊ ငွေနှင့် ဆိုင်ကယ်များကို ခိုးယူလုယက်ကြောင်း၊ အမျိုးသမီးများ၊ ကလေးများနှင့် ရွာသားအများအပြားကိုလည်း ဖမ်းဆီးသွားကြောင်း ရွှေ၊ ငွေ အပါအဝင် အဖိုးတန်ပစ္စည်းများ၊ ဆိုင်ကယ်များကိုလုယက်ကာ ဒေသခံပြည်သူများကိုဖမ်းဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတုသတင်းမှားများဖြင့် မဟုတ်မမှန်စွပ်စွဲရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Oct 07, 2024
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ အမာမြို့ရှိ ရပ်ကွက်အချို့တွင် သန်းခေါင်စာရင်းကောက်ယူသူများအား ကျွေးမွေးဧည့်ခံရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကြေးကောက်ခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
Oct 07, 2024
၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
Oct 07, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မှော်ဘီတပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ၌ ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။
Oct 07, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Oct 07, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 07, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၉-၉-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၆-၁၀-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၉၈၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၃) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Oct 07, 2024
နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက်မှစ၍ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းစစ်/ စာရင်းကောက် အဖွဲ့များဖြင့် စတင်ကောက်ယူလျက်ရှိသည်။
နောက်ဆုံးရသတင်းများ
Oct 07, 2024Latest News
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်တက်ကြွစွာ ပူးပေါင်းဆ
Oct 07, 2024Latest News
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာကို အောက်တိုဘာလ ၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ရွှေ၊ ငွေနှင့် ဆိုင်ကယ်များကို ခိုးယူလုယက်ကြောင်း၊ အမျိုးသမီးများ၊ ကလေးများနှင့် ရွာသားအ
Oct 07, 2024Latest News
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ အမာမြို့ရှိ ရပ်ကွက်အချို့တွင် သန်းခေါင်စာရင်းကောက်ယူသူများအား ကျွေးမွေးဧည့်ခံရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကြေးကောက်ခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြ
Oct 07, 2024Latest News
၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
Oct 07, 2024Latest News
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မှော်ဘီတပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ၌ ပြုလုပ်သည့် ဘ
ဆောင်းပါးကဏ္ဍ
- Oct 07, 2024ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
- ,Oct 07, 2024ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်း၊ ရာသီဥတု ပြောင်းလဲလာခြင်းတို့ကြောင့် အပင်များပျက်စီးပြီး အထွက်နှုန်းအပေါ် များစွာထိခိုက်စေနိုင်ကြောင်း သုတေသီများက ဆိုပါသည်။ ရာသီဥတုဖောက်ပြန် ခြင်းကြောင့် ရေကြီးခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်းနှင့် ပင်လယ်ရေမြင့်တက်လာခြင်းတို့ ဖြစ်စေပြီး နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အပင်နှင့်သီးနှံအထွက်နှုန်းတို့ကို တိုက်ရိုက်ထိခိုက်နိုင်ပါသည်။ အပူချိန်မြင့်တက်လာခြင်းကြောင့် အပင်ကြီးထွားနှုန်း ကောင်းစေနိုင်သော်လည်း ညအပူချိန်မြင့်တက် လာခြင်းကြောင့် အပင်ကို ထိခိုက်စေနိုင်ပါသည်။
- Oct 07, 2024ယခုတလော “လျှပ်စစ်ထုတ်တဲ့ဆည်တွေ ဖောက်ချလိုက်လို့ ရေတွေကြီးတာ” ဆိုပြီး ဝါဒဖြန့် နေမှုများကို ဆိုရှယ်မီဒီယာများတွင် တွေ့လာရသဖြင့် ရေအားလျှပ်စစ်နှင့်ပတ်သက်၍ ဆည်မြောင်း တာတမံများအကြောင်းကို အနည်းငယ်ရှင်းလင်းတင်ပြလိုပါသည်။
- Oct 07, 2024ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံမှာ စိတ်မချမ်းမြေ့ဖွယ် အဖြစ်အပျက်တွေဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ မကြုံဖူးလောက်တဲ့ ရေကြီး၊ ရေလျှံ၊ မြေပြိုမှု သဘာဝဘေးအန္တရာယ်တွေကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးရတာတွေဟာ စိတ်မချမ်းမြေ့စရာဖြစ်ပါတယ်။ ရေဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူတွေနဲ့ အိမ်မွေးတိရစ္ဆာန်များစွာ သေဆုံးပျောက်ပျက်ခဲ့ရခြင်းအတွက် စိတ်မကောင်းဖြစ်ရပေမယ့် စာနာထောက်ထားမှုတွေ၊ ဖေးမကူညီမှု တွေကို နိုင်ငံတော်အစိုးရနဲ့အတူ စေတနာရှင်ပြည်သူတွေက စိတ်အားထက်သန်စွာနဲ့ အားတက်သရော ကူညီဆောင်ရွက်ပေးကြတာတွေကို မြင်တွေ့ရပြန်တော့လည်း ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။
- Oct 07, 2024မိုးခေါင်ရေရှားခြင်း၊ တောမီးလောင်ခြင်းနှင့်ရေကြီးခြင်း စသည့်သဘာဝဘေးဒဏ်များ၏ အကျိုးဆက်ကို လူသားတို့နှင့်အတူ တိရစ္ဆာန်များပါ ခံစားကြရပါသည်။ လူသားများအတွက် ထိုဘေးဒဏ်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အုံနှင့်ကျင်းနှင့် အထူးလုပ်ဆောင်ကြသော်လည်း တိရစ္ဆာန်များအတွက်မူကား အမေ့လျော့ခံ သို့မဟုတ် အနည်းငယ်သောအဖွဲ့အစည်း လူပုဂ္ဂိုလ်တို့၏ အကူအညီသာရရှိကြပြီး သဘာဝဘေး၏ နောက်ဆက်တွဲ ဒဏ်ကို ထုနှင့်ထည်နှင့် နင့်သီး ဆိုးရွားစွာ ခံစား ရလေ့ရှိပါသည်။ အထူးသဖြင့် စားမြုံ့ပြန်သတ္တဝါများဖြစ်သော ကျွဲ၊ နွား၊ သိုးနှင့် ဆိတ်များသည် အစာအာဟာရပြတ်လပ်ခြင်းဒဏ် ခံစားကြရပါသည်။ ထို့ကြောင့် ၎င်းတို့၏ အစာလိုအပ်ချက် အခြေခံသဘောတရားများအပေါ် မူတည်ပြီးသဘာဝဘေးဒဏ်ခံကာလအတွင်း အာဟာရ ဖြည့်တင်းပေးရန် လိုအပ်ပါသည်။
- Oct 07, 2024နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်က နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးငှာ ဒီမိုကရေစီစနစ်ဆီ လျှောက်လှမ်းနေသည်။ ပြည်သူကလည်း ဒီမိုကရေစီကို လိုချင်သည်။ ဒီမိုကရေစီလိုချင်လျှင် ဒီမိုကရေစီကျင့်စဉ်အတိုင်း ကျင့်သုံးလေမှ စစ်မှန်သောဒီမိုကရေစီရမည်ဖြစ်၍ ဒီမိုကရေစီနည်းလမ်းတစ်ခုဖြစ်သောရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ရမည်၊ ရွေးကောက်ပွဲမလုပ်ဘဲနှင့် ဒီမိုကရေစီကိုတည်ဆောက်၍မရဆိုသည်မှာ အခြေခံသိရမည့်အချက်ဖြစ်သည်။